[mrsorcerer:18035] မလေးရှားနိုင်ငံ မြန်မာသံရုံးမှာသံမှူးကြီးနှင့်အတိုက်ခံလုပ်ပြောမိလို့ အခွန်ဆောင်သူတဦး ထိုးကြိတ်ခံရ (ပေးစာ)

မလေးရှားနိုင်ငံ မြန်မာသံရုံးမှာသံမှူးကြီးနှင့်အတိုက်ခံလုပ်ပြောမိလို့ အခွန်ဆောင်သူတဦး ထိုးကြိတ်ခံရ (ပေးစာ)

Browse › Home » မလေးရှားနိုင်ငံ မြန်မာသံရုံးမှာသံမှူးကြီးနှင့်အတိုက်ခံလုပ်ပြောမိလို့ အခွန်ဆောင်သူတဦး ထိုးကြိတ်ခံရ (ပေးစာ)
၂.၂.၂၀၁၂ ညနေ ၈း၄၅ မီနစ် သံရုံးပိတ်ခါနီးချိန် ကျနော်တို့က ပါတ်စပို့ စ်စာအုပ်ယူပြီး ပြန်ဖို့အထွက် ကျနော်တို့အရှေ့မှာ လူ ၂ယောက်က ၁ယောက်ကိုဝိုင်းထိုး၊ ချေထောင့်နှင့်ကန်နေတာကိုမြင်ရတော့ တော်တော်လေးကို အံသြသွားတယ်ဗျ။
နောက်ပြီး သံရုံးဝန်ထမ်းတွေပါထွက်ပြေးလာပြီး ဘာဖြစ်တာလဲ ၊ ဘာဖြစ်တာလဲဆို့ပြီးလာမေးကြတယ် ၊ ဟိုကောင်းလေးကတော့ ဒူးထောင့်ပြီး ခေါင်ကိုလက်နှစ်ဖက်နှင့်ကာပြီးတော့ တောင်းပန်နေတယ်ဗျ ။ 
ထိုးပြီးထွက်လာတဲ့ လူက  ခန့်၀၀နှင့်လူက မင်းဘာကောင်းလဲကွ  ၊ မင်းအခုပြောတာ သံမှူးကြီး ၊ သံမှူးကြီးကိုပြောရင် ငါတို့အဖေကို ပြောတာနှင့်အတူပဲ၊ သံမှူးကြီးကိုစော်ကားရင် ငါ တို့အဖေကိုစော်ကားတာနှင့်အတူးပဲ့ဆိုပြီး ကြုံးဝါ ပြောဆိုပြီး အထဲကိုဝင်သွားတယ်။
ကောင်းလေးက နည်းနည်တော့မူးနေတယ် ၊ နောက်တော့ သံမှူးကြီး  ဦမောင်မောင်ကြိုင် ထွက်လာပြီး ဒီကောင်လေးရဲ့ စာအုပ်နှင့် အခွန်ဆောင်စာရွက်ကိုယူလာပြီး မင်းဒါတွေကိုယူပြီး နောက်ဘယ်တော့မှ သံရုံးကိုမလာနှင့်တော့ဆိုပြီး သူ့စာအုပ်နှင့်အခွန်ဆောင်စာရွက်ကိုလာပေးတယ်။
နောက်ပြီး သံမှူးကြီးက အခွန်ဆောင်ရတာက ငါတို့တနိုင်ငံတည်းမဟုတ်ဘူး တခြားနိုင်ငံတွေလည်း ဆောင်နေရတာပဲ ဆိုပြီးတော့ ကျနော်ကိုရှင်းပြတယ်၊ လူကတော့ သိပ်ပြီးမရှိတော့ဘူးပြန်ကုန်ကြပြီး ၂၀လောက်ကျန်တယ်ထင်တယ်။
အပြင်ထွက်မယ့်တံခါးကိုလည်း ဆွဲပိတ်လိုက်တော့ ကျနော်တို့လည်း အပြင်ထွက်လို့မရတော့ဘူး သံမှူးကြီးပြောတာကိုပဲဆက်ပြီးတော့နားထောင်တော့ ၊ အရင်ကဆိုရင်း မင်းတို့ပိုက်ဆံတွေကို ငါတို့သံရုံးမှာပဲ့လက်ခံတယ် ၊ အခုဆိုရင် may bank (မလေးရှာဘဏ်) မှာသွာပြီးတော့ သွင်းခိုင်းတယ် ဘာဖြစ်လို့လဲဆိုရင် ငါတို့သံရုံးမှာသွင်းရင် သံရုံးက စားတယ်ဆိုပြီးမင်းတို့ထင်နေကြမှာ ဒါကြောင့်မင်းတို့ကိုဘဏ်မှာ သွင်းခိုင်တာ ငါတို့တပြားမှမစားဘူး နိုင်ငံတော်ကို အကုန်သွင်းရတယ် ဆိုပြီး သံမှူးကြီးက ရှင်းပြတယ်။
ကောင်လေးကတော့ သံမှူးကြီးမှန်းမသိဘူးထင်တယ် ၊ ကောင်လေးက မွန်လူမျိုးပါ သူက သူများနိုင်ငံတွေ နီပေါတို့ ဘင်္ဂလာဒေ(ခ်ျ)တို့ နိုင်ငံတွေ အခွန်တပြားမှဆောင်စရာမလိုဘူး ဆိုပြီ သံမှူးကြီးနှင့်အတိုက်ခံလုပ်  ပြောမိလို့ ထိုးကြိတ်ခံ ခဲ့ရတာဖြစ်တယ်။ 
ကျနော်တို့အရှေ့မှာ ဒီလို မျိုးမင်းမဲ့စရိုက်ဆံဆံ သံရုံးဝန်းထမ်း၂ယောက်က ဒီလို့လုပ်တာ မဖြစ်သင့်ဘူးလို့ထင်တယ်ဗျာ၊ ကောင်လေးအနေနဲ ဘယ်လိုပဲ အမှားတွေ ပြောမိသည်ဖြစ်စေ ပါးစပ်နှင့်သာ ဆုံး မသင့်ပါတယ် ၊ နောက်နောင် ကိုယ့်လူမျိုးအချင်းချင်း ဒီမျိုးမဖြစ်ပါစေနဲလို့ ဆုတောင်းရင်း ကိုသစ်ထူးလွင်မှတဆင့်ဝေငှ ပါရစေ ခင်ဗျား၊၊                                                                                     
 (  ဒီဓါတ်ပုံကတော့ ပါတ်စပို့ စ်ထုတ်ဖို့စောင့်နေတဲ့ လူတွေပါ)
                                                                                                                                                                   မျက်မြင်တွေ့ရှိသူ
                                                                                                                                                                                   တောသားလေး (၂ .၂ ၂၀၁၂ )

ပညာရေး မူဝါဒ ချမျတ်နေသူများသို့.....

by မြန်မာ့ အရေး on Saturday, 4 February 2012 at 23:54

"လောကမှာ ပညာတတ်ဖျက်ဆီးတာနဲ့ ပညာမဲ့ဖျက်ဆီးတာ ဘယ်ဟာပိုကြောက်ရလဲ?

 ပညာတတ်ဖျက်ဆီးတာပါ ဘူရား…!!!

အေး……စာသင်ကျောင်းက ကျောင်းဆရာ၊ဆရာမတွေ စည်းမဲ့ကမ်းမဲ့ ဖြစ်သွားတာနဲ့ တိုင်းပြည်တစ်ခုလုံးပရမ်းပတာဖြစ်သွားမယ်..။ "အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက"….ဆိုပြီးတော့ စပြီးဖျက်ဆီးပလိုက်တာ။

ရှင်းတယ်နော်…။ ဒါ သိပ်ကြောက်စရာကောင်းမကောင်း ..? အလွန်ထိတ်လန့်စရာ ကောင်းတဲ့အလုပ်ကြီးပါ ..၊ ဦးဇင်းတို့ ဘာလို့ ဒါလောက် ပြတ်ပြတ်သားသား မကြောက်မရွံ့ပြောလာသလဲ မေးတယ်….

 အမျိုး၊ ဘာသာ၊ သာသနာ ၃ ရပ်လုံးပျောက်ဆုံးတော့မဲ့အရေးကိုဆိုက်ေ၇ာက်လာလို့ပဲ။ လုပ်ငန်းထဲမှာ၊အသက်မွေးဝမ်းကြောင်းလုပ်ငန်းထဲမှာ အမြင့်မြတ်ဆုံး လုပ်ငန်းနဲ့ အရေးအကြီးဆုံးလုပ်ငန်းဖြစ်တယ်..။

တိုင်းပြည်တစ်ပြည်ရဲ့ အရေးအကြီးဆုံးက ကျောင်းဆရာ ဆရာမတွေပဲ။

ရှင်းတယ်နော်…။

တိုင်းပြည်တစ်ခုလုံး၊လူမျိုးတစ်ခုလုံး၊ဘာသာတစ်ခုလုံးရဲ့ အနာဂါတ်ကိုပုံဖော်နေတာ…. ဒီကျောင်းက ဆရာဆရာမတွေပဲ..။

မူလတန်း၊အလယ်တန်း၊အထက်တန်း အကုန်အရေးကြီးပါတယ်..။အဲ့ဒီကျောင်းက ဆရာဆရာမတွေ စည်းကမ်းဖောက်ဖျက်ချလိုက်တာနဲ့ တိုင်းပြည်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားတာပဲ။"

 ဒါဟာ နိုင်ငံကျော်ဆရာတော် ဦူးသုမင်္ဂလ ဟောကြားတော်မူခဲ့တဲ့ "မင်းကောင်းမင်းမြတ်" တရားထဲက ကောက်နှုတ်ထားတာပါ…။

နိုင်ငံတစ်နိုင်ငံ၏ လက်ရှိကျင့်သုံးနေသော ပညာရေးမူဝါဒသည် ထိုနိုင်ငံ၏ အနာဂါတ်ပင် ဖြစ်ပါသည်..။ ထိုနိုင်ငံ ချမ်းသာကြွယ်ဝမှု ရှိနိုင်၊ မရှိနိုင်သည် ကျင့်သုံးနေသော ပညာရေးမူဝါဒအပေါ်တွင် မူတည်နေပါသည်..။

ပညာရေးမူဝါဒများ ပြုပြင် ပြောင်းလဲမှုများလုပ်ဆောင်နေကြရာတွင် ယင်းမူဝါဒများသည် အောက်ခြေအထိ စီးဆင်းလာခြင်းမရှိသေးပဲ ယခင်စနစ်ဟောင်းအတိုင်းသာ လည်ပတ်နေသေးကြောင်းတွေ့ရှိနေရပါသည်..။

 ကျောင်းနေအရွယ် ကလေးတိုင်း စာတတ်မြောက်စေရေးအတွက် ကျောင်းတွင် ပိုက်ဆံကောက်ခံခြင်း မပြုလုပ်စေပဲ ဆင်းရဲသားကလေးတွေပါမကျန် ပညာသင်ကြားနိုင်အောင်ဖန်တီးနေတယ်ဆိုပေမဲ့…….

စာသင်ခန်းထဲရောက်သွားရင်တော့ ကလေးတွေဟာ ဆရာမတွေပြုသမျှ ခံနေကြရပါသေးတယ်..။

 ဒီဆောင်းပါးမှာတော့ လက်ရှိ ပညာရေးလောက ရဲ့ ပုံရိပ်အချို့ကို တင်ပြသွားပါမယ်..။ဆရာမများရဲ့ ကိုယ်ကျိုး စီးပွားရှာနေမှုဟာ ကြေက်ခမန်းလိလိ ဖြစ်နေပါပြီ..။

ဆရာမတွေ ကျောင်းသွားချိန်ဆိုရင် စာသွားသင်မှာမှ ဟုတ်ရဲ့လား…..ဆိုတာသံသယဖြစ်စရာကောင်းလှပါတယ်…။

ကျောင်းယူနီဖောင်း ၀တ်ဆင်ထားတာမဟုတ်ရင် အခမ်းအနားပွဲ သွားတက်သလား ထင်မှတ်ထားရအောင်ကို ပြင်ဆင်ချယ်သ ထားကြပါတယ်..။ လက်ဝတ်ရတနာများကိုလည်း ရှိသမျှအကုန် ထုတ်ဝတ်ပြီး ရှိုးပြကြပါသေးတယ်။

သာမန်အားဖြင့် ဒါဟာပြောစရာမဟုတ်ပါဘူး..။

သူ့မှာရှိလို့ သူဝတ်တာဆိုပြီးသဘောထားလို့ရနေပါသေးတယ်။ဒါပေမဲ့ နောက်ဆက်တွဲ သူတို့လုပ်ရပ်က ပြောစရာဖြစ်လာပါတယ်..။

 သူတို့ ဒီလိုဝတ်ဆင်နိုင်ဖို့ မိဘအချို့ ထမင်းဘယ်နှနပ် ငတ်ခဲ့ရလဲ..?

  သူတို့ ဒီလိုဝတ်ဆင်နိုင်ဖို့ ကလေးအချို့ မုန့်မစားပဲ ဘယ်လိုအငတ်ခံနေကြရသလဲ…? အဓိက က…

သူတို့ ဒီလိုဝတ်ဆင်နိုင်ဖို့ ကလေးဘယ်နှယောက်ရဲ့ ဘ၀တွေ စတေးခဲ့ကြရသလဲ …? ဆိုတာပါပဲ..။

နည်းအမျိုးမျိုးနဲ့ ပိုက်ဆံကောက်ခံနေတာက အဓိကပါပဲ..။

ကောက်ခံတာတွေကတော့……

ကျောင်းစအပ်ချိန်မှာ အလှူငွေ စတင်ကောက်ခံပါတယ်..။

ကျောင်းဖွင့်ကာစ အချိန်တွေမှာ စာသင်ခန်းအခန်းသော့ခတ်ရန်အတွက် သော့ခလောက်ကြေး၊ ထိုင်ခုံကြေး၊ တံပျက်စည်းကြေး၊ ရေအိုးကြေး၊ ကျောင်းသန့်ရှင်းရေးကြေး (တချို့ကျောင်းတွေမှာ စာသင်ရန်မြေဖြူကြေး) စတာတွေ ကောက်ခံပါတယ်..။ ဆရာမ အပြောင်းအရွှေ့ ရှိလာရင် ပြောင်းရွှေရမဲ့ ဆရာမကို နှုတ်ဆက်ကြေး၊ အသစ်ရောက်လာတဲ့ ဆရာမကို ကြိုဆိုကြေး စသည်ဖြင့် ကောက်ခံပါသေးတယ်..

နောက်.... ကထိန်ကြေး၊ ကျောင်းသားကဒ်ပြုလုပ်ရန်အတွက်ကြေး  ကောက်ခံပါတယ်..

ကြားကာလထဲမှာပဲ ရေအိုးကြေး တံပျက်စည်းကြေးဆိုတာတွေက ၂ခါ ၃ခါ မက လာတတ်ပါသေးတယ်..။ စာမေးပွဲနီးလာချိန်မှာ မေးခွန်းကြေး ဆိုတာလာပါတယ်။ (တစ်ဘာသာအတွက် မေးခွန်းကြေး ၃၀၀ ကောက်ခံပါတယ်၊ဘာသာစုံဆိုရင်..)

နောက်ဆုံး ကျောင်းပိတ်ကာနီး ကျောင်းသားစုံညီပွဲတော်မှာ ရခိုင်မုန့်တီကျွေးရန်အတွက်ပင် တစ်ဦးလျှင် ၁၀၀၀ ကျပ်နှုန်းကောက်ခံပါတယ်။

ပညာရည်ချွန်ဆုပေးပွဲ အတွက် ရန်ပုံငွေ ကောက်ခံတယ်လို့လဲ ပြောပါတယ်..။ ပညာရည်ချွန်ဆုပေးပွဲအတွက် ကုန်ကျစရိတ် များကို ကျောင်းသားများအား ကုန်ကျခံစေတာဖြစ်ပါတယ်..။ပြောရရင် နောက်ဆုံး ဆုရရှိသူပင် ဆုပေးပွဲတက်ရောက်ရန် သူများထက်ပိုပြီး အလှူငွေထဲ့ဝင်ရပါတယ်..။

နောက်ဆုံး မခံနိုင်တဲ့ မိဘတွေက ကျောင်းသို့သွားရောက်ပြောဆိုတဲ့ အခါမှာ ထိုမိဘများ၏ ကလေးများအား ဆရာမများမှ အငြိုးထားကာ ရိုက်နှက်ခြင်း မတရားဒဏ်ပေးခြင်းများ၊ စာတော်သော်လည်း အဆင့်ချခြင်းများကို ပြုလုပ်ပါတယ်..။

အဆင့် သတ်မှတ်ရာမှာလည်း မကြားဘူးတာတွေကိုပါကြားနေရပါတယ်..။ ငယ်စဉ်က ကြုံခဲ့ရတာကတော့ စာသင်ခန်းတစ်ခန်းမှာ စာအတော်ဆုံး၊ (တူနေလျှင်)လက်ရေးအလှဆုံး၊ (တူနေလျှင်)ကျောင်းစည်းကမ်းအလိုက်နာဆုံး စသည်ဖြင့် အဆင့် ၁ ကို တစ်ဦးတည်းကိုသာ ပေးလေ့ရှိပါတယ်..။ ၁ ပြီးမှ ၂ ၊၃ စသည်ဖြင့် အစဉ်လိုက်သွားပါတယ်..။

ယခုတော့ စာသင်ခန်းတစ်ခန်းအတွင်းမှာပင် အဆင့် ၁ ရရှိသူဦးရေမှာ ၇ယောက် ၈ယောက်အထိရှိနေတတ်ပါတယ်….။

ရရှိသူများမှာလည်း အတန်းပိုင်ဆ၇ာမ၏ အိမ်တွင်သင်သော ကျူရှင်ကို တက်ရောက်နေသူများသာ ဖြစ်ပါတယ်..။

ထိုကျူရှင်ကို မတက်သောကလေးသည် မည်မျှ စာတော်၊ လက်ရေးလှ၊ ကျောင်းစည်းကမ်းလိုက်နာသူဖြစ်နေပါစေ အဆင့် ၁ မရနိုင်ပါ....။

အဆင့် ၁ သမား ၇ ယောက်ရှိလျှင် သူသည် အဆင့် ၈ သာရပါသည်..။ထို အဆင့် ၁ နှင့် ၈၏ကြား ရမှတ်ပေါင်း ကွာခြားချက်သည် ၁မှတ် ၂မှတ်ခန့်သာကွာပါသည်..။

အဆင့် ၁ ရရှိသူများအားလုံး အတူတူစာတော်နေ၍ မဟုတ်ပါ….။

ကျူရှင်တက်သူများ၏ လိုနေသော အမှတ်များအား ဆရာမများက ဖြည့်ပေးထားခြင်းသာဖြစ်ပါသည်…။  

စာမကျက်လို့ အမှန်မဖြေနိုင်သော ကျောင်းသားများအား အမှတ်ပြည့်အောင် ဖြည့်ပေးသော ဆရာမများ၏လုပ်၇ပ်သည် ထိုကျောင်းသားများအနာဂါတ်အတွက် အလွန်ပင် အန္တရာယ်များကြောင်း ကို ထိုဆရာမများ သဘောပေါက်သင့်ပါသည်..။ မိမိ ဖြေနိုင်စွမ်း၊ မိမိ ကြိုးစားနိုင်စွမ်း အမှန်ကို ထိုကလေးမသိရတော့သဖြင့် တရားသဖြင့်ယှဉ်ပြိုင်လိုစိတ်၊ စာကြိုးစားချင်စိတ်များ မရှိတော့ပဲ ရေသာခိုအချောင်လိုချင်စိတ်များသာ ကြီးစိုးလာစေပါတယ်..။

 

ဒါတွေအပြင် ဆရာမများမှ စာသင်ခန်းအတွင်း မကြားဝံ့မနာသာ မိမိအင်္ဂါအစိတ်အပိုင်းများဖြင့် နှိုင်းယှဉ်ဆဲဆိုခြင်းများ ရှိနေပါတယ်…။ရပ်ကွက်အိမ်နီးနားချင်းမှ ၇ တန်း အရွယ်ကျောင်းသူတစ်ဦး သူငယ်ချင်းများနှင့်စကားပြောဆိုရာတွင် ဆဲဆိုသံများကြားရသဖြင့် ဆုံးမစကားပြောကြားရာမှ အတန်းထဲတွင် ဆရာမပင် ဤကဲ့သို့ ဆဲကြောင်း ကြားသိလိုက်ရပါသည်..။

  ဆရာဆိုသည်မှာ စာကိုသာမက စိတ်ကိုပါ သင်ကြားပေးသူများ… ဟု မှတ်သားရဖူးပါသည်..။

ယခုမူ…ဆ၇ာများထံမှ ကလေးများသင်ယူတတ်မြောက်လာကြသည်များမှာ စာရိတ္တပျက်ပြားမှုများပင် ပါဝင်လာပါသည်..။

ဆက်ေ၇းရလျှင် များစွာရှိနေပါသေးသည်..။

ဒါတွေဟာ နေရာအနှံ့မှ ကျွန်တော်ကြားထား၊ လေ့လာစုံစမ်းမေးမြန်းထားတာတွေသာဖြစ်ပါတယ်..။ ဒါ့ထက်ဆိုးဝါးတဲ့ အဖြစ်အပျက်တွေ ရှိနေနိုင်သလို၊ ဒီလောက်မဆိုးဝါးတဲ့ ကျောင်းတွေလဲ ရှိနေနိုင်ပါတယ်..။ မြန်မာတစ်နိုင်ငံလုံးရှိကျောင်းများအားလုံး ဒါမျိုးဖြစ်နေပါတယ်လို့ မဆိုလိုပါဘူး..။

ရခိုင်ပြည်နယ် ပေါက်တော့မြို့နယ်က ကျာင်းလို လုံးဝ ဘာမှ မဖြစ်တဲ့ ကျောင်းလဲရှိနေပါသေးတယ်..။

ဘယ်ဖြစ်မှာလဲ..။ဆရာမတွေက ကျောင်းမှာ စာမှသွားမသင်တာ။ဒါပေမဲ့လည်း လစာတော့ မှန်မှန်ယူတယ် ဆိုပဲ..။

အဲ့ဒီနယ်ပယ်မှ ကလေးတွေ၏ နောင်ရေးမှာ စိုးရိမ်စရာပင်ဖြစ်သည်…။

 ဒါတွေဟာ မဖြစ်သင့်တဲ့ ကိစ္စတွေပါ..။သက်ဆိုင်ရာကျောင်းအုပ်၊ ပညာရေးမှူး စသူတွေသည် ဒါတွေကို သေချာစွာ ကြပ်မတ်သင့်ပါသည်….။

 ကျွန်တော်တို့နိုင်ငံက ကျောင်းအတွက်ကုန်ကျစရိတ်တွေဟာ အခြေခံ မူလတန်း ပညာသင်ကြားရေး အဆင့်မှာတင် တခြားမည်သည့်နိုင်ငံနဲ့မှ မယှဉ်နိုင်အောင် မြင့်မားနေပါတယ်..။

မူလတန်း၊ အလယ်တန်း ကျောင်းနေအရွယ် သားသမီး ၂ယောက် ၃ယောက်ရှိတဲ့ မိသားစုတစ်စုဆိုရင် ဘယ်လိုနေမယ်ဆိုတာကို မြန်မာနိုင်ငံရဲ့ ပညာရေးမှူးများ ၊ပညာရေးဝန်ကြီးများ တွေးကြည့်စေချင်ပါတယ်…။

  ဒီလို စရိတ်စကကြီးမားတာတွေကြောင့် အချို့မိဘတွေဟာ ကလေးတွေကို ကျောင်းမထားနိုင်တော့ဘဲ   ရရာအလုပ်ကို ထွက်လုပ်စေကြရပါတယ်….။ 

မိသားစုအတွင်း စားရိတ်ကာနိုင်ဖို့အတွက် ပလပ်စတစ်လိုက်ကောက်ခြင်း၊  လ္ဘရည်ဆိုင်စားပွဲထိုး ၊ကားဝပ်လျှော့၊အချို့လူငယ်များမှာ ယာဉ်နောက်လိုက် စသည်ဖြင့်ကြုံသလို လုပ်ကိုင်စားသောက်နေကြရပါတယ်.. ။

ဒီလို ကလေးသူငယ်တွေဟာ တနိုင်ငံလုံး အတိုင်းအတာ မဆိုထားနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာတင် မနည်းလှပါဘူး…။

ဒီလိုစာမတတ်မြောက်တဲ့ ကလေးသူငယ်တွေဟာ လူငယ်အရွယ်ရောက်လာတဲ့အခါမှာ သိသင့်သိထိုက်သည့် ဗဟုသုတရစရာ စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းမပြုနိုင်ကြတော့ဘဲ စကားပြောရိုင်းစိုင်းသူ၊ စာရိတ္တပျက်ပြားသူ ဆိုးသွမ်းလူငယ်တွေအဖြစ်နဲ့သာ ကျင်လည်ရှင်သန် နေကြရပါတော့တယ်…။

ဒါတွေဟာ တိုင်းပြည်အတွက် အကြီးကျယ်ဆုံး ဆုံးရှုံးနစ်နာမှုသာဖြစ်ပါတယ်..။

အချုပ်ဆိုရရင် မြန်မာနိုင်ငံတော်ကြီးရဲ့ အနာဂါတ် လှပရန်အတွက် မူဝါဒများ ချမှတ်ဖော်ဆောင်ရာမှာ ယင်းမူဝဒများသည် စာရွက်များအပေါ်တွင်သာမဟုတ်ပဲ အောက်ခြေအထိစီးဆင်းလာအောင် သေချာကြပ်မတ်၇န် လိုအပ်နေပါသေးကြောင်း တိုင်းပြည်အကျိုး မျှော်ကိုးပြီး နှိုးဆော်လိုက်ရပါတယ်ခင်ဗျား…………။

(အထက်ပါဆောင်းပါးကြောင့် ရိုးသားစွာ သင်ကြားပြသနေသော စေတနာဆရာ/ဆရာမ များအား အနှောက်အယှက် ဖြစ်စေခဲ့ခြင်းများ ရှိခဲ့ပါက  ဆောင်းပါးရှင် မြန်မာ့ အရေး မှ အထူးပင်တောင်းပန်အပ်ပါသည် ခင်ဗျား..။)

 (မြန်မာ့ အရေး)

ဆော်ဒီအာရေဗီးယားမှာ မြန်မာ အလုပ်သမား တချို့ ဒုက္ခရောက်နေ

2012-01-25

ဆော်ဒီအာရေဗီးယား နိုင်ငံရောက် မြန်မာ အလုပ်သမား ၂၆ ဦးဟာ အလုပ်ပွဲစားရဲ့အလှည့်ခံရလို့ အခက်အခဲ မျိုးစုံ ရင်ဆိုင်နေရတဲ့ အပြင် အလုပ်ရှင်က ပတ်စပို့နဲ့ နေထိုင်ခွင့် လက်မှတ် သိမ်းထားတာကြောင့် ဒုက္ခရောက်ပြီး အကူအညီ မဲ့နေတယ်လို့ သိရပါတယ်။

သူတို့ဟာ Golden Arm Company ၊ အထွတ်အထိပ် နန်းတော် ကုမ္ပဏီ စတဲ့ အလုပ် ရှာဖွေပေးတဲ့ ကုမ္ပဏီတွေက တစ်ဆင့် ဆော်ဒီအာရေဗီးယားကို ၂၀၁၀ ဒီဇင်ဘာမှာ ရောက်သွားခဲ့တာလို့ သူတို့နဲ့ နီးစပ်သူ အသိုင်းအဝိုင်းက ပြောပါတယ်။ အဲဒီနောက် ၃ လလောက် အလုပ်မရသေးတဲ့ ကာလမှာ အရင်ရောက်နှင့် နေတဲ့ ရခိုင်ပြည်နယ်သား တချို့ရဲ့ အကူအညီနဲ့ နေထိုင် စားသောက်ရသလို အလုပ်ရတဲ့ အခါမှာလည်း သူတို့ကို ပို့ပေးတဲ့ ပွဲစား ကုမ္ပဏီတွေ ပြောထားတဲ့ လုပ်ခလစာ အတိုင်း မဟုတ်ဘဲ လုပ်ခ အတော်နည်းနည်းနဲ့ လုပ်ကြရတယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ခလစာနည်းလို့ သူတို့ မလုပ်နိုင်တဲ့ အကြောင်း ကုမ္ပဏီကို ပြောတဲ့အခါ အလုပ်ရှင်က ဆော်ဒီရဲဌာနကို အကြောင်းကြားပြီး ဖမ်းဆီး ရိုက်နှက်ခဲ့တယ်လို့ နီးစပ်သူက ပြောပါတယ်။ အဲဒီနောက် ကုမ္ပဏီ ပိုင်ရှင်က သူတို့ကို အလုပ်သမား တန်းလျားကနေ နှင်ထုတ်လိုက်ပြီး သူတို့ရဲ့ မြန်မာနိုင်ငံ ပတ်စပို့တွေနဲ့ နေထိုင်ခွင့် လက်မှတ်တွေကိုတော့ သိမ်းထားလိုက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာသံရုံးကို အကြောင်းကြားပြီး အကူအညီတောင်းတဲ့ အခါ မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက ကူညီနေတယ်လို့ ကြားသိရပေမယ့် အခုထိ ဘာမှ ထူးခြားမှု မရှိသေးဘဲ ဆော်ဒီအာရေးဗီးယားမှာပဲ သောင်တင်နေပါတယ်။ ဒီကြားထဲမှာ ဘာသာစကား အခက်အခဲ၊ တရားဝင် နေထိုင်ခွင့် လက်မှတ် မရှိတဲ့ အခက်အခဲတွေကြောင့် တခြား အလုပ် ရှာမရလို့ စားဝတ်နေရေး အဆင်မပြေတဲ့ အတွက် သူတို့ကို ကူညီမယ့် အဖွဲ့အစည်း ဒါမှမဟုတ် မြန်မာနိုင်ငံ ပြန်လို့ရမယ့် နည်းလမ်း ရှာနေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကရင်ရွာမှာ သန်းခေါင်စာရင်းဝင်လိုက်

မင်းသက် | စနေနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၀ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး
ကော့မှူးမြို့နယ်မှ ၀င်ရောက်အရွေးခံမည် ဖြစ်သည့်အတွက် ကော့မှူးမြို့နယ်မှ ကရင်ရွာတရွာဖြစ်သည့် ၀ါးသင်္ခ ရွာတွင် သန်းခေါင်စားရင်းဝင်လိုက်ပြီဖြစ်ကြောင်း ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဌေးက မဇ္ဈိမကို ပြောသည်။

သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း အမည်စာရင်း လက်မှတ်ရေးထိုး တင်သွင်းနေသည်ကို ဇန်နဝါရီလ ၁၈ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း အမည်စာရင်း လက်မှတ်ရေးထိုး တင်သွင်းနေသည်ကို ဇန်နဝါရီလ ၁၈ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

"ဒေါ်အောင်ဆန်းစုကြည်က သူရွေးကောက်ပွဲဝင်ဖို့အတွက်ကို ကော့မှူးမြို့နယ်ထဲက ၀ါးသင်္ခ ဆိုတဲ့ ရွာကို ရွေးတယ်။ ကျနော်တို့ အခု အဲဒီရွာကို သွားပြီး ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ နေထိုင်ဖို့
ပြင်ဆင်နေကြတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်း ၀င်တဲ့ မိသားစုဆီက သန်းခေါင်စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်အဖြစ် သွင်းပြီးတော့ သက်ဆိုင်ရာကို ပို့ထားတယ်။ သက်ဆိုင်ရာကတော့ ပြန်မကျလာသေးဘူး။ ဒါပေမယ့် ဒါက ကျကိုကျလာမှာပါ" ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်းဝင်လိုက်သော ဒေါ်သန်းသန်းလေး မိသားစုမှာ မိသားစု ဦးရေ ၁၀ ဦး ရှိကြောင်း သိရသည်။

"ဒေါ်သန်းသန်းလေးတို့က လယ်ထဲမှာနေတာ။ သူတို့က အိမ်မှာနေတဲ့သူ နည်းတယ်။ ရန်ဖန်ရန်ခါပဲ
နေတတ်တယ်။ ဒါပေမယ့် အခုတော့ အဲဒီအိမ်ကို ပြန်ပြင်နေတာ တွေ့တယ်။ ကျနော်တို့ရွာက လူတွေ အရမ်းပျော်နေကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရွာကို လာမယ်။ ပြီးတော့ ညလည်း အိပ်မယ်တဲ့။ အခု ကလေးလူကြီး အားလုံးက မျှော်နေကြတယ်" ဟု ၀ါးသင်္ခ ရွာသား လယ်လုပ်သူ ကိုဖိုးခွါး က ပြောသည်။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Quitana နှင့် ဆွေးနွေးမှုအပြီး မီဒီယာများနှင့်တွေ့ဆုံရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က "အဲဒီမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပြီးတော့ မဲထည့်ရမယ်လေ။ အန်တီက အဓိကကတော့ အဲဒီရွာကို ရွေးတာကတော့ ကရင်တိုင်းရင်းသားတွေရွာမို့လို့ပါ။ အဲတော့လည်း ကရင်တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ်နေနိုင်အောင်လို့ အဲဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပဲ"ဟု ပြောဆိုခဲ့သည်။

ကော့မှူးမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၃၅,၀၀၀ ခန့် ရှိသည့်အနက် ၂၀၁၀ စာရင်းများအရ မဲထည့်နိုင်သူ စုစုပေါင်းအရေအတွက်မှာ ၈၃,၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ