[mrsorcerer:19091] ထောင်ကျော်တန် ဆင်း(မ်)ကတ် ပေါ်ထွက်လာရန် ကြံ့ခိုင်ရေးပါတီ အဆိုတင်သွင်းမည် ဟုဆို

၉၄ ရာခိုင်နှုန်းသည် မြည်းမဟုတ်

ဤဆောင်းပါးကို ရေးနေချိန်သည် မြန်မာ့ဆက်သွယ်ရေး၏ ``တန်ဖိုးနည်းနည်း´´ ဟုဆိုသည့် GSM ဖုန်းကို နှစ်သိန်းခွဲ၊ သုံးသိန်းဟု ကြားခဲ့ရပြီး နောက်ဆုံးတော့ မတ်လဆန်းတွင် ကျပ်နှစ်သိန်းဟု သတ်မှတ်ကာ ချပေးမည့်အကြောင်း ဂျာနယ်အချို့တွင် ဖတ်ရချိန်ဖြစ်သည်။
ငါးထောင်တန်ဖုနုးနှင့် ပတ်သက်လို့ကတော့ ဘယ်လိုအဖြေထွက်မည်ဟု စောစောကပင် ခန့်မှန်းမိကာ မမျှော်လင့်ခဲ့ကြောင်းနှင့် တည်ဆောက်ဆဲစီမံကိန်းကိုသာ ဆင်းမ်ကတ်ဈေးနှုန်းပြန်လည်စဉ်းစားရန် စာရေးသူ တင်ပြခဲ့ပါသည်။ ငါးထောင်တန်ကို မျှော်သူတွေကတော့ မျှော်ကြဆဲသာဖြစ်သည်။ ထိုအထဲတွင် ကြေးမုံသတင်း စာ၏ စာတည်းရှုထောင့်ကပါ ပါဝင်ရေးသားခဲ့သည်ဆိုသဖြင့် အံ့သြစွာ ပြန်လည်ရှာဖွေဖတ်ရှုခဲ့ရသေးသည်။
ဟုတ်ပါသည်။ ကြေးမုံစာတည်းကလည်း ၀န်ထမ်းပီပီ ၁၅ သိန်းမှာ မကပ်နိုင်၊ ငါးသိန်းနှင့်လည်း မ၀ယ်နိုင်၊ နှစ်သိန်းခွဲ၊ သုံးသိန်းဆိုတော့လည်း မသက်သာလှသေး၍ ငါးထောင်ဖုန်းသတင်းထွက်လာတော့ ပျော် မိသည့်အကြောင်း၊ ထို့နောက် မဖြစ်နိုင်ဟုသိရတော့ အိပ်မက်မှ လန့်နိုးသလိုဖြစ်ရသည့်အကြောင်း နတ်သံနှော ရင်း ပုံပြင်လေးတစ်ပုဒ်ကို ထည့်ပြောသွားသေးသည်။
သူ့ပုံပြင်လေးက အခြေအနေနှင့် ထင်ဟပ်မိလွန်း၍ ပြန်လည်တင်ပြပါရစေ ၊ တစ်ခါက ဆပ်ကပ် ပိုင်ရှင် တစ်ယောက်က သူ့သမီးအပျိုလေးကို ကြိုးတန်းလျှောက်နည်းသင်ပေးရာတွင် ကြိုးတန်းပေါ်မှ ချော်မကျစေ ရန် သတိပေးကြောင်း၊ `နင်ပြုတ်ကျလို့ကတော့ ဟောဟိုက မြည်းနဲ့ပေးစားပစ်မယ်´ ဟုလည်း ကြိမ်းမောင်းကြောင်း၊ ထိုစကားကို အမှတ်မဲ့ကြားသွားသော မြည်းမှာ ထိုအချိန်မှစ၍ မြက်လည်းမစား၊ ဘယ်မှ လည်းမသွားတော့ဘဲ ဆက်ကပ်ပိုင်ရှင်သမီးလေး (ငယ်ငယ်ချောချောလေး ဖြစ်ပုံရသည်) ကြိုးတန်းလျှောက် လေ့ကျင့်နေသည့်အနားမှ မခွာတော့ဘဲ တစ်ချိန်ချိန်တော့ပြုတ်ကျလာနိုး မျှော်လင့်နေတော့သည့်အကြောင်း ဖြစ် ပါသည်။
သူပြောမှပဲ ငါးထောင်ဖုန်း မျှော်မိသူတွေကလည်း မြည်းတွေဖြစ်ကုန်ပြီလောဟုတွေးရင်း ရယ်မော မိပါသည်။ ဟုတ်ကဲ့၊ ရယ်မောဆိုသည့်အတိုင်း ရယ်ရင်းနှင့် မောမိပါသည်။
တစ်ကယ်တော့ ကျွန်တော်တို့ ရွှေမြန်မာတွေ ရယ်စရာမဖြစ်ခဲ့ပါ။ မညံ့ခဲ့ကြပါ။ အခုလို အချင်းချင်း သရော်စရာလည်း မရှိခဲ့ပါ။ တစ်ခါကဆိုလျှင် မြန်မာသည် အရှေ့တောင်အာရှက ဦးဦးဖျားဖျားကိစ္စတွေမှာ ထိပ်ဆုံး က ပါနိုင်ခဲ့သည်။ အသန့်ရှင်းဆုံးမြို့တော်ကို ပိုင်ဆိုင်ခဲ့တာတို့၊ ကျွန်းဆွယ်ပွဲမှာ ဗိုလ်စွဲခဲ့တာတို့လို လူသိများတဲ့ကိစ္စ တွေအပြင် တခြားကိစ္စတွေလည်း ရှိခဲ့ပါသေးသည်။
အရှေ့တောင်အာရှ နိုင်ငံများရှိ လေတပ်မတော်များတွင် ဂျက်တိုက်လေယာဉ် စပိုင်ဆိုင်ခဲ့သည်မှာ မြန်မာလေတပ်မတော်ပင် (မယုံမရှိပါနှင့်၊ ဖဆပလခေတ် မြန်မာ့လေတပ်မတော်တွင် ဗြိတိန်လုပ် ဗင်ပိုင်ယာ ဂျက် တိုက်လေယာဉ်များ စတင်ရောက်ရှိသုံးစွဲခဲ့စဉ်က ထိုင်းလေတပ်တွင် ပန်ကာတပ်လေယာဉ်ပျံများသာ ရှိသည်။ နောက်ပိုင်း ဗီယက်နမ်စစ်ကြောင့် ယူအက်စ်အေကြီးနှင့် အကြောင်းဖက်ပါမှ အက်(ဖ်)ဖိုက်တွေဘာတွေ စရလာ တာဖြစ်သည်)
တစ်ပါတီခေတ်မှာလည်း ရုပ်သံစလွင့်တော့ ဂျပန်အကူအညီနှင့် မြန်မာက ဆေးရောင်စုံကို တစ်ခါ တည်း တန်းလွှင့်နိုင်ခဲ့သည်။ စထွင်တဲ့ အမေရိကတောင် အဖြူအမည်းက စခဲ့ရတာဖြစ်သည်။ တစ်ခါ သန်းခေါင် စာရင်းဌာနမှာ မီနီကွန်ပျူတာစနစ် စတင်သုံးစွဲနိုင်ခဲ့တာလည်း အရှေ့တောင်အာရှမှာ မြန်မာက အတော်စောခဲ့ သည်။
န၀တခေတ်မှာပင် ပညာရေးဌာနအတွက် ပန်းသီးကွန်ပျူတာအလုံးရေ ထောင်ချီမှာသုံးတော့ (used ပင်ဖြစ်စေကာမူ) ဘယ်ဆိုးလို့လဲဟု အိမ်နီးချင်းတွေက ပြောဖူသည်။
သို့သော် . . . သို့သော်
``ဆက်သွယ်ရေး´´ ဟူသည့် တိုင်းပြည်အတွက် အသက်တမျှ အရေးပါသည့် ကဏ္ဍတွင်မူ ရွှေမြန်မာတို့ မျက်နှာငယ်နေရသည်မှာ ဆယ်စုနှစ်တွေပင် ချီခဲ့ပြီ၊ အထူးသဖြင့် ကမ္ဘာတွင် မိုဘိုင်းဆက်သွယ်ရေး စနစ် တိုးတက်ထွန်းကားလာကတည်းက မြန်မာတို့ မျက်ခြည်ပြတ်ကျန်ရစ်ခဲ့လေပြီ။ ယခင်က မြန်မာထက် အရာရာ အမြဲတန်းနိမ့်ကျခဲ့သော အိမ်နီးချင်း ကြီးငယ်မရွေးမှာပင် တယ်လီဖုန်းသိပ်သည်းဆက လူဦးရေထက် ၀က်ကျော် ရာခိုင်နှုန်းများနှင့် မြန်မာရှေ့က ဖြတ်တက်သွားကြသည်မှာ နှစ်အတန်ကြာခဲ့ပြီ။
ဘာကြောင့်နည်း အဖြေရှာသော် အကြောင်းရင်းများစွာ ရှိနိုင်သည်မို့ အားလုံးကို ပြန်ပြောမနေ ချင်တော့ပါ။ တစ်ခုသောအကြောင်းရင်းဖြစ်သည့် ဆက်သွယ်ရေးအတွက် အခြေခံအဆောက်အအုံချို့တဲ့ခြင်းဆို သည့်အချက်ကြောင့် မိုဘိုင်းနက်ဝပ်တစ်ခု တည်ဆောက်လေတိုင်း သုံးစွဲလိုသူများထံမှ Backbone တည်ဆောက် စရိတ်မှအစ အရာရာကို တွက်ချက်ရယူသည့် Business Model ကိုသာ ကျင့်သုံးခဲ့ရာ တရားဝင် တစ်လိုင်းဒေါ်လာ ၂၂၀၀ ပေးခဲ့ရသည့် ဖုန်းများ၊ ကျပ်ငါးသိန်းမှ ၁၅ သိန်းထိ ပေးခဲ့ရသည့် ဖုန်းများသာ ချပေးနိုင်ခဲ့ပြီး မြန်မာ့ဆက်သွယ် ရေးအပေါ် ပြည်သူတွေ အမြင်စောင်းခဲ့သည့် အခြေစိုက်ခဲ့ရပါသည် (ထိုကာလ ထိုသို့ဈေးမြှင့်ယူခဲ့ရသော အခြားနိုင်ငံများ ယခုတော့ တစ်လိုင်းတန်ဖိုး မပြောပလောက်တော့)
မြန်မာပြည်မှာသာ လိုင်းအင်အားတိုးတက်မှုမှာလည်း အိမ်နီးချင်းနိုင်ငံများနှင့် မနှိုင်းယှဉ်သာ လောက်အောင် နှေးကွေးခဲ့ပြီး အစိုးရသစ်တာဝန်စယူချိန်တွင် ဆက်သွယ်ရေးသိပ်သည်းဆှာ လူဦးရေ၏ ၆ ရာခိုင်နှုန်းသာ ရှိလာခဲ့သည်။ ဆယ်စုနှစ်တစ်ခုမျှ ကနဦးတပ်ဆင်စရိတ် မြင့်မားစွာရယူခဲ့သမျှ Backbone တွေ လုံလောက်အောင် မတည်ဆောက်နိုင်သေးခြင်းက ဘ၀င်မကျစရာ။
ကမ္ဘာပေါ်တွင် ဆက်သွယ်ရေးသိပ်ဆည်းဆ နည်းပါးလွန်းသည့်နိုင်ငံများကို လေ့လာကြည့်လျှင် မိုဘိုင်းကနဦး တပ်ဆင်ခမြင့်မားလှသည့် ဗဟိုချုပ်ကိုင်မှု လွန်ကဲသောနိုင်ငံများသာ ဖြစ်သည်ကို လေ့လာတွေ့ရှိ နိုင်ပါသည်။ စင်စစ် ထိုနိုင်ငံမျိုးလည်း များများမကျန်တော့ပါ။ (မြောက်ကိုရီးယားတွင် တစ်ကတ်ဒေါ်လာသုံးရာ ကျော်/ကျူးဘားတွင် ဒေါ်လာ တစ်ရာကျော်) အဆိုပါနိုင်ငံများနှင့် မြန်မာနိုင်ငံမှာ နှိုင်းယှဉ်ရန်ပင် မသင့်တော့ပါ။ နိုင်ငံရေးအရ မြန်မာတို့က များစွာ ပွင့်လင်း၍ အဆင့်မြင့်သွားခဲ့ပြီဟု ဆိုနိုင်သည်။ အာဆီယံတွင် Role Model ပင် ဖြစ်လာမည်ဟု ပင့်သူက ပင့်သည်။
မြန်မာခေါင်းဆောင်သစ်များ ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု မူဝါဒများအရ ဆိုလျင်လည်း ဆက်သွယ်ရေးက တောက်လျှောက်ကျင့်သုံးခဲ့သော Business Model ကြီးကို အရင်ဆုံးပြောင်းလဲရပါမည်။ သို့သော် ထိုကိစ္စအတွက် လွှတ်တော်ထိ တင်စရာမလိုပါ။ ဥပဒေသစ်သာလွှတ်တော်သို့ တင်ရပါမည်။
လက်ရှိ Business Model အရ ROI (Return On Investment) မှာ တစ်နှစ်အတွင်း ဆင်းမ်ကတ် ရောင်းခနှင့်ပင် အရင်းကျေရုံမက ရာခိုင်နှုန်းကြီးကြီး ချက်ချင်းမြတ်စွန်းအောင်ရည်မှန်းထားသည့် အလားဖြစ်ရာ ထို အချက်ကိုပင် ဝေဖန်သူများက ထောက်ပြလိုရင်းဖြစ်ပါသည်။ လက်ငင်းပဲ ဆင်းမ်ကတ်အလကားနီးနီး မပေးရ ကောင်းလားဟု မည်သူကမျှ အပြစ်မပြောပါ။ သို့သော် ဖြစ်သင့်ဖြစ်ထိုက်သော၊ အများပြည်သူ အမှန်တကယ်ကုန် ကျခံနိုင်သော ဈေးနှုန်းဖြစ်ပါမှ အထွေထွေရည်မှန်းချက်များ အထိုက်အလျောက် ပေါက်မြောက်နိုင်ပါလိမ့်မည်။
ထို့အတွက် ROI (Return On Investment) ကို တစ်နှစ်အစား နိုင်ငံတကာနည်းတူ သုံးနှစ်၊ ငါးနှစ် စသဖြင့် ပြောင်းလဲသတ်မှတ်လိုက်ပါလျှင် Initial Price ဆင်းမ်ကတ်တစ်ကတ်လျှင် ကျပ်ငါးသောင်း (သို့) ကျပ် ငါးထောင်အထိပင် လျှော့ချကာ ပြောခ (Air Time) များနှင့်ပေါင်း၍ ထိုနှစ်များအတွင်း အရင်းအမြတ် ပြန်လည် ရယူနိုင်ပါလိမ့်မည်။ ဥပဒေမပြင်ခင်မှာပင် လုပ်ဆောင်ခပေးနိုင်ပါသည်။ အကယ်၍ ကုမဏီများက ပေးသွင်းရသော အခွန်အခများက များနေသည်ဆိုပါလျင်လည်း ပို့ကုန်လုပ်ငန်းရှင်များနည်းတူ အခွန်လျှော့ချပေး ရန် အခက်အခဲရှိမည်မထင်ပါ။
ဥပဒေက ခံနေလို့ဆိုကာ ဥပဒေအသစ်ဆွဲပြီးသည်အထိ စနစ်ဟောင်းအတိုင်း လူတစ်စုသာအကျိုးရှိပြီး လူ အများစုက ဆက်ဖိစီးခံနေရမည့်အဖြစ်မျိုး မရှိသင့်တော့ပါ။ တိုင်းပြည်မျက်နှာငယ်စရာကိစ္စတွေထဲက တစ်ခုပဲဖြစ်ဖြစ် တစ်ရက်၊ တစ်လစောဖြစ်ထွန်းလာတာမျိုး မရှိသင့်ပေဘူးလား။
ယခုမူ ငါးထောင်ဖုန်းဂယက်အပြင် ပြောသူတွေလည်းပြောလွန်း၍ နောက်ဆုံးလျှော့ချပေးလိုက်ပုံရ သည့် ကျပ်နှစ်သိန်းနှင့် ဆင်းမ်ကတ် လေးသန်းရောင်းချပေးမည်ဆိုတော့လည်း တွက်ကြည့်ကြပါ။ ပြောခမပါ ကျပ် ဘီလီယံရှစ်ရာကိုတော့ တစ်နှစ်အတွင်း မဖြစ်မနေပြန်ရှာမည့်သဘော၊ ပုဂ္ဂလိကတို့ အရင်းက ကျပ်ဘီလီယံငါးရာ ဖြစ်ရာ ဆင်းမ်ကတ်လေးသန်းမှာပင် အမြတ်က ကျပ်သုံးဘီလီယံဖြစ်ပြီး ဌာနနှင့် ပုဂ္ဂလိက မည်သို့မည်ပုံ အမြတ်ခွဲဝေကြမည် ယနေ့တိုင် အများပြည်သူ မသိရပါ။ (သမ္မတကြီးကတော့ အားလုံးပွင့်လင်းမြင်သာမှုရှိရမည် ဟု လမ်းညွှန်ထားပါသည်)
ဆက်သွယ်ရေး တာဝန်ရှိသူတချို့ကတော့ ဆက်သွယ်ရေးဥပဒေသစ်ရေးဆွဲထားပြီးဖြစ်၍ လွှတ် တော်တွင် တင်ပြရဦးမည်၊ ထိုဥပဒေအတည်ဖြစ်လျှင်တော့ ထပ်မံ၍ Mobile Operator တွေ အပြိုင်ပေါ်ပေါက်လာ နိုင်ပြီး နောင်တော့ ဈေးထပ်ကျနိုင်သွားနိုင်သည်ဟု ဆိုကာ လက်ရှိဖုန်းလေးသန်းကို တစ်နှစ်အတွင်း ကုမဏီ ၂၃ ခုမှ တစ်ကတ် အနည်းဆုံး နှစ်သိန်းနှင့် အမြန်ရောင်းချနိုင်အောင်သာ ဆုံးဖြတ်လုပ်ဆောင်မည့်အသွင် မြင်တွေ့ရပါ သည်။
ဌာနဆိုင်ရာစီမံကိန်းအရပင် ဤဈေးနှင့် ရောင်းနေလျှင် ဆက်သွယ်ရေးဥပဒေအသစ်ပေါ်ပေါက်လာပြီး Mobile Operatorများ အပြိုင်ပေါ်ပေါက်လာလျင်လည်း သူတို့ချင်းညှိပြီး ဌာနကသတ်မှတ်ခဲ့သောဈေးထက် အနည်းငယ်သာလျော့ ချရောင်း၊ မလွှဲသာမှ ဈေးအနည်းငယ်ထပ်ချ ထိုနည်းဗျူ ဟာပင် ဆက်ကျင့်သုံးနေဖို့ နမူနာဆိုးဖြစ်နေနိုင်သည်၊ ထိုအတိုင်းသာဆို နောင်ငါးနှစ်နှင့်လည်း ဖုန်းတစ်ကတ် ကျပ်ငါးထောင်နှင့် မရနိုင်။
အလွန်အရေးကြီးသည့် နောက်ဆုံးအချက်တစ်ခုမှာ ဝန်ထမ်းများလစာနှုန်းထားတိုးမြှင့်ရေးသည် ယခုဘတ် ဂျက်နှစ်အတွင်း မဆောင်ရွက်နိုင်သေးသော်လည်း ၂ဝ၁၃/ ၂ဝ၁၄ ဘတ်ဂျက်တွင်မူ မဖြစ်မနေလုပ်ပေးရဦးမည်ဟု သိရပေရာ တစ်နှစ်အတွင်း တိုင်းပြည်၏ ထုတ်လုပ်မှု (National Productity) သိသာစွာတိုးတက်လာရန် အလွန် လိုအပ်လာပေပြီဟု ဆိုကြပြန်ပါသည်။
တိုင်းပြည်ထုတ်လုပ်မှုတိုးတက်ရန်/ ဂျီဒီပီမြင့်မား ရန်ဆိုသည့် ရည်မှန်းခက်များအတွက် ဆက်သွယ်မှုအလျင် အမြန်တိုးတက်ရေး၊ ဖုန်းသိပ်သည်းဆပိုမိုမြင့်မားရေးဟူ သော အချက်မှာ အရေးပါလှသော အချက်တစ်ချက်ဖြစ် သည်မှာ မငြင်းနိုင်ပေ။
ယခုအခါတိုင်းပြည်လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းကျော် သော တောင်သူလယ်သမားအများစုကြီး၏ စီးပွားရေး ဘဝ အခြေအနေမှာ ရာသီဥတုဖောက်ပြန်ခြင်း၊ သီးနှံပေါက် ဈေးလျော့ကျခြင်းနှင့် အခြားအထွေထွေမပြည့်စုံမှုများ ကြောင့် လွန်စွာခက်ခဲပင်ပန်းနေဆဲဖြစ်ပါသည်၊ ဒီအခြေ အနေမှာ တန်ဘိုးနည်းဖုန်းဟုဆိုပြီး ဆင်းမ်ကတ်တစ်ကတ် ကျပ် ၂ သိန်းနှင့် ရောင်းရန်သင့်တော်သေး၏လော၊ 
မြို့ပြလူတန်းစားအများစုအတွက်လည်း သမ္မတကြီး Washington Post နှင့် တွေ့ဆုံစဉ်က စကားအရပင် အလုပ်အကိုင်အခွင့်အလမ်း လွန်စွာနည်းပါးနေဆဲဖြစ်ရာ ကျပ် ၂ သိန်း/၂ သိန်းခွဲခန့်နှင့် ရောင်းမည့်ဖုန်းကို ဝယ်ယူ သုံးစွဲနိုင်မည့်ဦးရေမှာ အကန့်အသတ်တစ်ခုအတွင်းသာ ရှိပါလိမ့်မည်၊ ထိုဈေးနှင့် တစ်နှစ်အတွင်းကတ်လေးသန်း သန်း (သိန်း ၄ဝ) မကုန်လျင် နောင်မှတစ်ထစ်လျော့ သင့်လျော့မည်ဟု စဉ်စားထားသလားတွေးစရာ၊
တစ်ခါက ရှစ်ပေစလောင်း တရုတ်လိုင်းတစ်လိုင်း တွင် တရုတ်စစ်တပ်မှ အနိမ့်ဆုံးတပ်သားလေးများ အား လပ်ချိန် ဘားတိုက်အပြင်ဘက်ဝယ် မိုဘိုင်းဖုန်းလေးများ ကိုယ်စီနှင့် ဖုန်းပြောသူ၊ စာတိုရေးသူရေး၊ ဂိမ့်ဆော့သူဆော့ နှင့် အပန်းဖြေနေကြသည်ကို တွေ့ဖူးသည်၊
မြန်မာ့တပ်မတော် တပ်သားလေးတွေကော ထိုအခွင့် အရေးမျိုးမရှိသင့်ပေဖူးလား၊ အရပ်ဘက်ဝန်ထမ်းတွေကော၊ ကျောင်းသူကျောင်းသားတွေကော၊ တောင်သူလယ်သမား၊ အလုပ်သမားအားလုံး....အားလုံး လွယ်ကူသက်သာစွာ ဆက်သွယ်နိုင်ခြင်းဟူသည့် အကျိုးကျေးဇူးကို ဒီ့ထက်ပို ပြီး နောက်ကျမခံစားသင့်တော့ပါ။ လစာတွေမတိုးနိုင်ခင် သူတို့တတ်နိုင်သည့် ဈေးနှုန်းလေးနှင့် ဖုန်းသုံးခွင့်ရလျင် ရရှိမည့် လူမှုရေး/ စီးပွားရေးအကျိုးကျေးဇူးများ ခန့်မှန်း ၍ ရနိုင်မည်မထင်ပါ။
ထို့ကြောင့် ဥပဒေတွေ ပြင်တာလည်းပြင်ပါ၊ Business Model နောင်ကျမှ ပြင်ချင်လည်းပြင်ပါ၊ Operator တွေ နောင်မှ အပြိုင်လုပ်ခွင့်ပေချင်လည်းပေးပါ၊ လတ်တလောမှာကိုပဲ (ပညာရှင်အသုံးအနှုန်းအရ) ROI (Return On Investment) ဆိုတာကို တစ်နှစ်အစားသုံး နှစ်လို့ပြောင်းလဲဖော်ဆောင်ပေးရုံနှင့် အားလုံးအဆင်ပြေ သွားနိုင်တာမို့..၊ 
ဟုတ်ကဲ့၊ ဖုန်းမသုံးနိုင်ကြသေးတဲ့ ၉၄ ရာခိုင်နှုန်း သော မြန်မာပြည်သူများ၊ ဆပ်ကပ်ထဲက မြည်းများမဖြစ် ကြပါစေနဲ့လား။ ။

ထောင်ကျော်တန် ဆင်း(မ်)ကတ် ပေါ်ထွက်လာရန် ကြံ့ခိုင်ရေးပါတီ အဆိုတင်သွင်းမည် ဟုဆို

by The Voice Weekly on Monday, 20 February 2012 at 23:52 ·

ရန်ကုန် ဖေဖော်ဝါရီ ၂၀

 

ပြည်သူလူထုအကြား ငါးထောင်တန် မိုဘိုင်းလ် တယ်လီဖုန်းများ အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး နေကြချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေနှင့် လိုက်လျောညီထွေ ဖြစ်မည့် ငွေကျပ်ထောင်ကျော်တန် ဆင်း(မ်)ကတ်များ ပေါ်ထွက်လာရန် အဆို တင်သွင်းသွားမည် ဖြစ်ကြောင်း ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားသည်။

 

ယင်းအဆို တင်သွင်းနိုင်ရေးအတွက် လတ်တလောတွင် ပညာရှင်များထံမှာ အကြံဉာဏ်နှင့် သတင်းအချက်အလက်များ ရယူနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

" ပြည်သူအများကြီး အကျိုးရှိမယ့် ကိစ္စလို့ မြင်လို့ အဆိုတင်ဖို့ စီစဉ်တာပါ " ဟု ၎င်းက The Voice Weekly သို့ ပြောကြားသည်။

 

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မတ်လဆန်းတွင် ထုတ်လုပ်ရောင်းချမည့် တန်ဖိုးနည်းဖုန်းများ၏ ဈေးနှုန်းမှာလည်း ကျပ်တစ်သိန်းခွဲ ဝန်းကျင်သာ ရှိမည် ဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်လျက် ရှိသည်။


ဒေါ်အောင်ဆန်းစုကြည် နမ္မတီးမှာ စည်းရုံးဟောပြောခွင့် အပိတ်ခံရ
2012-02-19

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာ နမ္မတီးဒေသတွင်း စည်းရုံး ဟောပြောခွင့်ကို မိုးကောင်းမြို့ ရွေးကောက်ပွဲကော်မရှင်က တားမြစ်လိုက်ပါတယ်။

RFA

၂ဝ၁၂ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့ စည်းရုံးရေးခရီးစဉ် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် လူထု ပရိသတ်များ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၂၃ နဲ့ ၂၄ ရက်နေ့မှာ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ခရီးစဉ်အတွင်း နမ္မတီး ကျေးရွာအုပ်စုမှာ စည်းရုံးဟောပြောခွင့်ကို လုံခြုံရေးအရ တားမြစ်တယ်လို့ မိုးကောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က အမိန့်ကြေညာစာ ထုတ်ပြန်ပါတယ်။ ဒီစာကို ဒီကနေ့ လက်ခံရရှိတာ ဖြစ်တယ်လို့ နမ္မတီး NLD တာဝန်ခံ ဦးဝင်းဗိုလ်က ပြောပါတယ်။

လူ တစ်သိန်းလောက် ဆန့်တဲ့ နမ္မတီး ဘောလုံးကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လူထု စည်းရုံးရေး ဟောပြောခွင့်ရဖို့ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအတိုင်း နမ္မတီး NLD အနေနဲ့ သက်ဆိုင်ရာကို ၁ဝ ရက် ကြိုတင် လျှောက်ထားခဲ့တာလို့ ဆိုပါတယ်။

ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးကောင်းနဲ့ ဗန်းမော် မြို့နယ်တွေကို ဒေါ်အောင်ဆန်းစုကြည် အဓိက သွားရောက်ပြီး စည်းရုံးဟောပြောမှာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကိုတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ သွားရောက်မှာဖြစ်ပါတယ်။

Copyright © 1998-2011 Rad

အရှင်ဂမ္ဘီရကို အရေးယူမယ်လို့ အစိုးရထုတ် သတင်းစာမှာ ဖော်ပြ

2012-02-19

၂ဝဝ၇ သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် တစ်ပါး ဖြစ်တဲ့ အရှင်ဂမ္ဘီရကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ဓမ္မစက်နဲ့ ထိန်းသိမ်းဖို့ ကြိုးပမ်းပေမယ့် မရတော့တဲ့အတွက် အာဏာစက်နဲ့ အရေးယူတော့မယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

Screenshot

၂ဝဝ၇ သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် အရှင်ဂမ္ဘီရကို အာဏာစက်ဖြင့် အရေးယူမည့်အကြောင်း ၂ဝ၁၂ ဖေဖော်ဝါရီ ၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပုံ။

ဦးဂမ္ဘီရဟာ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာပြီး သင်္ကန်း ပြန်လည်ဝတ်ခွင့် လျှောက်ထားခြင်း မရှိခဲ့ဘဲ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သင်္ကန်းကျွန်းမြို့နယ်က ချိတ်ပိတ်ထားတဲ့ မဂ္ဂင်ကျောင်းတိုက်မှာ ကျူးကျော်ဝင်ရောက် နေထိုင်တယ်လို့လည်း ရေးထားပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သံဃာ့မဟာနာယက ဆရာတော်များရဲ့ သြဝါဒ ခံယူဖို့ ၃ ကြိမ် ခေါ်ဆိုရာမှာလည်း ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီရေးသားချက်နဲ့ ပတ်သက်ပြီး အရှင်ဂန္ဘီရကို အာအက်ဖ်အေက ကြိုးစား ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

မဂ္ဂင်ကျောင်းတိုက်ကို အစိုးရ အာဏာပိုင်တွေက နောက်ပိုင်း တရားဝင် ပြန်ဖွင့်ပေးခဲ့ပြီး အရှင်ဂမ္ဘီရ အပါအဝင် သံဃာတစ်ချို့ သီတင်းသုံး နေထိုင်ခဲ့ကြပါတယ်။ ဦးဂမ္ဘီရဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက မဂ္ဂင်ကျောင်းမှာ သီတင်းမသုံးတော့ကြောင်း ကျောင်းထိုင်ဆရာတော် က မိန့်ပါတယ်။

မြန်မာ့အလင်း သတင်းစာရဲ့ အဆိုအရ သံဃာ့မဟာ နာယက ဆရာတော်ကြီးများအား သွားရောက် သြဝါဒ ခံယူစဉ်ကလည်း ရွှေညဝါ ဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှားခိုင်းတဲ့ ကိစ္စ၊ အကျဉ်းထောင်တွေမှာ ကျန်နေသေးတဲ့ သံဃာတွေရဲ့ လွတ်မြောက်ရေး နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်ကြီးများက ကြိုးပမ်းပေးရန် ပျက်ကွက်သည့် ကိစ္စတွေအပေါ် ကန့်ကွက်ကြောင်း၊ ရှုတ်ချကြောင်း စတဲ့ နိုင်ငံရေးဆန်တဲ့ အသုံးအနှုန်းတွေနဲ့ သုံးနှုန်းလျှောက်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ့စီးပွားရေး အလားအလာ အပေါ် ပညာရှင်တွေ သုံးသပ်
2012-02-19

မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့ အပြင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာကြောင့် နိုင်ငံတကာ ကုမ္ပဏီတွေက ရင်းနှီးမြှပ်နှံ လိုကြပေမယ့် ငွေကြေး လဲလှယ်မှုနှုန်းထား မတည်ငြိမ်သေးတာနဲ့ ဘဏ်စနစ် မခိုင်မာသေးတာကြောင့် မြန်မာ့ စီးပွားရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အလားအလာ မရှိသေးဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

The World Economic Forum

အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ် စီးပွားရေး နိုဘယ်ဆုရှင် Jospeh Stiglitz ။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ စီးပွားရေး ပညာရှင်တွေနဲ့ မြန်မာစီးပွားရေး ပညာရှင်တွေ ဆွေးနွေးပွဲမှာ သုံးသပ်ရာမှာ မြန်မာနိုင်ငံ ပိုမို ပွင့်လင်းလာတာနဲ့ အတူ မြန်မာ့စီးပွားရေးဟာ ရှေ့ဆက်ပြီး ပိုလမ်းစ ဖွင့်ပေးသလို ဖြစ်လာလိမ့်မယ်လို့ သဘောတူကြပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီး နှစ်နိုင်ငံအကြားမှာ ရှိနေတာရယ်၊ ပွင့်လင်းလာပြီ ဆိုတာနဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ တိုးလာဖို့ ရှိတာကြောင့် အားသာချက်တွေ အများကြီး ရှိပါတယ်လို့ နေပြည်တော် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်တဲ့ အမေရိကန်နိုင်ငံ ကိုလံဘီယာ တက္ကသိုလ်က စီးပွားရေး နိုဘယ်ဆုရှင် Jospeh Stiglitz က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်း စီးပွားရေး လုပ်ငန်းတွေအပြင် ကမ္ဘာလှည့် ခရီးသွားလာရေး လုပ်ငန်း အောင်မြင်လာဖို့ အလားအလာ ရှိတယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံကြီးတွေက သူတို့ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ စတင် ပြောဆိုနေကြပြီ ဖြစ်တာကြောင့်လည်း နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ ဝင်လာမယ့် အလားအလာ ရှိနေတယ်လို့လည်း သုံးသပ်ကြပါတယ်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ