Daily Newsletter

ABC Widgets
16/02/2012

Daily Newsletter

သတင်း
ရွှေည၀ါဆရာတော် ရန်ကုန်တွင် ဆွမ်းခံကြွ

လာမည့် တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး သီတင်းသုံးနေသော ကျောင်းတိုက်မှ ထွက်ခွာရမည့် ရွှေည၀ါဆရာတော် ဦးပညာသီဟသည် ယမန်နေ့က စတင်ပြီး ရာနှင့်ချီသော စာသင်သားသံဃာများနှင့်အတူ ရန်ကုန်မြို့တွင် ဆွမ်းခံထွက်လျက် ရှိသည်။

တောင်းဆိုမှုမရသဖြင့် တိုင်ရီအလုပ်သမားများ ဆက်လက်ဆန္ဒပြ

ရန်ကုန် လှိုင်သာယာ စက်မှုဇုံရှိ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ၁၈၀၀ ခန့်က ၎င်းတို့ တောင်းဆို ထားသည့် လိုလားချက်များ မရသေးသည့် အတွက် ၁၀ ရက် မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြနေကြောင်း သတင်းရရှိသည်။

ဇေကမ္ဘာ ဦးခင်ရွှေကို လယ်သမားများ တရားစွဲတော့မည်

ဇေကမ္ဘာ ကုမ္ပဏီ ၏ ဥက္ကဋ္ဌ နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးခင်ရွှေကို ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှ လယ်မြေ အသိမ်းခံထားရသော လယ်သမားများက တရားစွဲဆိုမည်ဟု သိရသည်။

NLD ပါတီဝင် လျှောက်လွှာ ၅သိန်းကျော် ရောင်းပြီး

ပါတီဝင် လျှောက်လွှာ စတင် ရောင်းချသည့်နေ့မှ ၃၅ ရက်အတွင်း လျှောက်လွှာစောင်ရေ ၅ သိန်းကျော် ရောင်းထားပြီး ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ပြောသည်။

ပညာရေးနှင့် ကျန်းမာရေး မူဝါဒရွေးချယ်ရေး ညီလာခံကျင်းပ

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍနှင့် ကျန်းမာရေး ကဏ္ဍအတွက် မူဝါဒရွေးချယ် သတ်မှတ်ရေးဆိုင်ရာ အမျိုးသားအဆင့် ညီလာခံကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာနတွင် ယခုလ ၁၃ ရက်မှ ၁၅

မဲဆောက်ဈေးအတွင်းရှိ မြန်မာများကို ထိုင်းရဲ ဝင်ဖမ်း

ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ ဈေးကြီး၌ အလုပ် လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ ခန့်ကို ထိုင်း အာဏာပိုင်များက ယနေ့ နံနက် ၅ နာရီ ခန့်တွင်ဝင်ရောက် ဖမ်းဆီးကြောင်း

အခြေခံဥပဒေ ပြင်ရမည်ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင်ပြော

တပ်မတော်မှ အာဏာလွှဲပြောင်းယူနိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်သည် မရှိသင့်၍ ပြင်ဆင်ရမည် ဖြစ် ကြောင်း မကြာသေးမီက အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့်

အားကစား
အာဆင်နယ်ကို ဂိုးပြတ်သွင်းတဲ့ အေစီနဲ့ ခြေစွာဆဲ ဘာစီလိုနာ

ယခု အပတ်မှာတော့ ဘောလုံး ပရိသတ်တွေ အကြိုက်တွေ့မယ့် ဥရောပရဲ့ မှော်ဝင် ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့် ပြန်လည်စတင် ယှဉ်ပြိုင်ခဲ့ကြပြီးအသင်းကြီးတွေ

အင်တာဗျူး
ပြန်ကြားရေး ညွှန်ချုပ် ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း (၁)

မြန်မာအစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးစီးပြီး မီဒီယာ ဥပဒေ တရပ် ပေါ်ထွက်ရေးကို ကြိုးစားလျှက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ယခင် နအဖ အစိုးရလက်ထက်ထက် မီဒီယာ တင်းကျပ်မှုများကို ဖြေလျှော့ ပေးနေသည်၊ စိစစ်တင်းကျပ်မှုများ

အောက်မေ့ဖွယ်
မငြိမ်းချမ်းခဲ့တဲ့ တချိန်က ငြိမ်းချမ်းရေး

အဲဒီတုန်းကတော့ အမှတ်တမဲ့ပါ။ ဒါပေမယ့် တချို့အမှတ်တမဲ့တွေဟာ အဖိုးတန်တဲ့ စာအုပ်တအုပ်က စာမျက်နှာတရွက်မှာ ရေးထားတဲ့ အကြောင်းအရာ တပိုဒ်လို့ ပြောရမှာပါ။တချိန်မှာ လိုအပ်လာတော့ ရှာကြဖွေကြ ပြန်လှန်ကြည့်ကြရတာပေါ့