Folder Colorizer
သင့်ကွန်ပျူတာထဲက မြောက်များစွာသော Folder တွေထဲမှာသင်လိုချင်တဲ့ Folder ကိုရုတ်တရက် ရှာမ တွေ့တာမျိုးက မကြာခဏ ဖြစ်တတ်ပါတယ်။ ဒီတော့ ရှာရလွယ်အောင် နည်းလမ်းပေးပါမယ်။
လူ့ရဲ့ဦးနှောက်ဟာ ပုံစံတူတဲ့အရာတွေ အများကြီးတွေ့ရင် အဲဒီထဲက အရောင်တူတာတွေကို category တစ်ခုအဖြစ် ခွဲခြားတတ်တဲ့ သဘောရှိပါတယ်။ Windows အတွက် Microsoft ကရွေးချယ် သတ်မှတ် ပေးထားတဲ့ folder အရောင်ဖြစ်တဲ့ အ၀ါရောင်က ကြည့်လို့ကောင်းပေမယ့် အများကြီး ဖြစ်လာတဲ့အခါ user တွေကို ခွဲခြားရခက်သွားစေပါတယ်။

Folder Colorizer ဟာ folder တစ်ခုစီကို သင်နှစ်သက်ရာ သီးသန့်အရောင် တစ်မျိုးစီအဖြစ် ပြောင်းလဲ ပေးခြင်းအားဖြင့် Folder တွေကိုခွဲခြားရ လွယ်စေတဲ့ application တစ်ခုဖြစ်ပါတယ်။ Folder Colorizer ကသင့် folder တွေအတွက် ရွေးချယ်စရာ အရောင်မျိုးစုံ ပေးထားပါတယ်။ သူပေးထားတဲ့ အရောင်တွေအပြင် သင်ကြိုက်နှစ်သက်ရာ အရောင်တွေကို သင်ကိုယ်တိုင် ရွေးချယ်သတ်မှတ် ထည့်သွင်းလို့ လဲရပါတယ်။

သူ့ကိုinstall လုပ်ပြီးတာနဲ့ သင်က folder တစ်ခုခုပေါ်မှာ right click လုပ်လိုက်ရင် context menuမှာ Colorize စာသားပါလာတာ တွေ့ရပါ လိမ့်မယ်။ Folder ကိုအရောင် ပြောင်းဖို့ Colouize menu ကို click လုပ်ပြီးဖွင့်လိုက်ပါ။ ပြီးတော့ သင်ထားချင်တဲ့ ကြိုက်နှစ်သက်ရာ အရောင်ကို select လုပ်ပါ။ ပြီးရင် refresh လုပ်လိုက်မှ color ပေါ်ပါလိမ့်မယ်။ သင်ကအခြားအရောင်တွေ ထပ်မံ ထည့်သွင်းချင်သေးတယ် ဆိုရင် Colorize menu ထဲက choose color ကိုရွေးပြီး ကျလာတဲ့ ရောင်စုံစက်ဝိုင်းထဲက သင်လိုချင်တဲ့ အရောင်နေရာမှာ click လုပ်ပြီးရွေးရုံပါပဲ။ စိတ်ကြိုက်အရောင် ရပြီဆိုရင် List ထဲကို add လုပ်ပေး ရုံပါပဲ။ ဒီ application ကfolder အများကြီးကို တစ်ပြိုင်နက်ထဲ အရာင်ပြောင်းလို့ တော့မရပါဘူး။ Folder တစ်ခုချင်းစီကိုပဲ အရောင်ပြောင်း ပေးမှာဖြစ်ပါတယ်။ file size သေးငယ်ပြီး windows XP, Windows 7,Vista တို့မှာ အလုပ်လုပ်ပါတယ်။
written by Kyi Kyi Zin | source: additivetips.com | tested by MYMC
Regards-
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ