လက်ရှိ Post Paid မှ Prepaid (ငွေဖြည့်ကဒ်) စနစ်ဖြင့် ပြောင်းလဲ
ဝန်ဆောင်မှု ပေးတော့မည်ဟုဆို
*************************************************************************
၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်သူများ အဆင်ပြေ ချောမွေ့စွာ
ပြောဆိုဆက်သွယ် နိုင်ရေးအတွက် အစဉ် စဉ်းစား ဆောင်ရွက်ပေးလျက် ရှိပါသည်။
၂။ GSM မိုဘိုင်း တယ်လီဖုန်းများကို ယခု Post Paid စနစ်ဖြင့်
အသုံးပြုနေကြသော သုံးစွဲသူများခင်ဗျား Prepaid စနစ်သို့ ပြောင်းလဲ
အသုံးပြုလိုပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပေးပို့ထားသော SMS မှ YES
ကို ရိုက်နှိပ်၍ လည်းကောင်း၊ နံပါတ် (၁၈၈၁၂) သို့ YES ဟု
တိုက်ရိုက်နှိပ်၍ လည်းကောင်း၊ (၁၅.၄.၂၀၁၂) ရက်နေ့ (၁၆ : ၀၀) နာရီအတွင်း
အကြောင်းပြန်ရန် လိုအပ်ပါသည်။
၃။ Prepaid စနစ်သို့ ပြောင်းလဲရန် အဆိုပြုထားသည့် GSM မိုဘိုင်း
တယ်လီဖုန်းများကို သက်ဆိုင်ရာ GSM အိတ်ချိန်း နယ်မြေအလိုက် (၁.၃.၂၀၁၂)
ရက်နေ့တွင် ၀၉-၂၀xxxxx, ၀၉-၂၁xxxxx, ၀၉-၂၂xxxxx, ၀၉-၂၃xxxxx, ၀၉-၂၄xxxxx,
၀၉-၅၅xxxxx နံပါတ်များအား လည်းကောင်း၊ (၁.၅.၂၀၁၂) ရက်နေ့မှစ၍ ကျန်ရှိသည့်
နံပါတ်များအား လည်းကောင်း အဆင့်ဆင့် Prepaid စနစ်သို့ စတင်ပြောင်းလဲ
ဝန်ဆောင်မှုပေးမည် ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် GSM တယ်လီဖုန်း
သုံးစွဲသူများ၏ Prepaid စနစ်အဖြစ် ပြောင်းလဲ ဝန်ဆောင်ပေးမည့်
တယ်လီဖုန်းများအား အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်မှု
မပြတ်တောက်စေရေးအတွက် ၁၀၀၀ိ/- ကျပ် (ကျပ်တစ်ထောင်တိတိ) ကြိုတင်ဖြည့်တင်း
ပေးထားမည်ဖြစ်ပြီး၊ ၎င်းအထဲမှ မိမိပြောဆိုသည့် မိနစ်အတိုင်း ကျသင့်သွားမည်
ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အဆိုပါ GSM ဖုန်းများကို
ပြည်သူများ ဖုန်းပြောဆိုခ ပေးချေရမှု လွယ်ကူ အဆင်ပြေစေရန် Prepaid
စနစ်သို့ ပြောင်းလဲပေးခြင်းသာ ဖြစ်ပါသည်။ သုံးစွဲသူများ၏ ယခင်
ဖုန်းနံပါတ်များ ပြောင်းလဲမည် မဟုတ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။
၎။ Prepaid စနစ်သို့ ပြောင်းလဲဝန်ဆောင်မှု ရယူသည့် GSM မိုဘိုင်း
တယ်လီဖုန်းများ အနေဖြင့် မိမိနောက်ဆုံး Post Paid အဖြစ် သုံးစွဲစဉ်
ကာလအထိ ခေါ်ဆိုထားသည့် တယ်လီဖုန်း ခေါ်ဆိုခများကိုမူ ယခင်စနစ်များအတိုင်း
ပေးချေရန် လိုအပ်ပါမည်။ ကြိုတင်ငွေ ပေးသွင်းထားသော GSM
မိုဘိုင်းဖုန်းများသည် Prepaid စနစ်အဖြစ် ပြောင်းလဲဝန်ဆောင်မှု စတင်
အသုံးပြုသည့် နေ့အထိ ပိုငွေရှိပါက ၎င်းပိုငွေကို Prepaid စနစ်သို့ ထည့်သွင်း
ဖြည့်တင်းပေးမည် ဖြစ်ပါသည်။
၅။ အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၁၈၇၆ (Call Center) သို့
ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
******************************
7greendays google group သည် ကျန်း မာရေး ။ ပညာ ရေး ။အလုပ် အ ကိုင် အ
ခွင့် အလမ်း ။ စီး ပွါးရေး နှင့် ဖျော် ဖြေ ရေး နှင့် ဆို င် သော သုတ ရ သ
စာပေ များ အား ဖြန့်  ဝေ ပေး ပါ သည်၊
7greendays google group သို့  member ၀င် လို ပါ လျှင်
http://groups.google.com/group/7greendays/subscribe?hl=en အား click
နှိပ် ပြီး ၀င်ရောက် နိုင် ပါ သည်၊
Group သို့  Email ပို့  လို ပါ က 7greendays@googlegroups.com သို့  ပေး
ပို့  နိုင် ပါ သည်၊
--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။