[aurorageneration] ဒူက္ခသည် ( http://zayya.blog.com/archives/581/ )

ဒုက္ခသည်
Zayya Jan 22, 2012 • 10:22 pm No Comments

A: ဗုဒ္ဓက အဆိုးမြင်ဝါဒီပဲ ဖြစ်မယ်။ သူက- ဘဝကို ဘာလို့ ဒုက္ခလို့ ပြောရတာလဲ။

B: ခင်ဗျား တို့ ကျုပ်တို့ ဘဝဟာ တကယ့် ဒုက္ခ ဖြစ်နေတာမို့ ဒုက္ခလို့
ပြောရတာ ဖြစ်ပါတယ်။ အဲ့အတွက် သက်သေ လိုအပ်နေပါသလား။ ခင်ဗျား ဘဝကို
ခင်ဗျား ပြန်မမြင် ထားဘူးလား။ ဒါမှ မဟုတ် မေ့နေသလား။ ဒုက္ခ မဟုတ်ဘူး –
တကယ့် သုခပါလို့ မြင်ထားပါသလား။ မိမိ မြင်ထားတဲ့ ဘဝ ရှေ့မျှော်မှန်းချက်
တစ်ခုခု နဲ့ မတူညီ၊ မကိုက်ညီ သွားလို့ များလား။ ဒါမှ မဟုတ် ခင်ဗျား
ဖြစ်ချင် လိုချင်တဲ့ ဘဝနဲ့ ကန့်လန့်တိုက် ပြောလိုက်မိသလို ဖြစ်သွားသလား။
ဒါမှ မဟုတ်- ဒုက္ခလို့ ပြောရခြင်း အပေါ် မကျေမလည်များ ဖြစ်သွားပါသလား။
အနာပေါ် တုတ်ကျသွားတာလား။

တကယ်တမ်းလည်း – ဘဝဟာ ဒုက္ခပါလို့ စကားဆိုချိန်မှာ ခင်ဗျား မအီမသာ
ဖြစ်သွားနိုင်ပါတယ်။ ခုခံ ကာကွယ် ချင်စိတ် ဖြစ်သွားမယ်။ မိမိ ဘဝကို
ရှုတ်ချပြစ်တင် လိုက်တာ သက်သက်ပဲ လို့ ထင်လိုက်မိ နိုင်တယ်။

ကျနော် နားလည်ထားသလို ပြောရင် ဗုဒ္ဓဟာ ခင်ဗျား ဘဝကို အလဟဿ ပြစ်တင် ရှုတ်ချ
ပစ်နေတာ မဟုတ်ဘူး။ ဗုဒ္ဓမှာ ပြစ်တင်ရှုတ်ချစရာ ဘာမှ မရှိဘူး။ ဗုဒ္ဓ၊ ခရစ်၊
လောက်ဇူ၊ မိုဟာမက် စသဖြင့် သူတို့တွေသာ သူတော်စင် စစ်စစ် တွေဆိုရင်
ခင်ဗျားကို မဟုတ်တမ်းတရား ပြောနေစရာ ဘာမှ မရှိဘူး။ သူတို့ ရဲ့ သန္တာန်မှာ
ချမ်းမြေ့မှု သက်သက်သာ ရှိနေကောင်း ရှိနေလိမ့်မယ်။ ခင်ဗျား ဘဝကို
အကြောင်းမဲ့ သက်သက် မောင်းမဲ နှိမ်ချ၊ လာပြောနေမှာ မဟုတ်ဘူး။ သူတို့ရဲ့
ဆိုစကားမှာ ချဲ့ကား နေစရာ ၊ ရွှီးနေစရာ မလိုဘူးလို့ ပြောရပါလိမ့်မယ် ။
အထူးသဖြင့် ဗုဒ္ဓရဲ့ မိန့်မှာစကား အများစုဟာ အချက်အလက်ကို အချက်အလက်
အတိုင်း ပြောဆိုထားတာမျှသာ ဖြစ်တယ်လို့ ကျနော် မြင်ပါတယ် ( မှားပါတယ်
ဆိုရင် သည်းခံ )

ဗုဒ္ဓ အနေနဲ့ အမှန်ကို အမှန်အတိုင်း ပြောမှာပဲ။ ခင်ဗျား ကန်းနေရင်
ကန်းနေတယ်လို့ ပြောမယ်။ ခင်ဗျား သေရင် သေတယ်လို့ ပြောမယ်။ ဒါဟာ ဘာအမှား
ရှိပါသလဲ။ အချက်အလက် တစ်ခုကို အရင်း အတိုင်း ပြောပြနေ တာ ဖြစ်တဲ့ အပြင် –
အခု စကား "ဒုက္ခ" ဆိုတာဟာ ခင်ဗျားတို့ ကျနော်တို့ အတွက် မေ့လျော့ထားတဲ့၊
ပေါ့တန်ထားတဲ့ အရာ တစ်ခု ကို သတိပေး၊ အသိပေး စကားလည်း ဖြစ်နေသေးတယ်
မဟုတ်လား။ စင်စစ် ကျနော့အနေနဲ့ဆို – အဲ့ထက် အလွန် ကို လည်း ပြညွှန်းနေသေး
တယ် လို့ မြင်ပါတယ်။

ဘဝဟာ ဒုက္ခ ဖြစ်နေတယ်၊ အခု ဘဝတွေဟာ ဒုက္ခသာ ဖြစ်တယ် လို့ ဗုဒ္ဓ အတန်တန်
အထပ်ထပ် မှာကြားနေရခြင်းဟာ "ဘဝရဲ့ စင်စစ်ချမ်းသာ သုခ
ရနိုင်ခြင်းအကြောင်း" ကို မြင်သိစေနိုင်ဖို့ လည်း ဖြစ်ပါတယ်။ ဒါပေတဲ့ ဒီ
သုခစင်စစ် ကို မြင်နိုင်ဖို့ ခင်ဗျားရဲ့ လက်ရှိ ဒုက္ခ ကို ကောင်းကောင်း
သိထားရ လိမ့်မယ်။ အင်ဂျင်တစ်လုံးကို စနစ်တကျ ဖြိုချ ပစ်နိုင်ဖို့
အင်ဂျင်အကြောင်းကို ခင်ဗျား ကောင်းကောင်း သိထားမှရမယ်။ အန္တရာယ် ကြီးတဲ့
ချိန်ကိုက်ဗုံး တစ်လုံးကို – အဲ့ဒီ ဗုံးအကြောင်း ကောင်းကောင်း သိထားမှ
ဖြုတ်တပ် လုပ်နိုင်ပါတယ်။

ဆိုလိုတာက ဘဝ ရဲ့ ဒုက္ခကို ကောင်းကောင်း မသိရင် စင်စစ် ချမ်းမြေ့တဲ့ သုခ (
သန္တိ ) ကို ခင်ဗျား မရဘူး။ ရှင်သန်နေတဲ့ မိမိရဲ့ ဘဝ ဒုက္ခ အပေါ်
နက်နက်ရှိုင်းရှိုင်း ( စိတ်နှလုံးထဲ အထိ ) မြင်သိလာ တဲ့ အခါ –
ရှင်သန်နေခဲ့တဲ့ လမ်းဟောင်း အတိုင်း ခင်ဗျား တစက္ကန့်လေးတောင် နေလို့
မရတော့ဘူးရယ်။ ဥပမာ – ခင်ဗျားက အိမ်မှာ ရှိတယ်။ ခင်ဗျား
အိမ်မီးလောင်နေတယ်။ မီးလောင်နေကြောင်းကို မသိဘူး။ ကောင်းကောင်း
မွေ့နေမယ်။ တစ်ယောက်က – ခင်ဗျား အိမ်မီးလောင်နေတယ်လို့ လာပြောမယ်။
မိမိအိမ် အကြောင်း မိမိ မသိဘဲ – ငါ့လာနှောက်ယှက်ရကောင်းလား စွတ်ပြောရင်
ဘယ်သူ လွန်မလဲ။ တကယ်တမ်းမှာ ခင်ဗျား အိမ် မီးလောင်နေပြီ ဆိုတာ ခင်ဗျား
မြင်သွားရင် – စောနက မွေ့နေမိတာမျိုး မဆိုထားနဲ့ တစက္ကန့်လေးတောင် ခင်ဗျား
နေနိုင် ပါ့မလား။ တစ်အိမ်လုံး ဟုန်းဟုန်းတောက်နေပြီ ဆိုတာ
မြင်သိလိုက်မိတဲ့ ခဏ ၊ ခင်ဗျား ထွက်ပြေးဖို့ ပုဆိုးပုဝါတောင်
နိုင်ပါတော့မလား။ "အေးဆေးပါကွာ" လို့ လေတစ်ချွန်ချွန်နဲ့ တစ်ရေးနှစ်ရေး
နှပ်နေနိုင်သေးရဲ့လား။ ဖြစ်နိုင်တာက – အသက်ဘေးရယ်လို့ နီးနီး
မြင်လိုက်ရတဲ့အခါ ခင်ဗျား ဇနီး၊ သားမယားတောင် မေ့ကောင်း မေ့သွား
နိုင်သေးတယ် မဟုတ်လား။ စင်စစ် မိမိ အိမ် မီးလောင်နေကြောင်း
သိမြင်လိုက်တာဟာ အဲ့ဒီ အိမ်က အလွတ်ရုန်းပြေးနိုင်ဖို့ အစ ဖြစ်ပါတယ်။

အလားတူ ပုံပြင်တစ်ပုဒ် ပြောကြည့်မယ်။ အဘိုးအို တစ်ယောက် ရှိတယ်။ အသက်
ရှစ်ဆယ်လောက် ရှိပြီ။ သူ့ မျက်လုံးက ကွယ်နေတယ်။ ဒါကို
သူ့အသိမိတ်ဆွေတွေနဲ့ ဆရာဝန်တွေက မျက်လုံးကို ကုသသင့်ကြောင်း ပြောကြတယ်။
ဒါပေမယ့် အဘိုးအိုက ဒဿနဆရာ၊ ယုတ္တိဗေဒ သမား၊ နောက်ပြီး စာသမား လည်း
ဖြစ်သေးတယ်။

သူက ပြောတယ်။

"ကျုပ်အတွက် မျက်လုံးမြင်ရဖို့ ဘာကြောင့် အသည်းအသန် လိုအပ်နေတာတဲ့လဲ။
ကျုပ်မှာ သား ဆယ့်နှစ်ယောက် ရှိတယ်။ အဲ့တော့ မျက်လုံး နှစ်ဆယ့်လေးလုံး
ရှိတာနဲ့ အတူတူပဲ မဟုတ်လား။ သူတို့မှာ ဇနီး ကိုယ်စီ ရှိတယ်။ အဲ့တော့
ဇနီးဆယ့်နှစ်ယောက် ။ နောက်ထပ် မျက်လုံး နှစ်ဆယ့်လေးလုံး။ ကျုပ်မှာလည်း
ဇနီးရှိတယ်။ အဲ့တော့ နောက်ထပ် နှစ်လုံး ထပ်ပေါင်းလိုက်ဦး။ ဒါ့အပြင်
ကျုပ် သားတွေမှာ သူတို့ သားသမီးတွေ ရှိသေးတယ်။ အိုးးး………ကျုပ်မှာ
မျက်လုံးတွေက အများကြီးရယ်။ ကျုပ်ကိုယ် ကျုပ် အတွက် ဘယ့်နှယ် နောက်ထပ်
မျက်လုံး ရှိနေရဦးမှာတဲ့လဲ။ ဒီမျက်လုံး နှစ်လုံး မမြင်ရတော့ကော
ဘာအရေးလဲ။ ဒီအိမ်ထဲမှာတင် မျက်လုံးပေါင်း တစ်ရာ နီးပါး ရှိနေတယ်
မဟုတ်လား။ ကျုပ် မျက်လုံးလေး နှစ်လုံး အတွက် အရေး စိုက်စရာ
ဘာလိုနေဦးမလဲ။"

အဘိုးအိုက သူ့ဆင်ခြေ သူ့ယုတ္တိကို လက်ခံစွဲမြဲထားတယ်။ သူ့အသိမိတ်ဆွေတွေနဲ့
ဆရာဝန်တွေလည်း လက်လျော့ရတော့တယ်။ အဲ့လိုနဲ့ တစ်ည အိမ်ကို မီးလောင်
ပါလေရော။ သူပြောခဲ့တဲ့ မျက်လုံးပေါင်း တစ်ရာနီးပါးက ထွက်ပြေးသွားကြတယ်။
အဘိုးကြီး ဖြစ်တဲ့သူ့ကို အားလုံး မေ့လျော့ ထားခဲ့ကြတယ်။ အိမ်မီးလောင်
ပြီဟေ့ ဆိုကတည်းက ကြောက်အား လန့်အား ထွက်ပြေးမိလိုက်တာ အိမ်ပြင်ကို
ရောက်မှ သတိရကြတယ်။ ဒါပေမယ့် မမှီတော့ဘူးရယ်။ ဘာ လုပ်ကြမတဲ့လဲ။
ပိုကြီးလာတဲ့ မီးညွှန့်တွေကြောင့် အိမ်ထဲ ဘယ်သူမှ ပြန်မဝင်တော့ဘူး။ အထဲမှာ
မျက်မမြင် အဘိုးအိုတစ်ယောက်တည်း ဟိုဘက်တိုးလည်း မီး၊ ဒီဘက်တိုးလည်း မီး၊
အရှင်လတ်လတ် သင်္ဂြိုလ်ခံရဖို့သာ ရှိတော့တယ်။ တကယ်က သူ့မှာ
အချိန်ရခဲ့ပါတယ်။ ဒီမျက်လုံးကိုသာ အချိန်မှီကုသခဲ့ရင် ဒီအဖြစ်
ကြုံချင်မှကြုံရမယ်။ သူ့ ယုတ္တိအတွေးတွေ တက်တက်စင်အောင် လွဲသွားခဲ့ပြီ။
အခုတော့ နောက်ကျသွား ခဲ့ပြီ။

ဗုဒ္ဓက ခင်ဗျား ဘဝဟာ ဒုက္ခ ဖြစ်တယ်လို့ အထပ်ထပ် ပြောနေတာဟာ ခင်ဗျား
အိမ်မီးလောင်နေတယ်-ခင်ဗျားလည်း ကန်းနေတယ်လို့ ရိုးရိုးရှင်းရှင်း
ပြောနေတာ မျိုးပဲ လို့ ဆိုချင်ပါတယ်။ အချိန်ရတုန်းမှာ ပြင်ဆင်
ကုသထားသင့်တယ်။ ခင်ဗျား မျက်လုံးက ကုနိုင်နေတယ်။ ဒါဆို ခင်ဗျား ဒီမီးဘေးက
လွတ်မှာပဲ။ ခင်ဗျား ကိုယ် ခင်ဗျား ကယ်တင်နိုင်တယ်။ ဆုံးရှုံးမှု
အနည်းဆုံးနဲ့ လွတ်မြောက်လာခဲ့မယ်။

ဗုဒ္ဓဟာ စင်စစ် အဆိုးမြင်ဝါဒီ တစ်ယောက် မဟုတ်ဘူး။ အနောက်တိုင်း က
ပုဂ္ဂိုလ်များက ဗုဒ္ဓကို အဆိုးမြင် ဝါဒီလို့ စွပ်စွဲ သမုတ်တယ်။ သူတို့တင်
မကဘူး – အရှေ့တိုင်းမှာလည်း အဲ့သလို သမုတ်ပါသေးတယ်။ သူတို့တွေ အမြင်မှာ
ဗုဒ္ဓဟာ ဘဝတစ်ခုလုံးကို အဆိုးလို့ မြင်ထားတာ ဖြစ်တယ်။ ဒါ့ကြောင့် သူဟာ
အဆိုးမြင်ဝါဒီပဲ ဆိုတာမျိုး ဖြစ်နေပါတယ်။ စင်စစ် ဗုဒ္ဓဟာ ရှိုပင်ဟောင်ဝါ
လို အဆိုးမြင်ဝါဒီ မဟုတ်ဘူး။ ရှိုပင်ဟောင်ဝါဟာလည်း- ဘဝကို ဒုက္ခ စင်စစ်
ဖြစ်တယ် ဆိုတာမျိုး ပြောခဲ့တာပါပဲ။ ဒါပေတဲ့ မတူညီဘူး။ ရှိုပင်ဟောင်ဝါ
ပြောတဲ့ စကားကို တစ်ခွန်းကို ကြည့်ကြည့်မယ်။

"Life is misery and there is no way to get out of it. You have to
suffer it, nothing can be done about it. Man is a helpless victim."
"ဘဝသည် ဒုက္ခဆင်းရဲ ဖြစ်သည့်အပြင် ထွက်မြောက်ရာ လမ်းမရှိ။ ရင်ဆိုင်
ခံစားရဖို့သာ ရှိ၏။ မည်သို့မျှ မတတ်နိုင်။ လူသည် ကယ်ရာမဲ့သော
ယဇ်ကောင်သာတည်း"

Schopenhauer

အထက်ပါ ပုဂ္ဂိုလ်က – ခင်ဗျား အိမ် မီးလောင်နေတယ်၊ ပြေးလို့လည်း
မလွတ်ပါဘူး။ အသေသာခံလိုက်တော့ – လို့ ပြောတယ်။
ဗုဒ္ဓလို ပုဂ္ဂိုလ်က – ခင်ဗျား အိမ် မီးလောင်နေတယ်၊ ပြေးဖို့လမ်း ရှိတယ်။
ဒါတွေ ပြင်ဆင်ပြီး ပြေးပေတော့ – လို့ ပြောတယ်။

ဘယ်သူက အဆိုးမြင်နေတာတဲ့လဲ။

……………….

Footnotes-

* Buddha is right: in your life, whatsoever you do, you are bound
to meet misery. And as time passes, more and more misery, because life
starts slipping out of your fingers, death starts overshadowing you.
And you become very tense — life is slipping by and you have not
arrived anywhere yet. You start running, you put all that you have at
stake… but only death is the culmination of what you call life. How
can death be the culmination of life? If death is the culmination of
life then life is utterly useless — not only useless but a very ugly
joke played on man.
* Buddha is right: your life simply proves not only that YOU are
wrong, but it even proves that the God you worship must be wrong. It
not only proves YOU wrong, it proves your popes and your
shankaracharyas wrong. It proves your so-called religions wrong,
because they don't help in changing your quality of life. They don't
change your vision, they don't change your insight. They don't bring
more sensitivity and awareness to you so that you can live on a new
plane, in a new plenitude, in a new fullness.


--
ဆရာကြီး မင်းသုဝဏ်ရဲ့`သပြေညို´ကဗျာ တပိုင်းတစ ....။
"ဘာမလျှော့ လေ နဲ့ လာတော့ မကွဲ့  ရွှေ ပဟိုရ် လေချို က အသွေး... လင်း ကြက်
အဆော် ကွင်းထက်မှာ တူပျော်ပျော်နဲ့ စည် တော်ကို ရည် မျှော် မှန်းကာပ
ရောင် နီ မှာ အောင်စည် ရွှမ်း ရအောင် သပြေညို ရွှေ ဘို ပန်းရယ်နဲ့ လှမ်းကြ
စို့ လေး..." .တဲ့။

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။