[mrsorcerer:18405] အချိန်တွေ ရွေ့လျားသွားခြင်း ..

အချိန်တွေ ရွေ့လျားသွားခြင်း ..

 

ဘယ်အချိန်ရှိပြီလဲ ဆိုတာတောင်မသေချာနိုင်တော့ဘူး

သေချာတာက မိုးလင်းနေပြီဆိုတာပဲလေ

ဖွင့်ထားတဲ့ TV ကိုလှမ်းကြည့်မိတယ်

ဒါပေမဲ့ ကိုမြင်နေရတာ မင်းရဲ့ ပုံရိပ်ပါ …

 

ကိုထပြီး ကိုသောက်ဖို့ ကော်ဖီတစ်ခွက်ကို

ကိုယ်ကိုယ်တိုင်ဖျော်မိတယ်

နောက် ဖတ်စရာတစ်ခုခုကို ဖတ်ဖို့ကြိုးစားတယ်

ဒါပေမဲ့ အဲဒီစာအုပ်က ကို့အတွက်အရမ်းပါးလျပြီး

ငြီးငွေ့စရာကောင်းလွန်းတယ် …

 

နေ့ရက် တွေတဖြည်းဖြည်းကုန်ဆုံးနေတာကိုစောင့်ကြည့်ရင်း

ကို့ရဲ့ အချိန်တွေဟာကုန်ဆုံးသွားတယ်လေ

ကိုရှေ့ကနံရံကို ကြည့်နေရင်းနဲ့ ရင်ထဲမှာခံစားချက်လေးတစ်ခုဖြစ်လာတယ်

မင်းရော ကိုယ့်အကြောင်းတွေတွေးမိနေမလားလို့မျှော်လင့်မိတယ်လေ

ကိုယ့်ရဲ့ အချိန်တွေကုန်ဆုံးနေတဲ့အချိန်မှာပေါ့ …

 

ကို မင်းရဲ့ ဖုန်းကိုခေါ်ဖို့ကြိုးစားနေမိတယ်

ဒါပေမဲ့ ဘာကိုပြောရမလဲဆိုတာ ကိုယ်ကိုယ်တိုင်မသိခဲ့တာပါ

မင်းရဲ့ Hello လို့ထူးတဲ့ အသံလေးကြားရအောင် ဖန်တီးပေးတဲ့

စက်ကလေးကို ကိုယ်နမ်းမိတယ်

ဒီအိမ်မက်ကနေနိုးထလာအောင် လုပ်ပေးနိုင်တဲ့လူရှိရင်

ကူညီပေးပါလို့ပြောချင်မိတယ် ...

 

ကို့ သူငယ်ချင်းတွေကပြောတယ်

"ဟေ့ကောင် .. ဘ၀ဆိုတာ ဒီလိုပဲ ပြီးသွားမှာပါ ၊ အချိန်တွေက မင်းကို ကုစားပေးသွားမှာပါ" တဲ့လေ

ကိုသိနေတာ ဒီအချစ်ကစားပွဲမှာ မင်းပဲ ကစား၊မင်းပဲနိုင်သွားခဲ့ပြီး

အရှုံးတွေနဲ့ ကျန်ခဲ့တာ ဦးနှောက်မရှိတဲ့ ကိုပါ …

 

နေ့ရက် တွေတဖြည်းဖြည်းကုန်ဆုံးနေတာကိုစောင့်ကြည့်ရင်း

ကို့ရဲ့ အချိန်တွေဟာကုန်ဆုံးသွားတယ်လေ

ကိုရှေ့ကနံရံကို ကြည့်နေရင်းနဲ့ ရင်ထဲမှာခံစားချက်လေးတစ်ခုဖြစ်လာတယ်

မင်းရော ကိုယ့်အကြောင်းတွေတွေးမိနေမလားလို့မျှော်လင့်မိတယ်လေ

ကိုယ့်ရဲ့ အချိန်တွေကုန်ဆုံးနေတဲ့အချိန်မှာပေါ့ ...

 

နေထွက်ကနေ နေ၀င်သွားတာကိုစောင့်ကြည့်နေရင်း

ကိုယ့်ရဲ့အချိန်တွေကုန်ဆုံးသွားတယ်လေ

ရီစရာကောင်းတဲ့ လူတစ်ယောက်ရဲ့ မျက်ရည်စီးသံတွေကြားမှာ

ဆုတောင်းသံတွေကွယ်ပျောက်သွားတဲ့ အချိန်မှာ

ကိုအိပ်ပျော်သွားခဲ့တယ် ...

 

………………………………………….

Aung Thura Aye

10 th February , 2012.

 

 

 မှတ်ချက် ၊။ Roxette ၏ Spendin My Time သီချင်းအားခံစားပြန်ဆိုခြင်းဖြစ်ပါသည်။

 

 



--
စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်နိုင်ပါစေ ...

AUNG THURA AYE


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ