မကောင်းစရိုက် ပျော်ကြိုက်သူများ
လူအဖြစ်နှင့်၊နှစ်ပေါင်းခြောက်ထောင်
ခက်ခဲခရီး ခေတ်ကြီးစုံစွာ
ကျော်ဖြတ်လာလည်း၊ခေတ်သာပြောင်းလဲ
အစွဲ အလမ်း ၊လွန်ကြမ်းတမ်းစွ
လာလမ်းပြန်တွေး၊ယခင်ရှေးနှင့်
ယဉ်ကျေးမှုပိုင်း ၊သုံးသပ်နှိုင်းသော်
အရိုင်းခေတ်၏ ၊မွေခံဆိုးများ။။။
ဆင်ယင်မှုမျိုး တဆင့်တိုးကါ
ဆွဲကြိုးခြေကျင်း နှာကွင်းနားတောင်း
လက်ချောင်းလက်စွပ် လက်ဝတ်လက်ကေါက်
ထက်အောက်တန်းဆာ ဒွါဒရာကို
ေ၇ွှသာဝတ်ဆင် ဘိုးထိုက်ထင်လည်း
ယခင်ခေတ်ဟောင်းလာလမ်းကြောင်းမှ
နှာခေါင်းကိုဖေါက်နားကိုဖေါက်ကါ
စွယ်ကေါက်ရိုးကွင်း တပ်ဆင်ခြင်းဇြင့်
မူရင်းဘာ တွေထူးသနည်း။။
ရှေးရိုးစဉ်လာ လုပ်ခဲ့ပါ၏
ပေါင်မှာထိုးကွင်း တက်ဆင်းမှင်ကြောင်
အိမ်မြှောင် ၀က်ကုံး ပခုံးစမ
ကျောကအင်းကွက် စုတ်နှံချက်ကို
အံခဲအောင့်ခံ စိတ်မာန်တက်ကြွ
ဒါမှယောက်ကျားဆိုသော်ငြားလည်း
လူသားခေတ်ဦးစူးစမ်းရွယ်ကြည့်
ဂုဏ်ထူးတင့်ဆန်း လူစွမ်းကေါင်းမွေး
သတ်မှတ်ရေးထွင် မျက်နှာပြင်နှင့်
ကျောရင်ဆေးမှတ် စုတ်ချက်ထပ်သည်
ဖြစ်ရပ်သည်ခင်း ကျိုးကြောင်းချင်းသည်
မူရင်းဘာနှင့် ကွာလို့တုန်း။။။။
စက်မှုလူ့ဘုံ ရောင်စုံအထည်
မျိုးမည်များပြား ယက်လုပ်ထားလျှက်
ထူးခြားစိတ်ကူး မိန်းမထူးတို့
လွန်ကျူးလျှပ်ပေါ် တိုး တိုး ဖေါ်ကါ
မလျော်စိတ်ထား ပေါင်တွင်းသားနှင့်
ရင်ကြားကိုလှပ် ဆီးစပ်သဏ္ဍန်
မြင်ရပြန်ခဲ့ ပြရန်ရဲရင့်
ပွဲလည်တင့်လည်း ထောက်ချင့်နှိုင်းစာ
ကျောက်ခေတ်ခါက ကမ္ဘာသမိုင်း
ရိုင်းစိုင်းနေဆဲ မီးပုံပွဲဝယ်
ဝင်နွှဲရွှင်မြူး သေရည်မူးသည့်
ဦးသူနှင့်လိုက် ကြိုက်သူနှင့်အိပ်
သစ်ရိပ်ကျောခင်း ပျိုတသင်းသည်
မူရင်းလိုသာ ရှိလိမ့်မည်။။
ယဉ်ကျေးမှုခြင်း ဆင့်ပွားမြင့်မား
ဆိုသော်ငြားလည်း မသိစိတ်တဖန်
နောက်ကြောင်းပြန်ကါ အရိုင်းဘာသာ
လွှမ်းမိုးလာသည့် လူသားသမိုင်း
ခေတ် သစ်တည်း။။။
ပုဂံသား
-- ကျော်ဖြတ်လာလည်း၊ခေတ်သာပြောင်းလဲ
အစွဲ အလမ်း ၊လွန်ကြမ်းတမ်းစွ
လာလမ်းပြန်တွေး၊ယခင်ရှေးနှင့်
ယဉ်ကျေးမှုပိုင်း ၊သုံးသပ်နှိုင်းသော်
အရိုင်းခေတ်၏ ၊မွေခံဆိုးများ။။။
ဆင်ယင်မှုမျိုး တဆင့်တိုးကါ
ဆွဲကြိုးခြေကျင်း နှာကွင်းနားတောင်း
လက်ချောင်းလက်စွပ် လက်ဝတ်လက်ကေါက်
ထက်အောက်တန်းဆာ ဒွါဒရာကို
ေ၇ွှသာဝတ်ဆင် ဘိုးထိုက်ထင်လည်း
ယခင်ခေတ်ဟောင်းလာလမ်းကြောင်းမှ
နှာခေါင်းကိုဖေါက်နားကိုဖေါက်ကါ
စွယ်ကေါက်ရိုးကွင်း တပ်ဆင်ခြင်းဇြင့်
မူရင်းဘာ တွေထူးသနည်း။။
ရှေးရိုးစဉ်လာ လုပ်ခဲ့ပါ၏
ပေါင်မှာထိုးကွင်း တက်ဆင်းမှင်ကြောင်
အိမ်မြှောင် ၀က်ကုံး ပခုံးစမ
ကျောကအင်းကွက် စုတ်နှံချက်ကို
အံခဲအောင့်ခံ စိတ်မာန်တက်ကြွ
ဒါမှယောက်ကျားဆိုသော်ငြားလည်း
လူသားခေတ်ဦးစူးစမ်းရွယ်ကြည့်
ဂုဏ်ထူးတင့်ဆန်း လူစွမ်းကေါင်းမွေး
သတ်မှတ်ရေးထွင် မျက်နှာပြင်နှင့်
ကျောရင်ဆေးမှတ် စုတ်ချက်ထပ်သည်
ဖြစ်ရပ်သည်ခင်း ကျိုးကြောင်းချင်းသည်
မူရင်းဘာနှင့် ကွာလို့တုန်း။။။။
စက်မှုလူ့ဘုံ ရောင်စုံအထည်
မျိုးမည်များပြား ယက်လုပ်ထားလျှက်
ထူးခြားစိတ်ကူး မိန်းမထူးတို့
လွန်ကျူးလျှပ်ပေါ် တိုး တိုး ဖေါ်ကါ
မလျော်စိတ်ထား ပေါင်တွင်းသားနှင့်
ရင်ကြားကိုလှပ် ဆီးစပ်သဏ္ဍန်
မြင်ရပြန်ခဲ့ ပြရန်ရဲရင့်
ပွဲလည်တင့်လည်း ထောက်ချင့်နှိုင်းစာ
ကျောက်ခေတ်ခါက ကမ္ဘာသမိုင်း
ရိုင်းစိုင်းနေဆဲ မီးပုံပွဲဝယ်
ဝင်နွှဲရွှင်မြူး သေရည်မူးသည့်
ဦးသူနှင့်လိုက် ကြိုက်သူနှင့်အိပ်
သစ်ရိပ်ကျောခင်း ပျိုတသင်းသည်
မူရင်းလိုသာ ရှိလိမ့်မည်။။
ယဉ်ကျေးမှုခြင်း ဆင့်ပွားမြင့်မား
ဆိုသော်ငြားလည်း မသိစိတ်တဖန်
နောက်ကြောင်းပြန်ကါ အရိုင်းဘာသာ
လွှမ်းမိုးလာသည့် လူသားသမိုင်း
ခေတ် သစ်တည်း။။။
ပုဂံသား
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ