[mrsorcerer:19093] အောက်ကမ္ဘာသို့

အချိန်ကား ညဥ့်နက်လေပြီ ညဆယ်နာရီကျော် စာရေးသူအသိဖြစ်သော ခင်းဝင်းဇော်အမည်ရှိ ကယ်ရီသမားသည် အရက်နံ့ကလေးသင်းမျမျဖြင့် မိမိသတင်းသုံးရာ ကျောင်းတိုက်သို့ရောက်ရှိလာ၏ ဆရာတော် ဆရာတော် ဘောနတ်ကြီး အောက်ကမ္ဘာမှာ ဈန်ရဆရာတော် ပုဂ္ဂိုလ်ထူးတစ်ပါး ပေါ်နေတယ် ပြောတယ် သွားဖူးရအောင် ကားရှိတယ် မဟုတ်လား ကားမရှိလဲ တပည့်တော်ကတော့ ဆိုင်ကယ်နဲ့သွားမှာ တစ်လအလွန်မှာပင်း ကားက မရှိတော့ ကားကြောင့် ဒရိုင်ဘာကြောင့် စိတ်ညစ်ရ ဆီကြောင့် စိတ်ညစ်ရ ကားကျမ္မာရေးကြောင့် စိတ်ညစ်ရ စိတ်ညစ်စရာဝန္တာများသောကြောင့် ကားမရှိတော့သည်ကို မသိသော ကယ်ရီသမားအား ပြောပြရှင်းပြမိသည် သို့သော် သူ၏ရည်ရွယ်ချက် ဆိုလိုချက် သူ၏ပြင်းပြနေသော ဆန္ဒကား အခြားမဟုတ် ထိုအောက်ကမ္ဘာဆရာတော် သွားဖူးမည်သာလိုရင်း အချိန်ကား ညဆယ်နာရီခွဲလေပြီ သို့နှင့် မိမိသည် သူအားသွားတက်သလား သွားရင်အဆင်ပြေပါ့မလား ခရီးတစ်ကြောင်း၏ အကြောင်းတရားတို့အား တစ်ခွန်းတစ်ပါဒမှ မမေးမိ မစမ်းမိ သို့နှင့် ကဲမင်းကလာပြောမှတော့ သွားဖူးကြတာပေါ့ ဒါနဲ့ ဒီလိုဆရာတော်ကို ဖူးခွင့်ကြုံတုန်း ဖူးရတုန်းလှူရတယ်ကွ ပြောပြောဆိုဆို မိမိသည် သင်္ကန်းလကဲာ ဘုရားခန်းထဲမှ သင်္ကန်းခြင်း တစ်ခြင်းအား ကောက်ကိုင်ပြီး ထိုကယ်ရီသမားနှင့် ညဆယ်နာရီခွဲ ခရီးနှင်ခဲ့လေပြီ ဘယ်နှမိုင်ရှိသည် မသိ ဘယ်က သွားရသည် မသိ ဘာမှန်းမသိခရီးတစ်ခုအား ဆရာတော်အား ဖူးမြင်လိုဇောဖြင့် နှစ်ယောက်သား တလပေါင်းမှ ခရီးနှင်လာခဲ့ပါသည် နေပြည်တော်လမ်း မန္တလေးလမ်းဟောင်းနှင့် လမ်းခွဲတွင် ရိုးရိုးလမ်းဟောင်းမှ သွားမည်ဟုစိတ်ကူးသော်လဲ ဆရာတော် တစ်ပါးယာဉ်အခက်ခဲကို သွား၍ကူးရမည်လား မေးစမ်းမိသောကြောင့် နေပြည်တော် အမြန်လမ်းမှ(ဆိုင်ကယ်မစီးရ)ရေးထာလျက် အမြန်လမ်းမှ မောင်းကြသည် တိုးဂိတ်အရောက်တွင် အရက်ကလေး တမျမျရှိလှသော ကယ်ရီသမားသည် အော်ကြီးဟစ်ကြယ် စကားများ ဝေေ၀ဆာလျက် ဆရာတော်ကိုမရရအောင် ဖူးမယ် ဒီနေ့ဖူးမယ် နံက်စောစောဖူးမယ် စသည် အော်ဟစ်မြည်းတွားလျက် လမ်းမှဝန်ထမ်းတစ်ဦးသည် ဟေ့ဆိုင်ကယ် ဘယ်တုန်းဟု မေးပါသည် ထိုဝမ်ထန်းနားရောက်အောင် ကယ်ရီသမားမှ မောင်းသွားပါသည် အောက်ကမ္ဘာဆရာတော်ကို သွားဖူးမလို့ အဲ့ဒါ မိုင်တိုင်ဘယ်လောက်လဲ ဟုကယ်ရီသမားမှ မေးပါသည် မိုင်တိုင် ၃၉ဟုပြောပါသည် အားလားလား မိုင်တိုင်၃၉ ကြီးဆိုတော့ များလှပါလားဟု မိမိတွေးမိ၏ ကယ်ရီသမားသည် ဆရာတော်ကို ဖူးခြင်သည်က တစ်ပိုင်း အရက်ကတစ်ပိုင်း နှစ်ပိုင်းကြောင့် သူကသွားမည်တာစူလျက်ရှိ၏ သို့နှင့် နေပြည်တော် အမြန်လမ်းမှ ဆိုင်ကယ်အား မိုင်ကုန်မှောင်းနှင်လေပြီ နောက်မှ သင်္ကန်းဘို့ရို့ဘားယားဖြင့် လိုက်ပါလာသော မိမိသည် ကိုယ့်ကိုယ်ကို သရဏဂုံတင်ထားရမလိုရှိ၏ ညချမ်းကာလမဟုတ် ညချမ်းတုန်ကာလဟုဆိုရဟန်ရှိ၏ ကားနှင့်ဆိုလျင် အလွန်ငြိမ့်ညောဖွယ်ကောင်းသော ဤအမြန်လမ်းကြီးသည် ဆိုင်ကယ်နှင့် ခရီးနှင်လာသော မိမိတို့အဖို့ အလွန်စိတ်ညစ်ဖွယ် သို့သော် ဆရာတော်ကိုဖူးမည်ဟူသော ရည်ရွယ်ချက်ကြောင့်သာ သက်သာရာရ၏ မိုင်တိုင် ၃၇အရောက်တွင် သားသားနားနားဖွင့်ထားသော ဆိုင်တစ်ဆိုင်တွေ့၍ ဆရာဒကာနှစ်ယောက် ၀င်ထိုင်မည်ပြုနေချိန်တွင် ဘီယာဆိုင်ဖြစ်နေလေသည် ထိုင်လို့မကောင်းပါဘူးလေဟု သိစိတ်က သိပြီး သတိကရှိလေသော်လည်း ခရီးဒဏ်ကြောင့် ရပါတယ်ကွာ ကိုယ့်ဟာကို ကော်ဖီသောက်မှာပဲ ဟု ကိုယ့်ကိုယ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကား ထိုဘီယာဆိုင်တွင် ကော်ဖီနှင့် ဆေးလိပ်ခဲလျက် ဒကာဖြစ်သူမှ အမူးနဲနဲပြေဟန်ရှိလာသည် ဆိုင်တွင်ရှိသော ဒကာမကြီးအား အမအမ ဈန်ရဆရာတော်တစ်ပါးပေါ်တယ် ဆိုတာ ဟုတ်လား အဲ့ဒါကျူပ်တို့ သွားမလို့ ဘယ်လိုသွားရမတုန်းဟု စကားကမ်းလှမ်းပါသည် ထိုဒကာမကြီး ပြန်ပြောသော စကားများသည် အားရဖွယ်ကောင်းလှ၏ ဈန်ရမရတော့ မသိဘူး ဒီနယ်တစ်ဝိုက်တော့ နာမည်ကြီးနေတာပဲ သွားမယ်ဆိုယင်တော့ ခရီးကဝေးလှတယ် အမြန်လမ်းက အောက်ဆင်းယင် ထန်းတောတို့ ၀ါးတံတားတို့ ရောက်အုံးမယ် အဲ့ဟိုဘက်ကျော်ယင် လူပျက်တယ် ဒီမှာ ညအိပ်ပါလားဟု ပြောသည် အမူနဲနဲပြေဟန်ရှိသော ကနဦးအစက ဆင်ဖမ်းမည် ကြားဖမ်းမည် မြွေပွေး ကစ်စင်ရိုက်မည်ဆိုသော ကယ်ရီသမားသည် ဒီမှာအိပ်ယင် မကောင်းဘူးလားဟု မိမိအား အားညှိပါသည် တော်တော် ဒီရောဂါမင်းက စတာ ရောက်အောင်သွားမယ် သူသည် သူစကားနှင့် သူမို့ မညင်းသာတော့ဟန်ရှိသည် သို့နှင့် မိမိတို့ ဆရာဒကာနှစ်ယောက်သည် ဘယ်က ဘယ်လိုသွားရမည်မသိသော ဘယ်သူမှ မေးစရာ မရှိလောက်သော ဥည့်နက်အချိန်ဖြစ်လျက် ဒီလမ်းက ချိုးရမှာလား ဟိုလမ်းလား ဒီအကွေ့လားပဲဟု တစ်ခုခု သံသယဖြစ်လျင် လူတယောက် မြင်တွေ့ရ၏ ဟေ့ အကိုအောက်ကမ္ဘာကို ဘယ်က သွားရလဲ တန်းတန်းမောင်း ဘယ်နားရောက်လျင် ဘယ်ကို ချိုး ဘယ်နားရောက်လျင် ဘယ်လို ညွှန်မည့်သူ ပေါ်ပေါ်လာ၏ ထူးခြားချက်ပင် သို့နှင့် အောက်ကမ္ဘာဆရာတော် ကျောင်းသို့ ရောက်သွားပါသည် ည၁နာရီခွဲ မိမိသည် အေးသောကြောင့် ဦးခေါင်းအစွတ် နှင့် ဥည့်ဆွမ်းချက်သော ကပ္ပိယအချို့ကား မအိပ်သေး မိမိအား ၀တ်ပြုကာ ရေနွေးချမ်းများ ကပ်ကြ၏ စကားစမြည်းပြောဆိုလျက်ရှိ၏ မိမိသည်  သိချင်သော အလွန်စိတ်ဝင်စားနေသော မေးခွန်းကို မေးရကောင်းမည်လား မကောင်းဘူးလားဟု သံသယဖြစ်နေခိုက် အနားမှ ဒကာများသည် ဆရာတော်၏ ဆရာရင်း ဒကာရင်းများဖြစ်သော ကြောင့် မေးလိုသည်များကို ဖြေလိမ့်မည်ဟု သာမာန်တွေးထားပါသည် စိတ်ထဲကလဲ ပီတိဖြာလျက် မိမိမှ စ၍မေးပါသည် ဆရာတော်က ဘာထူးတုန်းဆိုတော့ သူကပြောပါသည် ဘာမှမထူးဘူး ဘာမှမလုပ်ဘူး သူ့ဟာသူနေနေတာပဲ အဲ့ဒါဟိုရွာကလူတွေလာ ဒီရွာကလူတွေလာ အဲ့ဟာတော့ထူးတာပဲဟု သူ့အမြင်ကိုပြောပါသည် မိမိသည် ဆိုင်ကယ်ဖြင့်ခရီကျမ်းကြီးအား စွန့်စွန့်စားစား ဖူးမြော်လိုစိတ်ဖြင့်လာခဲ့ရ၏ ထိုကပ္ပိယ ဒကာရင်းများ၏ အပြောဆို မတက်မှုကြောင့် စိတ်ထဲတွင် အောင့်သိအောင့်သက် ဖြစ်ခဲ့ရ၏ ဆက်ပြီးစကားများ ပြောဆိုကြရာတွင် မိမိမှ ထိုဒကာများအား မေးပါသည် ဆရာတော်ကို လျောက်ချင်တာလျောက်ယင် အဆင်ပြေပါ့မလားဟု မေးလိုက်ရာတွင် ကပ္ပိယဒကာမှ ပြန်ပြောပါသည် အင်းရပါတယ် ဒါပေမယ့် ဆရာတော်က နကန်းကြီး ဟုပြောပါသည် ထိုစကားသံကြားမှ မိမိသည် စိတ်ထဲတွင် ဆုံးဖျက်ချက် ချလိုက်ပါသည် သြော် သူတို့တတွေဟာ စကားအသုံးနှုံးနဲ့ နိယာမသဘောတရား ဘာသာတရားရဲ့ အကျိုးအပြစ် စသော ဗဟုသုတများ ဝေးနေဟန်ရှိသည်ဟု ယူဆလိုက်ပါသည် သို့နှင့် မိမိရောက်သည့်နေ့သည် ဆရာတော် ဘုန်းရှိန်တောက်ပသည်မှာ ၈ ရက်ပြည့်ကြောင်း ဟိုရွာသည်ရွာများမှ လူအများပြား တဖွဲဖွဲလာရောက်သည်မှာ အမျိုးမျိုး သတင်းတွေကြားပြီး လာကြသည် ဈန်ဖြင့်ဖူးသူက ဖူးရ၏ အေးချမ်းသော စိတ်ခံစားမှုမျိုး ရသူက ရ၏ တို့ကိုလဲ ပြောပြပါသည် စကားများ ဘတပြန် ကျားတပြန်ပြောယင်းမှ နံက် ငါးနာရီခွဲအချိန်တွင် ထိုကပ္ပိယမှ ထသွားပြီးဆရာတော်ကျောင်းပေါ်မှ ပြန်ဆင်းလာကာ မိမိအားလျောက်ပါသည် လက်အုပ်ကလေးချီ၍ ကိုတော် ဦးဇင်းကြီးနိုးနေပြီ ဟုဖြစ်၏ သြော် ဒီလိုပုဂ္ဂိုလ်မြတ် သူတော်မြတ်ကို ဆရာတော်ကြီးဟူ၍ပင် မသုံးနှုံးတက်ပါကလားဟု တွေးမိသေး၏ သူတို့အပြော သူတို့အတွေ့ကြုံများကားဤမျှပင် ရှိစေဦးတော့ မိမိ၏ အယူအဆ အတွေ့အမြင် ၀မ်းမြောက်ဘွယ်တို့ကား

ဆရာတော်အား ဖူးမြင်ရချိန်တွင် ဥပမာမပြတက်အောင် အေးချမ်းမှုမျိုးခံစားရခြင်း

အဦးဆုံး ဘယ်သူမျှမလှူရသေးခင် (ညတစ်ညလုံးစောင့်နေတာကိုး)သင်္ကန်းခြင်း ဆပ်ကပ်ခွင့်ရခြင်း

မိမိလှူပြီးချိန်တွင် ဒကာဒကာမများမှ ဒလဟော ၀ိုင်းဝန်းလှူဒါန်းခြင်း

ဆရာတော်ကြီးသည် ပရိတ်သက်များအပေါ်တွင် အထင်ကြီးစေလိုသော အခြင်းအရာ ခက်ထန်သော အခြင်းအရာ တစ်စုံတစ်ရာမျှမရှိခြင်း

ဆရာတော်ကြီးသည် အနှစ်သုံးဆယ်တိုင်တိုင် တရားဓမ္မဖြင့် သီးတင်းသုံးနေထိုင်သောကြောင့် စင်္ကြန်လျောက်ရာတွင် ခြေထောက်နှင့် မြေကြီးလွတ်နေခြင်း (ထိုကဲ့သို့လွတ်ခြင်းကို မြင်တွေ့ရသော ကျောင်းသားကလေးများသည် သူရဲခြောက်သည်ဟု ယူဆကာ ကျောင်းမှထွက်ပြေးကြသည်ဟူ၏ ဤအဖြစ်ပျက်ကား ခြောက်နှစ်လွန်ပြီဟု ပြောကြသည်)သက်တော်အားဖြင့် အသက်၈၆နှစ်ရှိခြင်း အလွန်အေးချမ်းတည်ငြိမ်သော အသွင်သဏ္ဌာန်ရှိခြင်း

မိမိသည် အောက်ပါအတိုင်း ယူဆချက်များဖြစ်ပေါ်မိပါသည်

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကဲ့သို့ ဘုန်းတောက်ခြင်းလဲဖြစ်နိုင်၏(အကြောင်းဆိုသော်)ဟိုရွာ သည်ရွာ အတော်များများမှ လူများသည် ဆရာတော်အား ကောင်းကင်တွင် ဖူးမြင်ရသည်ဆိုကာ ကြက်ပျံမက စည်ကားခြင်း ဤကား လက်တွေ့ဖြစ်ပါသည် မိမိသည် နံက်မှ သွားလျင် နီးကပ်စွာဖူးတွေ့ခွင့် မရနိုင်သလို အဦးဆုံးလှူခွင့်ရဟန်မရှိ ပရိတ်သက်ကား များလှ၏း မည်သူမျှဦးဆောင် ဦးရွက် မရှိပါပဲလျက် ဝေယျာဝေစ္စလုပ်နေသူများ ခရီးဦးကြိုပြုသူများ လမ်းညွှန်သူများ များပြားခြင်း ဤကား တနည်း

နောက်တစ်နည်းဆိုရခြေမူ ရဟန်းကိစ္စပြီးချင်းမျိုးလဲ ဖြစ်နိုင်၏ အကြောင်းဆိုရမူ ဆရာတော်သည် ဘုန်းကြီးလိုသောကြောင့် လိမ်လည်မည့်အမူရာ မရှိသကဲ့သို့ သက်တော်အားဖြင့် ကြီးလွန်းခြင်း တရားဟောရာတွင် အထင်ကြီးစရာစကားများမသုံးပါပဲ သစ္စာလေးပါးဖြင့် နိဗ္ဗာန်ရောက်အောင် အားထုပ်ကြ ဒါသာမူရင်းဟု သစ္စာလေးပါး တရားသာ ဟောပြောခြင်း ထို့ကြောင့် ရဟန်းကိစ္စပြီးကာ ရဟန္တာဟုလဲယူဆမိပါသည် ထို့ကြောင့် ပုဂ္ဂိုလ်ထူးတစ်ပါးအား အများသူငါ သွားဖူးလိုက သွားနိုင်ကြရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည် (ပုံတော်ကိုတော့ စကင်မဖက်ရသေးလို့ နောက်မှ ပို့မယ် အခုတော့ ဤမျှသာ)

လိပ်စာ

နေပြည်တော်အမြန်လမ်းမှ မိုင်တိုင်၃၉တွင် ဘောနတ်ကြီးရွာမှ တဆင့် သံဇုံ ထိုမှတဆင့် ထန်းတော ထိုမှတဆင့် အောက်ကမ္ဘာ သို့ရောက်မည် မိုင်တိုင် ၃၉ရောက်လျင် တံတားအောက်ဆင်း ဂိတ်တစ်ခုတွေ့မည် ထိုဂိတ်တွင်လဲ မေးမြန်းလို့ရပါသည်  အေးချမ်းလို့သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်အား ဖူးမြင်လိုသော လှူဒါန်းလိုသော သူများ သွားရောက်ကုသိုလ်ယူကြပါကုန်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ