သစ်ထူးလွင် |
- လီနင်၊ ဂန္ဒီ နှင့် ကြည့်ရဦးမည့် ဗိုလ်ချုပ်ရုပ်ရှင်
- ၂၀၁၀ ရွေးကောက်ပွဲထက် ကြားဖြတ်ရွေးကောက်ပွဲကို လူထု စိတ်ဝင်စားမှုများလာ
- ဇောတိကဓါတ်ငွေ့ပိုက်လိုင်းလုပ်သားများအရေး တိုင်းဝန်ကြီးချုပ်ထံ တိုင်ကြား
- ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဒေါင်ဒေါင်မြည်ဟု မိသားစု ဆရာဝန်ကပြော
- မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်ရန် သဘောတူ
- ကွန်တိန်နာကား တိုက်မိသဖြင့် အမျိုးသမီးတဦးသေဆုံး
- သန်း ၆၀ အတွက် မနက်ဖြန်
- ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဒေါင်ဒေါင်မြည်နေ
- ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ ခွင့်ပြုရေး အထူး စဉ်းစားမည်
- အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ ခု မြန်မာနိုင်ငံတွင် ထပ်ဆောက်မည်
- အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ အခမ်းအနားကျင်းပ
- Myanmar to 'seriously consider' poll monitors
- အဖျောက်ကျေးရွာဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပရိသတ်လူထု ၁၂၀၀၀ ကျော်ကို မိန့်ခွန်းပြော
- ပြည်သူ့ဝန်ထမ်းများအား အဆင်ပြေလျှင် အနိမ့်ဆုံး ပျမ်းမျှတစ်လကျပ်တစ်သိန်းနှုန်းပေးရန် လွှတ်တော်ဥက္ကဋ္ဌသ၀ဏ်လွှာပို့
- တပ်မတော်သားကိုယ်စားလှယ်များမပါတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် သူရဦးရွှေမန်းတို့ တွေ့ဆုံမည်ဖြစ်၍ လွှတ်တော်အစည်းအဝေးရပ်နား
- ဦးဂမ္ဘီရသတင်းနှင့်ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထား ထုတ်ပြန်ချက်
- ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြိုနယ် လူငယ်ပရဟိတကျောင်းသို့ရောက်ရှိ
- အစင်စံပြကျေးရွာသို့-ရေးမြို့နယ်NLDစည်းရုံးရေးခရီး
- အဖွဲ့ ချုပ်မှ သဘာပတိဦးဝင်းတင် နှင့်အဖွဲ့အား မကွေးပြည်သူတွေလှိုက်လှဲစွာကြိုဆို
- အလင်းတန်း ဂျာနယ် အမှတ်စဉ် ၆၉၄
- ယ္ခုအပါတ်ထုတ်ဂျာနယ်များ The Voice,Eleven and Myanmar Post
- ထောင်ကျော်တန် ဆင်း(မ်)ကတ် ပေါ်ထွက်လာရန် ကြံ့ခိုင်ရေးပါတီ အဆိုတင်သွင်းမည် ဟုဆို
- လွိုင်ကော်မြို့တွင်မီးလောင်၍ ကျွန်းသစ်တန်ချိန် ၁၀၀ ခန့်ဆုံးရှုံး
- DKBA စစ်ဦးစီးမှူးကို နယ်ခြားစောင့်တပ် စနိုက်ပါဖြင့် ချောင်းပစ်
- အာဆီယံ အကြီးအကဲ မြန်မာနိုင်ငံရောက်
| လီနင်၊ ဂန္ဒီ နှင့် ကြည့်ရဦးမည့် ဗိုလ်ချုပ်ရုပ်ရှင် Posted: 21 Feb 2012 04:23 AM PST လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကျော် ၁၉၇ဝ ပြည့် ဝန်းကျင်က သမ္မတ ရုပ်ရှင်ရုံ တွင် 'အရုဏ်ဦး' အမည်ရှိ ဆိုဗီယက် (ရုရှား) ရုပ်ရှင်ကား တစ်ကား ပြသခဲ့ဖူးသည်။ ယင်းဇာတ်ကား တွင် ထိုစဉ်က ဆိုဗီယက် ခေါင်းဆောင်ကြီး လီနင်သည် ဇာတ်ကောင် တစ်ဦးအဖြစ် ပါဝင်ရာ လီနင်၏ နေရာတွင် ဘောရစ်စမီရ်နော့ဗ်က ပါဝင် သရုပ်ဆောင် ခဲ့သည်။ လီနင်၏ ဟန်ပန်လေသံ အတိုင်း အောင်မြင်စွာ သရုပ်ဆောင်ခဲ့သည်ဟု ရုပ်ရှင် ပညာရှင်များက သုံးသပ်ခဲ့သည်။ လီနင်နှင့်သူ၏ရုပ်ရှင်လီနင် ဆိုသည်က ရုရှားတို့အတွက် တော့ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ လူထုနှင့် တစ်သားတည်း နေသည်။ လူထု ဘဝထဲမှာပင် လူထုနှင့် အတူ ရိုးသားစွာ နေ ထိုင်ခဲ့သည်။ ဘယ်လောက် အထိ ရိုးသားသလဲ ဆိုပါလျှင် သူ၏လောင်းကုတ် အင်္ကျီ ရှည်ကြီး စုတ်ပြဲနေသည်ကို သူ့ရဲဘော်တစ်ဦး က မြင်ရာ 'ခေါင်းဆောင်ကြီးရယ် ၊ လောင်းကုတ် အင်္ကျီတစ်ထည် လောက်တော့ ချုပ်ဝတ်သင့်ပါတယ်' ဟုပြောတော့ လီနင်က လမ်းဘေးတွင် ထိုင်တောင်းနေသော သူတောင်းစား တစ်ဦး ကိုလက်ညှိုး ထိုးပြသည်။ "ကျုပ်က သူ့ထက်တော့ သာပါတယ် မောင်ရင်ရယ်။ သူတို့လို လူတွေအတွက် ကျုပ်တို့ လုပ်ပေး စရာတွေ အများကြီး ရှိပါသေးတယ်။ ကျုပ် က ကုတ်အင်္ကျီ အသစ်ချုပ် ဝတ်လိုက်မယ် ဆိုရင် ပြည်သူပြည်သားတွေ အတွက် သုံးဖို့ထားတဲ့ တိုင်းပြည် ဘဏ္ဍာငွေထဲက ကုတ်အင်္ကျီ တစ်ထည်ဖိုး လျော့သွားမှာပေါ့" လို့ ပြောခဲ့သူ လူရိုးကြီး ဖြစ်သည်။ သည်စဉ်က လီနင်မှာ ဝန်ကြီးချုပ် ဖြစ်နေပြီ ဖြစ်သည်။ ပြောရလျှင် တိုင်းပြည် ဘဏ္ဍာငွေထဲက ကုတ်အင်္ကျီ တစ် ထည်ဖိုးမျှပင် ပြစ်မှားခဲ့သူ မဟုတ်။ သူ့အကြောင်း ပြောရင်း လီနင်၏ ကျောင်းသား ဘဝက ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသား ဘဝနှင့် တူနေတာတွေ တွေ့ရ သည်။ လီနင် တစ်ယောက် ကာဇံ တက္ကသိုလ် မှာ ကျောင်းတက်နေစဉ် နိုင်ငံရေး လုပ်သဖြင့် ကျောင်းထုတ် ခံလိုက်ရသည်။ ဤအကြောင်း ကို 'ပထမ ဘစ္စတီလီ' ဇာတ်ကားတွင် ရိုက်ကူး ပြသခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက လည်း ကျောင်းသား ဘဝတွင် နိုင်ငံရေး လုပ်သည်။ 'ငရဲခွေးကြီး လွတ်နေသည်' ပေးစာ တစ်စောင်ကြောင့် ကျောင်းမှ ထုတ်ပယ်ခံရ သည် ။ ကျောင်းထုတ် ခံရတော့ နိုင်ငံရေးဘက် မှာပိုပြီး လုပ်ဖြစ်လာသည်။ နယ်ချဲ့ဆန့်ကျင်ရေး နှင့် လွတ်လပ်ရေး လှုပ်ရှားမှု အရှိန်က ပိုမြင့်လာ ခဲ့သည် ။ ဤကားလီနင်နှင့် ဗိုလ်ချုပ် တူညီ သောအချက် လည်း ဖြစ်သည်။ လီနင်ရုပ်ရှင်ကားတွေ ၁၉၇ဝ ဝန်းကျင်ကာလ အထိ ဆိုဗီယက် ပြည်ထောင်စုတွင် လီနင်နှင့် ပတ်သက်သော ရုပ်ရှင်ကား (၁၉) ကားမျှရှိခဲ့သည်။ (၁)အရုဏ်ဦး၊ (၂)အောက်တို ဘာလအတွင်းမှ လီနင် ၊ (၃) ပိုလန်ပြည်ရောက် လီနင်၊(၄) ၁၉၁၈ ခုနှစ်အတွင်းမှ လီနင်၊ (၅) အပြာရောင် မှတ်စုစာအုပ်၊ (၆)အောက်တို ဘာ၊ (၇)ရာစုနှစ်ကူး ပြောင်းချိန်၊၊ (၈)အပ္ပရှင်န တာ တေးသီချင်း၊ (၉)ပထမ ဘစ္စတီလီ၊ (၁ဝ) လီနင် အကြောင်း ဇာတ်လမ်းများ၊ (၁၁) သေ နတ်နှင့်လူ၊ (၁၂) ဥလယာနော့ မိသားစု၊ (၁၃) မိခင်၏ နှလုံးအိမ်၊ (၁၄) မိခင် ၏ဆုတောင်း၊ (၁၅) ဇူလိုင်လ ၆ ရက်၊ (၁၆) လီနင် အကြောင်း သတင်းကားများ၊ (၁၇)လီနင် အကြောင်း မော်ကွန်းတင် ကားများ၊ (၁၈) လီနင်အကြောင်း လူထုသိပ္ပံ ရုပ်ရှင်ကား၊ (၁၉) တမြေတည်း တရေတည်း စသည့် ရုပ်ရှင်ကား ၁၉ ကားမျှ ရှိခဲ့သည်။ ထို ရုပ်ရှင်ကားများကို ပြည်သူလူထု အတွင်း သာမက စာသင်ကျောင်းများ၊ လူငယ် အဖွဲ့အစည်းများ အတွင်း၌ပါ ပြသခဲ့ရာ သူတို့ နိုင်ငံ၏ သမိုင်းဘာသာရပ်ကို သင်ကြားပေး သကဲ့သို့ရှိပြီး မျိုးချစ်စိတ်၊ တိုင်းပြည်ချစ် စိတ် တွေကို လှုံ့ဆော်ပေးခဲ့သည်။ ဤ အချက်မှာ အတုယူဖွယ် ကောင်းလှသည်။ လီနင်ပြီးတော့ ဂန္ဒီအိန္ဒိယ အမျိုးသား ခေါင်းဆောင်ကြီး ဂန္ဒီ ကို ၁၈၆၉ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် မွေးဖွားသည်။ (သည်နေ့ကို အိန္ဒိယနိုင်ငံ တွင် အမျိုးသားနေ့ အဖြစ် သတ်မှတ် ထားသည်။) အိန္ဒိယနိုင်ငံ လွတ်လပ်ရေး အတွက် အကြမ်း မဖက်ရေး၊ အစိုးရနှင့် မဆက်ဆံရေး၊ နိုင်ငံခြား ဖြစ် အားမပေးရေး၊ ပြည်တွင်းဖြစ်ကို အားပေး ရေးစသည့် သကျဂရဟ မူများနှင့် တော်လှန်ခဲ့သည်။ မြန်မာနိုင်ငံကို လာရောက်စဉ်က ကြည့်မြင်တိုင် မြို့နယ် သာဓုကျောင်း တိုက်ရှေ့ တွင် ငြိမ်းချမ်းရေး တရားကို အင်္ဂလိပ် ဘာ သာ ဖြင့်ဟောခဲ့ဖူးကြောင်း ဦးထွန်းဖေ (ထွန်းနေ့စဉ်)၏ ဆောင်းပါး တစ်ပုဒ်တွင် ဖတ်ရဖူးသည်။ နောက်ဆုံး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃ဝရက်နေ့ တွင် လုပ်ကြံခံခဲ့ရသည်။ (ဤနေ့ကို အာဇာနည်နေ့ အဖြစ် အိန္ဒိယတွင် သတ်မှတ်ထားသည်။) လီနင် နည်းတူ အိမ်နီးချင်း အိန္ဒိယနိုင်ငံက အမျိုးသား ခေါင်းဆောင်ကြီး ဂန္ဒီအကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ကား မှာလည်း ကမ္ဘာကျော် ရုပ်ရှင် ကားကြီး တစ် ကားဖြစ်ခဲ့သည်။ အိန္ဒိယနှင့် ဗြိတိန်တို့ ဖက်စပ် ရိုက်ကူးခဲ့ပြီး ဒေါ်လာ၂၂သန်း အကုန်အကျခံ ရိုက်ကူးခဲ့သည်။ ဒါရိုက်တာနှင့် ထုတ်လုပ်သူ မှာ Richard Attenboro -ugh ဖြစ်ပြီး မင်းသား Ben Kingsley က ဂန္ဒီကြီး အဖြစ် သရုပ်ဆောင်ထားသည်။ ရုပ်ရှင်ပြသချိန် ၁၉၁ မိနစ် (ကားပိုင်း ၁၉ ပိုင်း) ပေပေါင်း ၁၉ဝဝဝ ကျော် ရှည်သည်။ သည် ဇာတ်ကားကို အိန္ဒိယတွင် ၁၉၈၂ ခုနှစ် နိုဝင်ဘာ ၃ဝရက် ၊ဗြိတိန်တွင် ဒီဇင် ဘာ ၃ ရက်တို့၌ ပြသခဲ့ပြီး ဒေါ်လာ ၅၂သန်း ကျော် ရခဲ့သည်။ အကယ်ဒမီဆု ရှစ်ဆု ဆွတ်ခူး နိုင်ခဲ့သည်။ မူရင်း ဘာသာစကားမှာ ဟင်ဒီဘာသာ ဖြစ်သော်လည်း ကမ္ဘာ့နိုင်ငံ အသီးသီးက ဘာသာစကား စာတန်းများ ထိုး ကာ ပြသခဲ့ကြသည်။ ကမ္ဘာ့ ရုပ်ရှင် သမိုင်းတွင် လူအများဆုံး ပါဝင်ရိုက်ကူးသော ဇာတ်ကား အဖြစ် မှတ်တမ်းဝင် ခဲ့သည်။ ဂန္ဒီကြီး၏ အသုဘ ပို့ဆောင်သည့် အခမ်း အနားပြကွက်တွင် လိုက်ပါ ပို့ဆောင်သူများမှာ တကယ့် လူအစစ်များဖြင့် ရိုက်ကူးခဲ့သည်။ ကွန်ပျူတာ အထူး ပြုလုပ်ချက်ဖြင့် မရိုက်ဘဲ လူနှစ်သိန်း ကျော်မျှ အသုံးပြု ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ဆိုရလျှင် ဗိုလ်ချုပ်တို့၏ ဈာပန အခမ်းအနားသည်လည်း လိုက်ပါပို့ ဆောင်သူများ မှာ ဂန္ဒီကြီး၏ အသုဘလိုပင် လိုက်ပါ ပို့ဆောင်သူ များပြားလှသည်ကို သမိုင်း မှတ်တမ်းတင် ဓာတ်ပုံများတွင် တွေ့ရမည် ဖြစ်ပါသည်။ လီနင်၊ဂန္ဒီနှင့် ဗိုလ်ချုပ်အောင်ဆန်း ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ၄င်းတို့၏ ခေါင်းဆောင်ကြီးများ အတ္ထုပ္ပတ္တိကို ရုပ်ရှင် ရိုက်ကူး၍ တခမ်းတနား ပြသခဲ့ကြသည် ။ မြန်မာ နိုင်ငံတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်၍ ရုပ်ရှင်ကား တစ်ကားမှ မရှိသေးပါ။ မှတ်တမ်း ရုပ်ရှင် အဖြစ် ရိုက်ကူးခဲ့သော သတင်းကား များသာ ရှိခဲ့ဖူးသည်။ ၁၉၄၅ ခုနှစ် နိုဝင်ဘာ လ၁၈ရက်နေ့ တွင် ရွှေတိဂုံ စေတီတော် အလယ်ပစ္စယာ ၌ ဖဆပလ ဦးဆောင်၍ ဘုရင်ခံ ၏ လုပ်ရပ်ကိုရှုတ်ချ ပြီး ဆင်းမလား စက္ကူဖြူ စီမံကိန်းကို လုံးဝ လက်မခံကြောင်း လူထု အစည်း အဝေးကြီး တစ်ခုကို ကျင်းပခဲ့သည်။ အစည်း အဝေး အခမ်းအနားကြီး ကို အေဝမ်းဖလင်နှင့် ဗြိတိသျှဘားမား ရုပ်ရှင် ကုမ္ပဏီ တို့က မှတ်တမ်းရုပ်ရှင် အဖြစ်ရိုက် ကူး ခဲ့ကြောင်း မှတ်တမ်း များတွင် တွေ့ရှိရသည်။ ဗိုလ်ချုပ်၏ဘဝ တစ်စိတ်တစ်ဒေသနှင့် အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဈာပန အခမ်းအနား မှတ်တမ်း ရုပ်ရှင်တွေ ရှိခဲ့ဖူးသည်။ ထို့အပြင် BBC မှ ထုတ်လွှင့်သော အစီအစဉ် တစ်ခုတွင် ဗိုလ်ချုပ်တို့ ကိုယ်စား လှယ်အဖွဲ့ ဗြိတိသျှ အစိုးရနှင့် လွတ်လပ်ရေး အတွက် အမှတ် (၁ဝ) ဒေါင်းနင်းလမ်း တွင် ဆွေးနွေးကြပုံ၊ နောက် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပုံ (သည်အခန်းက ဖန်တီး ရိုက်ကူးထားသော အပိုင်းဖြစ်သည်) တို့ကို ကြည့်ရဖူးသည်။ ကြည့်ရဦးမည့်ဗိုလ်ချုပ်ရုပ်ရှင် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် နေ့ က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း အစိုး ရ၏ မူဝါဒ ပြောင်းလဲမှုများ ထင်သာ မြင်သာ ရှိလာခဲ့သည့် အနက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ အတ္ထုပ္ပတ္တိ ရိုက်ကူးရန် ခွင့်ပြုလာ မှုသည်လည်း တစ်ခုအပါ အဝင်ဖြစ်သည်။ ယခင် အစိုးရ လက်ထက်က ဗိုလ်ချုပ်ပုံပင် မီဒီယာများ၊ သတင်းစာမျက်နှာ များတွင် သုံးခွင့်မရခဲ့။ ယခုခွင့်ပြုပြီ။ ဒေါ်အောင်ဆန်းစုကြည်သာ အကူအညီ လိုအပ်ပါက ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ရိုက်ကူးရာတွင် အကူအညီ ပေးနိုင်ပါကြောင်း တာဝန်ရှိသူများက ဆိုလာသည် အထိ ဗိုလ်ချုပ် ရုပ်ရှင်ကား ရိုက်ကူးရန် အခြေအနေ က ပေးလာနေ ပြီဖြစ်သည်။ နိုင်ငံသား တစ်ဦး၊ ဗိုလ်ချုပ်အား ကြည်ညိုသူ တစ်ဦးအနေဖြင့် ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးမည် ဆိုသောအခါ အတိုင်းမသိ ဝမ်းမြောက်ရသည်။ ရုပ်ရှင် ရိုက်ကူး ရမည့် အချိန်က အနည်းငယ် တိုတောင်းသည်ဟု တော့ ထင်မိသည်။ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ် အနှစ်တစ်ရာပြည့် အမီ ရိုက်ကူး ထုတ်လုပ်ရမည်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ပါ။ ဖြစ်နိုင်လျှင် ဗိုလ်ချုပ်နှင့် ပတ်သက် ခဲ့သူတွေ၊ ဗိုလ်ချုပ် ခရီးစဉ်များတွင် ဗိုလ်ချုပ် နှင့် ထိတွေ့ဆက်ဆံခွင့် ရသူတွေ တွေ့ဆုံ မေးမြန်း တာ၊ အမှတ်တရ နေရာ များကို သွားရောက် လေ့လာတာတွေ လုပ်မည် ဆိုလျှင် အချိန်ယူ ရမည်ဖြစ်သည်။ ဖြစ်နိုင်လျှင် အကယ်ဒမီ ရှစ်ဆုရ ကမ္ဘာကျော် 'ဂန္ဒီ' ဇာတ်ကားလို ရုပ်ရှင် ကားကြီး တစ်ကား ဖြစ်လာစေချင်သည်။ မြန်မာ တစ်နိုင်ငံလုံးက ဗိုလ်ချုပ်နှင့် ပတ်သက်သော အထောက်အထား များကို ရှာဖွေ စုဆောင်း၍ ကမ္ဘာ့အဆင့်မီ ရုပ်ရှင်ကားကြီး တစ်ကား ဖြစ်လာအောင် တခမ်းတနား ရိုက်ကူးစေချင် ပါသည်။ ဖြစ်နိုင်လျှင် ဗိုလ်ချုပ် ရောက်ခဲ့သော ပြည်ပနိုင်ငံများ ဖြစ်သည့် တရုတ် (အမွိုင်)၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဗြိတိန် အထိသွား၍ ရိုက်ကူးရမည် ဖြစ်ရာ လုပ်ငန်း ပမာဏက အတိုင်းအဆ က ကြီးမား လွန်းလှသည်။ ဖြစ်နိုင်လျှင် လန်ဒန်မြို့၊ အမှတ် (၁ဝ) ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ် အိမ်အထိ သွား၍ ရိုက်ကူးစေချင်သည်။ မြန်မာနိုင်ငံသား အားလုံးကလည်း ဗိုလ်ချုပ် ဟေ့ဆိုလျှင် ဝိုင်းဝန်း ကူညီရန် အသင့်ရှိနေကြ မည်မှာ အသေအချာပင် ဖြစ်ပါသည်။ကျွန်တော်တို့ မြန်မာ ပြည်သူများ မျှော် လင့် တောင့်တနေသော ဗိုလ်ချုပ် အတ္ထု ပ္ပတ္တိ ရုပ်ရှင် ကားကြီးကို စောင့်မျှော်ကြပါဦးစို့ . .။ ။ သိန်းအေး (ပေါ်ပြူလာဂျာနယ်) ရည်ညွှန်း - (၁) Wikipedia (Internet) (၂) ခေါင်းဆောင်ကြီးများကို ရုပ်ရှင်ဖြင့် ဂုဏ်ပြုခြင်း (ရွှေမန်းတံစဉ်) (၁၉-၇-၇ဝ)နေ့ထုတ် ပြည်သူ့ကြယ် ဂျာနယ် (၃) မြန်မာ့ရုပ်ရှင် သမိုင်းစဉ်၊ ငွေရတုကာလ (၁၉၂ဝ-၁၉၄၅) (၄) Gandhi ရုပ်ရှင်ဇာတ်ကား (၅) အောင်ဆန်းဇာနည် (သိန်းအေး) (၆) ခေါင်းဆောင်ကောင်း (ထက်မြက်) PopularNews (2-2-2012) (၇) ဦးထွန်းဖေ(ထွန်းနေ့စဉ်) ဆောင်းပါးပေါင်းချုပ် (၈) ကိုယ်ပိုင်မှတ်စုများ | ||||||
| ၂၀၁၀ ရွေးကောက်ပွဲထက် ကြားဖြတ်ရွေးကောက်ပွဲကို လူထု စိတ်ဝင်စားမှုများလာ Posted: 21 Feb 2012 03:26 AM PST ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၂ (YPI) လာမည့်ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၀ ရွေးကောက်ပွဲထက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပိုမိုစိတ်ဝင်စားလျက်ရှိကြောင်း မဲဆွယ်စည်းရုံးရေး ဆင်းလျက်ရှိသော နိုင်ငံရေးပါတီများမှ ပြောရေးဆိုခွင့်ရှိသူတို့က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်လာခြင်း၊ ပြည်သူများအနေဖြင့် နိုင်ငံရေးနှင့် ပိုမိုယဉ်ပါးလာခြင်းစသော အကြောင်းများကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူများပိုမိုစိတ်ဝင်စားလာခြင်းဖြစ်ကြောင်း နိုင်ငံရေးသမားများက သုံးသပ်ပြောကြားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဝင်းနိုင်က " ဒေါ်အောင်ဆန်းစုကြည်လို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်အနေနဲ့ တတိုင်းပြည်လုံးမှာ လှည့်လည်ပြီး ဟောပြောတာဟာ ပြည်သူတွေကို ပိုမိုစိတ်ဝင်စားစေတဲ့အချက်ပါ။ အဲဒါကြောင့်လည်း ပြည်သူတွေအနေနဲ့ အကြောက်တရား လျော့ပါးလာပြီး နိုင်ငံရေးနဲ့ယဉ်ပါးလာတယ်" ဟု ပြောကြားသည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းကလည်း ပြည်သူများအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲအား ယခုကဲ့သို့ စိတ်ဝင်စားလာကြခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာ၍ဖြစ်ကြောင်း၊ ထိုသို့ ရွေးကောက်ပွဲအပေါ်ပြည်သူများ စိတ်ဝင်စားလာခြင်းကြောင့် နိုင်ငံရေးပါတီများမဲဆွယ်စည်းရုံးရေးပြုလုပ်ရာတွင် ပိုမိုလွယ်ကူလာပြီး ပြည်သူများဘက်မှလည်း သိလိုသည်များကို ယခင်ကနှင့်မတူ ရဲဝံ့စွာ မေးမြန်းလာကြကြောင်း ၀ိုင်ပီအိုင်သို့ပြောကြားသည်။ ၎င်းက " ခုဒေါ်အောင်ဆန်းစုကြည်ပါလာပြီဆိုတော့ ပြည်သူတွေက သူ့ကိုအထင်ကြီးတယ်။ သူကပြည်သူတွေကို လွှမ်းမိုးနိုင်တယ်။ သူပြောတာတွေ လုပ်နေတာတွေကိုကြည့်ပြီး ပြည်သူတွေကပါ ရဲဝံ့လာကြတယ်။ " ဟု ပြောကြားသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၏ ဘဏ္ဍာရေးမှူးဖြစ်သည့် ဦးစောသန်းမြင့်ကလည်း ပြည်သူများအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲအား တရားမျှတမှုရှိမရှိစိတ်ဝင်စားလျက်ရှိပြီး၊ ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ မသမာမှုများ ထပ်မံဖြစ်ပေါ်ခြင်း ရှိမရှိကိုပါစောင့်ကြည့်လျက်ရှိကြောင်း ပြောကြားသည်။ " ၂၀၁၀ တုန်းကပြည်သူတွေဘယ်လိုပဲ မဲပေးမဲပေး နောက်ဆုံး လုပ်ချင်ရာလုပ်သွားတယ်။ စနစ်လည်းပြောင်းပြီပြောနေတယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌလည်းပြောင်းသွားပါလျက်နဲ့ ၂၀၁၀ တုန်းကလိုထပ်ဖြစ်လာမလားဆိုတာကို စိတ်ဝင်စားနေကြတယ်။" ဟု ဦးစောသန်းမြင့်ကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်လှည်းကူးမြို့ လူထုပရိသတ်အား လက်ပြနှုတ်ဆက်နေစဉ်။ယမန်နှစ် နှစ်လည်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးခဲ့အပြီးတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်ခဲ့သည်။ ထို့နောက်တွင် ၂၀၁၀ ရွေးကောက်ပွဲကာလက ပါတီမှတ်ပုံတင်ခြင်းမပြုဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှာ တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ။ | ||||||
| ဇောတိကဓါတ်ငွေ့ပိုက်လိုင်းလုပ်သားများအရေး တိုင်းဝန်ကြီးချုပ်ထံ တိုင်ကြား Posted: 21 Feb 2012 03:26 AM PST ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၂ (YPI) ထားဝယ်ခရိုင်အတွင်းရှိ ဇောတိက ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း လုပ်သားများက ၎င်းတို့တောင်းဆိုမှုများကို ကုမ္ပဏီဘက်မှ ဖြေရှင်းပေးခြင်းမရှိသေးသဖြင့် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ ယခုလ ၂၀ ရက်က တိုင်ကြားထားကြောင်း အလုပ်သမားခေါင်းဆောင်များက ပြောသည်။ " တောင်းဆိုခဲ့တာနဲ့ ပတ်သတ်ပြီး ဘယ်သူမှ လာဖြေရှင်းပေးတာမျိုးမရှိသေးဘူး။ အခုက ဆန္ဒပြရာမှာ ပါတဲ့သူတွေကို အလုပ်မပေးဘဲ သီးခြားဖယ်ထားပြီး အလုပ်မဆင်းခိုင်းဘဲထားတယ်" ဟု အလုပ်သမားခေါင်းဆောင်တစ်ဦးက YPI သို့ပြောသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လိပ်မူထားသော တိုင်ကြားစာတွင် အလုပ်သမားများ၏ အခက်အခဲများ၊ ကုမ္ပဏီထံတောင်းဆိုထားသော လစာတိုးမြှင့်ရေး၊ အခြားအလုပ်သမားအခွင့်အရေးများ ဖြည့်ဆည်းပေးရေးနှင့် ဒေသခံအလုပ်သမားများအား ကြီးကြပ်သူတို့က ရိုင်းပြသော အပြုအမူများဖြင့် မခိုင်းစေရန်တို့ပါဝင်ပြီး မိတ္တူကို ILO၊ လူမှုရေး အသင်းအဖွဲ့များ နှင့် နိုင်ငံရေးပါတီများသို့ ပေးထားကြောင်း အလုပ်သမားများက ဆိုသည်။ ယခုလအစောပိုင်းက ခြောက်ရက်ကြာ ဆန္ဒပြမှုအပြီးတွင် ယခင်ခင်လ တစ်ဝက်စာလုပ်အားခအတွက် တစ်ရက် လေးထောင်ကျပ်မှ ငါးထောင်ကျပ်သို့ တို့မြှင့်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ်ငါးထောင် မပေးနိုင်ဟု ကုမ္ပဏီမှပြောကြောင်း၊ အခြားခံစားခွင့်များဖြစ်သည့် အန္တရာယ်ကင်းဝတ်စုံများ၊ သောက်ရေ၊ ကြိုပို့ကားနှင့် နားနေချိန်များအတွက် အဆင်ပြေအောင် စီစဉ်ပေးမှုမရှိသေးသည့် အပြင် ဆန္ဒပြခေါင်းဆောင် အလုပ်သမားများအား သီးခြားခွဲကာ အလုပ်မပေးခြင်းမျိုးဖြင့် တုံ့ပြန်ခဲ့ကြောင်း အလုပ်သမား ခေါင်းဆောင်တစ်ဦးက ပြောသည်။ ယခုလ ၁၆ ရက်က Asia Guiding Star Co.Ltd တာဝန်ခံက ၎င်းသြဇာရှိသော အလုပ်သမားတစ်စုကို ရေဖြူမြို့နယ်သို့ခေါ်သွားပြီး ပြဿနာမှာပြေလည်သွားပြီဖြစ်ကြောင်းနှင့် နောက်ထပ်ဆန္ဒမပြရန် ၀န်ခံကတိ လက်မှတ်ထိုးခိုင်းခဲ့သည်ဟု ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် အလုပ်သမားတစ်ဦးကပြောသည်။ ဇောတိက ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း လုပ်ငန်းခွင်တစ်နေရာကန်ဘောက်ဒေသခံ အလုပ်သမားရေးရာ လေ့လာသူတစ်ဦးက " ကန်ဘောက်ဒေသမှာရှိတဲ့ အခြားပိုက်လိုင်းကုမ္ပဏီနှစ်ခုက လုပ်သားတွေနဲ့ယှဉ်ရင် အလုပ်သဘာချင်းတူပေမယ့် (ဇောတိကစီမံကိန်း အလုပ်သမားတွေ) လစာက တစ်ဝက်လောက်ပဲရတယ်။ ပြီးတော့ ဒီကုမ္ပဏီ(Asia Guiding Star) က အလုပ်သမားတွေက ၀တ်စုံ၊ ဖိနပ် မရဘူး။ နားချိန်တောင်လုံလောက်အောင်မရဘူး" ဟု သုံးသပ်သည်။ ထိုင်းအခြေစိုက် အင်အားကြီးစွမ်အင်ကုမ္ပဏီဖြစ်သော PTTEP နှင့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော ဇောတိက ပိုက်လိုင်း၏ ကုန်းတွင်းပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းအား China Petroleum Pipeline Bureau(CPPB) မှ ပင်မကန်ထရိုက်အဖြစ်ဆောင်ရွက်နေသည်။ အလုပ်သမားကိစ္စများအတွက် Asia Guiding Star Co.Ltd နှင့် United Engineering Co.Ltd တို့မှ တစ်ဆင့်ခံကန်ထရိုက်ရရှိထားပြီး ယခုဆန္ဒပြတောင်းဆိုမှုမှာ Asia Guiding Star Co.Ltd နှင့် အလုပ်သမားများကြား ဖြစ်ပွားနေခြင်းဖြစ်သည်။ အစိုးရသစ်လက်ထက်တွင် အလုပ်သမားအခွင့်အရေးတောင်းဆိုမှုများ ယခင်ကထက်အားကောင်းလာပြီး ယခုလအတွင်း လှိုင်သာယာစက်မှုဇုန်ရှိ တိုင်ယီစက်ရုံလုပ်သားများကလည်း အခြေခံလစာနှင့် အလုပ်သမားအခွင့်အရေးများအတွက် ဆန္ဒြ့ပတောင်းဆိုနေကြသည်။ ။ | ||||||
| ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဒေါင်ဒေါင်မြည်ဟု မိသားစု ဆရာဝန်ကပြော Posted: 21 Feb 2012 04:16 AM PST ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၂ (YPI) ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလောကျန်းမာရေးမှာ ဒေါင်ဒေါင်မြည် လျှက်ရှိကြောင်း ၎င်း၏ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း (ခွဲစိတ်အထူးကု) က မီဒီယာအချို့နှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လ က အာရှတော်ဝင် ဆေးရုံတွင် တကြိမ်၊ oိတိုရိယဆေးရုံတွင် တကြိမ် နှစ်ကြိမ်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဆရာဝန်များပင် အံ့သြဖွယ်ကောင်းလောက်အောင် ရလဒ်များကောင်းကြောင်း ၎င်းကပြောသည်။ " အမအခုအသက် ၆၇ နှစ်ရှိနေပြီး၊ ဒါပေမဲ့ ရိုးရိုးသာမာန်လူအသက် ၆၇ နှစ် ထက်ပိုကျန်းမာတယ် ၊ စစ်ဆေးထားတဲ့ အဖြေတွေကို ကြည့်ပြီး ဆရာတွေတောင် အံ့သြတယ် " ဟုဒေါက်တာ တင်မျိုးဝင်းက ပြောသည်။ ပြုလုပ်ခဲ့သောကျန်းမာရေးစစ်ဆေးမှုတွေဟာ နှလုံး၊ အဆုပ်၊အသည်း၊ကျောက်ကပ် ၊အစာအိမ်၊ကြွက်သား၊ အာရုံကြော ၊အရိုး သိပ်သည်းဆ စသည်တို့ကို စစ်ဆေးခဲ့ရာ အားလုံးအခြေအနေကောင်းသည်ဟု လည်း၎င်းကပြောသည်။ "အမျိုးသမီးတွေကအသက်ကြီးလာရင် အရိုးပွတာ ၊ အရိုးပါးတာတွေဖြစ်တတ်တယ်လေ၊ သူကလည်းခရီး ခဏခဏသွားရတယ်ဆိုတော့ ဒါကိုအထူးသတိထားစစ်ဆေးပါတယ် ၊ဒါပေမဲ့ အဲဒါနဲ့ပတ်သတ်ပြီးတော့လည်း အရမ်း အခြေအနေကောင်းတယ်၊ အကောင်းဆုံး အခြေအနေမှာရှိတယ်လို့ တောင်ပြောလို့ရတယ်၊ စိုးရိမ်စရာမလိုဘူး"ဟု ၎င်းကဆက်ပြောသည်။ ပြီးခဲ့သည့် နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးစဉ်တွင် ခလုပ်တိုက်မိသည်များ ၊ သြဂုတ်လ သမ္မတနှင့်တွေ့ ဆုံသည့် နေပြည်တော်ခရီးစဉ်သွားစဉ် ကားမူး သည်များ ဖြစ်ခဲ့သော်လည်း ၎င်းတို့မှာ ကျန်းမာရေးအခြေအနေကြောင့် မဟုတ်ဘဲသာမာန်ဖြစ်လေ့ ဖြစ်ထရှိသည့် ပြသာနာများပင်ဖြစ်သည်ဟု မိသားစု ဆရာဝန်ကရှင်းပြသည်။ ၂၀၀၃ ခုနှစ် နေအိမ်အကျုယ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရစဉ် အာရှတော်ဝင်အထူးကုဆေးခန်းတွင် ခွဲစိတ်မှု တခုခံယူခဲ့ရာ ယခုအခါ အဆိုပါ ခွဲစိတ်မှု နောက်ဆက်တွဲအခြေအနေပါ ကောင်းမွန်လျက်ရှိသည်ဟုဆိုသည်။ သူမသည် နေ့စဉ် တရားထိုင်လျက်ရှိပြီး ခြေလေးချောင်းသားများကိုရှောင်ပြီး ပင်လယ်စာကြိုက်သည်ဟု ဆိုသည်။ အစားအနည်းငယ်သာ စားသောကြောင့် အဟာရမျှတအောင် စီစဉ်ပေးရကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်အလေးချိန်မှာ ၁၀၆ ပေါင်ရှိသည်ဟု လည်းပြောဆိုသည်။ စိတ်ဖိစီးမှုတွေကိုကောင်းမွန်စွာကျော်လွှာနိုင်ပြီးတခါတရံတွင် ဆေးကြောင့်ဖြစ်စေ ၊ အစားအသောက်ကြောင့်ဖြစ်စေ ၊အခြားအခြေအနေကြောင့်ဖြစ်စေ ဓာတ်မတည့်သည့် ပြဿနာ အနည်းငယ် ရှိကြောင်းလည်း ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။ ယခင် နေအိမ်အကျယ်ချုပ် ကျစဉ်ကလည်းပင်း အရိုးကျီးပေါင်းတက်သည့် ရောဂါကြောင့် နေ့စဉ်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သော်လည်း ယခုအခါ သူမလုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များ ပိုမိုများပြားလာသောကြောင့် လေ့ကျင့်ခန်းပုံမှန် မပြုလုပ်နိုင်တော့ ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး စောင့်ရှောက်ကုသပေးနေသူ ဒေါက်တာ တင်မျိုးဝင်းနှင့် ဒေါက်တာ ပြုံးအိမွန် ယခုထက်တိုင်ထိ နုပျိုလှပနေသည့် လျို့ဝှက်ချက်မှာ ထွေထွေထူးထူးမရှိဘဲသူမရဲ့ အကောင်းမြင်စိတ်ထားများကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည့် ဒေါက်တာ ပြုံးအိမွန်ကပြောသည်။ အသားအရည် ထိန်းသိမ်းခြင်းနှင့် ပတ်သတ်ပြီး အလှပြင်ဆိုင်သို့သွား၍ အထူးတလည်ထိန်းသိမ်း ပြုလုပ်ခြင်းမရှိဘဲ သာမာန်မိန်းကလေးများ ပြုလုပ်သည့် အသားအရည်ထိန်းသိမ်းသည့် နည်းလမ်းများသာ အသုံးပြုသည်ဟုဆိုသည်။ သောမတ်စ်အိုဟေး ကွင်တားနား နှင့်တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည် | ||||||
| မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်ရန် သဘောတူ Posted: 21 Feb 2012 03:11 AM PST မွန်ပြည်သစ်ပါတီက ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးအပါအ၀င် ပဏာမ သဘောတူညီချက် ၅ ချက်ကို အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကနေ အတည်ပြုလိုက်ပြီလို့ ပါတီဗဟိုကော်မတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့ လာမယ့် ၂၅ ရက် နေ့ကို ဆွေးနွေးမယ့် ရက်အဖြစ် သတ်မှတ်လိုက်ပြီး စေလွှတ်မယ့် ကိုယ်စားလှယ်အဖွဲ့ကို ရွေးချယ်လိုက်တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီတချို့နဲ့ မေးမြန်းထားတဲ့ ဒီဗွီဘီ မွန်သတင်း အစီအစဉ်တာဝန်ခံ ကိုဗညားအောင်က ပြောပါတယ်။ "ပြီးခဲ့တဲ့ ပဏာမ သဘောတူညီချက်တွေကို မွန်ပြည်သစ်ပါတီက အဲဒါကို ဒီမှာ အတည်ပြုလိုက်ပြီ။ လက်ခံပြီးတော့ သူတို့ ဒီမြန်မာအစိုးရနဲ့ အဆက်အသွယ် ပြန်လုပ်တယ်။ ၂၅ ရက်နေ့လောက်မှာ ပြန်တွေ့ကြဦးမယ်လို့ ပြောတယ်။ ပြည်ထောင်စု အဆင့်နဲ့ကို ဆက်ဆွေးနွေးမယ်။" မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ၁၈ ရက်နေ့က စတင် ကျင်းပခဲ့တာဖြစ်ပြီး ဒီကနေ့ အဆုံးသတ်မှာ ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ကြား ဖေဖော်ဝါရီ ၁ ရက်နေ့ မော်လမြိုင်မြို့ တွေ့ဆုံရာမှာ အပစ်အခတ် ရပ်စဲရေး အပါအ၀င် အချက် ၅ချက်ကို ပဏာမ သဘောတူညီချက် ရခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်ကို အခုကျင်းပတဲ့ ဗဟိုကော်မတီ အထူးအစည်းအဝေးမှာ အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ်။ ပဏာမသ ဘောတူတာကတော့ နှစ်ဖက် အပစ်အခတ် ရပ်စဲဖို့ရယ်၊ ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့အတွက် ကိုယ်စားလှယ် အမည်စာရင်း၊ ရက်၊ နေရာ ညှိနှိုင်းဖို့ရယ်၊ ဆက်ဆံရေးရုံးတွေထားဖို့ရယ်၊ သတ်မှတ်တဲ့ နေရာပဲ လက်နက်နဲ့သွားဖို့ဖြစ်ပြီး ကန့်သတ်နယ်မြေမှာ လက်နက်နဲ့မသွားရဘူး ဆိုတာရယ်၊ နှစ်ဖက် သဘောတူညီလို့ရတဲ့ နယ်မြေအပိုင်းအခြားတွေမှာ နေထိုင်ဖို့ စတဲ့အချက်တွေ ဆောင်ရွက်ဖို့ကို သဘောတူညီခဲ့ကြတာပါ။ ၂၀၁၀ ခုနှစ် စက်တင်ဘာမှာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးတဲ့နောက် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံမှာ တွေ့ဆုံပြီး နောက်ဆက်တွဲ ရလဒ်တွေ ဖြစ်ပါတယ်။ စစ်အစိုးရ မဖျက်ခင် ပျက်ပြယ်ခဲ့ရတဲ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အစိုးရသစ် လက်ထက်မှာ ပြန်အကောင်အထည် ဖော်နေပြီး အစိုးရက ထာဝရငြိမ်းချမ်းရေးလို့ ကြွေးကြော်နေပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်ထားတဲ့ အဖွဲ့တွေအနက် ဒီကေဘီအေ၊ ရှမ်းတပ်တွေနဲ့ လတ်တလော တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ မွန်ပြည်သစ်ပါတီက အပစ်အခတ်ရပ်စဲရေး ရရှိသွားပြီဆိုရင် အင်အားကြီးမားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တခုသာ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးဘဲ ကျန်ရှိနေမယ့် သဘောဖြစ်ပါတယ်။ ဒီလ ၁၅ ရက်နေ့မှာ မီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို သုံးလအတွင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြီးစီးမယ်လို့ ခန့်မှန်းဖြေဆိုထားပြီး လာမယ့် မတ်လ ၁ ရက်နေ့မှာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်၊ လာမယ့် လပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မယ်လို့ ဖြေခဲ့ပါတယ်။ တိုင်းရင်းသား ၁၂ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဟာ တဖွဲ့ချင်း မဆွေးနွေးဘူးလို့ မူချထားပေမယ့် လိုက်ပါလုပ်ဆောင်နိုင်ခြင်းမရှိဘဲ တဖွဲ့ချင်း အစိုးရနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ဒီဗွီဘီ | ||||||
| ကွန်တိန်နာကား တိုက်မိသဖြင့် အမျိုးသမီးတဦးသေဆုံး Posted: 21 Feb 2012 02:36 AM PST အဆိုပါယာဉ်တိုက်မှုတွင် ကွန်တိန်နာ ယာဉ်မှအရှိန်လွန် မောင်းနှင်မှုကြောင့်ခရီးသည်ယာဉ် တစ်စီး၊အငှားယာဉ်တစ်ဦး၊ကိုယ်ပိုင် ယာဉ်သုံးစီး တို့ကို ဆင့်ကဲတိုက်မှု ဖြစ်ပွားသီရိမင်္ဂလာဈေးသစ်သို့ဈေး ကြိုလာသည့်အသက်(၅၀)အရွယ် ရှိအမျိုးသမီးတစ်ဦးခါးထက်ပိုင်း ပြတ်ကာ ပွဲချင်း ပြီးသေဆုံးခဲ့ပြီးအ မျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းမ် | ||||||
| Posted: 21 Feb 2012 02:24 AM PST နိဒါန်း ဒီမိုကရေစီအသွင် ကူးပြောင်းရေး မှန်သမျှတို့တွင် Power Center အဟောင်း နှင့်အသစ်၊ အတွင်းနှင့်အပြင်၊ အသစ်အချင်းချင်း၊ အဟောင်းအချင်းချင်း စသည်တို့အကြား ပွတ်တိုက်မှုများ မလွဲမသွေတွေ့ကြုံ ရလေ့ရှိသောကြောင့် Stakeholder တို့၏ တွေးခေါ်မြော်မြင်နိုင်စွမ်းက အဓိကကျနေသည်။ ပန်းတိုင် တူသော်လည်း နည်းလမ်းမတူမှုကို နည်းလမ်းမတူမှုဟူ၍ သဘောမထားနိုင်ဘဲ နည်းလမ်းမှသည် ပါဝါပြိုင်ဆိုင်မှုအသွင်အပြင်သို့ ကူးပြောင်းရောက်ရှိသွားတတ် သလို ယင်းတို့ကူးပြောင်းရောက်ရှိသွားပြီး အားပြိုင်မှုပြင်း ထန်လာလျှင် သမိုင်းကြောင်းကကြုံတွေ့ခဲ့ရသော နိုင်ငံ တည်ဆောက်ရေးသစ်ပင်သည် အညွန့်လည်းကျိုး၊ ပင်စည် လည်းကိုင်းသည့်အခြေအနေသို့ ဆိုက်ရောက် သွားတတ် သည်။ မြန်မာ့သမိုင်းသည် တစ်ပတ်ပြန်လည်တတ်သည်ဟူ သော သစ္စာတရား သဖွယ်မှန်ကန်နေသော ဆိုရိုးအဟောင်း တို့ အိပ်ပျော်ရာမှနိုးထလာခြင်းသည် သန်း၆ဝသော ပြည်သူ များ၏ အနာဂတ်၊ မနက်ဖြန်နှင့် တိုက်ရိုက် ပတ်သက်ဆက် နွယ်လာနိုင်သည်။ ပါဝါအရွေ့၊ အလျင်နှင့် ပွတ်တိုက်မှုပါဝါတို့ဟူသည် မည်သို့သောအခြေအနေမျိုးတွင်မဆို အထိုင်ပြောင်းလဲ သွားသည့်အချိန်၌ ကနဦးဖြစ်ပေါ်တတ်သောဟန်ချက်ပျက်မှုကို ထိန်းသိမ်းနိုင်ရန် အရေးကြီးသည်။ မြန်မာ့နိုင်ငံရေး၏ဆုံချက်သည် ယင်းပါဝါတို့ အထိုင်ကျ မကျ၊ ဟန်ချက်ထိန်းနိုင် မထိန်းနိုင်ဟူသော Capacity အပေါ်တွင် မူတည်နေသဖြင့် The Art Of Capacity အမှန်ပင်ဖြစ်နေသည်။ ပါဝါခွဲဝေမှုများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခြားဥပဒေတို့အပြင် လူမှုပဋိညာဉ် Social Contract အားဖြင့် လည်းပိုင်းခြား ထားလေ့ရှိသောကြောင့် ယင်းလူမှုပဋိညာဉ်ကို သတိလက်လွတ် ခြင်းကြောင့် လူမှုအဖွဲ့အစည်းကြီးတစ်ခုလုံးသို့ အန္တရာယ်ဆိုက်ရောက်စေနိုင် သည်အထိ စိုးရိမ်ပူပန်ဖွယ်ရာ ကောင်းနေသည်။ ပါဝါစင်တာများအပြောင်းအလဲ တွင်ဖြစ်ပေါ်တတ် သောပါဝါနယ်နိမိတ် မပြတ်သားမှုများ သည်လည်း ရံဖန်ရံခါ တွင် ပါဝါချင်းပွတ်တိုက်မှုကိုဖြစ်ပေါ်လာတတ်ပြီး ပွတ်တိုက်ဖန်များလာသည့် အခါတွင် မီးတောက်များကို ဖြစ်ပေါ်စေသည့်အခြေအနေကို ဖန်တီးလာပေသည်။ပါဝါစင်တာတို့၏ ဗဟိုချက်သည် နံဘေးရှိ ပါဝါအထောက်အကူတို့၏ လှုံ့ဆော်မှုများသည်လည်း ပါဝါဗဟိုချက်အပေါ် သက်ရောက်မှုများရှိတတ်သဖြင့် တစ်ခါတစ်ရံတွင် ပါဝါဗဟိုချက်ကိုယ်တိုင်ပင်လျှင် သက်ရောက်မှုများကို သတိ မမူဘဲဖြစ်သွားသည်။ မိမိပါဝါ၏စည်းကို မိမိဘာသာထင်ရှားလာအောင်ရေးဆွဲ ပြီး မိမိနယ်ပယ်တွင် ခိုင်မာအားကောင်းအောင် တည်ဆောက်ရမည့်အစား အခြားပါဝါတို့၏ ပြစ်ချက်၊ အားနည်းချက်တို့ကို မျက်နှာမူလာသောအခါ အသွင် ကူးပြောင်းစ ပါဝါအချင်းချင်းဆက်ဆံရေးတွင် အန္တတရာယ်အကြီးမားဆုံးသော Trust Deficit ကိုဦးတည်လာတော့သည်။ ပါဝါအချင်းချင်းဆက်ဆံရေးဟုဆို ရာတွင် ပါဝါဟောင်း သော်လည်း ဩဇာလွှမ်းမိုးနိုင်နေဆဲ အ နေအထားများကို လည်း ချင့်တွက်ရန်လိုအပ်သလို ပါဝါအသေးစားတို့၏စွမ်းရည်ကိုလည်း လျှော့ မတွက်ရန်လိုသည်။ အဓိကအချက်မှာ မိမိပါဝါကို မိမိဘာသာ စည်းပြတ်အောင် သုံးသပ်ပြီး မိမိပါဝါ၏လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ လွတ်မထွက်သွား ရန်ဖြစ် သည်။ထီးပြိုင်နန်းပြိုင် ပါဝါဂိမ်းတို့တွင် ပါဝါအချင်းချင်း ကိုယ်ကျိုး စီးပွားရှေ့တန်း တင်သည့်အစွဲဟောင်းများ မပြတ်သေးသည့်အခါ မိမိတို့၏လာရင်းကိစ္စများကို မေ့လျော့သွားတတ်သဖြင့် ပါဝါများ၏ အသက်သွေးကြောမှာ အခြားပါဝါများ အပေါ် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုရှိရေးဖြစ်နေသည်။ (ဤတွင် ပါဝါ အဟောင်းများအပေါ်တွင်လည်း ဤသဘောတရားထားရှိရန်လိုအပ်မည်)။ "ပန်းတိုင်တူသော်လည်း နည်းလမ်းမတူမှုကို နည်းလမ်းမတူမှုဟူ၍ သဘောမထားနိုင်ဘဲ နည်းလမ်းမှသည် ပါဝါပြိုင်ဆိုင် မှုအသွင်အပြင်သို့ ကူးပြောင်းရောက်ရှိ သွားတတ်သလို ယင်းတို့ကူးပြောင်းရောက်ရှိသွားပြီး အားပြိုင်မှု ပြင်းထန်လာလျှင် သမိုင်းကြောင်း ကကြုံတွေ့ခဲ့သော နိုင်ငံတည်ဆောက်ရေး သစ်ပင်သည် အညွှန့်လည်းကျိုး ပင်စည်လည်း ကိုင်းသည့် အခြေအနေသို့ ဆိုက်ရောက် သွားတတ်သည်။" သန်း ၆ဝ၏ မနက်ဖြန် အမှန်စင်စစ် ဖွဲ့စည်းပုံအခြေခံဥပဒေက အညီအမျှခွဲဝေထားသော ပါဝါ စည်းများကို မြင်အောင်ကြည့်၊ သိအောင်ဆင်ခြင်၊ သန်း၆ဝအတွက် အခက် ဖြစ်စေလျှင် မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှုသည် နိုင်ငံတကာကအောချ လောက်သောအောင်မြင်မှုကြီးကို ရရှိလာမည်မဟုတ်ပါ။ ပါဝါသည် စားတတ် သည်၊ စားတတ်အောင်လည်း သွေးထိုးမြှောက်ပင့်ပေးမှုများ ရှိတတ်သည်။ ချီးကျုးဟန်ပြင်၍ ချောက်တွန်း တတ်သည်များလည်းရှိသည်။ ဤသည်မှာ ပါဝါ စင်တာတို့ တွေ့ကြုံရမြဲဖြစ်သော သဘာဝတရားသာဖြစ်သည်။ သို့သော် ပါဝါ ဗဟိုချက်တို့ကိုယ်နှိုက်က လက်ကုန်နှိုက်၍ စည်းကျော်မိသောအခါ ပါဝါအဟောင်း များအပါအဝင် အချင်းချင်းပွတ်တိုက်မှုများ ဖန်တီးမိသောအခါ ပွတ်တိုက်မှု ညင်သာစေရန်သာ ဆုတောင်းရသည့်အခြေအနေအထိ ဆိုက်ရောက်သွား တတ်သောကြောင့် သန်း(၆၀)သောနိုင်ငံသားများ၏ မနက်ဖြန်သည် ယင်းသို့ အကဲဆတ်လှသည့် ချိန်ခွင်လျှာကို စိုးရိမ်မှုကြီးမားစွာ စောင့်ကြည့်နေ ရသည့်အနေ အထားကို ရှောင်ရှားရန်လိုမည်။ လက်ရှိအနေအထားတွင် မြန်မာ့ဒီမိုကရေစီရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးသည် သင်းသတ်ခံရမည့်ခြိမ်းခြောက်မှုများ ရစ်ဝဲလာ နိုင်သည့် အလားအလာများ မြင်တွေ့လာနိုင်သော အကြောင်းများ ကြောင့် သန်း၆ဝသော နိုင်ငံသားများ၏ မနက်ဖြန်အတွက် မိမိတို့ လာရင်းကိစ္စကို မမေ့မလျော့ နှလုံးသွင်းမျက်နှာမူကြပါမည့်အ ကြောင်း မေတ္တာရပ်ခံရခြင်းဖြစ်သည်။ အကျိုးစီးပွားများတိုက်ဆိုင် လာသောအချိန်တွင် လာရင်း ကိစ္စကိုမေ့လျော့ သွားကြရာ သန်း ၆ဝသော နိုင်ငံသားများအတွက် မနက်ဖြန်ဟူသောလာရင်းကိစ္စ သည် မှေးမှိန်ပျောက်ကွယ် သွားနိုင်သည်။ နိဂုံး မိမိတို့ဂိမ်းကို မိမိတို့အာရုံစိုက်ကြမှ မိမိတို့လာရင်းကိစ္စကို မိမိတို့အလေး ထားကြမှ သန်း၆ဝမှာ အသက်ရှူချောင်မည်ဟူ၍ သဘောရသော ကြောင့် လာရင်း ကိစ္စမမေ့ကြရန် သတိပေးနှိုးဆော်ရခြင်းဖြစ်သည်။ သန်း၆ဝသောပြည်သူများ မှာ နောက်ကြောင်းပြန်၍ အတိတ်ကို ပြန်လည် ပုံဖော်ခြင်းမပြုလိုသည်မှာ ခါးသီး ပြီး နာကြည်းဖွယ်ရာကောင်းသော အရိပ်ဆိုးများကြောင့်ဖြစ်သည်ကို သိရှိပါ လျှင် မိမိတို့လာရင်းကိစ္စကို မိမိတို့အာရုံပြုဆောင်ရွက်ခြင်းဖြင့် နိုင်ငံတည်ဆောက် ရေးတာဝန်ကျေပွန်လာပါလိမ့်မည်။ ပါဝါချင်း မပွတ်တိုက် မိအောင် ဆောင်ရွက် ရန်မှာ ခက်ခဲသည်မှန်သော်လည်း သန်း၆ဝအတွက် မနက်ဖြန်လှစေချင်လျှင် သတိဖြင့်ဆင်ခြင်နိုင်ပါလိမ့်မည်။ စလယ်ဝင် ဖင်မမည်းခင်က ကွဲတတ်သည်ဟူ သောဆိုရိုးစကားများသည် ရှေးလူကြီးများ အခြေအမြစ်မဲ့ထားရှိခဲ့ခြင်းမဟုတ် သလို သမိုင်း တစ်ကျော့ပြန်ခြင်း ၏ အန္တရာယ်သည် ယနေ့ ဒီမိုကရေစီ ဘယ် ခရီးရောက်မလဲဟူသောအဖြေကို အပြောင်းအလဲကြီးကြီးမားမားဖြစ်အောင် လုပ်နိုင်သည်။ ပေးထားချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေပြု၍ ပုစ္ဆာများ တွက်ချက်ကြသောအခါ ရလဒ်အမျိုးမျိုးဖြစ်တတ်သည်မှာ ပေးထားချက်ကို ကုန်စင်အောင်မကြည့်ခြင်း၊ ပေးထားချက်ကိုကျော်လွန်၍ တွက်ချက်ခြင်းတို့ ကြောင့်ဖြစ်သည်။ အသွင်ကူးပြောင်းရေးဖြစ်စဉ်များ၏ သဘောသဘောဝအ တိုင်း ပေးထားချက်များကို ကုန်စင်အောင် အသုံးပြု၍ တွက်ချက်ကြည့်ဖို့ လိုသည်။ ပေးထားချက် ကုန်စင်အောင် ထည့်သွင်းတွက်ချက်ပြီးသောအခါ ရရှိလာသော ရလဒ်ကို ထုတ်ပြန်ကြေညာခြင်း မပြုမီ သန်း၆ဝ၏ မနက်ဖြန်နှင့် ပြန်လည်တိုက် ဆိုင်စစ်ဆေးကြည့်ရန်သာဖြစ်ကြောင်း အနူးအညွတ် မေတ္တာရပ်ခံတင်ပြလိုက် ရ ပါသည်။ ထက်ခိုင် (ရန်ကုန်တိုင်းမ်) | ||||||
| ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဒေါင်ဒေါင်မြည်နေ Posted: 21 Feb 2012 02:04 AM PST | ||||||
| ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ ခွင့်ပြုရေး အထူး စဉ်းစားမည် Posted: 21 Feb 2012 01:56 AM PST ဧပြီ ကြားဖြတ် ရွေးကောက်ပွဲ အတွက် အာဆီယံမှ လေ့လာ စောင့်ကြည့်သူများကို ခွင့်ပြုရန် "အထူးအလေးပေး စဉ်းစား" မည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။ နေပြည်တော်တွင် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝမ်နှင့် ယမန်နေ့က တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က "အာဆီယံနဲ့ အာဆီယံအတွင်းရေးမှူးဆီက စောင့်ကြည့်လေ့လာသူတွေ လက်ခံဖို့ ကျနော်တို့ အထူးအလေးပေး စဉ်းစားနေပါတယ်" ဟု ပြောဆိုကြောင် အာဆီယံ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ ဒေါက်တာ ဆူရင် ပစ်ဆူဝမ်သည် ယမန့်မှစတင်၍ ၄ ရက်ကြာ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေခြင်း ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယမန်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး လွတ်လပ်စွာ မဲဆွယ်စည်းရုံးမှုများကို အာဏာပိုင်များက သန့်သတ်မှု များပြားသောကြောင့် လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲမည်ဟု ပြောဆိုခဲ့သည်။ သို့သော် ထိုသတင်းစာရှင်းလင်းပွဲအပြီး နာရီပိုင်းအကြာတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ခရီးစဉ် ဟောပြောပွဲအား လုံခြုံရေးအကြောင်းပြ ပိတ်ပင်ထားမှုကို ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ပေးလိုက်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၄ ရက်နေ့များတွင် ကချင်ပြည်နယ်သို့ သွားရောက်ပြီး မိုးကောင်းမြို့နယ်ရှိ နန့်တီးကျေးရွာ၌ ဟောပြောပွဲ ကျင်းပရန် စီစဉ်ထားသည်။ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲကာလတွင် ဒေသတွင်းနှင့် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများကို မြန်မာအာဏာပိုင်များက ဝင်ခွင့်မပြုခဲ့ပေ။ ရွေးချယ်ဖိတ်ကြားထားသော စာနယ်ဇင်းသမားများနှင့် သံတမန်တချို့ကို အာဏာပိုင်များက ၎င်းတို့ စီစဉ်သတ်မှတ်ထားသည့် မဲရုံများသို့ ခေါ်ဆောင်သွားပြီး ကော်မရှင်အဖွဲ့ဝင်များက မဲရေတွက်ပြခြင်းသာ ပြုလုပ်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် နအဖစစ်အစိုးရ ၀န်ကြီးများ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က လွှတ်တော်သုံးရပ်၏ မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ၈၈၂ နေရာ အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲတွင် ကြိုတင်မဲများနှင့် မဲသမာမှုများရှိနေကြောင်း မြန်မာအာဏာပိုင်အပေါ် နိုင်ငံတကာက ဝေဖန်ခဲ့ကြပြီး ကြံ့ဖွံ့ပါတီအပေါ် တခြား နိုင်ငံရေးပါတီများက တိုင်တန်းမှုများ၊ တရားစွဲဆိုမှုများလည်း ပေါ်ပေါက်ခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန် မက်ကိန်းက ဧပြီ ကြားဖြတ်ရွေးကောက်ပွဲသို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ၀င်ရောက်ခွင့်ပြုရန် သမ္မတ ဦးသိန်းစိန်အား တိုက်တွန်း ပြောကြားခဲ့သော်လည်း ဦးသိန်းစိန်က တစုံတရာ မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။ ဧရာဝတီ | ||||||
| အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ ခု မြန်မာနိုင်ငံတွင် ထပ်ဆောက်မည် Posted: 21 Feb 2012 01:53 AM PST မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ် ၂ ခု ထပ်မံတိုးချဲ့ဆောက်လုပ်ဖို့ အစီအစဉ်ရှိနေတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ![]() ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အနာဂတ်မှာ ဖြစ်ထွန်းလာမယ့် တိုင်းပြည်ရဲ့  ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ကိုက်ညီမှုရှိအောင် လေဆိပ်သစ်တွေ ထပ်ဆောက်ဖို့ စီစဉ်နေတာဖြစ်ပြီး လေဆိပ်သစ် ဆောက်လုပ်ရေးအတွက် ဂျပန်နဲ့  စင်ကာပူနိုင်ငံတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ထားတယ်လို့ သတင်းမှာ ရေးထားပါတယ်။ လေဆိပ်သစ် စီမံကိန်းတွေကတော့ ပဲခူးဒေသမှာ ဆောက်လုပ်မယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ တနင်္သာရီဒေသက ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ဆောက်လုပ်မယ့် ထားဝယ် အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းတွေ ဖြစ်ပါတယ်။ စီမံကိန်း ၂ ခုအနက် ထားဝယ်လေဆိပ်စီမံကိန်းကိုတော့ လက်ရှိ ရှိပြီးသား ပြည်တွင်းသုံး ထားဝယ်လေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် ၃ နှစ် အတွင်း အမေရိကန် ဒေါ်လာ (၄) သန်း ကုန်ကျခံပြီး အဆင့်မြှင့်တင်မှာလို့ လေကြောင်း ဦးစီးဌာနက တာဝန်ရှိသူတွေရဲ့ စကားကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ရန်ကုန်၊ မန္တလေးနဲ့  နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခု ရှိပြီး ပြည်တွင်းလေဆိပ် ၂၉ ခုနဲ့ စုစုပေါင်း လေဆိပ် ၃၂ ခု ရှိပါတယ်။ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းကိုတော့ ၂၀၀၀ ပြည့်နှစ်ကလည်း မြန်မာအစိုးရက တည်ဆောက်ဖို့  စီစဉ်ခဲ့ဖူးပေမယ့် အကောင်အထည် ပေါ်မလာခဲ့ပါဘူး။ DVB | ||||||
| အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ အခမ်းအနားကျင်းပ Posted: 21 Feb 2012 01:41 AM PST | ||||||
| Myanmar to 'seriously consider' poll monitors Posted: 21 Feb 2012 01:28 AM PST | ||||||
| အဖျောက်ကျေးရွာဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပရိသတ်လူထု ၁၂၀၀၀ ကျော်ကို မိန့်ခွန်းပြော Posted: 21 Feb 2012 01:39 AM PST
ကော့မှူး၊ ဖေဖော်ဝါရီ- ၂၁ | ||||||
| Posted: 21 Feb 2012 01:15 AM PST
နိုင်ငံတော်တွင် ငွေကြေးလုံလောက်အဆင်ပြေလျှင် ပြည်သူ့ဝန်ထမ်းများအား အနိမ့်ဆုံးပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်းဝန်းကျင်ဖြင့် လုပ်ခလစာတိုးမြှင့်ပေးသင့်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းထားသည်။ ထိုအတိုးနှုန်းအတိုင်း သတ်မှတ်ထားပါက ထိုက်သင့်သော အခွန်နှုတ်လျှင်ပင် တစ်လကျပ်ရှစ်သောင်း၊ ကျပ်ကိုးသောင်းရရှိမည်ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။ ငွေကြေးလုံလောက်အဆင်မပြေသေးပါကလည်း ဖြစ်နိုင်သလောက် တိုးမြှင့်ပေးသင့်သည်ဟု ပါဝင်သည်။ လစာတိုးမြှင့်ရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့တင်ပြလာသည့် စီမံကိန်းများ၊ လုပ်ငန်းပရောဂျက်များနှင့် လောလောဆယ် ဆောင်ရွက်ရန် မသင့်သေးသော စီမံကိန်းလုပ်ငန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ ယင်းစီမံကိန်းများအတွက် ဥပမာပေးရာတွင် စက်မှုဖွံ့ဖြိုးရေးစီမံကိန်းနှင့် နေပြည်တော်ဖွံ့ဖြိုးရေးစီမံကိန်းတို့ကို ဥပမာပေး ပြောကြားသွားသည်။ ဆက်လက်စိစစ်ပါက အခြားစီမံကိန်းများလည်းရှိနိုင်သည်ဟု သ၀ဏ်လွှာတွင် ပါဝင်သည်။ 7Day News Journal | ||||||
| Posted: 20 Feb 2012 07:52 PM PST တပ်မတော်သား ကိုယ်စားလှယ်များမပါ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များနှင့်ပြည်သူ့လွှတ်တော် ဥက္ကဌတို့ ဖေဖော်ဝါရီ(၂၂)ရက်နေ့ တွင်တွေ့ဆုံမည် ဖြစ်သောကြောင့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ကို(၅) ရက်သာ ကျင်းပပြီးရပ် နားခဲ့ ကြောင်းသိရသည်။ အဆိုပါအစည်းအဝေးရပ်နားရခြင်းမှာ-ပြည်သူ့ လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း နှင့်ပြည်သူ့လွှတ်တော် တရားစီရင် ရေးနှင့် ဥပဒေရေး ရာကော်မတီ မှတာဝန်ရှိသူများနှင့်ရန်ကုန်တိုင်း ဒေသကြီးရှိ တိုင်းဒေသကြီးလွှတ် တော် ကိုယ်စား လှယ် အသီးသီး နှင့် တွေ့ ဆုံရန် ဖြစ်ကြောင်း သိရသည်။အဆိုပါတွေ့ဆုံမှုမှာ ဖေဖော်ဝါရီ (၂၂)ရက်နေ့တွင်နံနက်(၉)နာရီ တွင်ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ရုံးတွင် တွေ့ဆုံသွား ကြောင်းသိရသည်။ ယခင်ကရန်ကုန်တိုင်း ဒေသကြီး ပထမ အကြိမ် တတိယ လွှတ်တော် အစည်းအဝေးအား ယခင်ကဖေဖော်ဝါရီ(၁၄)ရက်မှ (၂၁)ရက်နေ့ အထိကျင်းပ ရန်စီ စဉ်ထားသောလည်း ဖေဖော်ဝါရီ (၂၀)ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော် အစည်း အဝေးကိုရပ် နားခဲ့ပြီး ဖေဖော်ဝါရီ (၂၁)ရက် နေ့တွင် မေးမြန်းကြမည့် အဆိုများ၊ မေးခွန်းများနှင့်ဥပဒေကြမ်း အ တည်ပြုခြင်း များကို ဖေဖော်ဝါ ရီ (၂၀) ရက်နေ့တွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။''အဆိုတွေ၊မေးခွန်းတွေကိုတော့ စာနဲ့ပြန်ဖြေခဲ့တယ်။ ကျန်တဲ့ဥပဒေကြမ်း ကိုတော့ဒီနေ့ပဲ အတည်ပြုခဲ့တယ်။ကျွန်တော့် မေးခွန်းတွေ ကိုစာနဲ့ပြန်ဖြေ ထားတယ်။သူရဦးရွှေမန်းနဲ့သူရဦး အောင်ကိုတို့ (၂၂) ရက် နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အားလုံးနဲ့တွေ့မယ် လို့ပြောတယ်။ အဲ့ဒီမှာ တပ်မတော်သား ကိုယ်စား လှယ် တွေမပါဘူးလို့သိရတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့ နယ်မဲဆန္ဒနယ် အမှတ်(၂) မှ ဦးဝင်းထိန် ကဆိုသည်။ ရန်ကုန်တိုင်းမ် | ||||||
| ဦးဂမ္ဘီရသတင်းနှင့်ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထား ထုတ်ပြန်ချက် Posted: 20 Feb 2012 07:39 PM PST ၁၉.၂.၂၀၁၂-ရက်စွဲပါ နိုင်ငံတော်ပိုင် သတင်းစာများ၌ပါရှိသောဦးဂမ္ဘီရသတင်းနှင့်ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထား ထုတ်ပြန်ချက်။ (၂၀.၂.၂၀၁၂) ၁၃၇၃-ခု၊ တပိုတွဲလဆုတ်(၁၃)ရက်။ (က) ဦးဂမ္ဘီရသည် သံဃာ့အဖွဲ့အစည်းများနှင့် သံဃာ့အဖွဲ့အစည်းများ ချမှတ်ထားသော ကျင့်ဝတ်ဥပဒေ များကို လျစ်လျူရှုခဲ့ပါသည်။ တရားဝင်လျှောက်ထားတင်ပြ၍ ခွင့်ပြုချက်ကို ရယူနိုင်ပါလျက် ဥပဒေမဲ့ ပြုမူခဲ့ပါသည်။ သင်္ကန်းပြန်ဝတ် သည်ကို နားလည်ပေးနိုင်သော်လည်း ချိပ်ပိတ်ထားသည့် ကျောင်းများကို သော့ဖျက်ဝင်ရောက်ခြင်းသည် ဘုရားသားတော်တို့၏ အပြုအမူ မဟုတ်သလို၊ ဒီမိုကရေစီ နည်းလမ်းလည်း မကျပါ။ ဒီမိုကရေစီကို လိုလားသူ၊ ဒီမိုကရေစီကို ချစ်မြတ်နိုးသူတိုင်းသည် ဒီမိုကရေစီ နည်းလမ်းကျ ဆောင်ရွက်ဖို့ လွန်စွာလိုအပ်ပါသည်။ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်မျိုးကို ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။ သုံးကြိမ်တိုင် စာဆင့်ခေါ်ပါလျက် ရုံးတော်သို့ မသွားရောက်ခြင်းသည် သံဃာ့အဖွဲ့အစည်းကို မလေးစားရာ ကျသလို မထီမဲ့မြင်ပြုမူရာလည်း ရောက်ပါသည်။ တာဝန်မကျေသည့် မိဘပင်ဖြစ်သော်လည်း သားသမီးဟူသည် မိဘခေါ်လျှင် လာရမည်သာ ဖြစ်ပါသည်။ ပို၍ဆိုးသည်မှာ-နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက အနူးအညွတ် မေတ္တာရပ် ခံပါလျက် "မိမိလိုသံဃာတစ်ပါးအတွက် လိုအပ်မည်မထင်ကြောင်းနှင့် သင်္ကန်းဝတ်ခွင့်ပြုရန် လျှောက်ထားသွား မည်မဟုတ်ကြောင်း''တင်းခံငြင်းဆန်ခြင်းပင် ဖြစ်ပါသည်။ ထိုသို့ငြင်းဆန်ခြင်းဖြင့် ဦးဂမ္ဘီရသည် စစ်အာဏာရှင်နည်းတူ ဥပဒေအထက်သို့ ရောက်ရှိသွားပါတော့သည်။ (ခ) ဦးဂမ္ဘီရ လျှောက်ထားသည့် အချက်(၁၀)ချက်ပါ လျှောက်ထားချက်ကို လျှောက်ထားခွင့်ပြုသည့် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများအား လေးစားကြည့်ညိုမိပါသည်။ ဦးဂမ္ဘီရ လျှောက်ထားသည့် အချက်များတွင် ရွှေည၀ါဆရာတော် ဦးပညာသီဟအား သာဓုဗုဒ္ဓ တက္ကသိုလ်ကျောင်းတိုက်မှ တစ်လအတွင်းထွက်ခွာရန် နှင်ထုတ်ခြင်းကို ကန့်ကွက်ကြောင်း၊ အကျဉ်းသား(၄၁၅)ဦးတွင် ပါဝင်သော ရဟန်း(၄၃)ပါးအား အကျဉ်းထောင်မှလွတ်မြောက်ရန် နိုင်ငံတော်သံဃာ့ မဟာနာယကက ဆောင်ရွက်ပေးခြင်းမရှိသဖြင့် အလေးနက်ရှုတ်ချကြာင်းတို့ ပါဝင်သည်ကို တွေ့ရပါသည်။ (၂) ကန့်ကွက်ထိုက်သည်ကိုကန့်ကွက်ခြင်း၊ရှုတ်ချထိုက်သည်ကို ရှုတ်ချခြင်း ဖြစ်သောကြောင့် ဦးဂမ္ဘီရ၏ လျှောက်ထားချက် အပြည့်အ၀ မှန်ကန်ပါသည်။ မြတ်စွာဘုရားက "ချစ်သားတို့ ငါဘုရားမှာ အပြစ်ရှိ လျှင်လည်းထောက်ပြကြ'' ဟုမိန့်တော်မူဖူးပါသည်။ ဟန္ဒ ဒါနိ ဘိက္ခဝေ ပ၀ါရေမိ ဝေါ နစမေ ကိဉ္စိ ဂရဟထ ကာယိကံ ၀ါ ၀ါစသိကံ ၀ါ ။ (သဂါထာဝဂ္ဂ ပါဠိ၊ ပ၀ါရဏာသုတ်) "ရဟန်းတို့ ယခုအခါ၌ ငါဘုရားသည် သင်တို့အား ဖိတ်ကြား၏။ ငါ၏ တစ်စုံတစ်ခုသော ကိုယ်အမူရာ နှုတ်အမူရာကို သင်တို့မကဲ့ရဲ့ဘဲ ရှိကြ ကုန်၏လော။'' (၎င်းသုတ်မြန်မာပြန်) န စ ကိဉ္စီတိ ပုစ္ဆနတ္ထေ နကာရော။ ကိံ မေ ကိဉ္စိ ဂရဟထ? ယဒိ ဂရဟထ, ၀ဒထ, ဣစ္ဆာပေမိ ဝေါ ၀တ္တုန္တိ အတ္ထော။ (၎င်း၊ဋ္ဌ။၂၅၃) ရွှေည၀ါဆရာတော်အား နှင်ဒဏ်ပေးခြင်းသည် ပြစ်မှု့နှင့်၊ပြစ်ဒဏ် လုံးဝမျှတသည့် အမိန့် အမှန်ပင်ဖြစ်ပါသည်။ အကျဉ်းကျသံဃာများနှင့်ပတ်သက်၍ သံယာ့မဟာနာယက အဖွဲ့စည်းအဆင့်ဆင့်က သက်သာအောင်၊ လွတ်မြောက်အောင်၊ ဘာတစ်ခုမျှ ဆောင်ရွက်ချက်မရှိပါ။ ဖမ်းဖို့သာ လုပ်တတ်ပြီး၊ လွတ်ရေးကို လုံးဝ စိတ်မ၀င်စားသည့် စစ်အာဏာရှင်အကျင့်ဆိုးကြီးကို အမွေခံကျင့်သုံးနေသည့် လက်နက်မကိုင်သည့် အာဏာရှင် အဖွဲ့အစည်းကြီးဖြစ်နေသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ဦးဂမ္ဘီရ၏ ကန့်ကွက်ခြင်း၊ အလေးအနက်ရှုတ်ချချင်းကို အပြည့်အ၀ ထောက်ခံကြောင်း အတိအလင်း ကြေငြာ ပါသည်။ သို့သော် ဦးဂမ္ဘီရသည် ဂုဏ၀ုဍ္ဎိ၊ ၀ယ၀ုဍ္ဎိဂုဏ်ကို မလေးစားမလိုက်နာဘဲ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား နိုင်ငံရေးအရ ထိုးနှက်နှိပ်နယ်သည့် သဘောသက်ရောက်သွားပါသည်။ ဓမ္မကို မြတ်နိုးသူဖြစ်လျှင် မေတ္တာရပ်ခံ တောင်းပန်လျှောက်ထားရမည် ဖြစ်ပါသည်။ ဥပမာ - ရွှေည၀ါဆရာတော် အပေါ် ချမှတ်ထားသော ပြစ်ဒဏ်ကို ပြန်လည် စဉ်းစားသုံးသပ်၍ လျှော့ပေါ့ပေးစေလိုပါသည်ဘုရား။ (၀ါ)လျှော့ပေါ့ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံ တောင်းပန်လျှောက်ထားအပ်ပါသည်ဘုရား-ဟူ၍ ဖြစ်ပါသည်။ ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်းဝေါဟာရများသည် နိုင်ငံရေးလောက၌ တွင်ကျယ်နေသော ဝေါဟာရများ ဖြစ်ပါသည်။ နိုင်ငံရေးလုပ်လိုက မီဒီယာများမှ တစ်ဆင့် ကန့်ကွက်နိုင်ပါသည်။ ရှုတ်ချနိုင်ပါသည်။ ကမ္ဘာအေးရုံး ထဲဝင်၍ ဆရာတော်ကြီးများအား တိုက်ရိုက် မလျှောက်ထားသင့်ပါ။ မရိုသေ မလေးစားရာ၊ (၃) စော်ကားမော်ကားပြုရာ ရောက်နေပါသည်။ မိမိအပြု အမူကို အကြောင်းပြု၍ ရဟန်း၊ ရှင်၊ လူအပေါင်း အကုသိုလ်များ မတိုးပွားစေသင့်ပါ။ (ဂ) ဒီမိုကရေစီစနစ်ကို အမှန်တကယ် ကျင့်သုံးလိုပါလျှင် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း၊ ချီးကျူးခြင်း၊ ရှုတ်ချခြင်းတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးရမည်သာ ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတော်များ၌ သမ္မတလည်း အဝေဖန်ခံရပါသည်။ တရားစွဲခံရပါသည်။ ပုပ်ရဟန်းမင်းကြီးလည်း အဝေဖန်ခံရပါသည်။ တရားစွဲခံရပါသည်။ အဝေဖန်မခံနိုင်၊ တရားစွဲမခံနိုင်လျှင် ကုလားထိုင်ပေါ်မထိုင်သင့်ပါ။ ယခုကိစ္စ၌ ဦးဂမ္ဘီရ၏ ကန့်ကွက်ရှုတ်ချမှုကို မခံမရပ်ဖြစ်နေသော ပုဂ္ဂိုလ်တစ်စုက ဦးဂမ္ဘီရကို ဖမ်းဆီးချုပ် နှောင်လိုခြင်းဖြစ်ပါသည်။ သို့သော် ထိုသို့ အကြောင်းပြနိုင်လောက်အောင် လုံလောက်သော ဆင်ခြေမရှိ သောကြောင့် ဥပဒေမဲ့ လုပ်ရပ်ကို အပြစ်ပုံချနေခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သံဃာတော်များအနေဖြင့် တရားဝင် ရပ်တည်နိုင်သည့် ဥပဒေလမ်းကြောင်းမှ သိမ်မွေ့ငြင် သာစွာ လျှောက်လှမ်းခြင်းဖြင့် သူတစ်ပါး၏ ထောက်ကွက်မရအောင် ပြုမူဆောင်ရွက်သင့်ပါသည်။ သံဃာထု အပေါ် အုပ်မိုးချုပ်နှောင်ထားသော တရားမမျှတသည့် မည်သည့်ကန့်သတ်ချက် မျိုးကိုမဆို ငြိမ်းချမ်းသော နည်းဖြင့် စည်းလုံးညီညွတ်စွာ ဖယ်ရှားရှင်းလင်းသင့်ပါသည်။ သမ္မောဒမာန ဇာတ်တော်အတိုင်းပင် ပြိုင်တူ-မ-လျှင်-လွတ်နိုင်ပါသည်။ ပြိုင်တူ-မ-လျှင်-ငြိမ်းနိုင်ပါသည်။ ပြိုင်တူ-မ-လျှင်-ချမ်းသာနိုင်ပါသည်။ မေတ္တာရှေ့ထား ၊မရငြားသော်၊ ကျားနှင့်ဆိတ်မ၊ စိတြဂီဝါ၊ များစွာခိုသင်း၊ ငုံးခပင်းတို့၊ မကြွင်းကိုယ်စီ၊ ပိုက်ကိုချီသို့၊ ညီညီညာညာ၊ သက်စွန့်ရာ၏။(မဃ။၂၂၁) ငြိမ်းချမ်းရေးပန်းတိုင်သို့ ဦးတည်လျှက် ၀ီရသူ(မစိုးရိမ်) ဘဒ္ဒန္တ ၀ိစိတ္တာဘိဝံသ၊ ဓမ္မသဟာယကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။ by Ashin Vicittabhivamsa | ||||||
| ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြိုနယ် လူငယ်ပရဟိတကျောင်းသို့ရောက်ရှိ Posted: 20 Feb 2012 07:35 PM PST
ဖေဖော်ဝါရီ ၂၁ - ၂၀၁၂ Daw Aung San Suu Kyi Visits Kaw Hmu again ဒီနေ့မနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒ်ါအောင်ဆန်းစုကြည် ကော့မှူးမြိုနယ် လူငယ်ပရဟိတကျောင်းသို့ရောက်ရှိရာ ကလေးများကလမ်းမှ ဆီးကြို နှုတ်ဆက်ကြပါတယ်။ National League for Democracy | ||||||
| အစင်စံပြကျေးရွာသို့-ရေးမြို့နယ်NLDစည်းရုံးရေးခရီး Posted: 20 Feb 2012 04:19 PM PST ၁၉.၂.၂၀၁၂ တနင်္ဂနွေနေ့က မွန်ပြည်နယ်၊ရေးမြို့နှင့်ခြောက်မိုင်အကွာ အစင်စံပြကျေးရွာသို့ ရေးမြို့နယ်NLDစည်းရုံးရေးအဖွဲ့မှသွား ရောက်ခဲ့ရာ၊မြို့နယ်စည်းရုံးရေးအဖွဲ့ခေါင်းဆောင်-ဦးမြ၀င်းနှင့် အတူ၊ဦးလှဦး(သားဂန်း)၊ဦးမြသန်း၊ဦးချစ်တင်၊ ကိုကျော်မိုး၊ကိုထွေး(ချိုတူး)နဲ့လူငယ်အဖွဲ့ဝင် အမျိုးသမီးများပါ သွားရောက်ခဲ့ကြပါတယ်။ နှစ်နှစ်ဆယ်ကျော်ကာလအတွင်း ကာလအတွင်း ပထမအကြိမ်စည်းရုံးရေး အရပြန်လည်တည်ဆောက်သောခရီးစဉ်ဖြစ်သလို အစင်စံပြကျေးရွာ NLD-ရပ်/ကျေးအမှုဆောင်ဖွဲ့စည်းရေး၊ရုံးဖွင့်ခြင်းနှင့်ဆိုင်းဘုဒ်တင်ရေး၊ အဖွဲ့ချုပ်အထိမ်းအမှတ်ပစ္စည်း ဈေးရောင်းပွဲတော်ပြုလုပ်ရေးနှင့်လက်ရှိပြောင်း လည်းနေသောနိုင်ငံရေးဖြစ်စဉ်များကို ဒေသခံအဖွဲ့ဝင်ဝင်များနှင့်အပြန် အလှန်ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြပါတယ်၊၈၈ခုနှစ်လူထုအရေးတော်ပုံကာလနှင်ကိုး ဆယ်ခုရွေးကောက်ပွဲအကြိုကာလများ၌ အလွန်တက်ကြွသော ရွာကြီးတရွာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ် ရေးမြို့နယ် Myanmar News Now | ||||||
| အဖွဲ့ ချုပ်မှ သဘာပတိဦးဝင်းတင် နှင့်အဖွဲ့အား မကွေးပြည်သူတွေလှိုက်လှဲစွာကြိုဆို Posted: 20 Feb 2012 03:49 PM PST မကွေးမြို့ ဒီမိုကရေစီအဖွဲ့ချုပ်မှ သဘာပတိဦးဝင်းတင် နှင့်အဖွဲ့အား သစ်ရာကောက်လမ်းခွဲမှာ ကြိုဆို | ||||||
| Posted: 20 Feb 2012 03:28 PM PST | ||||||
| ယ္ခုအပါတ်ထုတ်ဂျာနယ်များ The Voice,Eleven and Myanmar Post Posted: 20 Feb 2012 03:26 PM PST ယ္ခုအပါတ်ထုတ် The Voice Weekly ဂျာနယ်၊ Weekly Eleven News Journal ဂျာနယ် နှင့် The Myanmar Post ဂျာနယ် သုံးစောင်လုံးကို တနေရာထဲမှာ ဖတ်ရှုနိုင်ပါသည်။ The Voice 8-10 vol4_no8 | ||||||
| ထောင်ကျော်တန် ဆင်း(မ်)ကတ် ပေါ်ထွက်လာရန် ကြံ့ခိုင်ရေးပါတီ အဆိုတင်သွင်းမည် ဟုဆို Posted: 20 Feb 2012 03:04 PM PST ရန်ကုန် ဖေဖော်ဝါရီ ၂၀ ပြည်သူလူထုအကြား ငါးထောင်တန် မိုဘိုင်းလ် တယ်လီဖုန်းများ အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး နေကြချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေနှင့် လိုက်လျောညီထွေ ဖြစ်မည့် ငွေကျပ်ထောင်ကျော်တန် ဆင်း(မ်)ကတ်များ ပေါ်ထွက်လာရန် အဆို တင်သွင်းသွားမည် ဖြစ်ကြောင်း ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားသည်။ ယင်းအဆို တင်သွင်းနိုင်ရေးအတွက် လတ်တလောတွင် ပညာရှင်များထံမှာ အကြံဉာဏ်နှင့် သတင်းအချက်အလက်များ ရယူနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ " ပြည်သူအများကြီး အကျိုးရှိမယ့် ကိစ္စလို့ မြင်လို့ အဆိုတင်ဖို့ စီစဉ်တာပါ " ဟု ၎င်းက The Voice Weekly သို့ ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မတ်လဆန်းတွင် ထုတ်လုပ်ရောင်းချမည့် တန်ဖိုးနည်းဖုန်းများ၏ ဈေးနှုန်းမှာလည်း ကျပ်တစ်သိန်းခွဲ ဝန်းကျင်သာ ရှိမည် ဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်လျက် ရှိသည်။ The Voice Weekly | ||||||
| လွိုင်ကော်မြို့တွင်မီးလောင်၍ ကျွန်းသစ်တန်ချိန် ၁၀၀ ခန့်ဆုံးရှုံး Posted: 20 Feb 2012 02:54 PM PST ယမန်နေ့က လွိုင်ကော်မြို့ မြကလပ်တောင်ခြေနမ့်ဘော်ဝမ်ရပ်ကွက်မှာ မတော်တဆ မီးလောင်မှုဖြစ်ခဲ့တဲ့ အတွက် ကျွန်းသစ်ဂိုဒေါင် ၅ လုံးနဲ့အတူ ခရစ်ယာန်သင်းအုပ်ဆရာတဦးရဲ့ နေအိမ်ပါ မီးထဲပါသွားတယ်လို့ သိရပါတယ်။ ညနေ ၃ နာရီခွဲလောက်မှာ စတင်လောင်ကျွမ်းခဲ့တဲ့မီးဟာ နမ့်ဘော်ဝမ်ရပ်ကွက်ထဲက ကရင်နီအမျိုးသား ဒီမိုကရက်တီပါတီ KNDP (နဂါးအဖွဲ့)ရဲ့ ရုံးဝန်းအတွင်းမှာရှိတဲ့ ကျွန်းသစ်တန်ချိန် ၁၀၀ ခန့်အား ဆုံးရှုံးစေခဲ့လို့ မီးအားကူညီငြိမ်းသတ်ခဲ့တဲ့ ရပ်ကွက်သားတဦးက ပြောပါတယ်။ "မီးစတင် စွဲလာတာ ရုံးအပေါ်ပိုင်း ပအိုဝ်းလူမျိုးခြံထဲက စတင်လာတယ် အစကတော မီးကို ငြိမ်းဖို့ကျတော် တို့ကြိုးစားသေးတယ်။ ဒါပေမယ့်မီးအရှိန်က အရမ်းပြင်းတော့ ကျတော်တို့ မငြိမ်းနိုင်ခဲ့ဘူး။ အဲဒီနောက်မှာ သစ်ဂိုဒေါင်တစ်ခုကို မီးစွဲခဲ့ပါတယ်၊ တစ်ဖြည်းဖြည်းနဲ့သစ်ဂိုဒေါင် ၅ ခုစလုံး လောင်ခဲ့တယ်။ ဆိုးတာတစ်ခုက ကျတော်တို့ရပ်ကွက်ရဲ့ အသင်းအုပ်ဆရာအိမ်ပါသွားတယ်" သစ်ဂိုဒေါင်အတွင်း သိုလှောင်ထားသော ကျွန်းသစ်တန်ချိန် ၁၀၀ ခန့်အပြင် သစ်ခွဲစက် ၅ လုံးထက်မနည်း မီးထဲပါသွားတယ်လို့ ဆိုပါတယ်။ "မီးသတ်ကား ၂ စင်းလာကူလို့မဟုတ်ရင် ထပ်လောင်မယ့်အခြေအနေရှိတယ် အခုချိန်ထိ မီးသတ်တုန်းပဲ" လို့ ရပ်ကွက်သားတဦးက ပြောပါတယ်။ ညနေပိုင်း ၃ နာရီခွဲမှစလောက်တဲ့မီးဟာ ညပိုင်း ၈နာရီအထိ လောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကို ရဲဌာနမှ လာရောက်စုံစမ်းစစ်ဆးမှုများ ပြုလုပ်ခဲ့ပါတယ်။ KNDP (နဂါးအဖွဲ့)ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPမှခွဲထွက်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး စစ်အစိုးရက သူတို့ကု ၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းခိုင်းလိုက်ပါတယ်။ စစ်အစိုးရလက်ထက်က စီးပွားရေးခွင့်ပြုချက်ဖြင့် ကရင်နီပြည် နန်းဖဲနဲ့ဖာဆောင်းဒေသဘက်မှာ သစ်လုပ်ငန်းတွေ ယနေ့တိုင်လုပ်ဆောင်နေပါတယ်။ ကန္တရဝတီ | ||||||
| DKBA စစ်ဦးစီးမှူးကို နယ်ခြားစောင့်တပ် စနိုက်ပါဖြင့် ချောင်းပစ် Posted: 20 Feb 2012 02:48 PM PST လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA စစ်ဦးစီးမှူး တဦးကို ကရင်နယ်ခြားစောင့်တပ် BGF မှ အဝေးပစ် စနိုက်ပါ ရိုင်ဖယ်ဖြင့် ချောင်းမြောင်း ပစ်ခတ်မှု တနင်္လာနေ့က ဖြစ်ပွားခဲ့သည်။ မြိုင်ကြီးငူအခြေစိုက် BGF ၁၀၁၁ တပ်ရင်းက မျက်နှာချင်းဆိုင်တွင်ရှိနေသော DKBA ကလို့ထူးလား စစ်ကွပ်ကဲရေး စခန်းက စစ်ဦးစီးမှူး ဖြစ်သူ ဗိုလ်မှူး ဝင်းမောင်အား အဝေးမှ စနိုက်ပါ ရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘယ်ဘက် လက်ဝါး ကို ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း မြဝတီအခြေစိုက် DKBA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး မောင်လေး က ပြောသည်။ "ဘယ်ဖက် လက်ဝါးကို ခင်ဗျ။ အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိဘူး။ သူတို့ လှမ်းပစ်တာ ကိုက် ၃၅၀၊ ၄၀၀ လောက် ရှိမယ်။ မြိုင်ကြီးငူ ဝန်းထဲမှာရှိတဲ့ နှစ်ထပ် ဘုန်းကြီးကျောင်းပေါ်ကနေ လှမ်းပစ်တာ" ဟု ဗိုလ်မှူး မောင်လေး ကမဇ္ဈိမ ကို ပြောသည်။ ဗိုလ်မှူး ဝင်းမောင် ကို ဆေးကုသားမှု ပေးထားသည်ဟု ဆိုသည်။ ယင်းဖြစ်ရပ် မတိုင်မီ တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် DKBA အဖွဲ့က BGF ၁၀၁၁ အဖွဲ့များ စီးလာသော ယာဉ်အား အာပီဂျီဖြင့် လှမ်းပစ်ရာ ကားထဲတွင် လိုက်ပါလာသူ တပ်စုမှူး အေးမင်းဝင်း အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဗိုလ်မှူးမောင်လေး က ပြောသည်။ BGF ယာဉ်အား ပစ်ခတ်ရန် ကွပ်ကဲသည့်အထဲတွင် စစ်ဦးစီးမှူး ဗိုလ်မှူးဝင်းမောင် ပါဝင်သဖြင့် ၎င်းအား ပြန်လည် ပစ်ခတ်ခြင်းဟု မြဝတီအခြေစိုက် BGF အဖွဲ့ အရာရှိတဦးထံမှ မဇ္ဈိမက စုံစမ်းသိရှိရသည်။ အဆိုပါ ပစ်ခတ်မှုမတိုင်မီ တနင်္ဂနွေနေ့ မနက် ၉ နာရီခန့်က BGF ၁၀၁၁ နှင့် ၁၀၁၉ တပ်ရင်း နှစ်ခု ပေါင်း၍ DKBA ကလို့ထူးလား စစ်ကွပ်ကဲရေး စခန်း အစောင့်ဂိတ်တဲများထံ လက်နက် အလက် ၃၀ ကျော် အလစ်ငိုက် ဝင်သိမ်းမှု ဖြစ်ပွားခဲ့သည်။ မကြာမီရက်ပိုင်းအတွင်းက ၁၀၁၁ တပ်ရင်းမှ တပ်စုမှူး တဦးနှင့် တပ်ဖွဲ့ဝင် ၈ ဦးတို့သည် DKBA ကလို့ထူးလား စစ်ကွပ်ကဲရေးဌာန အဖွဲ့များနှင့် ပူးပေါင်းလို၍ လာရောက် ဆက်သွယ်ကာ DKBA က လက်မခံခဲ့သော်လည်း လုံခြုံရေးအရ နောက်ကြောင်း ပြန်မလှည့်လိုတော့သဖြင့် DKBA နယ်မြေအတွင်းတွင် နေထိုင်နေခဲ့သည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး BGF အဖွဲ့များက DKBA အဖွဲ့ကို မကျေနပ်ဖြစ်ကာ အလစ်အငိုက်တွင် လက်နက်များ လာရောက် သိမ်းယူမှု ပြုလုပ်ခြင်း မှစ၍ ရန်စပွားလာခြင်းဖြစ်ကြောင်း ဗိုလ်မှူးမောင်လေး က ပြောသည်။ ယခုအခါ နှစ်ဘက် တပ်ဖွဲ့များသည် မျက်နှာချင်းဆိုင် အနေအထားတွင်ရှိပြီး စစ်ရေးပြင်ဆင်မှုတရပ်ကို ပြုလုပ်ထားပြီး အထက် အမိန့်ကို စောင့်မျှော်နေကြောင်း နှစ်ဘက် လက်နက်ကိုင်တပ်များထံမှ စုံစမ်းသိရှိရသည်။ "ပြေလည်မှုက မရသေးဘူး။ သူတို့ဘက်ကလည်း ကျနော်တို့ဘက်က ဘာစလုပ်မလဲဆိုတာကို စောင့်ကြည့်နေတယ်။ ကျနော်တို့ဘက်ကလည်း အထက်လူကြီး အမိန့်ကို စောင့်နေတယ်။ ဒီအနေအထားမှာပဲ ရှိသေးတယ်။ ဒါပေမယ့် သူတို့ရော ကျနော်တို့ရော အသင့်အနေအထားမှာပဲ ရှိနေတယ်" ဟု မြဝတီအခြေစိုက် BGF အဖွဲ့ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ အင်အား တထောင်ကျော်ရှိမည်ဟု ခန့်မှန်းထားသည့် နယ်ခြားစောင့်တပ် လုပ်ရန် ငြင်းဆန်ခဲ့သူ ဗိုလ်ချုပ် စောလားဘွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး ဦးစီးသော DKBA အဖွဲ့နှင့် မြန်မာအစိုးရတို့သည် ဖေဖေါ်ဝါရီ လဆန်းပိုင်းက နှစ်ဘက်အပစ်ခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည်။ ထို့ကြောင့် DKBA နှင့် BGF တို့အကြား အစပျိုးနေသည့် ပြဿနာကို မြန်မာအစိုးရအနေဖြင့် အချိန်မီ အရေးတကြီး ကိုင်တွယ် ဖြေရှင်းပေးရန် လိုအပ်ကြောင်း DKBA နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး စောလုံလုံ က ပြောသည်။ "ဒါကတော့ နိုင်ငံတော် အစိုးရအပေါ်မှာ မူတည်တာပေါ့။ သူတို့အောက်မှာ BGF ရှိတယ်။ နိုင်အောင် ထိန်းဖို့တာဝန် သူတို့ တာဝန်၊ သူတို့နဲ့ ကျနော်တို့နဲ့ ငြိမ်းချမ်းရေး လုပ်ထားပေမယ့်လည်း BGF က သူတို့အောက်မှာပါတော့ နဂိုကတည်းက ဆွေးနွေး ထားတာက အခု အပစ်ခတ်ရပ်စဲရေးသည် အားလုံးနဲ့ အကျုံးဝင်တယ်။ အခုဖြစ်တဲ့ကိစ္စမှာ အစိုးရအနေနဲ့ အရးတကြီးရှင်းဖို့ လိုတယ်။ မီးစလေး ထွက်တဲ့အချိန်မှာ အမြန်ဆုံး ငြှိမ်းသတ်ဖို့ လိုတယ်။ မီးစကို မငြှိမ်းသတ်နိုင်ရင် မီးတောက်ကြီး ဖြစ်နိုင်တယ်" ဟု ဗိုလ်မှူး စောလုံလုံ က မဇ္ဈိမကို ပြောသည်။ ၂၀၁၀ သြဂုတ်လ ၁၈ ရက်နေ့က DKBA ဥက္ကဋ္ဌ စောသာထူးကျော်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်မှူးကြီး စောချစ်သူ တို့ လက်အောက်ခံတပ်ရင်းများ မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲလိုက်ကြပြီး ကာကွယ်ရေး ဝန်ကြီးဌာန အောက်တွင် အမှုထမ်းခဲ့ကြသည်။ ချင်းမိုင် (မဇ္ဈိမ) ။ ။ | ||||||
| အာဆီယံ အကြီးအကဲ မြန်မာနိုင်ငံရောက် Posted: 20 Feb 2012 02:41 PM PST
အာဆီယံအဖွဲ့အနေနဲ့ မြန်မာအစိုးရက ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ သေချာ အခိုင်အမာ ဖြစ်လာနိုင်ဖို့အတွက် အကူအညီပေးသင့်တယ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (AIPMC) အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Agung Putri Astrid က ပြောလိုက်ပါတယ်။ "ဒေါက်တာ ဆူရင်းပစ်ဆူဝမ် အနေနဲ့ မြန်မာနိုင်ငံမှာ အများ ယုံကြည် လက်ခံနိုင်လောက်ပြီး ပွင့်လင်း မြင်သာတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် အားပေးသင့်ပါတယ်။ မစ္စတာ ဆူရင်း မြန်မာနိုင်ငံကို သွားရောက်တာဟာ အာဆီယံဥက္ကဋ္ဌ တစ်ယောက် ဖြစ်တဲ့ သူ့အတွက်တော့ အလွန်ကို အရေးပါတဲ့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သတ်နေတဲ့ သူတွေ အားလုံးနဲ့ ကျိန်းသေ ဆွေးနွေးနိုင်ဖို့အပြင် အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍကိုလည်း အပြည့်အ၀ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ အပြည့်အ၀ ဖြစ်လာဖို့အတွက် အသွင်ကူးပြောင်းမှုတွေ တိုးတက်လာဖို့အတွက် အစိုးရကိုလည်း အကူအညီ ပေးသွားလိုပါတယ်။" အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီးအဖြစ်နဲ့ ဒီကနေ့မှာ စတင် ရောက်လာတာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ် တိုးတက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာဖို့အတွက် ဖိတ်ကြားချက်နဲ့ အခုလို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အစိုးရသစ်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ် ဆိုပေမဲ့လည်း တဘက်မှာလည်း မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ စိုးရိမ်နေရဆဲဖြစ်ကြောင်း မစ္စ် Agung Putri Astrid က ပြောပါတယ်။ "လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေ အပေါ်မှာ ကျမတို့ အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မူဝါဒတွေဟာ သိပ်ပြီးတော့ ခိုင်မာမှုမရှိတဲ့ မူဝါဒတွေ အပေါ်မှာ တည်ဆောက်ထားတယ် ဆိုတာကိုလည်း ကျမတို့အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ ခိုင်မာတည်ငြိမ်တဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို ကျမတို့ မတွေ့ရပါဘူး။ အစိုးရတွင်းမှာရော ပါလီမန်အတွင်းမှာရော ၊ တခြား တနိုင်ငံလုံးမှာ ရှိတဲ့ အဖွဲ့အစည်းတွေမှာပါ မတွေ့ရသေးပါဘူး။ နိုင်ငံရေးမှာရော စီးပွားရေးမှာပါ တကယ်တမ်း အပြောင်းအလဲကို ဖော်ဆောင်ချင်တယ် ဆိုရင်တော့ ဒီမိုကရေစီစနစ်ကို အခိုင်အမာ တည်ဆောက်ဖို့ လိုပါတယ်။ ဒါကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကလွဲပြီး ကျန်တဲ့ကိစ္စတွေမှာတော့ အာဆီယံအဖွဲ့ဟာ စိုးရိမ်မှုတွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်။" မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ပြီး ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ပြောဆိုတာတွေ ရှိနေပေမဲလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာ အဲဒီကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်ပြီး ကျူးလွန်တာတွေ ဖြစ်စေတယ်လို့ သူမက ပြောပါတယ်။ "မြန်မာအစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ငြိမ်းချမ်းရေး ပြောဆိုဆွေးနွေး နေတာတွေဟာ အတော်လေးကို မြန်မြန်ဆန်ဆန်နဲ့ ဖြစ်နေတာကို ကျမတို့ တွေ့နေပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း အဲဒီလို ဆွေးနွေးပြောဆိုတာဟာ တဘက်နဲ့ တဘက် အပြန်အလှန် သဘောတူညီမှုတွေ မရတာတွေကိုလည်း ကျမတို့ တွေ့နေရပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ဖော်ဆောင်တဲ့နေရာမှာ အစိုးရဘက်မှာလည်း ပွင့်လင်းမြင်သာမှု မရှိသလို ဘယ်လိုပုံစံမျိုးနဲ့ လုပ်မယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ အခြေခံမူ မရှိတာကိုလည်း တွေ့ရပါတယ်။ မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသား ပြဿနာနဲ့ ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းဆောင်ရွက်မယ့် နည်းလမ်းတွေလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီတိုင်းရင်းသားအရေး ကိစ္စက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေလို့ ဖြစ်ပါတယ်။" အာဆီယံအတွင်းရေးမှူးချုပ်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံသွားဖို့ရှိသလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေပါတယ်။ မြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးစဉ်အတွင်းမှာ လာမယ့် ၂၀၁၄ ခုနှစ် ကျရင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့်ကိစ္စကို ဆွေးနွေးတဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ပဋိညာဉ်ကို လိုက်နာပြီး အဖွဲ့ရဲ့ ဂုဏ်ကို ဆောင်နိုင်ဖို့ ဆွေးနွေးသွားဖို့ လိုတယ်လို့လည်း AIPMC က တိုက်တွန်းပါတယ်။ မစ္စတာ ဆူရင်း အနေနဲ့ သူ့ရဲ့ ဒီခရီးစဉ်အတွင်းမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မယ့်ကိစ္စအပြင် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အားကစားပွဲကိစ္စ နဲ့ပတ်သက်ပြီးတော့ ဆွေးနွေး ပြောဆိုသွားဖို့ ရှိတယ်လို့ ပြောပါတယ်။ VOA |
\\\ ///
/ \
| \\ // |
( | (.) (.) | )
---------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
======ஜ۩۞۩ஜ=======
-------------ooo0---------------------------------
( ) 0ooo
\ ( ( )
\_) ) /
(_/
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ










ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့ လာမယ့် ၂၅ ရက် နေ့ကို ဆွေးနွေးမယ့် ရက်အဖြစ် သတ်မှတ်လိုက်ပြီး စေလွှတ်မယ့် ကိုယ်စားလှယ်အဖွဲ့ကို ရွေးချယ်လိုက်တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီတချို့နဲ့ မေးမြန်းထားတဲ့ ဒီဗွီဘီ မွန်သတင်း အစီအစဉ်တာဝန်ခံ ကိုဗညားအောင်က ပြောပါတယ်။
























