[aurorageneration] Re: [paowyne:1569] ဘာသာစကား၊ ဘာသာတရား၊ ဓလေ့နဲ့ မဟာပုရိသ ဝါဒ (မိန်းမလို မိန်းမရ)

ဂါကြီးနဲ့ကိုကိုလွမ်း(ချစ်စနိုးဖြင့်)တို့ရဲ့တွေးဆမှုတွေကိုကြိုက်တယ်ဗျာ။ ဒီနေရာမှာ မြတ်ဘုရားရှင်ရဲ့ဝေဿန္တရာဇာတ်ထုပ်တွေကိုပယ်ရမှာလား?ဘုရားမဖြစ်ခင် နတ်သားဘဝကိုပယ်သင့်သလား?ဒီအကြောင်းအရာကို မေးလ်တခုအနေနဲ့တင်လိုက်မယ်ဗျာ။ ဝင်ပြောပေးကြပါ။

Sent from "LIMIT"

On Feb 16, 2012, at 2:04 PM, လွမ်းနေသူ®<lwan.nay.ya.thu.par@gmail.com> wrote:

ပေါင်ပြောသွားတာက မှန်ပါတယ်။ ဗုဒ္ဓအယူ ၀ါဒအရ ကြည့်မယ်ဆိုရင် ပေါ့။ ကျွန်တော်တို့ဟာ တစ်နေရာ ဒါမှ မဟုတ် ရှု့ထောင့် တစ်ခုက နေပြန်ကြည့်မယ်ဆိုရင်တော့ သဒ္ဒါတရားတွေ ဘာတွေဆိုတာကို လက်ခံပေးလို့ မရတော့ပြန်ဘူး။ ဥပမာ ဒီကလေး ဒီမိသားစု ကို လှူမှ ကုသိုလ်ပြန်ရမယ်ဆိုရင် မလုပ်တော့ဘူး ဆိုတာမျိုး ဖြစ်လာပြန်ရော။ ပေါင်ပြောသလို တစ်ဖက်တည်းက တွေးရင်တော့ မှန်လောက်ပါရဲ့ဗျာ။ကဲ အခုဆိုရင် ဗျာ ကျွန်တော် မိန်းမတစ်ယောက်ယူမယ်။ကလေးတွေမွေးမယ်။ပြီးရင် ကျွန်တော် အဲ့လို ခိုင်းစေဖို့ လှူတယ်ဆိုတာ ထားအုံး။ ကျွန်တော် သာသနာ့ ဘောင်ထဲ ၀င်သွားမယ်ဆိုရင်တောင် ကျွန်တော် လုပ်ရပ်ဟာ မြင့်မြတ်တဲ့ အလုပ်ဆိုပေမယ့် လူတွေ ဘယ်လို တွေးကြမလဲ။ ဒါ ဥပမာ အနေနဲ့ ပြီးတော့ ဒီခောတ် အနေနဲ့ ပြောပြတာနော်။နောက်ပြီး အဲ့စာမှာ ရေးထားတာတွေက ဓလေ့ ထုံးလမ်းစဉ်လာတွေရဲ့ အပြစ်တွေကို သာ ဆိုလိုထားမယ်ထင်မယ်။ ဘာလို့လဲ ဆိုတော့ ခုခောတ်နဲ့ child right တို့ ဘာတို့ နဲ့ ယှဉ်သုံးထားလို့ဘဲ။ အဲ့မှာ အခြေအနေနှစ်ခုတော့ ရှိလာပြီ ......ယှဉ်သုံးလိုက်တဲ့ အတွက်
1. အရင်က ဖလေ့ထုံးလမ်း စဉ်လာတို့အား right rule တွေနှင့် ယှဉ်ခြင်း
2. မင်းကြီး ၏ ဒါနအား right rule တွေနှင့် ယှဉ်ခြင်း
နံပါတ်တစ်ကို အရင် ယှဉ်ခဲ့ရင် လုပ်ခဲ့တဲ့ လှူခဲ့တဲ့သူလည်း အပြစ်တစ်ခုလို့ မြင်နိုင်မည်။
နံပါတ်နှစ်နဲ့ ယှဉ်ခဲ့ရင်လည်း လှူခဲ့တဲ့ လူက အပြစ်တစ်ခု အဖြစ် မြင်နိုင်မည်။
အဓိက ဖြစ်ပေါ်လာတာက လူ့အခွင့်အရေးကို လူတွေက အရင်ခောတ်နဲ့ အခုခောတ် ကွာခြားချက်တွေဘဲလို့ မြင်မိပါတယ်။


ဘယ်လို ယှဉ်တယ်ဆိုတာတော့ စာရေးသူနဲ့ စာဖတ်သူတို့၏ ဆန္ဓတွေသာ ဖြစ်ပါတော့သည်။
---
--
သက်ရှိတွေအတွက် အကြီးကျယ်ဆုံး အရာကတော့ သေခြင်းတရား ပါဘဲ။
လွမ်းနေသူ®





2012/2/16 Pao Wyne <eniweniw@googlemail.com>
နောက်တစ်ခုကတော့ ဝေဿန္ထရာဇာတ်က သား မယားကို ကျွန်အဖြစ် လှူတာပါ ။
ဒီကိစ္စကတော့ ၂ ပိုင်း ခွဲမြင်မိပါတယ် ။ တစ်ခုက အဲ့ဒီခေတ်က ယဉ်ကျေးမှု
အခြေအနေအရ လင်က သားမယားကို ချုပ်ကိုင်ထားနိုင်တဲ့ စနစ်ရှိတယ် ဆိုတာပါ ။
နောက်တစ်ခုက စွန့် လွတ်ခြင်း နဲ့ လိုက်နာခြင်းပါ ။
မင်းကြီးက မဒီနဲ့ သားသမီးကို လှူတယ်ဆိုတာ  အခုပြောနေကြသလို ကျွန်အဖြစ်
သတ်မှတ်ပြီး ပစ္စည်းတစ်ခုလို သုံးစွဲခံစေဆိုတဲ့ အမိန့် ချတဲ့ သဘောမျိုး
မဟုတ်ဘဲ  မိမိမှာ ခေတ်ကာလ ယဉ်ကျေးမှုသဘောအရ ရရှိထားတဲ့
ချုပ်ကိုင်ထားပိုင်ခွင့်ကို စွန့် လွှတ်လိုက်တာသာဖြစ်ပါတယ် ။ ဒီမှာတင်
သဘောထားကြိးလှသော မင်းကြီးရဲ့ ဒါန ပါရမီ အပိုင်းက ပြီးသွားပါပြီ ။ ကျန်တာ
သူ့ အပိုင်း မဟုတ်တော့ဘဲ ခေတ်ကာလာ ( ဘုရားသာသနာမပေါ်မှီ ကာလ ၊ ခုခေတ် အရှေ
့အလယ်ပိုင်းက အာရပ်ကမ္ဘာလို လူ့ အခွင့်အရေး ဘာမှန်းမသိတဲ့ကာလ မျိုး ) နဲ့
ဆိုင်သွားပါပြီ ။
ခုခေတ်မှာသာဆို မင်းကြီး က ချုပ်ကိုင်ထားမှု စွန့်လွှတ်လိုက်တဲ့ အခါမှာ
မဒီနဲ့ သားသမီးတွေဟာ လွတ်လပ်သွားပါပြီ ။ ယဉ်ကျေးမှုအရ ချုပ်ကိုင်ထားတဲ့
လင်သား ဖခင် ရဲ့ ချုပ်ထိန်းမှု အောက်က လွတ်သွားပါပြီ ။တစ်နည်း အစွန်
့လွှတ်ခံ ဖြစ်သွားပါပြီ ။
 ဒီတော့ ဇူဇကာ ပုဏ္ဍား လို လူမျိုးနောက်ကို လိုက်မယ် မလိုက်မယ် ဆိုတာက
သူတို့ ကိုယ်ပိုင် ရွေးချယ်ဆုံးဖြတ်ခွင့်ရရမှာပါ ။ သို့သော် အဲ့ဒီခေတ်
ဓလေ့ ဆိုးအရ သူ တို့ ရဲ့ အခွင့်အရေး ကို သူတို့ ကိုယ်တိုင်မသိလို့ သော်
လည်းကောင်း ၊ မင်းကြီးကို ကြည်ညိုစိတ်နဲ့ ဒါန ပါရမီကို ဖြည့်ချင်လို
့သော် လည်းကောင်း လိုက်သွားကြတာကတော့ မင်းကြီးနဲ့ မဆိုင်တော့ပါဘူး ။ ဒါက
ဓလေ့ ထုံးစံရဲ့ အပြစ်သာဖြစ်ပါတယ် ။ မင်းကြီးရဲ့ လူပုဂိုလ်ပိုင်းဆိုင်ရာ (
သို့ ) လုပ်ရပ် ပိုင်းဆိုင်ရာ ( သို့  ) စေတနာပိုင်းဆိုင်ရာ အပြစ်လို့
ပြောဖို့  ခက်မယ်လို့ ယူဆရပါတယ် ။
နောက်ပြီး ဒီဇာတ်တော်တွေဟာ ဘုရားလောင်း ဖြစ်စဉ်တွေပါ ။ ဘုရားကိုယ်တိုင်
သစ္စာမသိသေးခင်က ကိစ္စတွေပါ ။ ဘုရားကိုယ်တိုင် သူ့ရဲ့ ဘာသာတရား အနှစ်သာရကို
မဟောကျူးရသေးမှီက ကိစ္စတွေပါ ။ ဒီထဲက အဖြစ်အပျက်တွေ ကို ဗုဒ္ဓ၀ါဒ ဓလေ့ ၊
ဗုဒ္ဓ၀ါဒ အယူအဆ အမြင်တွေလို့ မှတ်ယူ လို့မရပါဘူး ။
ဒီ ဇာတ်တော်ထဲက ဘုရားလောင်း ပါရမီတော်ကို စွန့် လွှတ်မှုများစွာ
ရင်းပြီးပြုခဲ့ရတဲ့ မဟာဂရုဏာတော်ကို မြင်အောင်သာ ကြည့်ရမှာဖြစ်ပြီး
အဲ့ထဲက အပြုအမူတွေကို ခုခေတ်မှာ စံပေတံတစ်ခုသဖွယ် လှေနံဓါးထစ်
ရှုမြင်မှတ်သားနေတာကတော့ အကြံတုံး ဥာဏ်တုံး ဆန်လွန်းလှပါတယ် ။

--
စွန့်စားချင်လျှင် အသက်ငယ်တုန်းမှာ လုပ်တာကောင်းသည်။ မှားသွားလျှင်
ပြင်ဖို့အချိန်ရသည်။ ငယ်နုစဉ်မှာ အရိုးကျိုးလျှင် ပြန်ဆက်ဖို့လွယ်သည်။
ခဏလေးနဲ့ အနာကျက်သွားတတ်သည်။ နာလန်ထဖို့ မြန်သည်။ လူကြီးတွေကျတော့
ဒီလောက်မလွယ်။ သူတို့ကျိုးတာက "ခေါက်ရိုး"ဖြစ်နေတာကိုး။  (မင်းလူ)

--
ပေါင်ပေါင်စာပေအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/paowyne ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။ မန်ဘာဝင်များ မိမိသိထားသည်များကို မျှဝေလိုပါက paowyne@googlegroups.com သို.မေးလ်ပို.နိုင်ပါသည်။ ပေါင်ပေါင်စာပေအဖွဲ့ မှ နှုတ်ထွက်လိုလျှင် paowyne+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။ စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် (သို့) စာမလိုချင်ပဲ Website မှသာဖတ်ရန် http://groups.google.com/group/paowyne?hl=en ကို သွားပါ ။

အကြံပေးစာများကို ပေါင်ပေါင်  ( eniweniw@gmail.com ) ထံသို. ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ပေါင်ပေါင်(အရှင်ကြီးအို)

--
ပေါင်ပေါင်စာပေအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/paowyne ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။ မန်ဘာဝင်များ မိမိသိထားသည်များကို မျှဝေလိုပါက paowyne@googlegroups.com သို.မေးလ်ပို.နိုင်ပါသည်။ ပေါင်ပေါင်စာပေအဖွဲ့ မှ နှုတ်ထွက်လိုလျှင် paowyne+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။ စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် (သို့) စာမလိုချင်ပဲ Website မှသာဖတ်ရန် http://groups.google.com/group/paowyne?hl=en ကို သွားပါ ။

အကြံပေးစာများကို ပေါင်ပေါင် ( eniweniw@gmail.com ) ထံသို. ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ပေါင်ပေါင်(အရှင်ကြီးအို)