[aurorageneration] အခန်းတွေ များများ မဲဖောက်နိုင်ပါစေ ။

ဒီနေ့ လူထုစိန်ဝင်းရေးတဲ့ ( စုံတွဲတွေကို အခန်းမဲဖောက်ပေးမယ့်
ဖျော်ဖြေပွဲ ) ဆိုတာကို ဖတ်လိုက်ရတယ် ။
မူရင်းကတော့ သူ့ ဖောက်သည် အလဲဗင်းမှာ ပါတော့ ဖတ်ပြီးကြရောပေါ့ ။
ဒီပွဲသတင်းလဲကြားပြီးကြရောပေါ့ ။ အဲ့ဒီ လူထုစိန်ဝင်းကြိးကလဲ အလကားနေ
မကောင်းမြင်နေတာပဲ ။ အခန်းတွေ မဲမဖောက်လဲ ရွချင်တဲ့သူက ရွမှာပဲ ။ ဘာလဲ
မဲပေါက်သူ ၅၀၀ ကို အခမဲ့ တရားရိတ်သာ ပို့ပေးပါ့မယ်လို့ ကြေငြာရမှာလား ။
အပိုတွေ ။
သူရေးထားတာတစ်ခုက တော်တော်လွန်တယ် ။
" ကန်ပေါင်ပေါ်ကစုံတွဲ

ကျယ်ပြန့်သွားမှာစိုးရိမ်ကြောင်းပြောတော့ လူငယ်တစ်ယောက်က အင်တာနက်မှာတွေ့ရတဲ့
ပုံတစ်ပုံအကြောင်းပြောပြတယ်။ အင်းယားကန်ပေါင်ပေါ်မှာ စုံတွဲတစ်တွဲ
မျက်နှာချင်းအပ်ပြီး
နှုတ်ခမ်းချင်း ဂဟေဆက်နေပုံကို တင်ထားတယ်တဲ့။ ပုံအောက်မှာ
ဝေဖန်ရှုတ်ချတဲ့စာတွေရေးကြတော့
ဒါလောက် အမြင်ကျဉ်းရသလား၊ ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်တာမဟုတ်လို့
ကိုယ်မကြိုက်လည်း သည်းခံရမှာပေါ့။ ဒါသူတို့ရဲ့ လွတ်လပ်ခွင့်ပဲလို့
ပြန်ရေးသူက ရေးသတဲ့။
ကဲ စာဖတ်သူများရော ဘယ်လိုသဘောထားပါသလဲ။ ကိုယ့်သားသမီးဆိုရင် ဒါမျိုးမလုပ်ဖို့
တားမြစ်မှာလား၊ ခွင့်ပြုထားမှာလား။"
တဲ့ ။
ပိုက်တန်းလန်းနဲ့ သက်ကြားအို သတင်းစာဆရာကြီးကို သွားပြောလိုက်ချင်တယ် ။
ကျနော့ ညီမ ( သို့ ) သားသမီး သာဆိုရင်တော့ သူ့ ကိုယ်ပိုင်
လွတ်လပ်ခွင့်ကို လေးစားတဲ့အနေနဲ့ ခွင့်ပြုပါတယ်လို့  ။ တကယ်တမ်း
စေတနာရှိရင် လိင်မှု ကျန်းမာရေး အသိပညာနဲ့ အန္တရာယ်မဖြစ်အောင် မိမိကိုယ်ကို
ကာကွယ်တတ်အောင်သာ သင်ပြပေးဖို့ လိုတာပါ ။ ကျန်တာတွေ က အပိုအလုပ်တွေပါ ။
ခေါင်းမြီးခြုံစနစ်သိပ်ကြိုက်ရင် မြန်မာပြည်မှာမနေနဲ့ အာရပ်ကမ္ဘာ သွားနေပါလို့  ။
ပေါင်
--
ဘ၀ဆိုတာ တိုက်ပွဲ
ခယ်မဆိုတာ လိုက်ပွဲ
ယောက္ခမဆိုတာ တို့စရာ
ယောက်ဖဆိုတာ လက်ဆေးခွက်
မိန်းမယူသောသူ ဘွတ်အဲ ။
( လူပျိုကြိး ထမင်းစားခါနီး ရွတ်တဲ့ဂါထာ )
( ယုံကြည်ပါက ကူးယူ၍ အာဂုံဆောင်ကြပါလေ )
( ကာတွန်း - မောင်ဝဏ္ဏ )
( http://www.facebook.com/photo.php?fbid=207491356015253&set=a.207489979348724.41135.190143931083329&type=1&ref=nf
)

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။