မြန်မာပြည်သို့ လည်ပတ်သည့်ပြည်ပဧည့်သည်ဦးရေ များပြား၊ ပိတ်ဆို့မှုဖွင့်ပေးရေး ဖိအားသဖွယ်ဖြစ်
မိုးမခအထောက်တော် ၀၀၂၊ ဖေဖော်ဝါရီ ၂၉၊ ၂၀၁၂
၂၀၁၂ ဇန်န၀ါရီလဆန်းမှစတင်ပြီး မြန်မာပြည်သို့ လာရောက်လည်ပတ်သည့် ပြည်ပဧည့်သည်ဦးရေ များစွာတိုးတက်လာသည်ဟု မြန်မာပြည်သို့ လေ့လာရေးထွက်ခဲ့သည့် NPR ရေဒီယိုသတင်းထောက်က ၎င်းသတင်းဆောင်းပါးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာပြည်တွင်းသို့ ဧည့်ဗီဇာဖြင့် လာရောက်သည့် ပြည်ပခရီးသည်များ တိုးတက်လာကြောင်း၊ လက်ရှိအစိုးရကိုယ်တိုင်ကလည်း ၂၀၁၂ ကို ခရီးသွားနှစ်သဖွယ် ဖြစ်လာအောင် ကြိုးစားပြင်ဆင်နေပုံရကြောင်း၊ အာဆီယံဆိုင်ရာ လုပ်ငန်းများ၊ ညီလာခံများသာမက အခြားနိုင်ငံများက လေ့လာရေးအဖြစ် ၀င်ရောက်လာသည့် ဧည့်သည်များ အစုအဖွဲ့များကိုလည်း မြန်မာအစိုးရက ကောင်းမွန်စွာ လက်ခံနေကြောင်း အဆိုပါ ရေဒီယိုသတင်းတွင် ထုတ်ဖော်ပြောဆိုထားသည်။
နိုင်ငံခြားသတင်းထောက်များ၊ လုပ်ငန်းရှင်များ၊ အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သည့် အစုအဖွဲ့များကို သိန်းစိန်အစိုးရနှင့် ရွှေမန်းလွှတ်တော်က လက်ခံတွေ့ဆုံသည့် အကြိမ်အရေအတွက်သည် အဆိုပါပုဂ္ဂိုလ်တို့ အတိုက်အခံများနှင့် တွေ့ဆုံသည့်အကြိမ်ထက် ပိုမိုများပြားသည်ဟု သတင်းသုံးသပ်သူက ပြောဆိုသည်။
နိုင်ငံတကာက ဧည့်ပရိသတ်လာရောက်လည်ပတ်မှု များပြားလာခြင်းသည် လက်ရှိအစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းဖို့ ဖိအားသဖွယ် တွန်းအားသဖွယ် ဖြစ်နေသည်ဟု မြန်မာပြည်တွင်းရှိ မြန်မာအီးဂရက်က ဦးဆောင်သူတဦးဖြစ်သူ ဦးလှမောင်ရွှေက ပြောဆိုကြောင်း သတင်းဆောင်းပါးတွင် ကောက်နုတ်ထားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ အရပ်ဝတ်ကြံ့ဖွံ့ပါတီ အာဏာရပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အတိုက်အခံနိုင်ငံရေးအင်အားစုများကို လွတ်လပ်ခွင့်ပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းတို့ကြောင့် မြန်မာပြည်သည် တိုးတက်သည့် အပြောင်းအလဲကို ရှေ့ရှုနေပြီဟု အမေရိကန်၊ ဗြိတိန်နှင့် အီးယူရှိ အစိုးရပိုင်းနှင့် နိုင်ငံရေးသမားအချို့က သုံးသပ်လျက်ရှိသည်။
(Photo, AFP, Getty Images - 2012, February, Burmese exile, Ko Aung Naing Oo seen with family at his return)
ကချင်ပြည်နယ် ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ၈၈ မျိုးဆက်က ဆန္ဒရှိ
by Yangon Press International on Tuesday, 28 February 2012 at 00:13 ·
မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၂ (YPI)
ကချင်ပြည်နယ်တွင် ယခုဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများသည် မြန်မာနိုင်ငံအတွက် လက်ငင်းဆောင်ရွက်ရမည့် ပြဿနာများဖြစ်၍ နိုင်ငံရေးကြောင့်ဖြစ်သည့် ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အလေးအနက်ဆန္ဒပြုသည်ဟု ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့၏သဘောထားကိုယနေ့ ကြေညာလိုက်သည်။ကချင်ပြည်နယ်သို့ ယခုလ ၂၃ ရက်နေ့က ရောက်ရှိခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ ခေါင်းဆောင်များက ယနေ့နံနက် မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တရပ်ကိုပြုလုပ်စဉ် ယခုကြေညာချက်ကို ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။
၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုပြုံးချိုက " ကချင်ပြည်နယ် မှ ဖြစ်ပေါ်နေတဲ့ မြစ်ဆုံကိစ္စနဲ့ ကချင်စစ်ဘေးသင့် ကိစ္စတွေကို အကျဉ်းထောင်ထဲမှာ ရှိစဉ်က မီဒီယာက ရရှိတဲ့ သတင်းအရ သိရတယ်
ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံး လွတ်လာပြီး စုပြီး တိုင်ပင်လိုက်တဲ့အခါမှ ကျွန်တော်တို့ ရှေ့ဆက်လုပ်သွားမဲ့ လုပ်ငန်းစဉ်တွေထဲမှာ တိုင်းရင်းသားတွေ ရဲ့ပဋိပက္ခကိစ္စတွေ ကိုလည်း ကျွန်တော်တို့ အာရုံစိုက်သင့်တယ်ဆိုတဲ့ အချက်တချက်ပါလာတယ်" ဟု YPI သို့ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ကချင်ပြည်နယ်သို့ ရောက်ရှိနေစဉ်အတွင်း ယခုလ ၂၄ ရက်နေ့တွင် မြစ်ဆုံ တန်ဖဲရွာ၌ ပြုလုပ်သည့် မြစ်ဆုံကျေးဇူးပဲ့တင်သံ အခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြသည်။ ၎င်းနောက် မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ အကူအညီ ပစ္စည်းငွေများပေးအပ်ခြင်း၊ ဒုက္ခသည်များနှင့် ရင်းနှီးစွာ စကားပြောဆို အားပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။

ကိုပြုံးချိုမှပင် ၎င်းတို့ အဖွဲ့အနေဖြင့် ကချင်ပြည်နယ်ရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆက်လျက် ဆောင်ရွက်သွားမည့် အကြောင်း၊ လက်တလောဖြေရှင်းရမယ့် အချက်တွေက ဘာတွေလဲဆိုတာလည်း ၎င်းတို့အနေဖြင့် သိခဲ့ရပြီး ယင်းအချက်မှာ တတ်နိုင်သမျှ ငြိမ်ချမ်းရေးကို အမြန်ဆုံး ဖေါ်ဆောင်ဖို့ ဖြစ်သည်ဟုလည်း ပြောဆိုသွားသည်။
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ခေါင်းဆောင်များမှာ ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်တွင် အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာပြီးနောက် ကချင်ပြည်နယ်သို့ ယခုအကြိမ်သည် ပထမဆုံးလာရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။
ကချင်ပြည်နယ်တွင် ကေအိုင်အိုနှင့် အစိုးရအကြား ၁၉၉၄ ခုနှစ်မှ စတင်ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး (ငြိမ်းချမ်းရေး) မှာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင်ပျက်ပြယ်ခဲ့ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့သည်။ တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ဒေသခံ ၃ သောင်းနီးပါးမှာ မြစ်ကြီးနားအပါအ၀င် အခြားမြို့များနှင့် တရုတ်နယ်စပ်မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ။
Maung Swan Yi - Poem
ငါတို့ရွာက သစ်ပင်များ
မောင်စွမ်းရည်
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂

အညာကျေးလက်
ကုန်းတက်ကုန်းဆင်း၊ ကုန်းကျင်းထဲမှာ
ဆူးခက်ကာတဲ့ ရွာကလေး။
ရွာကလေးမှာ
ရွာပြင်ရွာတွင်း
သူငယ်ချင်းလို ရင်းနှီးကျွမ်းဝင်
သစ်ပင်ကြီးငယ်၊ ဖက်တွယ်ဆင်းတက်
ကိုင်းခက်နိမ့်မြင့် အဆင့်အဆင့်မှာ
ပွင့်ပုံသီးပုံ၊ ပျားအုံ ပုတ်သင်
ဘယ်အပင်မှာ
ဘာရှိတာကို ငါမသိတာ မရှိခဲ့။
မြို့ပြနဲ့ဝေး၊ မြစံနဲ့ဝေး
ကျေးတော ကျောက်ကုန်း
သဲကျောက်တုံးတို့
ကျောက်ဖြုန်း စရစ်ဖွေး။
ကျောက်စရစ်ကုန်း
နုန်းမြေမတင်
ရှားစောင်း မိုးနံ
ဇီး ခံပင်
ပုတက်က၀င်၊ ဖွတ်ကထွက်
နွားကျောင်းသား တို့များသူငယ်ချင်း
ဝါးရင်းတုတ်နဲ့နှက်။
မိုးခေါင်ရေရှား၊ တို့များကျေးရွာ
မိုးအကျ၊ ပျိုးကြဲစိုက်ကြရှာ။
ပဲပြောင်းနဲ့ နှမ်း၊ ၀ါ
ယာရှိသူက ယာကိုစိုက်
ယာမရှိသူက အငှားလိုက်
မရှိလဲစိုက် ရှိလဲစိုက်
တရွာလုံး ရုန်းကြအစုလိုက်။
ထန်းပင်ရှိသူ ထန်းပင်တက်
အုန်းပင်ရှိသူ အုန်းပင်တက်
မရှိသူက ထန်လျှောက်ရက်
ထန်းဖူး အုန်းရွက် တောင်းနဲ့ခွက်။
ရွာ့အရှေ့ဖက် ညောင်ညိုပင်
တပင် နှစ်ပင် သုံးလေးပင်
အုတ်ပလ္လင်နဲ့ ရေချမ်းစင်။
ညောင်ပင်ရိပ်တွင် လူတွေနား
ညောင်သီး ကျေးငှက်စား။
အညာကတမာ၊ ၀ါတာတာ
ခါးသက်ဖန်ဆိမ့် အရသာ
ရွာအ၀င်လမ်း တမာတန်း
ရွက်နုဖူး ဦးသူခူးစတမ်း။
ရွယ်လယ်ရပ်က မန်ကျီးပင်
ရွက်နုသီးနု ဟင်းအချဉ်။
အသီးခြောက်ရင် လေခြွေကောက်
ဘုန်းကြီးဖျော်ရည်သောက်။
ရွာမြောက်ဖက်က ခံတက်ပင်
နွေဦးပေါက်လျှင် ရွက်နုလွင်
လက်ထည့်ချဉ် သူ့အရွက်
မြို့ကြီးသူတွေ လျှာရင်းမျက်။
ရွာတောင်ဖက်က ထနောင်းစု
စိမ်းလွင်ရွက်နု မေပျိုလု
ရွက်နုအသုပ် ဆွမ်းဟင်းခွက်
ဆရာတော်ကြီး အလွန်မက်။
ရွာ့အနောက်ဖက် သင်္ချိုင်းမြေ
ပဒိုင်းပင်တွေ တောထနေ။
ရူးချင်သူတွေ သွားလို့ခူး
မခူးခင်က ရူး။
ကဗျာဆရာ သူ့ရပ်ရွာ
နွေဦးပေါက်တိုင်း ပြန်ချင်ရှာ
တမာလဲခူး ထနောင်းဖူး
ပုတက်လဲတူး ဖွတ်လဲတူး
ပဒိုင်းပွင့်ဖူး သူမခူး။
မခူလဲရူး၊ ခူးလဲရူး
ရွာကိုလွမ်းလို့ ထွန့်ထွန့်လူး ...။
မောင်စွမ်းရည်
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂

အညာကျေးလက်
ကုန်းတက်ကုန်းဆင်း၊ ကုန်းကျင်းထဲမှာ
ဆူးခက်ကာတဲ့ ရွာကလေး။
ရွာကလေးမှာ
ရွာပြင်ရွာတွင်း
သူငယ်ချင်းလို ရင်းနှီးကျွမ်းဝင်
သစ်ပင်ကြီးငယ်၊ ဖက်တွယ်ဆင်းတက်
ကိုင်းခက်နိမ့်မြင့် အဆင့်အဆင့်မှာ
ပွင့်ပုံသီးပုံ၊ ပျားအုံ ပုတ်သင်
ဘယ်အပင်မှာ
ဘာရှိတာကို ငါမသိတာ မရှိခဲ့။
မြို့ပြနဲ့ဝေး၊ မြစံနဲ့ဝေး
ကျေးတော ကျောက်ကုန်း
သဲကျောက်တုံးတို့
ကျောက်ဖြုန်း စရစ်ဖွေး။
ကျောက်စရစ်ကုန်း
နုန်းမြေမတင်
ရှားစောင်း မိုးနံ
ဇီး ခံပင်
ပုတက်က၀င်၊ ဖွတ်ကထွက်
နွားကျောင်းသား တို့များသူငယ်ချင်း
ဝါးရင်းတုတ်နဲ့နှက်။
မိုးခေါင်ရေရှား၊ တို့များကျေးရွာ
မိုးအကျ၊ ပျိုးကြဲစိုက်ကြရှာ။
ပဲပြောင်းနဲ့ နှမ်း၊ ၀ါ
ယာရှိသူက ယာကိုစိုက်
ယာမရှိသူက အငှားလိုက်
မရှိလဲစိုက် ရှိလဲစိုက်
တရွာလုံး ရုန်းကြအစုလိုက်။
ထန်းပင်ရှိသူ ထန်းပင်တက်
အုန်းပင်ရှိသူ အုန်းပင်တက်
မရှိသူက ထန်လျှောက်ရက်
ထန်းဖူး အုန်းရွက် တောင်းနဲ့ခွက်။
ရွာ့အရှေ့ဖက် ညောင်ညိုပင်
တပင် နှစ်ပင် သုံးလေးပင်
အုတ်ပလ္လင်နဲ့ ရေချမ်းစင်။
ညောင်ပင်ရိပ်တွင် လူတွေနား
ညောင်သီး ကျေးငှက်စား။
အညာကတမာ၊ ၀ါတာတာ
ခါးသက်ဖန်ဆိမ့် အရသာ
ရွာအ၀င်လမ်း တမာတန်း
ရွက်နုဖူး ဦးသူခူးစတမ်း။
ရွယ်လယ်ရပ်က မန်ကျီးပင်
ရွက်နုသီးနု ဟင်းအချဉ်။
အသီးခြောက်ရင် လေခြွေကောက်
ဘုန်းကြီးဖျော်ရည်သောက်။
ရွာမြောက်ဖက်က ခံတက်ပင်
နွေဦးပေါက်လျှင် ရွက်နုလွင်
လက်ထည့်ချဉ် သူ့အရွက်
မြို့ကြီးသူတွေ လျှာရင်းမျက်။
ရွာတောင်ဖက်က ထနောင်းစု
စိမ်းလွင်ရွက်နု မေပျိုလု
ရွက်နုအသုပ် ဆွမ်းဟင်းခွက်
ဆရာတော်ကြီး အလွန်မက်။
ရွာ့အနောက်ဖက် သင်္ချိုင်းမြေ
ပဒိုင်းပင်တွေ တောထနေ။
ရူးချင်သူတွေ သွားလို့ခူး
မခူးခင်က ရူး။
ကဗျာဆရာ သူ့ရပ်ရွာ
နွေဦးပေါက်တိုင်း ပြန်ချင်ရှာ
တမာလဲခူး ထနောင်းဖူး
ပုတက်လဲတူး ဖွတ်လဲတူး
ပဒိုင်းပွင့်ဖူး သူမခူး။
မခူလဲရူး၊ ခူးလဲရူး
ရွာကိုလွမ်းလို့ ထွန့်ထွန့်လူး ...။
Monday, February 27, 2012
Workers on strike host press confress
by Yangon Press International on Monday, 27 February 2012 at 08:53 ·
ဖေဖေါ်ဝါရီ ၂၇၊ ၂၀၁၂ ၊ (YPI)
တိုင်ရီဖိနပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများ၏ လိုလားချက်များကို ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း ယင်းတရားရုံးမှ ချမှတ်မည့်ဆုံးဖြတ်ချက်မှာ တရားမျှတမှုရှိရန် မသေချာကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အလုပ်သမားများအရေးကို လိုက်ပါဆောင်ရွက်ပေးလျက်ရှိသည့် ရှေ့နေဦးဖိုးဖြူက ပြောသည်။
" အရင်အတွေ့အကြုံတွေအရပြောရရင် ၀ါဏိဇ္ဖရုံးက အလုပ်သမားတွေဘက်ကို အများကြီးလိုက်လျောတာမရှိဘူး။ သိပ်မျှော်လင့်ထားလို့မရဘူးဆိုတာ ထင်ရှားတယ်" ဟု ၎င်းကဆိုသည်။
ထိုသို့တရားမျှတရန်မသေချာသော်လည်း ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရခြင်းမှာ အလုပ်သမားများ၏ ဆန္ဒပြတောင်ဆိုမှုကို ဥပဒေကြောင်းအရ ရှင်သန်စေလို၍ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ယနေ့ကျင်းပသည့် တိုင်ရီ စက်ရုံ အလုပ်သမား ဆန္ဒပြမှုနှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲမှ အလုပ်သမားများ
ဦးဖိုးဖြူက " ဆန္ဒဆက်ပြလို့ အလုပ်သမားတွေထဲက တစ်ယောက်ယောက်ကို အာဏာပိုင်က ဖိအားပေးမယ်ဆိုရင် ကျန်တဲ့သူတွေက ကြောက်လန့်ပြီး သပိတ်ပြိုကွဲသွားလိမ့်မယ်။ ဒါကြောင့် ၀ါဏိဇ္ဖကိုတင်ဖို့ ရွေးရတာပါ" ဟု ပြောသည်။
ယခုကဲ့သို့ ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း မည်သည့်အချိန်တွင် ဆုံးဖြတ်ချက်ချမည်ကိုလည်း မိမိတို့အနေဖြင့် မသိရကြောင်း၊ ထို့ကြောင့် တိုင်ကြားစာတွင် တရားရုံးမှ ဆုံးဖြတ်ချက်ချသည့် အချိန်အထိ အလုပ်သမားများအား လစာပေးထားရန်ကိုလည်း ထည့်သွင်းတောင်းဆိုထားကြောင်း အလုပ်သမားခေါင်း ဆောင်တစ်ဦးက ဆိုသည်။
ဆန္ဒပြအလုပ်သမားခေါင်းဆောင်တစ်ဦးကလည်း ၀ါဏိဇ္ဖတရားရုံး၏ ဆုံးဖြတ်ချက် တရားမျှတခြင်းမရှိပါက ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်းပြောသည်။
" ကျွန်မတို့ လိုလားချက်တွေ မရမခြင်း တောင်းဆိုသွားမှာပါ" ဟု ၎င်းကပြောသည်။
တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများအနေဖြင့် နေ့စဉ်ကြေး တစ်နာရီလျှင် ၇၅ ကျပ်မှ ၁၅၀ သို့တိုးမြှင့် ပေးရန်နှင့် ရက်မှန်ကြေးအား တစ်လလျှင် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်သို့တိုးမြှင့်ပေးရန်ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။ စက်ရုံပိုင်ရှင်ဘက်မှမူ နေ့စဉ်ကြေး တစ်နာရီလျှင် ၁၀၀ နှင့် လစဉ်ကြေးတစ်လလျှင် ၇၀၀၀ အထိသာ တိုးမြှင့်ပေးခဲ့သည်။
တိုင်ရီဖိနပ်စက်ရုံတွင် ဆန္ဒပြအလုပ်သမားပေါင်း ၁၈၆၂ ဦးရှိပြီး ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရန်ကို ၁၃၁၁ ဦးက သဘောတူလက်ခံခဲ့သည်။ ကျန်ရှိအလုပ်သမားများအနက် ၂၂၇ ဦးမှာ စက်ရုံမှ တိုးမြှင့်ပေးသည့် လစာကို လက်ခံကာ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ခဲ့သည်။
ယခုအချိန်တွင် ယင်းအလုပ်သမားများအနေဖြင့် ၀ါဏိဇ္ဖတရားရုံးအပြင် လွှတ်တော်များရှိ ဥပဒေဆိုင်ရာကော်မတီများသို့ပါ တိုင်ကြားထားသည်။
ယခုကိစ္စသည် နှစ်အတန်ကြာအတွင်း အလုပ်သမားများ၎င်းတို့အခွင့်အရေးကို လူသိရှင်ကြား ဆန္ဒပြတောင်းဆိုသည့် အဖြစ်အပျက်တရပ်လည်း ဖြစ်သည်။
ယခင်နှစ်များက အလုပ်သမား ဆန္ဒပြမှုဖြစ်ပွားလျင် ရဲလုံခြုံရေး တင်းကြပ်စွာချထားခြင်း ပြင်ပမှ အလုပ်သမားများ အရေးဆောင်ရွက်သူများ ၀င်ရောက်ကူညီခြင်းမပြုနိုင်အောင် ယူနီဖောင်းဝတ်နှင့် အရပ်ဝတ် လုံခြုံရေး အဖွဲ့ဝင်အများအပြား ချပြီး တားမြစ်ခြင်းတို့ကိုသာ တွေ့မြင်ရလေ့ ရှိသည်။
ယခုလက်ရှိ မြန်မာနိုင်ငံသုံးစွဲနေသည့် အလုပ်ရှင် အလုပ်သမား ပဋိပက္ခဥပဒေမှာ ကိုလိုနီခေတ်ကတည်း ကပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ပြီး အခြားသော နိုင်ငံများမှာကဲ့သို့ ဥပဒေဖြင့် အနိမ့်ဆုံး လုပ်ခသတ်မှတ်ချက် ပြဋ္ဌာန်းထားခြင်းမျိုးလည်း မရှိသေးပေ။
ဝါဏိဇ္ဖတရားရုံးဆိုသည်မှာ အလုပ်ရှင်နှင့်အလုပ်သမားများကြားဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ကိုင်တွယ်သည့်တရားရုံးဖြစ်သည်။ ။
Kun Sit Kaung - Poem
မြစ်ဆုံ
ကွန်စစ်ကောင်း
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂

လာခဲ့ ...
အစ်ကိုလဲ လာခဲ့
ညီလေးလဲ လာခဲ့
အစ်မလဲ လာခဲ့
ညီမလေးလဲ လာခဲ့
သူငယ်ချင်းတွေလဲ လာခဲ့
မိတ်ဆွေတွေလဲ လာခဲ့
အားလုံးကို ပေါင်းစုမှ
အင်အားတစ်ခုကို ရမှာပေါ့။
ယူခဲ့
ချစ်ခင်မှုကို ယူခဲ့
လေးစားမှုကို ယူခဲ့
ရိုးသားမှုကို ယူခဲ့
မြင့်မြတ်မှုကို ယူခဲ့
ဇွဲလုံ့လကို ယူခဲ့
သတ္တိကို ယူခဲ့
အားလုံးကို ပေါင်းစုမှ
စွမ်းဆောင်ရွည်တစ်ခုကို ရမှာပေါ့။
လာခဲ့ကြ
အားလုံးလာခဲ့ကြ
ယူခဲ့ကြ
အားလုံးယူခဲ့ကြ။ ။
News and Media
တန်ဖဲရွာမှ မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ
တာရာဝေယံ
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂
တာရာဝေယံ
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂
ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရေးနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် မြစ်ဆုံအတနီးက တန်ဖဲရွာမှာ မြစ်ဆုံကျေးဇူး ပဲ့တင်သံ မိတ်ဆုံစားပွဲကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ မနက် ၁၁ နာရီမှ နေ့လည် ၁ နာရီအထိ ကျင်းပခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုပြုံးချိုအပါဝအ၀င် ၁၆ ဦး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ ဖြစ်ကြတဲ့ ဆရာဦးအုန်း၊ ဒေါ်ဒေ၀ီသန့်ဇင်၊ တော်ဝင်နှင်းဆီ ဦးစိုးညွှန့်၊ ကာတွန်း အော်ပီကျယ်တို့နှင့်အတူ အနုပညာရှင်များ၊ NGO အဖွဲ့ဝင်များ၊ ကဗျာဆရာများ၊ ဒေသခံများ ၂၀၀ ကျော် တက်ရောက်ခဲ့တဲ့မြင်ကွင်းကို တင်ပြထားပါတယ်။ မြစ်ဆုံကိစ္စဟာ ခေတ္တရပ်နားထားတဲ့အတွက် ကျေးဇူးတင်ရပေးမယ့် ထာဝရစိတ်အေးရအောင် ရေရှည်မှာ ဆောင်ရွက်ရမယ့် အခြေအနေတွေအတွက် ကတိပြုနိုင်ခဲ့တဲ့ ပွဲလို့ဆိုရမှာပါ။















--
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives





