အမေ့ခေါင်းဟာ ဆံပင်တွေဖြူပြီး မေ့တတ်ရင်မေ့တတ်မယ်
သင့်ကိုတော့ လုံးဝအမှတ်ရနေပါလိမ့်မယ်...
အမေ့မျက်စိဟာ မှုန်ရင်မှုန်နေလိမ့်မယ် သင့်ပုံရိပ်ကိုတော့
ကောင်းကောင်းမြင်နိုင်ပါလိမ့်မယ်...
အမေဟာ စကားပီပီသသ ပြောချင်မှပြောနိုင်လိမ့်မယ်
သင့်ကိုတော့ သား(သမီး) လို့ ပီပီသသ ခေါ်နိုင်ပါလိမ့်မယ်..
အမေလက်တွေဟာ တုန်ရင်ချိနဲ့ပြီး ကောင်းကောင်းလှုပ်လို့ရချင်မှ ရမယ်
သင့်ကိုနွေးထွေးစွာဖက်ထားဖို့တော့ အားအင်တွေကျန်ပါလိမ့်မယ်...
အမေခြေထောက်တွေဟာ လမ်းကောင်းကောင်းလျှောက်ဖို့
သန်မာချင်မှ သန်မာလိမ့်မယ်... သင်ရှိရာကို လာလည်ဖို့ တောင်ဝှေးတစ်ချောင်းသာ
လိုပါလိမ့်မယ်....
အမေဟာ အိပ်ယာပေါ်မှာ လဲရင် လဲနေပါလိမ့်မယ်
သူ့ရဲ့ စိတ်ကတော့ သင့်နှလုံးသားမှာ မှီတွယ်နေပါလိမ့်မယ်.....
ကမ္ဘာပေါ်မှာ မိန်းမ တွေ အများကြီးထဲမှ သင့်ကို အချစ်ဆုံးသော
မိန်းမဟာ သင်၏ အမေပင်ဖြစ်ပါတယ်...
စနေဖြိုးမှတစ်ဆင့် ပြန်လည်မျှဝေပါသည်။

တနေကုန်မီးဖိုချောင်တွင် ချက်ပြုတ်နေရသော ဇနီးသည် အားပါးတရ စားသောက်နေသော ခင်ပွန်းကို မြင်ရလျှင် ပင်ပန်းထားသမျှ အမောပြေ၏...
တနေကုန် လုပ်ငန်းခွင်တွင် ပင်ပန်းလာသော ခင်ပွန်းသည် မိမိဇနီး ပြင်ဆင်ထားသော
ညစာကို စားရသည်နှင့် ပင်ပန်းထားသမျှ အမောပြေ၏...
ကျောင်းတွင် ပင်ပန်းလာသော သားသမီးတို့အတွက် ညနေ ထမင်းဝိုင်းတွင်
မိဘစုံညီနှင့် စားသောက်ရခြင်းသည် ပင်ပန်းလာသမျှ အမောပြေ၏....
မိသားစု ထမင်းဝိုင်းသည် အကောင်းစားဟင်းလျာတွေ မရှိစေကာမူ
အိမ်နှင့် ဝေးနေရသောသူတွေ အတွက် အစဉ်အမြဲ တမ်းတနေမိသော
လိုအင်ဆန္ဒ တစ်ခုပင်ဖြစ်သည်...
စနေဖြိုးမှ တစ်ဆင့်ကူးယူဖော်ပြသည်။

group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။