ကြံ့ဖွံ့အစိုးရ နောက်ကွယ်နှင့် အာဏာရှင်ဒီမိုကရေစီ
ယနေ့မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ရောင်ခြည်သမ်းနေပါပြီ။ လတ်တလောကာလဟာ အပြောင်းအလဲတခုကို မဖြစ်မနေပြုလုပ်ရမယ့်အခြေအနေမှာ ရှိနေပါတယ်။ ဒါကို လက်ရှိကြံ့ဖွံ့အစိုးရ၊ NLD ပါတီနှင့်တကွ အတိုက်အခံများ၊ ပြည်သူအားလုံးပါ သိနေကြပါတယ်။ နောက်ပြန်လှည့်ဖို့ဆိုတာကလည်း တော်တော်မလွယ်ကူတဲ့အနေအထားဆိုတာ သုံးသပ်မိကြပါလိမ့်မယ်။ မြန်မာပြည်ဟာ အမှန်တကယ် ပြောင်းလဲနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ယနေ့ဖြစ်ပေါ်နေတဲ့ အတိုက်အခံ NLD ပါတီအပေါ် ပြည်သူတွေရဲ့ သက်ဝင်ယုံကြည်မှုတွေကို ကြံ့ဖွံ့အစိုးရက ကြည်ဖြူစွာလက်ခံနိုင်ပါ့မလား။ စစ်အာဏာရှင်တွေ စနစ်တကျဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့အစိုးရဟာ တိုင်းပြည်ရဲ့အာဏာကို အတိုက်အခံလက်ထဲ အလွယ်တကူထည့်ပေးပြီး မင်းတို့ပဲပြောင်းလဲရေးအတွက် လုပ်ကြတော့ ဆိုပြီး အသာတကြည်ဆင်းပေးနိုင်ပါ့မလား။ စနစ်တကျလည်း ဖွဲ့စည်းအာဏာယူထားတယ်။ နောက်ပြန်လှည့်ဖို့ဆိုတဲ့ အာဏာသိမ်းအကြမ်းဖက်နည်းကိုလည်း ဆုပ်ကိုင်ထားဖို့ မလွယ်တော့ဘူး။ တိုင်းပြည်ပြောင်းလဲမှုကိုလည်း ဖော်ဆောင်ရမယ်။ လူထုခေါင်းဆောင်နဲ့ အတိုက်အခံကိုလည်း အာဏာလွှဲပေးဖို့ အစီအစဉ်မရှိဘူးဆိုခဲ့ရင် အာဏာရှင်လက်ကိုင်တုတ် ကြံ့ဖွံ့အစိုးရရဲ့ ရည်ရွယ်ချက်က တိုင်းပြည်ပြောင်းလဲမှုကို ၄င်းတို့ကိုယ်တိုင် လုပ်နေတယ်ဆိုတာကို ဖော်ဆောင်ပြရင်း အနုနည်းနဲ့ အာဏာကို နှစ်ပေါင်းကြာမြင့်စွာ ချုပ်ကိုင်ထားနိုင်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။
(အပြည့်အစုံဖတ်ရန် ခေါင်းစဉ်ကို ကလစ်ပါ)
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ