by Padauk Myay on Friday, February 10, 2012 at 5:00pm ·
သမိုင်းတွင်
(၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ထုတ် ပေါ်ပြူလာနယူးစ် ဂျာနယ်က ဆောင်းပါး
ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် အကြောင်း ရိုက်ထားတဲ့ The Lady
ဇာတ်ကားရဲ့ သမိုင်းနဲ့ လွဲနေတဲ့ အချက်များ ဖြစ်ပါတယ်။ )
မကြည့်မိလျှင် သိမည် မဟုတ် သော်လည်း ကြည့်မိသောကြောင့် သိလိုက်ရပြီး
သိလိုက်သောကြောင့် ရေးလိုက်မိ ပါသည်။
ကြည့်လိုက်မိသည်က The Lady ဇာတ်ကား ဖြစ်ပြီး တွေ့လိုက်သည်က အမှားများစွာ…..
လူတိုင်း အမှားနှင့် မကင်းကြပါ။ ထိုသို့ အမှားမကင်း ကြရာတွင် မှားသင့်သော
အမှားနှင့် မမှားသင့်သော အမှား၊ ခွင့်လွှတ်၍ ရသော အမှားနှင့် ခွင့်လွှတ်၍
မရသော အမှားဟူ၍ အမှားကို ထပ်မံပိုင်းခြား ရနိုင်ပါသည်။ website တွင်
ပြသနေသော The Lady ဇာတ်ကားကို ကြည့်မိရာမှ တွေ့လိုက်ရသော အမှား ဖြစ်သည်။
ဇာတ်ကားကို အကုန် ကူးယူလာ၍ အဆင်မပြေသဖြင့် ဇာတ်ကား အစပိုင်း (၁၅)
မိနစ်စာခန့်သာ ကူးခဲ့နိုင်ပါသည်ကို ကြည့်လိုက် ရခြင်း ဖြစ်ပါသည်။
The Lady ဇာတ်ကားတွင် မမှားသင့်သော အမှားတချို့ကို တွေ့လိုက်ရသဖြင့်
လွန်စွာ စိတ်မကောင်း ဖြစ်သွား ရပါသည်။ မှားလိုက်သည့် အမှားကလည်း
လွတ်လပ်ရေး ဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏
လုပ်ကြံ ခံရသည့်နေ့ကို ရိုက်ထားသည့် ဇာတ်ကား အဖွင့် ဖြစ်ပါသည်။
မြန်မာ့သမိုင်းတွင် အရေးပါသော နေ့တစ်နေ့ ဖြစ်ပြီး မြန်မာမှန်လျှင်
မမေ့နိုင်သော နေ့တစ်နေ့ ဖြစ်သည့် "အာဇာနည်နေ့" ဖြစ်ပေါ်လာပုံ၏ တစ်စိတ်
တစ်ပိုင်းကို ပုံဖော်ကြရာတွင် အမှားများစွာ ပါဝင်နေသည့် အတွက် ရေးသူရော
ရိုက်သူကိုပါ အပြစ်တင်ရ မလို ဖြစ်နေပါသည်။ သူများနိုင်ငံ သမိုင်းကြောင်း
ဖြစ်စေ၊ မိမိနိုင်ငံ၏ သမိုင်းကို ဖြစ်စေ ရိုက်ကြတော့မည် ဆိုလျှင်
ဖြစ်ရပ်မှန်နှင့် အနီးစပ်ဆုံး တူရန် အရေးကြီးပါသည်။ သူများနိုင်ငံ၏
သမိုင်း ဖြစ်သောကြောင့် နေရာဒေသ အခက်အခဲများ ရှိသဖြင့် ရိုက်ကူးသည့် နေရာ
လွဲမှားခြင်းမျိုးက ခွင့်လွှတ်၍ ရနိုင်သော်လည်း လိုအပ်သော ရိုက်ကူးရန်နေရာ
(Shotting Lacation)များ ယနေ့တိုင် ရှိနေသေးသော အဆောက်အအုံတို့ကို
မှားရိုက်သည်က မမှားသင့်သော အမှားများ ဖြစ်ပါသည်။
ထိုအမှားများကို ရှာဖွေ စိစစ်တင်ပြရလျှင်…..
(၁)
ယနေ့အချိန်တွင် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည်မှာ (၆၄)နှစ် ကျော်ခဲ့ပါပြီ။
ဒေါ်အောင်ဆန်းစုကြည် အသက်က (၆၇) နှစ်ထဲ ရောက်နေပြီမို့ ဗိုလ်ချုပ်
ကျဆုံးခဲ့စဉ်က သူမ အသက် နှစ်နှစ် ကျော်ကျော်ခန့်သာ ရှိပါဦးမည်။
- The Lady ဇာတ်ကား အဖွင့်မှာ ဗိုလ်ချုပ်က သမီးလေးကို ပုံပြောပြနေသည်။
ထိုပုံပြင် နားထောင်နေသော ကလေးငယ်မှာ အသက် (၄၊ ၅) နှစ် အရွယ်ခန့်
ရှိနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်၏ အရွယ် ကွာနေပါသည်။
-နောက် တစ်ချက်မှာ ဗိုလ်ချုပ်တို့ သားအဖ စကားပြောနေကြသော ခြံမှာ
ဗိုလ်ချုပ် နေခဲ့သော တာဝါလိန်းလမ်းအိမ် မဟုတ်ဘဲ ယခု ဒေါ်အောင်ဆန်းစုကြည်
နေထိုင်သော တက္ကသိုလ် ရိပ်သာလမ်းမှ အိမ်ဖြစ်နေတယ်။
(၂)
ထို့နောက် ဗိုလ်ချုပ် သူ့အော်စတင် ကားကလေးနှင့် အတွင်းဝန် ရုံးသို့
ထွက်လာခဲ့သည်။ အတွင်းဝန်ရုံးရှေ့ အရောက် ကားသည် ရုံးထဲသို့
ချိုးကွေ့ဝင်လိုက်သည်
-အတွင်းဝန်ရုံးမှာ အနီရောင် အုတ်တိုက်ကြီး ဖြစ်သော်လည်း သူတို့
ရိုက်ထားသည့် အတွင်းဝန်ရုံးက အဖြူရောင် ဖွေးဖွေး ဖြစ်နေ၏။
(၃)
ဗိုလ်ချုပ်သည် အတွင်းဝန်ရုံး အစည်းအဝေး ခန်းတွင်း ဝင်လိုက်ပြီး "မင်္ဂလာပါ"
ဟု ပြောလိုက်သည်။
(၄)
အတွင်းဝန်ရုံးထဲမှာ မှုံကြီးတို့ သက်နှင်းတို့ ရောက်နေကြပါပြီ။ သူတို့သည်
မျက်စပစ်ပြီး လှေကား အတိုင်း တက်သွားကြရာ လမ်းတွင် လည်စီးပုဝါ အနီများကို
စည်းလိုက်ပြီး အစည်းအဝေး ခန်းထဲသို့ ဝင်လိုက်ကြသည်။
-အမှန်က ၎င်းတို့သည် ဗိုလ်ချုပ်တို့ အစည်းအဝေး စနေချိန်မှာ စစ်ရောင်
ဂျစ်ကားဖြင့် ရုံးရှေ့သို့ ကမန်းကတန်း မောင်းဝင်လာပြီး ကားပေါ်မှ
အပြေးအလွှား ဆင်းကာ လှေကားအတိုင်းတက်၊ အစည်း အဝေးခန်းထဲ တန်းဝင်သွား
ကြခြင်း ဖြစ်ပါသည်။
(၅)
အစည်းအဝေးခန်းထဲ ရောက်သော အခါ ဦးဆောင်လာသူက သူကိုင်ထားသော
ပစ္စတိုသေနတ်ကို မောင်းတင် လိုက်ပြီးမှ သူတို့ကို ကျောခိုင်းထားသော
ဗိုလ်ချုပ်ကို ချိန်ကာ ပစ်လိုက်သည်။ ပြီးမှ ကျန်သူများကို ပစ်သည်။
-လူသတ်သမားများသည် ပစ္စတိုသေနတ် မကိုင်ကြပါ။ ထိုခေတ်က စက်သေနတ်
အသေးစားများ ဖြစ်သော တော်မီဂန်းနှင့် စတင်းဂန်းများကိုသာ ကိုင်ဆောင်
ထားကြပါသည်။ အခန်းထဲ ဝင်လိုက်သည်နှင့် အချိန်ယူပြီး ချိန်နေခြင်း
ပြုနိုင်မည် မထင်ပါ။ တွေ့သမျှ လူကို ပစ်ကြပါသည်။
သို့သော် ၎င်းတို့၏ အဓိက ပစ်မှတ်ဖြစ်သော ဗိုလ်ချုပ်ကိုတော့ အလွတ်မပေးခဲ့ပါ။
ကျွန်ုပ်တို့ ကြားဖူးသမျှမှာ ဗိုလ်ချုပ်သည် သေနတ် သမားများနှင့်
မျက်နှာချင်းဆိုင် ဖြစ်ပြီး တစ်စုံတစ်ခု ပြောရန် ထရပ်လိုက်သော်လည်း
ပြောချိန်မရဘဲ သေနတ်ကျည်များ ဒလစပ် ဝင်လာကာ လဲကျသွားခြင်း ဖြစ်သည်။
ထို့ပြင် လူသတ်သမားသည် သူ၏ ပစ္စတိုကို မောင်းတင်ပြီး ထပ်ပစ်လိုက်ပါသေးသည်။
အထက်တွင် ရေးခဲ့မိသည့် အတိုင်း မကြည့်ုလိုက်ဖြစ်ရင် အကောင်းသား
ကြည့်လိုက် ဖြစ်သောကြောင့် မြင်မိသွား ခဲ့ရသည်က ကိုယ့်အမှားဟုပင်
ပြောလိုက်ချင်ပါသည်။
နိုင်ငံခြားတိုင်းပြည်က မိမိတိုင်းပြည်နှင့် လူမျိုး၏ အရေးကြီးသော
သမိုင်းဆိုင်ရာ ဖြစ်ရပ်တစ်ခုကို အလွန်အကျည်း တန်စွာ မှားနေခဲ့မှုအပေါ်
အပြစ် မဆိုသာသော်လည်း ပြောရပါမည်။ အထင်ကရ လုပ်ရပ်များ ဖြစ်ရပ်များကို
ရိုက်ကူး ပြသတော့မည် ဆိုပါလျှင် အမှားနည်းနိုင်သမျှ နည်းအောင်
ဂရုစိုက်ဖို့ အလွန် လိုအပ်ပါသည်။ တစ်ချက် မှားရုံဖြင့် တစ်သက်
သွားရပါလိမ့်မည်။ နောင်လာ နောက်သားများက အာဇာနည်နေ့ ဖြစ်စဉ်ကို တလွဲတွေ
ထင်သွားနိုင်ပါသည်။
သမိုင်းအမှားသည် ပြင်ရ အလွန်ခက်ပါသည်။
နောင် နှစ်တစ်ရာတွင် ကျွန်တော်တို့၏ သားမြေးများ အာဇာနည်နေ့ အကြောင်း
ရေးသား ငြင်းခုံကြရာတွင် ထိုဇာတ်ကားကို အထောက် အထားပြုပြီး
ငြင်းကြဦးမည်ကို ကြိုတင် တွေးကာ စိတ်မအေးနိုင် ဖြစ်နေရပါသည်။
ထို့အပြင် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ သမိုင်း၊ ထိုလူမျိုး
ထိုနိုင်ငံမှ ခေါင်းဆောင်တို့၏ အတ္ထုပ္ပတ္တိတို့ကို ရေးသား ဖော်ပြရာတွင်
လည်းကောင်း၊ ရုပ်ရှင်အဖြစ် ရိုက်ကူး တင်ပြရာတွင် လည်းကောင်း၊
မမှားသင့်သော အမှားများကို အထူး ဂရုစိုက်ပြီး ထိန်းသိမ်း ကြစေလိုပါသည်။
သို့မဟုတ်ပါက ထိုနိုင်ငံ ထိုလူမျိုး၏ အမျိုးဂုဏ် ဇာတိဂုဏ်ကို
ထိပါးသကဲ့သို့ ဖြစ်နိုင်သောကြောင့် မမှားသင့်သော အမှားမျိုးကို မမှားစေဘဲ
မှန်နိုင်သမျှ မှန်အောင် ကြိုးစား အားထုတ်ကာ စာပေသမိုင်း၊
ရုပ်သေသမိုင်းမှ ရုပ်ရှင်သမိုင်းသို့ အဆင့်မြင့် တင်ပြသင့်ပါကြောင်း
စေတနာ ရှေ့ထား ရေးသား လိုက်ရပါသည်။
--
..ရွှေငွေနဲ့ ...... ဂုဏ်ဒြပ်တို့  မရှိလဲ နေနိုင်ပါတယ် တစ်သက်လုံး
အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံးနေဖို့  ။
--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။