[mrsorcerer:18555] သွေးဆုံးချိန်မှာ စားသင့်သော အစားအစာများ

သွေးဆုံးချိန်မှာ စားသင့်သော အစားအစာများ

 

 

၁။ ကယ်လ်စီယမ် လုံလုံလောက်လောက် စားပေးပါ

နို့နဲ့ နို့ထွက်ပစ္စည်းအပါအဝင် ကယ်လ်စီယမ် ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို တစ်နေ့မှာ နှစ်မျိုး၊ သုံးမျိုးလောက် စားပေးရင် တကယ်လိုအပ်နေတဲ့ ကယ်လ်စီယမ်ကို ဖြည့်တင်းပေးရာ ရောက်ပါတယ်။

အရိုးပါစားလို့ရတဲ့ ငါးတွေ၊ ပန်းဂေါ်ဖီစိမ်း၊ ပဲတွေမှာလည်း ကယ်လ်စီယမ်တွေ ပါဝင် ပါတယ်။ အသက် ၅၁ နှစ်နဲ့အထက် အမျိုးသမီးတိုင်းဟာ တစ်နေ့ကို ကယ်လ်စီယမ် ၁၂၀၀ မီလီဂရမ်လောက်အထိ စားသင့်ပါတယ်။

 

၂။ သံဓာတ်ပါတဲ့ အစားအစာတွေကို များများစားပါ

သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို တစ်နေ့မှာသုံးမျိုးလောက် စားပေးသင့်ပါတယ်။ နီရဲတဲ့ အသားတွေ၊ အရေခွံမပါတဲ့ ကြက်၊ ဘဲသား၊ ငါး၊ ဥ၊ အစိမ်းရင့်ရောင်အရွက်၊ အခွံမာသီး၊ ကောက်ပဲသီးနှံတွေမှာ သံဓာတ်ပါဝင်ပါတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတိုင်း ဟာ တစ်နေ့ကို သံဓာတ် ၈ မီလီဂရမ်လောက် ရအောင် ဖြည့်စွက်ပေးရပါမယ်။

 

၃။ အမျှင်ဓာတ်ပါတာတွေ စားပါ

အမျှင်ပါတဲ့ အစားအစာတွေဟာ အမျိုးသမီးတွေကို များစွာ အထောက်အကူပြုစေပါတယ်။ အမျှင်ဓာတ်ကို ပေါင်မုန့်၊ ဆန်၊ ကောက်ပဲသီးနှံ၊ ခေါက်ဆွဲ၊ လတ်ဆတ်တဲ့ အသီးအရွက် တွေမှာ တွေ့ရပါတယ်။ အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတိုင်းဟာ တစ်နေ့ကို အမျှင်ဓာတ် ၂၀ ဂရမ်လောက်အထိ စားပေးဖို့ လိုအပ်ပါတယ်။

 

၎။ ရေများများသောက်ပါ

ဒါဟာ ရေဓာတ်မဆုံးရှုံးရအောင် ကာကွယ်နိုင်ပါတယ်။ တစ်နေ့တာအတွက် ရေဘယ်လောက် လိုအပ်တယ်ဆိုတာကို အတိအကျပြောဖို့တော့ ခက်ခဲပါတယ်။ စားသောက်လိုက်တဲ့ အစားအစာ၊ နေထိုင်ရာ ရေမြေ ရာသီဥတု၊ မိမိလုပ်နေတဲ့ ကိုယ်လက်လှုပ်ရှားမှုပေါ် မူတည်ပြီး ရေလိုအပ်မှုဟာ ကွဲပြားနေပါတယ်။ ယေဘုယျ သတ်မှတ်ချက် တစ်ခုအနေနဲ့ကတော့ တစ်နေ့ကို ရေဖန်ခွက် ရှစ်ခွက်သောက်ရမယ်လို့ ဆိုပါတယ်။

 

၅။ အဆီများတဲ့ အစားအသောက်ကို ရှောင်ပါ

ပြည့်ဝဆီကြောင့် အဆီဓာတ်တွေ မြင့်တက်လာပြီး နှလုံးရောဂါ၊ သွေးလှည့်ပတ်မှုနဲ့ ဆိုင်တဲ့ ပြဿနာတွေ ပိုဖြစ်လာပါတယ်။ ပြည့်ဝဆီကို တိရစ္ဆာန်တွေကရတဲ့  အဆီတွေ၊ အဆီထုတ် မထားတဲ့ နို့၊ ရေခဲမုန့်၊ ချိစ်တွေမှာ တွေ့ရပါတယ်။ ပြန်ကြော်ဆီ၊ မာဂျရင်းတွေ စားတာကိုလည်း လျှော့ချရပါမယ်။

 

၆။ သကြားနဲ့ ဆား စားသုံးမှုကို လျှော့ချပါ

အစားအသောက်ထဲမှာ ဆိုဒီယမ်ပါဝင်မှုများတာဟာ သွေးတိုးတာနဲ့ ဆက်စပ်နေပါတယ်။ မီးခိုးငွေ့နဲ့ ကျပ်တင်ထားတဲ့ အစားအစာ၊ ဆားနဲ့ တာရှည်ခံအောင် လုပ်ထားတဲ့ အစား အစာတွေမှာ Nitrate  တွေ အများအပြားပါဝင်ပြီး အဲဒီပစ္စည်းတွေက ကင်ဆာရောဂါ ဖြစ်အောင် လှုံ့ဆော်ပေးပါတယ်။

 

၇။ အပင်ကရတဲ့ အစားအစာတွေကို ဦးစားပေးပါ

သူတို့ထဲမှာ အပင်ကပေးနိုင်တဲ့ အီစထရိုဂျင်ဖြစ်တဲ့ Isoflavones တွေ ပါဝင်ပြီး သူတို့ဟာ ခန္ဓာကိုယ်အတွက် အရမ်းအာနိသင် မပြင်းထန်တဲ့ အီစထရိုဂျင် အနေနဲ့ အလုပ်လုပ် ပေးပါတယ်။ အဲဒါကြောင့် သွေးဆုံးစဉ်ခံစားရတဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ အထူးသဖြင့် အသားပူတာ၊ ညဘက် ချွေးထွက်တာတွေကို သက်သာစေသလို အဆီ ကိုလည်း ကျစေပါတယ်။ တိုဟူး၊ ပဲပိစပ်တွေမှာ Isoflavones တွေကို ပိုတွေ့ရပါတယ်။ ပူစပ်တဲ့ အစားအစာ၊ ကော်ဖီ၊ အရက်တို့ဟာ အသားပူနွေးတာကို ပိုဆိုးစေတဲ့အတွက် ရှောင်သင့်ပါတယ်။

ဆရာဝန်နဲ့ ပြသပြီး ကယ်လ်စီယမ်ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေ သောက်ပေးသင့် ပါတယ်။ ဒါပေမယ့် တစ်နေ့ကို ၂၀၀၀ မီလီဂရမ်ထက် ပိုသောက်မိရင် ကျောက်ကပ်ပျက်စီး နိုင်တဲ့အတွက် အထူးသတိထားရပါတယ်။ ကယ်လ်စီယမ်တွေကို ပိုပြီးစုပ်ယူနိုင်ဖို့ ဗီတာမင်ဒီလည်း လိုအပ်တာကြောင့် ဗီတာမင်ဒီပါတဲ့အားဆေးကိုလည်း သောက်ပေး ရပါမယ်။ ဗီတာမင်ဒီဟာလည်း တစ်နေ့ကို ၂၀၀၀ IU ထက်ပိုသွားခဲ့ရင် ကျောက်ကပ်ကို ပျက်စီးစေသလို အရိုးတွေကိုလည်း ပျော့လာစေတဲ့အတွက် သတိထားပြီး သောက်သင့် ပါတယ်။

 

စာဖတ်သူဟာ အသက်ငယ်သေးတယ်ဆိုရင်လည်း  ငါတို့အတွက်မလိုအပ်သေးဘူးလို့တော့ မထင်ပါနဲ့နော်

တစ်နေ့ကျွန်မတို့ဟာအဲဒီလိုအချိန်ကိုရောက်လာတဲ့အခါ  အခုကြိုတင်သိထားတော့  ပိုကောင်းတာပေါ့

ပြီးတော့ အိမ်မှာမိမိတို့ရဲ့အမေ အဖွားတွေကိုအကြံပေးနိုင်တာပေါ့နော်.....မိန်းမသားများအားလုံးအတွက်ဝေမျှလိုက်ပါသည်။

ကျန်းမာပျော်ရွင်ကြပါစေ.......။ မဖတ်မိသေးသောသူများအတွက် ဒီဆိုဒ်မှာထပ်တင်ပေးလိုက်ပါတယ်...။

Posted by လင်းလက်ကြယ်စင်

မေမွန်ကျော်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ