ကတော့ လူမိုက်ကြီးလုပ်နေတာကြာပါပြီ။NLD ပါတီဝင်လဲ မဟုတ်ဘဲ NLD
အန်တီစုကိုထိရင် မခံဘဲ ခံခံ ကိုက်တတ်တာကိုးဗျ။ အော်မျှော်လင့်ချက်လေဗျာ။
အခုကအရူးကိုလင်လုပ်ရသလိုပဲ။ အခုစနစ်တစ်မျိုးတော်ကြာတစ်မျိုး။
ဘာပြောင်းလဲလဲ ဘာမှလဲ ဟုတ်တိပတ်တိမဟုတ်။ နိုင်ငံရေးမှာ နဲနဲ
အပြောင်းအလဲရှိပေမယ့်လဲ လက်ရှိအထိတော့ ဒီလူကဒီလူ။
ကြံ့ခိုင်ေ၇းဆိုတဲ့လူတွေကလဲ
ခေါင်းပေါင်းသာဆောင်းနေတာ ပြည်သူပိုင် မြေနေရာ အဆောက်အအုံတွေကို
ခပ်တည်တည် နဲ့ သူတို့ပါတီပိုင်လုပ်ထားပြီး တက်နေနေတယ် အရှက်မရှိ။ပြီးတော့
ဒီမိုကရေစီနဲ့ဘာမှမဆိုင်တဲ့ စစ်တပ်လက်ကိုင်တုတ် ကြံ့ခိုင်ရေးတွေက
ဒီမိုကရေစီအော်ပြီး အခွင့်ထူးခံ အာဏာရှင်ချိုးချိုးခြင်နေကြတယ်။ ဟိုနေ့က
သုံးဆယ့်ငါး မီးပွိင့် နီနေတာကို ကြံ့ခိုင်ရေး ပါတီတံဆိပ်တပ် light
truckကားနှစ်စီး အတင်းဖြတ်မောင်းသွားတယ်။ အော် စည်းကမ်းဆိုတာ
လူ့တန်ဖိုးတဲ့ ။အဟဲ ဒါဆိုသူတို့ကလူမဟုတ်ဘူးလားမသိဘူး။တိုက်မိလို့
ရှိရင်တော့နာကြတော့မယ်။ဒါတွေက ဟိုအရင် အာဏာရှင်
လက်ဟောင်းတွေချိုးခဲ့တဲ့အချိုး။အခုလဲ အသွင်ပြောင်းအာဏာရှင်တွေပဲပေါ့ဗျာ။
အခွင့်အာဏာအလွဲသုံးစားမှုတွေ နိုင်ငံနဲ့ အ၀ှမ်းဘယ်လောက် ဖြစ်နေကြလဲမသိဘူး။
မသိနားမလည်တဲ့သူတွေကို
ဒီမိုကရေစီဆိုတာဒီလိုမင်းမဲ့စရိုက်ပါလားလို့အထင်မှားသွားအောင်
လုပ်နေတာနဲ့တူနေတယ်။
ကျွန်တော်အရင်ကသုံးသပ်ပြခဲ့ဖူးပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်က NLD ဒေါ်စုကိုမလွှတ်ရဲခဲ့ဘူးဆိုတာ။ပြီးတော့
နိုင်ငံသားမဟုတ်တဲ့သူကို ယူလို့ အမတ်ဖြစ်ခွင့်မရှိအောင် ထွက်ခတ်ခတ်
ခံထားရသေး။အခုတော့မဲတွေကပြန့်ကုန်တာပေါ့
လူတွေအများစုကဒီမိုကရေးစီပါတီတွေထည့်ကြပေမယ့်
ဒီမိုပါတီတွေကအများသားဆိုတော့ ဟိုနည်းနည်းဒီနည်းနည်း အင်အားကမစုမိတော့ဘူး။
ဒီလိုနဲ့ ကြံ့ခိုင်ရေးက ၀န်ထမ်းနဲ့ သူ့ဆိုင်ရာဆိုင်ရာ အင်အားစုရယ်
trickနည်းနည်းပေါင်းပြီး ကြက်ဆူပင်မင်းမူသွားတာပေါ့။ဘာဆိုင်လို့လဲဗျာ။
ကိုယ်ကြိုက်တဲ့ သူကို ယူနိုင်တာလူ့အခွင့်အရေးပဲ။ဒီလိုပြောကြေးဆို
ခင်ဗျားတို့လဲကိုးရီယားကားမကြည့်နဲ့။အခုခေတ်ကောင်မလေးတွေဆို
ကိုရီးယားမှကို ရီးယားအရူးအမှူး..........နှုတ်ဆက်ရင်တောင်
ကိုရီးယားလိုနှုတ်ဆက်မှ လူရာဝင်သလိုလို..........အဲဒါတွေကမှ
တကယ်စိုးရိမ်ရတာတွေ။ကိုယ့်လူမျိုးကို အထင်သေးပြီး
သူများကိုအထင်ကြီးနေတာတွေ။ အန်တီစုကတော့
ပညာသင်ကြားရင်းအိုးခြင်းထားအိုးခြင်းထိခဲ့တာ ခင်ဗျားတို့အသိ။
ဘာကိုမှအထင်မကြီးခဲ့သလို ကိုယ့်လူမျိုးကိုလဲ အထင်မသေးခဲ့ဘူး။
အင်္ဂလိပ်က အရင်က မြန်မာပြည်ကိုသိမ်းခဲ့လို့လို့ဆိုတာလဲ
အဲဒါအရင်ကဓာတ်ပြားဟောင်း။ မိဘလူသတ်ရင် သားသမီးကို ထောင်ချလို့ရသလား။
မိဘသူခိုးဆိုရုံနဲ့ သားသမီးကိုသူခိုးလို့ပြောလို့ရလား။မိုက်ကယ်အဲရစ် ရဲ့
လူမျိုးက လုပ်ခဲ့တယ်ဆိုရုံနဲ့ မိုက်ကယ်အဲရစ်က အပြစ်ရှိရောလား။ဒါဆို
အရင်က ရန်ကုန်ကအားကစားပြိုင်ကွင်းမှာ ဗုံးခွဲခဲ့တဲ
မြောက်ကိုရီးယားကိုအဲဒီလုပ်ရပ်ထဲပါခဲ့တဲ့ ကင်အီဆွန်းလက်ထပ်မှာပဲ
အရင်အာဏာရှင်ဟောင်းလက်ထက်မှာစစ်တပ်ကအဖေခေါ်ခဲ့တဲ့လုပ်ရပ်ကိုခင်ဗျားတို့ဘာပြောမလဲ။
မိုက်ကယ်အဲရစ်က နိုင်ငံတကာအလယ်မှ
မြန်မာကိုအရှက်ရစေခဲ့တာရှိရင်ထောက်ပြစေချင်တယ်။ပြီးတော့အန်တီစုကိုလဲ
ဘာသာအယူဝါဒကအစပြောင်းဖို့ လွှမ်းမိုးချုပ်ချယ်ခြင်းမရှိခဲ့သလို ဘာမှ
သြဇာပေးလွှမ်းမိုးခဲ့တာလဲမရှိခဲ့ပါဘူး။ပြီးတော့ အန်တီစုဟာ အများသူငါ
အထူးသဖြင့် အခုအုပ်စိုးနေတဲ့အကောင်းစားကြီးတွေထက်စာရင်
မြန်မာ့ဒီမိုကရေစီအရေးအတွက် အများကြီးပေးဆပ်ခဲ့ရတာခင်ဗျားတို့အမြင်။
အရင်ကသူကအေးအေးနေနေတာ။သူအမေနေမကောင်းလို့လာရင်း နိုင်ငံတော်ရဲ့
လမ်းပြဖြစ်ခဲ့ရတာ။မလွှဲမရှောင်သာဒီတာဝန်တွေကိုယူခဲ့ပေမယ့်လဲ
ဇွဲ၇ှိရှိနဲ့လျှောက်လှမ်းခဲ့လို့ အခုတို့တွေအသီးအပွင့်တွေခံစားနေရပြီ။
ဒါကိုကြည့်ခြင်းအားဖြင့်သူကနဂို မွေးရာပါ
အာဏာရူးမဟုတ်မှန်းခင်ဗျားတို့လဲအသိ။အာဏာရူးသာဆို
မိုက်ကယ်အဲရစ်မယူဘဲအကုန်ဝိနည်းလွတ်နေပြီး ဆင်ကြံကြံနေမှာပေါ့။
ပေါက်တယ်နော်။ပြီးတော့ လူမျိုးကြီးဝါဒအပြောတွေရှောင်စေခြင်ပါတယ်။
မြန်မာပြည်ကတိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတာပါ။
ကျွန်တော်လဲတိုင်းရင်းသားကပြားပါ။
တစ်ဦးနဲ့တစ်ဦးတန်းတူညီမျှအခွင့်အရေးဆိုတာအခြေခံလူ့အခွင့်အရေးပါ။
တစ်ဦးရဲ့ဓလေ့နဲ့ ရိုးရာကိုတစ်ဦးလေးစားရပါမယ်။
ကျန်စစ်သားတောင်မွန်မင်းသမီးခင်ဦးကိုမိဖုရားမြှောက်ခဲ့တာပါ။
အဲဒီခေတ်ကတော့နိုင်ငံခြားသူပါပဲ။အခုတော့တစ်မြေတည်းသားခြင်းတွေပေါ့။
တိုင်းရင်းသားတွေအနေနဲ့လဲပြည်ထောင်စုစည်းလုံးရေးကို ဦးစားပေးသင့်ပါတယ်။
ရှမ်းချည်း၊ ကရင်ချည်းနေရင် လုံခြုံမယ် ၊ပြည့်စုံကြွယ်ဝမယ်ထင်လား။
ပြည်နယ်နဲ့တိုင်းတစ်ခုစီမှာ စပါးထွက်တာရှိတယ်။တွင်းထွက်တွေထွက်တာရှိတယ်။
အားလုံးပေါင်းမှလုံလောက်ကြွယ်ဝနိုင်တာ။
ဒီနိုင်ငံကခွဲသွားလဲဘေးနိုင်ငံတွေကလာလွှမ်းမိုးနိုင်တာပဲ။ပိုဆိုးမယ်နော်။
ဒီနိုင်ငံကမှသွေးချင်းညီနောင်လို့သဘောထားကြတာ။တခြားနိုင်ငံတွေကသူစိမ်းဗျ။
နောက်ပြီး ဆက်သွယ်ရေးနဲ့ဆိုင်တာတစ်ခု။အခုဖုန်းတွေက
နိုင်ငံပိုင်တွေ။ ကောင်းပါတယ် ။ ဖုန်းဆိုတာ လေပဲအရင်းစိုက်ရတဲ့လုပ်ငန်း။
စစခြင်း ရုံတွေတည်တာ တာဝါတိုင်တွေ
ဖိုင်ဘာဆက်ကြောင်းတွေစားရိတ်တွေသာကုန်တာ ။ပြီးရင် မီးမှန်ရင်ပြီးရော
ထိန်းသိမ်းကြီးကြပ်ရေးအတွက်ဝန်ထမ်းအနဲငယ်စားရီတ်နဲ့ မီတာခ လောက်ပဲအဓိက
ဆက်ကုန်တာ။အမြတ်ကျ တစ်မိနစ် ငါးဆယ်ပဲထား။
တစ်မိနစ်ကိုလက်ရှိနံပါတ်အရေအတွက်နဲ့ကိုလူဘယ်နှစ်ယောက်ဆက်နေလဲ။
တွက်ကြည့်ရုံနဲ့ခင်ဗျားမျက်လုံးပြူးသွားလိမ့်မယ်။ဒါပေမယ့်
မြန်မာ့ဆက်သွယ်ရေးဘာတွေနဲ့အကုန်အကျများနေမှန်မသိ နောက်ထပ်ရုံ
ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆောက်ဖို့ ဘက်ဂျက် မရှိ။ဒီတော့
ကန်ထရိုက်ခေါ်ပြီးဆောက်ခိုင်းရော။ကန်ထ၇ိုက်ကို
ကနဦးစားရိတ်ဆိုပြီးပြန်ယူခိုင်း။တော်တော်လည်ပါတယ်
သူများပိုက်ဆံနဲ့စီွး့ားရေးလုပ်တာ။ဒါပေမယ့် နိုင်ငံတော်နဲ့
ပြည်သူတွေကနစ်နာတယ်။အခုလူဘယ်နှစ်သန်းသုံးနိုင်သေးလို့လဲ။
ဖုန်းတွေဈေးပေါလို့ လူများများကိုင်ရင် အမြတ်များများရမယ်။
အခုလိုနိုင်ငံတော်ပိုင်ဆို နိုင်ငံဝင်ငွေများများရမယ်။
ရွှေပြည်တန်ခွန်ကလုပ်မဲ့အစားနိုင်ငံတော် ကလုပ်ရင်
ပိုတောင်နိုင်ငံအကျိုးရှိသေး။သူတို့လုပ်မယ်ဆိုရင်
နိုင်ငံတော်နဲ့ရှယ်ယာဒါမှမဟုတ်လမ်းတွေလို
ဘယ်နှနှစ်အပိုင်ဆိုမှထောက်ခံလို့ဖြစ်မယ်နီု့မို့နိုင်ငံတော်ကနစ်နာတယ်။
အရင်လူတစ်ယောက်ပြောခဲ့ဖူးတယ်
ရွှေပြည်တန်ခွန်ကဒေါ်လာနဲ့ပြန်ယူမှာစိုးလို့ဆိုတာ မမှားပါဘူးဒါပေမယ့်
သူတို့ကို အစိုးရကဒေါ်လာပြန်မလဲပေးလဲဘာဖြစ်လဲ။လုပ်ပိုင်ခွင့်ပဲရ
ရတဲ့ငွေနဲ့တခြားသယံဇာတတွေexportထုတ်မှာပေါ့။သူတို့ကဒေါ်လာအတင်းလိုက်ဝယ်လဲ
ဒေါ်လာဈေးတွေတက်တာပေါ့။အခုလဲဒေါ်လာဈေးတက်အောင်မနဲလုပ်နေရတာမဟုတ်လား။
တရုတ်ဆိုကြည့် သူ့ပိုက်ဆံသူအတက်ကိုမခံဘူးအရင်က။
အဓိကကျတာကအခုကျွန်တော်ပြောတဲ့အချက်။ဘာလို့ အလကားဖုန်းမလုပ်နိုင်ရတာလဲ။
ဘာလဲ ကနဦးရုံတည်ခမရှိလို့လား။
ဒါဆိုနေပြည်တော်ဆောက်တဲ့သောက်သောက်လဲငွေတွေဘယ်ကရလဲ။
ဘယ်သူမှလဲအကျိုးမရှိတောကြိုအုံကြားပိုက်ဆံတွေအကုန်ခံတယ်။
ဝန်ထမ်းတွေလဲမေးကြည့်ဘယ်ဝန်ထမ်းကအိုးပစ်အိမ်ပစ်တောထဲသွားနေချင်လဲလို့ဘယ်သူတွေအကျိုးရှိလဲ
။မြေကွက်တွေဘယ်သူတွေအော်တို အလကားရခဲ့ပြီး
မဖြစ်မနေလုပ်ငန်းရှင်တွေလာရလို့ဈေးတက်တော့ အကျိုးရှိခဲ့တာဘယ်သူတွေလဲ။
ဒီလိုလှည့်ကွက်တွေလုပ်ဖို့ဘယ်သူ့ပိုက်ဆံတွေသုံးခဲ့ကြလဲ။သူများနိုင်ငံတွေက
စီးပွးရေးပညာရှင်ကောင်းကောင်းတွေသုံးပြီး
နိုင်ငံစီးပွားရေးအမြတ်ထွက်အောင်လုပ်နေကြတဲ့ခေတ်မှာဒီနိုင်ငံကတော့
သယံဇာတလဲအလျှံပယ် ၊ အချက်အချာလဲကျရဲ့သားနဲ့ ဘူနေတာ ဘယ်သူ့ကြောင့်လဲ။
ဆက်သွယ်ရေးကပိုက်ဆံမရှိဘူးဆိုလဲချေးငွေနဲ့လုပ်ပေါ့ဗျာ။
အခုလဲဘာတွေကုန်မှန်းမသိ ဒေါ်လာဘီလီယံနဲ့ချီချေးထားခဲ့ကြတာပဲ။
ပြီးတော့ဒါကချေးငွေနဲ့လုပ်လဲအမြတ်အစွန်းသေချာတဲ့လုပ်ငန်းလေ။
ပြီးတော့companyတစ်ခုကတောင် လုပ်နိုင်ပါတယ်ဆိုတော့ စဉ်းစားသာကြည့်။
နဂိုဖုန်းရှိပြီးသားလူတွေကငါတို့နဲ့ဘာဆိုင်လဲလုပ်မနေကြနဲ့ဦး။
နိုင်ငံလူဦးရေအများစုသန်းပေါင်းများစွာနစ်နာနေကြတာ။
အခုလဲသင်္ဘောကျင်းတွေမှာ ဒေါက်ဆင်းထားတဲ့လူတွေကို
အမ်အိုတီဖြေရမှာလိုလိုမဖြေရမှာလိုလို။အရင်လူတော့ကုန်အောင်ဖြေပါစေပေါ့။
နော်လူမှစံနစ်ပြောင်းပေါ့။အခုတော့အချိန်ကုန်ငွေကုန်ဖြစ်အောင်။
အရင်ကတည်းကသင်္ဘောတန်းလိုက်ဆို ဘာလို့အချိန်ကုန်ခံပြီး ဒေါက်ဆင်းကြမလဲ။
အေး..........မလုပ်တတ်မကိုင်တတ် ကြားရနားဝမသက်သာပေဘူး။
အိမ်းရှိစေတော့ရှိစေတော့ ။အခုခေတ်ကလေးတွေကလဲ
ကိုယ်ကောင်းကောင်းနေရရင်ပြီးရော နိုင်ငံရေးစိတ်မ၀င်စားဘူးပဲပြောနေကြတယ်။
ကိုလိုနီခေတ်ကသာဒီလိုပြောနေကြရင် အခုငါတို့တွေဘာတွေဖြစ်နေကြမယ်မသိ။အေးလေ
အခုစိတ်မ၀င်စားလို့ပဲ နိုင်ငံဗိုလ်တက်လုပ်ချင်တဲ့ကောင်တွေလုပ်နေပြီး
မလုပ်တတ်မကိုင်တတ်မွဲနေတာ။
နိုင်ငံသာချမ်းသာကြည့်ဝန်ထမ်းတွေလဲလစာလောက်တာပေါ့ဗျာ။အခုကငွေရိုက်ထုတ်ရင်
ငွေဖောင်းပွမှာကြောက်နေကြရတယ်။
ဟူး..................ငါတို့နိုင်ငံတကယ်ပဲမွဲနေတာလား
လူအသုံးမကျတာလားစဉ်းစား။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ