"
အမျိုးကိုကာကွယ်ရကောင်းမှန်းမသိ၊ မျိုးချစ်စိတ်ပျောက်ဆုံးနေတဲ့ ကျွန်စိတ်ပဲရှိနေသော ရဲအရာရှိများ
Yangon Chatrium Hotel-ရန်ကုန်မှာဂျပန်က မြန်မာမိန်းမချောလေးကို ပါးရိုက်မှု
ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် လေးပါ။28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ်ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။ ဟိုတယ်Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့် ရဲ အရေးမပိုင်တဲ့အမှုလို့ ပြောဆိုခဲ့ကြပါတယ်။ဒီအခါမှာ
ကိုယ့်သူငယ်ချင်းရဲ့ တောင်းဆို မှုကြောင့် ဟိုတယ်General Manager မှ ဂျပန် သံရုံးကို အကြောင်းကြားပေးခဲ့တယ်။ ဂျပန် သံရုံးက စကာပြန်တစ်ယောက်နှင့် ရဲ့ အရာရှိတွေ ရောက်
လာပြီး တရားလို ကို တရားခံတစ်ယောက် အဖြစ် ပြန်ဆက်ဆံသွားတယ်လို့ သိခဲ့ရပါတယ်။နှစ်ရက် လောက် ကြာမှာ အမှု လာဖွင့်ရန်အကြောင်းကြားသောေ
ကြာင့် ကိုယ့်သူငယ်ချင်း ကို ဟိုတယ် က ဆက်သွယ်ပြီး သွားခဲ့ကြတယ်။ဟိုရောက် တော့ ရဲ့ အရာရှိများကပါးရိုက်ခံရတာ ဒါဏ်ရာ ရှိလား၊ သွေးထွက်လား ဆေးစာ လုပ်ပြီးပြီလားလို့ ဆီးကြိုမေးချင်ခံရတယ်လို့ သိရပါတယ်။မိန်းခလေး တစ်ယောက် ရဲ့ ကာအိနြေင်္အဇော်ကား ခံရတဲ့ ဖြစ်ရပ်ကို ဒီလိုမေးချင်းခံရတာ ကြောင့် သြော်
ငါ့တို့ နိုင်ငံမှာကိုယ့် နိုင်ငံသားတစ်ယောက် စော်ကားခံရတာကိုတောင် ဆေးစာလိုပါသလားလို့ မေးပြီး တိုင်းတပါးသားကို ကာကွယ်ဖို့စဉ်းစားနေသေးတယ်လို့ရင်ထုမနာတွေးမိကြောင်း ပြန်လည်ဖွင့်ပြောခဲ့ပါတယ်။ရှက်ရှက်နဲ့ ဖြစ်ရပ်မှန်ကို ပြောပြီးတော့ လည်း ပါးရိုက်ခံရတဲ့ ဆေးစာပါမှ အမှုဖွင့်လို့ ရတယ်ဆိုသော ကြောင့် ရန်ကုန် ဆေးရုံကြီးမှာ မျက်နှာ ငယ်စွာနဲ့ လူအများကြားမှာဆရာဝန်ထံပြောဆိုပြီး ဆေးစာ ယူခဲ့ပေးရပြန်ပါတယ်။.....................
ခုအဖြစ်အပျက်နဲ့ပါတ်သတ်ပြီး ဒို့အမြင်မှာတော့ ကိုယ့် နိုင်ငံသား တစ်ယောက် ကိုယ်ထိလက်ရောက်စော်ကားခံရတာကို သုံးလေးရက် အချိန်ယူပြီး ရဲအရေးမပိုင်မှုလို့ကိုင်ထားတာကို ကြည့်ချင်းအားဖြင့် ခုလို့ လူတွေပြောနေကြတဲ့ လူ့ အခွင့်အရေးတွေ ပွင့်လာပြီဆို တဲ့ အခွင့်အရေးထဲမှာ တို့ တိုင်းပြည်နဲ့ လူမျိုးကို ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ အခွင့်အလမ်းလည်း ပါဟန်မတူသေးပါဘူး။
ဂျပန် တွေ ကလည်း ဒို့များတိုင်းပြည်မှာဒုတိယ
ကမ္ဘာစစ်က ပြုကျင့်သွားတဲ့ ပါးရိုက်၊မုဒိန်းကျင့်လို့ ရတယ်ဆိုတဲ့အကျင့်
ကို အရိုးထဲထိ စွဲနေလို့များ ခုချိန် ထိ ဒို့ အမျိုးသမီး လေးတွေကို ကိုယ်ထိ လက်ရောက် စော်ကားရဲသေးတာလားရယ်လို့ ရင်နာနာနဲ့ တွေးမိပြန်တယ်။ဒို့ များ သူများ တိုင်းပြည်မှာအလုပ်လုပ်ရတုန်း က ကျွန်သာသာပဲနေခဲ့ရတယ်..ဒို့ များ သူများတိုင်းပြည်မှာ တိုင်းတပါးသားကို လက်နဲ့မပြောနဲ့ စွေကြည့် ရင်တောင် သံတိုင်နောက်မှာ ဘယ်နှစ်ရက်လောက်များ နေရမယ်၊ အသက်နဲ့ ကိုယ် မြဲပါ့မလားရယ်ဆိုတာ အဝေးရောက်နေကြ တဲ့ ဒို့မောင်နှမသားချင်းများ အားလုံး သိပြီးကြမှာပါ။
****အခုဖြစ်ရပ်မှာ တိုင်းတစ်ပါးသားတွေရဲ့ စော်ကားမှု၊အလိုတော်ရိ တွေရဲ့မျိုးချစ် စိတ် မရှိမှု တွေ ကို ဒို့ တွေ ဘယ်လိုဖော်ထုတ်ပြီး၊ပြုပြင် ပြောင်းလည်းသင့်တယ်ဆိုတာကို ၀ိုင်းဝန်းစဉ်းစားကြပါစို့ ......။
အေးမျိုးထွန်း
ကိုယ်ထိလက်ရောက်အစော်ကားခံခဲ့ရသူ Catherine
--
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ