ပုသိမ်တွင် မုန့်ဟင်းခါး ပိဿာချိန် ၆၀၀ စားပြီးသူများ ဒေါ်အောင်ဆန်း စုကြည် ဟောပြောမည့် ကိုးသိန်းကွင်းထဲ ဆင်းလာကြ ။ ကိုးသိန်းဘောလုံးကွင်းတွင်တွေ့ရပုံ
မုန့်ဟင်းခါး ပိဿာချိန် ၆၀၀ စားပြီးသူများ ဒေါ်အောင်ဆန်း စုကြည် ဟောပြောမည့် ကိုးသိန်းကွင်းထဲ ဆင်းလာကြ
မုန့်ဟင်းခါး ပိဿာချိန် ၆၀၀ စားပြီးသူများ ဒေါ်အောင်ဆန်း စုကြည် ဟောပြောမည့် ကိုးသိန်းကွင်းထဲ ဆင်းလာကြပြီး ကြံခိုင်ဖွံ့ဖြိုးရေး က မနက်ကိုးနာရီ မုန့်ဟင်းခါးကြွေး သည် ဒေါ်အောင်ဆန်းစုကြည် သည် မနက်ကိုးနာရီမရောက်ဘဲ ၁၁ နာရီမှ ရောက်သဖြင့် မုန့်ဟင်းခါးသွားစားသူများ အချိန်မှီလို့ ကွင်းထဲဆင်းလာကြပြီ ။ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ ဖေဖော်ဝါရီ ၇ ရက် နံနက်တွင် ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက်(ရွှေဝါထွန်းရပ်ကွက်)တွင် စတုဒီသာ မုန့်ဟင်းခါး ပိဿာချိန် ၆၀၀ ကျွေးမွေးလှူဒါန်းမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုး တိုင်းဒေသကြီးပါတီဝင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူက ပြောကြားသည်။ ထိုသို့ မုန့်ဟင်းခါးစတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းမှာ ပြည်ခိုင်ဖြိုးပါတီမှ လမ်းတံတား ၅၉ စင်း တည်ဆောက်ပြီးမြောက်သည့်အထိမ်းအမှတ်ဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ စတုဒီသာကို နံနက် ၇ နာရီမှ မုန့်ဟင်းခါးကုန်သည်ထိ ကျွေးမွေးမည်ဟု သတင်းရရှိသည်။
၇ ရက်၊ နံနက် ၁၀ နာရီ ၅၀ မိနစ် (YPI ) ဒေါ်အောင်ဆန်းစုကြည် မိနစ်ပိုင်းအတွင်း ကိုးသိန်းကွင်းရောက်တော့မည် ပုသိမ်မြို့တွင်းသို့ဝင်လာနေပြီ ဖြစ်သည် ၁၀နာရီ ၅၀ မိနစ်တွင် ကန်သုံးဆင့်သို့ရောက်နေပြီဟု လိုက်ပါလျှက်ရှိသည့် မြိ့ခံတဦးကပြောသည်။ မြို့တွင်းလမ်းအချို့ပိတ်ထားသဖြင့် ကွေ့ပတ်ကာ သွားနေရသည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုသည့် ပရိတ်သတ်အလွန်များပြား
ပုသိမ်နည်းပညာကျောင်းသား၊ကျောင်းသူများ |
ကြိုဆိုရေးကားပေါ်မှ NLD ပါတီဝင်တစ်ဦးကပုသိမ်နည်းပညာတက္ကသိုလ်ကျေားသား၊ ကျောင်းသူများအားခွပ်ဒေါင်းအလံအားဝှေ့ယမ်း၍နှုတ်ဆက်နေစဉ်။ (ဓါတ်ပုံ-မက်စင်ဂျာဂျာနယ်) |
ဖေဖေါ်ဝါရီ ၇ ရက်၊ နံနက် ၉နာရီ ၅၀ မိနစ် (YPI )
ဒေါ်အောင်ဆန်းစုကြည်အား ပုသိမ်မြို့မှ ကြိုဆိုနေသည့်ပရိသတ် အလွန်များပြားလှကြောင်း၊ လမ်းဘေးနှစ်ဘက်နှစ်ချက်တွင် အပြည့်နီးပါး ဖြစ်နေသည်ဟု ပုသိမ်မြို့အထွက် ကိုးဆူတွင် စောင့်ဆိုင်းနေသည့် ပုသိမ်မြို့ခံ ဦးမြင့်ဦးက ပြောသည်။ ယင်းနေရာမှ ပရိသတ်နှင့် အတူ အန်အယ်လ်ဒီ သဘာပတိ အဖွဲ့နာယက ဦးတင်ဦးလည်း လာရောက်စောင့်ဆိုင်းလျှက်ရှိသည်ဟု သိရသည်။ နံနက် ၉နာရီ ၄၀ ၀န်းကျင်ထိ ဒေါ်အောင်ဆန်းစုကြည် ကိုးဆူသို့ ရောက်ရှိမလာသေးကြောင်း၊ ကိုးသိန်းအားကစားကွင်းသို့ ၁၀ နာရီကျော်မှ ရောက်မည်ဟု ၎င်းက ခန့်မှန်းပြောကြားသည်။
YPI
ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲ ကျင်းပမည့် ကိုးသိန်းဘောလုံးတွင်း...
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲ ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းဘောလုံးတွင်းကို နံနက် ၉ နာရိ ၃၀ မိနစ်ခန့်တွင်တွေ့ရစဉ်--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

