[mrsorcerer:18352] ရယ်သောသူအသက်ရှည်၏

အရမ်းကိုချောမောလှပပြီး ကိုယ်လုံးကိုယ်ပေါက် အချိုးအစား ပြေပြစ်လှပတဲ့ အမျိုးသမီးတစ်ယောက်က ရင်ဟိုက်

အင်္ကျီနဲ့ လေယာဉ်ပျံ အရုပ်လေးပါတဲ့ fancy ဆွဲကြိုးတစ်ကုံးဆွဲထားတဲ့ ဒီဇိုင်းနဲ့ ဘစ်စကားတစ်စီးပေါ်တက်လာတော့

ကားပေါ်ပါတဲ့ လူငယ်တစ်ယောက်က ရင်ညွန့်ပေါ်က လေယာဉ်ပျံရုပ်ကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေပါတော့

တယ်။ ဒါကို ဘေးကနေ တွေ့နေရတဲ့သူက အမြင်ကတ်ကတ်နဲ့ မေးလိုက်ပါတယ် ..... "မင်းကအဲ့ဒီ လေယာဉ်ပျံကို

တော်တော်သဘောကျနေတာလား"


လူငယ်ပြုံးဖီးဖီးနဲ့ ပြန်ဖြေလိုက်တာကတော့ ..........

"အော် မဟုတ်ပါဘူး ကျွန်တော်က လေယာဉ်ပျံကို သဘောကျတာထက် လေယာဉ်ပြေးလမ်းကို ရူစားနေတာပါ။"



XDXDXDXDXDXDXDXDXDXDXDXDXDXDXDX



မောင်ထွေး ။ ။ မင်းကြည့်ရတာတော်တော် စိတ်ညစ်နေပုံရတယ် ။

 

မောင်ခွေး ။ ။ ဟုတ်တယ် ငါ့မိန်းမကြောင့်ပေါ့ကွာ၊ သူကငါ့ကို သူ့ ပထမယောက်ျား အကြောင်းကြီးပဲ

ခဏခဏပြောပြောနေလို့ကွ။


မောင်ထွေး။ ။ ဟ မင်းဟာကတော်ပါသေးတယ် ငါ့မိန်းမဆို သူနောက်ယူမယ့် ယောက်ျား အကြောင်းပဲ

တစ်ချိန်လုံးလိုက်ပြောနေတာ။



XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD


မောင်သင်ဟာ အမျိုးသမီး အတွင်းခံအ၀တ်အစားတွေ ရောင်းတဲ့ ကောင်တာကိုသွားပြီး သူ့မိန်းမ မွေးနေ့အတွက်

မွေးနေ့လက်ဆောင် အတွင်းခံတစ်စုံဝယ်ဖို့ ရောက်သွားပါတယ် .......................................................


အရောင်းစာရေးမ ။ ။ အစ်ကို့အမျိုးသမီး အတိုင်းအထွာကိုပြောမှ ရမှာလေ။

မောင်သင် ။ ။ ဟာဒုက္ခပဲ ကျွန်တော်မသိဘူးခင်ဗျ။

အရောင်းစာရေးမ ။ ။ မာလကာသီးအရွယ်လောက်ရှိလား။

မောင်သင် ။ ။ မရှိပါဘူး အဲဒီလောက်မကြီးပါဘူးခင်ဗျ။

အရောင်းစာရေးမ ။ ။ ဒါဆို လိမော်သီးအရွယ်လောက်ရော ရှိလား။

မောင်သင် ။ ။ အား ဒီထက်သေးပါသေးတယ်ခင်ဗျ။

အရောင်းစာရေးမ ။ ။ ကြက်ဥအရွယ်လောက်တော့ရှိပါတယ်နော်။

မောင်သင် ။ ။ ဟုတ်တယ် ဟုတ်တယ် ကြယ်ဥအရွယ်တော့ ကြက်ဥအရွယ်ပါ ဒါပေမဲ့

ကြော်ထားတဲ့ ကြက်ဥအရွယ်ပါ။



XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDX



လူနာ ။ ။ ဒေါက်တာရယ် ကျွန်တော့်ကို ကူညီပါဦး ကျွန်တော်လေ မျက်စိမှိတ်လိုက်တာနဲ့ ချောမောလှပတဲ့

မိန်းမလှလေးတွေ ၀ိုင်းဝိုင်းလည်နေတာပဲ မြင်ယောင်နေတယ်။


ဒေါက်တာ ။ ။ အင်းရောဂါကတော့ မသေးဘူးပဲ ဒါပေမဲ့ အဲ့ဒီလိုမြင်ယောင်တာနဲ့ ခင်ဗျား ဘယ်လိုဖြေရှင်းလဲ

ကျွန်တော်အရင်သိလို့ရမလား။


လူနာ ။ ။ ဟုတ်ကဲ့ ကျွန်တော် သူတို့ကို အတင်းတွန်းထိုးထုပ်ပစ်ပါတယ်။


ဒေါက်တာ ။ ။ ဒီလိုသာဆို ခင်ဗျားက ဖြေရှင်းနိုင်သားပဲ ကျွန်တော်ကို ဘယ်လိုတော့မှာလည်း။


လူနာ ။ ။ မဟုတ်ပါဘူး ကျွန်တော်က ဒေါက်တာ့ကို အဲဒီလို တွန်းထိုးလွတ်နေတဲ့ ကျွန်တော့်ရဲ့ လက်နှစ်ဖက်ကို

ဖြတ်တောက်ပေးဖို့ တောင်းဆိုချင်တာပါ။



XDXDXDXDXDXDXDXDXDXDXDXDXDXDXDXD



သား ။ ။ ဖေဖေ မင်္ဂလာဆောင်တုန်းက မင်္ဂလာဆောင်စရိတ်ဘယ်လောက် ကုန်ကျခဲ့လဲ။

 

ဖေဖေ။ ။ ဖေဖေလည်း မမှတ်မိတော့ဘူးသားရယ် ဖေဖေသိထားသလောက်ကတော့ ခုချိန်ထိ

ဖေဖေကုန်ကျနေရတုန်းပဲ ဆိုတာပါ။



XDXDXDXDXDXDXDXDXDXDXDXDXDXDXDXD



ဈေးထဲက အမဲသားရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှေ့တွင် တန်းစီပြီးစောင့်ဝယ်နေသူတွေ ရှေ့မှ အမျိုးသမီးတစ်ယောက်

ကြားဖြတ်ဝင်ကာ.............

" ခွေးစားဖို့ အမဲသား ငါးဆယ်သားပေးပါ ရှင်"

ပြောရင်းကလည်း နောက်သို့လှည့်ကာ သူကြားဖြတ်ဝင်လာတဲ့ မိန်းမကို

" ကြားဖြတ်လိုက်မိတာကို တောင်းပန်ပါတယ်နော် "

ကြားဖြတ်ဝင်ခံလိုက်ရတဲ့ မိန်းမကလည်း အေးစက်စက်နဲ့ပြန်ဖြေလိုက်ပါတယ်

" ရပါတယ် ရှင်တော်တော်ဆာနေမှပဲ ရှင့်ကိုဦးစားပေးရမှပေါ့ "



XDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

 

 

လွတ်လပ်ပေါ့ပါးစွာ ရယ်မောနိုင်ကြပါစေ။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ