ဒီမိုဝေယံ |
- ၁၅ရက်နေ့က ရွှေညဝါဆရာတော်မှ သံဃာတော်အပါး ၇၀၀ကျော်နှင့် ဆွမ်းခံကြွချီပြီး ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများအား နှုတ်ဆက်ပွဲနှင့် လမ်းခရီးမှ အလှူရှင် အမေအိုတဦးရဲ့ မြင်ကွင်း...
- လှည်းကူးမြို့ခံများရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် ကြိုတင်ပြင်ဆင်ကြစဉ် မြင်ကွင်း..
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လှည်းကူး ခရီးစဉ် မြင်ကွင်း ဓာတ်ပုံများ...
- ဘဘ သူရ ဦးတင်ဦး (ကဗျာရှင် နေရဲနီ)
| Posted: 15 Feb 2012 01:02 PM PST လာမည့် ၁၉ရက်နေ့မှာ သီတင်းသုံးရာ ကျောင်းမှ ထွက်ခွာရန် အတင်းအကြပ် ဖိအားပေးခြင်း ခံနေရတဲ့ ရွှေညဝါဆရာတော်ကြီးနဲ့ နောက်ပါ တပည့်သံဃာတော် အပါး၇၀၀ဟာ ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများအား ဆွမ်းခံကြွချီပြီး ချီးမြှင့်ခဲ့ပါတယ်..။ ၁၅ရက်နေ့မနက်ပိုင်းက ကမာရွတ်မြို့နယ် အမှတ် ၃/၄/၅ ရှောက်ပင်ခြံ ရပ်ကွက်ရှိ လမ်းအသီးသီးသို့ ရွှေညဝါဆရာတော်ကြီးနဲ့ သံဃာတော် အပါး၇၀၀ အတူ နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအဝင် ဆရာတော်အား ထောက်ခံသူ လူပုဂ္ဂိုလ် ၁၀၀၀ခန့် လိုက်ပါခဲ့ကြပါတယ်...။ ထိုသို့ ရွှေညဝါဆရာတော်ကြီးနဲ့ သံဃာတော်များ ကြွချီရာ လမ်းတလျှောက်မှာ ကြည်ညိုသူ ဒါယိကာ၊ ဒါယိကာမများမှ လှူဖွယ်ပစ္စည်းများနဲ့ လောင်းလှူခဲ့ကြပါတယ်..။ ဘာသာအကျိုး၊ သာသနာအကျိုး အများအကျိုး ဆောင်ရွက်နေတဲ့ ဆရာတော်ကြီးအား ကျောင်းတိုက်မှ ထွက်ခွာရန် အတင်းအကြပ် ဖိအားပေးခြင်း ခံနေရတဲ့ ဆရာတော်ကြီးအတွက် မတရားမှုအား သိရှိနေကြတဲ့ ဒါယိကာ၊ ဒါယိကာမများအပေါင်းမှာ ဝမ်းနည်းပူဆွေးမှု၊ မျက်ရည်မဆည်နိုင် ငိုကြွေးသူများရှိသလို ဆရာတော်ကြီးအား နှုတ်ဆက်တဲ့ အနေနဲ့ ကြွချီရာ လမ်းတလျှောက်မှာ သဒ္ဓါတရားထက်သန်စွာ လောင်းလှူပူဆော် ခဲ့ကြပါတယ်..။ ဒီကနေ့လှူဒါန်း ရရှိသည်များထဲမှ ပိုလျှံသည် ဆွမ်း၊ ဟင်းနှင့် လှူဖွယ်ပစ္စည်းများ အပါအဝင် ငွေသား ၂သိန်းကျော်အား လှိုင်သာယာမြို့နယ် မီးဘေးဒုက္ခသည်များအား ဆရာတော်ကြီးနှင့် နိုင်ငံရေး အကျဉ်းသားများဟောင်းများ၊ လူငယ်လူရွယ်များမှ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ အနစ်နာခံ ပေးဆပ်သူတို့အား ပြည်သူတွေ လေးစားချစ်ခင် တန်ဘိုးထားကြသည်... ဒီကနေ့ ဆရာတော်ကြီး ကြွချီရာ လမ်းမှာ မြင်တွေ့ရတဲ့ ဓာတ်ပုံလေးပါ..။ ဒီလိုမြင်ကွင်းမျိုးတွေ အမေစုနဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ခရီးစဉ်တွေမှာ ကျွန်တော်တို့ အခုတလော မြင်နေကြားနေ သိနေရတဲ့ မြင်ကွင်းတွေနဲ့ ထပ်တူထပ်မျှပါပဲ။ ရွှေညဝါ ဆရာတော်ကြီးကို သဒ္ဓါတရားထက်သန်စွာ လောင်းလှူလိုတဲ့ အမေအိုတဦးအား ဆရာတော်နဲ့ လိုက်ပါလာတဲ့ ဒကာ(၂)ဦးမှ ဆရာတော်ဆီ တွဲခေါ်လာတဲ့ ရင်ကိုထိမှန်စေတဲ့ မြင်ကွင်းတွေပါ..။ လမ်းတောင် အဖော်ပါမှ တွဲခေါ် လျှောက်နိုင်တဲ့ ဘဝရဲ့ နေဝင်ချိန်ကို ရောက်ရှိနေတဲ့ အမေအိုပါ...။ ဒါပေမယ့် အမေအို ဆရာတော်ကြီးဆီ မရောက်ရောက်အောင် သွားရှာပြီး လှူဖွယ်ပစ္စည်းလေးကို ရအောင်ကပ်လှူခဲ့တာပါ။ နှစ်စဉ်နှစ်တိုင်း နွေရာသီ ရွှေညဝါသင်တန်းကာလမှာ ဒီလိုပဲ တပည့် နောက်ပါသံဃာတွေနဲ့ အပင်ပန်းခံ ဆွမ်းခံထွက်ချိန်မှာ အမေအိုတို့လည်း လောင်းလှူနေကြဖြစ်မှာပါ၊ ယခင်က အဝေးကနေ တဆင့်လောင်းလှူတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရွှေညဝါဆရာတော်ကြီး ကျောင်းက ထွက်ခွာ ပေးရတော့မယ်ဆိုတာ သိရှိနေတဲ့ အမေအိုရဲ့ ရင်ထဲမှာ နောက်ထပ် ဆရာတော်ကြီးကို အနီးအပါးမှာ ဖူးမျှော်နိုင်ခွင့် ရမဆိုတာ မသေချာတော့ဘူးဆိုတဲ့ ရင်ထဲ မချိတင်ကဲ ခံစားချက်နဲ့ လာရောက်ဖူးမျှော် ရှာသလားအမေအို...။ စိတ်မကောင်းတဲ့ ခံစားချက်ကတော့ မျက်နှာမှာ အထင်းသားနဲ့ပေါ့...။ အတင်းလုပ်ယူ ခံစားယူလို့ ရတဲ့ မြင်ကွင်းတွေ မဟုတ်ပါ...။ အမေအိုတို့ ဘဝနောက်ဆုံး အချိန်တွေမှာတောင် လေးစားကြည်ညိုသူအတွက် မချိတင်ကဲ စိတ်မကောင်း ဖြစ်နေရတာပါ....။ ပြည်သူတွေကို နည်းမျိုးစုံနဲ့ အနှစ်နှစ် အလလ စိတ်ဒဏ်ရာတွေ ပေးနေကြတဲ့ သူတွေနဲ့ သာသနာ့ နောက်ကွယ်မှာ ကြိုးကိုင်နေသူတွေ ဒီလောက်ဆို တော်လောက်ပါပြီ...။ ငါးပါးသီလရဲ့ တခုချင်းဆီရဲ့ အခြေခံဟာ ကိုယ်ချင်းစာတရားပါ။ ယခုမတရား အမိန့်ထုတ်ပြန်တာ စာတတ်ပေတတ် သံဃာတော်တွေ ဖြစ်တဲ့အတွက် မိကျောင်းမင်း ရေခင်းပြတာမဟုတ်ပါ။ ပြန်လည် စဉ်းစားပေးဖို့လည်း ဦးတင်လျှောက်ထားပါတယ်..။ လက်ရှိ ရွှေညဝါ ဆရာတော်ကြီးနဲ့ ပတ်သက်လို့ ထုတ်ပြန်ခဲ့တဲ့ အမိန့်ဟာ အင်မတန် အငြိုးအတေးကြီးလွန်း၊ အာဃတတရားတွေ၊ မစ္ဆရိယစိတ်တွေ ကြီးလွန်းနေမလားပဲ...။ ဒီကနေ့ ဆရာတော်ကြီး ဆွမ်းခံကြွချီရာမှာ မျက်ရည်ကြသူတွေ အများအပြားပေါ့။ ဒီလို မျက်ရည်တွေရဲ့ နောက်ကွယ်မှာ အမိန့်ချမှတ်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းပေါ်မှာလည်း လုပ်ရက်လေခြင်းလို့ အမှန်တရားကို လိုလားသူတိုင်း မချိတင်ကဲ အပြစ်တင်မိကြမှာပါ...။ တကယ်လုပ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ အာဏာပိုင် သံဃာ့အဖွဲ့အစည်းက သံဃာတွေအပေါ်မှာ အပြစ်မြင်မိကြမှာ ဖြစ်သလို ပါဝင်ခြင်း သိရှိခြင်းမရှိတဲ့ သံဃာတော် ထေရ်ကြီး၊ ဝါကြီးတွေ အပေါ်မှာလည်း အမြင်တမျိုးဖြစ်မိကြမှာပါ...။ ယခုကဲ့သို့ ထေရဝါဒ ဗုဒ္ဓဘာသာမှာ မှားခဲ့သည့် အမှုအတွက် တောင်းပန်မှု ပြုသည့် အပေါ်မှာ တဘက်က ပါရာဇိက ကျသည့် အပြစ်မဟုတ်လျှင် ဘုရားရှင် အဆုံးအမအတိုင်း ခွင့်လွှတ်ခြင်း ဆိုတဲ့ တန်ပြန်တုံ့ပြန်မှုတော့ ပေးသင့်ပါတယ်...။ ယခုကဲ့သို့ တဘက်သတ် လုပ်ဆောင်မှုကြောင့် သံဃာသင်းခွဲမှုကဲ့သို့ သံဃာတော် အချင်းချင်း မညီညွတ်မှုကို ဖြစ်ပေါ်စေနိုင်သလို သာမာန်ပုထုစဉ် ပြည်သူလူထုမှာလည်း မတရားမှုအတွက် သနားဂရုဏာ ကုသိုလ်စိတ်ကို အကြောင်းပြုပြီး လုပ်ဆောင်တဲ့ အဖွဲ့အစည်းအပေါ် လုပ်ရက်လေခြင်းဆိုတဲ့ ဒေါသစိတ် အကုသိုလ်စိတ်ကို ဖြစ်ပေါ်စေတဲ့အတွက် လုပ်ဆောင်ခဲ့သူ သက်ဆိုင်သူများဟာ ဘာသာတရားအရ အင်မတန်မှ အပြစ်ကြီးစေပါတယ်..။ သိုပေတည့် အမှန်တရားသည် အမြင်အားဖြင့် တခဏတာ အရှုံးပေးလိုက်ရသည်ဟု ထင်ရသော်လည်း ရရှိခဲ့သော လူထုမေတ္တာ စေတနာနှင့် ချစ်ခြင်းတရားတို့သည် အဓမ္မပြုသူများအပေါ် အကြိမ်ကြိမ်အခါခါ အဖန်ဖန်အထပ်ထပ် အောင်နိုင်ခဲ့လေပြီ...။ အမှန်တရားဖြင့် လက်ရှိအခြေအနေ၌ အကြိမ်ကြိမ်အခါခါ အောင်နိုင်ပြီး ပြည်သူ့မေတ္တာ ရရှိနေသော ရွှေညဝါဆရာတော်ကြီးအား ဦးညွှတ်ကန်တော့ အပ်ပါသည်...။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ..။ ဒီမိုဝေယံ https://picasaweb.google.com/109255525006943086316/ShweNyaWar15th?authuser=0&feat=directlink |
| Posted: 15 Feb 2012 11:24 AM PST |
| လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လှည်းကူး ခရီးစဉ် မြင်ကွင်း ဓာတ်ပုံများ... Posted: 15 Feb 2012 09:50 AM PST |
| ဘဘ သူရ ဦးတင်ဦး (ကဗျာရှင် နေရဲနီ) Posted: 15 Feb 2012 09:13 AM PST ဘဘ သူရ ဦးတင်ဦး (ကဗျာရှင် နေရဲနီ) အသက်ကရှစ်ဆယ်ကျော် အရွယ်မှာ ဇရာညောင်းပေမဲ့ နောင်ဘဝ အကူးကောင်းဖို့ရာ အများသူငါလို တရားဘာဝနာနဲ့ ပျော်မွေ့ရလေအောင် ရိပ်သာကျောင်းကိုတဲ့ အဘ မသွားနိုင်သေး။ တရားစခန်းမှာ ပရိတ် ပဌာန်း ကမ္မဌာန်းနဲ့ ဂုဏ်တော်ပွားလို့ ဘုရားဒကာလို ပုတီးကို လက်ကမချဘဲ တရားဒေသနာနဲ့ ပျော်ချင်လှပေမဲ့ အများပြည်သူ ဒုက္ခတရားကို ပစ်ပယ်ကာ မျက်ကွယ်ပြုပြီး အဘတစ်ယောက်တည်း ကိုယ်လွတ် မရုန်းနိုင်။ နောင်ဘ၀အတွက် နိဗ္ဗာန်နဲ့ဝေးလို့ နတ်ပြည် မရောက်ချင်နေပါစေ။ ပြည်သူအပေါင်း ဒုက္ခဆင်းရဲတွင်းက လွတ်ကင်းဘို့ရာ အဲဒါ အဘရဲ့ ဘာဝနာ အဲဒါ အဘရဲ့ သမထ အဲဒါ အဘရဲ့ ဝိပဿနာ အဲဒါ အဘရဲ့ အာနာပါန အဲဒါအဘရဲ့ ကမ္မဌာန်း အသက်နဲ့ ခန္ဓာ မြဲနေသရွေ့ ပြည်သူ့ဆန္ဒ ပြည်သူ့အကျိုးကို နောက်ဆုံးထွက်သက်အထိတိုင် သယ်ပိုးဆောင်ရွက်ချင်တာ အဘရဲ့ဆန္ဒ။ အဘသည် ပြည်သူအတွက် ထာဝရ။ နေရဲနီ |
| You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |












