| |
- ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ မကြာခင် မှတ်ပုံပြန်တင်တော့မည်
- ကြားဖြတ်ရွေးကောက်ပွဲ မျှတရေး ဦးစားပေးလုပ်ရန် ကုလသတိပေး
- ရွှေတိဂုံ စေတီတော် နှစ်၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကြီး (ရုပ်/သံ)
- မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲပြုလုပ်မည့် ကွင်းလမ်းညွှန်
- လျှပ်စစ်မီးခ ပေးနေရပြီး မီး ပုံမှန် မရရှိသည့် ရွှေတိဂုံ နှစ်၂၆၀၀ ပြည့် ပွဲတော်ကြီး မှ ဈေးသည်များ (ရုပ်/သံ)
- ရွှေည၀ါဆရာတော်ကို သွားရောက်ဖူးမြော်တဲ့ ပျော်ဘွယ်မြို့ နယ် NLD အဖွဲ့ ဝင်တွေကို ရွာတန်းရဲစခန်း က စောင့်ဆိုင်းမှတ်တမ်းယူ
- အစိုးရနဲ့ မွန်ပြည်သစ်ပါတီ အချက် ၅ ချက်သဘောတူလက်မှတ်ရေးထိုး
- မကွေးတိုင်း ပဲစိုက်ခင်းများ ရွှေဂက်စ်ပိုက်လိုင်းကြောင့် ပျက် (ရုပ်/သံ)
- အမျိုးသမီးတို့၏ ကာယိနြေ္ဒအချက်ပေး ကာကွယ်ရန် အင်္ဂါနေ့တိုင်း ဝီစီဝေပြီ (ရုပ်/သံ)
- ရန်ကုန်-မော်ကျွန်း အဝေးပြေး ကားတစ်စီးတိမ်မှောက်
- လွှတ်တော်ကိုယ်စားလှယ်များ ခံစားခွင့်
- လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ခရမ်း-သုံးခွ သို့ ပါတီစည်းရုံးရေးခရီးသွားမည်
- မင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား မန္တလေးသွားမည်
- ပြည်သူလွတ်တော်ဥက္ကဋ္ဌ မိန့်ခွန်း ပြန်ကြားရေး ဆင်ဆာဖြတ်
- ကန်ထရိုက်တိုက်မှ မိလ္လာကြွင်းမှာသာမန်ထက်ပိုမြင့်နေလို့  ပတ်ဝန်ကျင်မှပြည်သူများ ကျန်းမာရေးထိခိုက်မှာစိုးရိမ်းနေ
- ကျောက်ဆည်တက္ကသိုလ်မြေများကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုကအဓ္ဓမသယ်ယူအသုံးပြုနေ
- ကြံ့ဖွံ့အမိန့်ဖြင့် ဒေသခံများလုပ်အားပေးသွားနေရ
- ကတိပျက်ပြီး ပျောက်ဆုံးနေတဲ့ ကျပ်သိန်း(၂၀၀၀)
- အားကစားဝန်ကြီးဦးတင့်ဆန်း၏ လာဒ်စားမှုများပေါ်ပြီ (တိုင်ကြားစာ)
- မနောမြေ ကို တုန်လှုပ်စေတဲ့ ငြိမ်းချမ်းရေးဓါတ်ပုံများ
- ဒေါ်စု မြစ်ကြီးနား မနောကွင်းလူထုဟောပြောပွဲ (ရုပ်/သံ)
- " ဘာမှမပြောချင်ပါဘူး မျက်နှာပဲကောင်းချင်တယ်" လှည်းတန်းဗုံးကွဲမှုတွင် ဒဏ်ရာရခဲ့သူ မခင်မြတ်နွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း
- လူထု ငြိမ်းချမ်းလုံခြုံဖို့ ဒေါ်စု ကြိုးစားမည်
- အမေစု ကို ဗန်းမော်သားတွေ သောင်းချီကြိုဆို (ဓါတ်ပုံ)
- NLD မိထ္တီလာကိုယ်စားလှယ်လောင်းက ပြိုင်ဘက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအား တရားစွဲ
| ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ မကြာခင် မှတ်ပုံပြန်တင်တော့မည် Posted: 25 Feb 2012 06:10 AM PST ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် (အက်စ်အန်အယ်လ်ဒီ ) ပါတီဟာ မကြာခင် သီတင်းပတ်အတွင်းမှာ ပါတီမှတ်ပုံတင် ပြန်လည် လျှာက်ထားတော့မယ်လို့ ပါတီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က "ကျနော်တို့ ပါတီတည်ထောင်လိုသူများကတော့ ၁၅ ယောက် အဆင်သင့်ရှိနေပါပြီ။ ကျနော်တို့ ရှေ့လထဲမှာ အပြီးတင်မှာပါ။ တကယ်လို့  ဒီကြားထဲမှာ တစုံတရာ အခက်အခဲ မရှိရင်တော့ ပထမပတ်ထဲမှာတင်ဖြစ်ဖို့ ရှိပါတယ်။ မှတ်ပုံတင်တယ်ဆိုတာကတော့ တခြားကျနော်တို့ မှာ ရွေးစရာလမ်းလည်းမရှိဘူးလေ။ နိုင်ငံရေးလုပ်မယ်ဆိုရင် တရားဝင်မှတ်ပုံ တင်ထားတဲ့ အဖွဲ့အစည်းကသာလျှင် လုပ်ပိုင်ခွင့်ရှိတဲ့ အနေအထားမျိုးကို ရောက်နေတဲ့အခါကျတော့ ကျနော်တို့က မှတ်ပုံတင်ကို တင်ရမယ့် အနေအထားမျိုးမို့ လုပ်တာပါ"လို့ ဒီဗွီဘီကို ပြောပါတယ်။ လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အချိန်မမှီတော့တဲ့အတွက် ရွေးကောက်ပွဲဝင်မယ့် ဒီမိုကရက်တစ် အင်အားစုတွေအားလုံးကို ကူညီအားပေး ၀န်းရံသွားမယ်လို့လည်း အက်စ်အန်အယ်လ်ဒီ ပါတီက ပြောပါတယ်။ ![]() ခွန် ထွန်း ဦး ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ အက်စ်အန်အယ်လ်ဒီ ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမတ်နေရာ ဒုတိယ အများဆုံး ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ပါတီခေါင်းဆောင်တွေ အကျဉ်းကျခံထားရပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနဲ့ အတူ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ နှစ်ရှည်ထောင်ဒဏ်တွေကျခံနေရတဲ့ ပါတီခေါင်းဆောင်တွေ ပြီးခဲ့တဲ့လကမှ ပြန်လွတ်လာပြီး မဟာမိတ် အန်အယ်လ်ဒီပါတီကလည်း ပါတီမှတ်ပုံပြန်တင်ကာ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ပြင်နေချိန်မှာ အက်စ်အန်အယ်လ်ဒီ ပါတီကလည်း ပါတီမှတ်ပုံတင် ပြန်လျှောက်ထားဖို့ အခြေအနေ ဖြစ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အက်စ်အန်အယ်လ်ဒီ အပါအ၀င် ရှမ်းနိုင်ငံရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့က ဦးခွန်ထွန်းဦး နေအိမ်မှာ လက်ရှိ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ အက်စ်အန်အယ်လ်ဒီ ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က ခေါင်းဆောင်တွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ဆေထင်၊ ဗိုလ်ချုပ်ကိုင်ဖနဲ့ ဥရောပမြန်မာရုံးက ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေ စသူတို့ ပါဝင် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲမှာ ရှမ်းနိုင်ငံရေးပါတီတွေရဲ့ ရှေ့ဆက် လက်တွဲ လုပ်ဆောင်သွားရမယ့် အနေအထား၊ ငြိမ်းချမ်းရေး ယူထားကြတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (အက်စ်အက်စ်ပီပီ)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အာစီအက်စ်အက်စ်နဲ့ အသွင်ပြောင်းထားတဲ့ ရှမ်းပြည်သူ့စစ်အဖွဲ့တွေ အားလုံး တစုတစည်းတည်း ဘယ်လို တူညီတဲ့ရည်မှန်းချက်တခု ထားပြီး အလုပ် ဆက်လုပ်မလဲ ဆိုတဲ့ကိစ္စတွေ ဆွေးနွေးကြတယ်လို့ ဦးစိုင်းလိတ်က ပြောကြားခဲ့ပါတယ်။ ဒီဗွီဘီ | ||||
| ကြားဖြတ်ရွေးကောက်ပွဲ မျှတရေး ဦးစားပေးလုပ်ရန် ကုလသတိပေး Posted: 25 Feb 2012 06:09 AM PST မြန်မာအစိုးရအနေနဲ့ ပထမဦးစားပေး တာဝန်အဖြစ် လာမယ့် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတမှုရှိစွာ ကျင်းပပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ![]() Vijay Nambiar (Photo: UNIC/Yangon) ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယာက နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။ မစ္စတာ ဗီဂျေးနမ်ဘီးယာက မြန်မာအစိုးရ ဦးစားပေးလုပ်ရမယ့် အချက် ၃ ချက်ကို တိုက်တွန်း ပြောကြားခဲ့ရာမှာ ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတမှုရှိဖို့နဲ့ပွင့်လင်းမြင်သာမှုရှိဖို့ ပထမ ဦးစားပေးလုပ်ဆောင်ဖို့ လိုတဲ့ အကြောင်းနဲ့ ဒီရွေးကောက်ပွဲဟာ အစိုးရရဲ့ ဒီမိုကရေစီ ဖော်ဆောင်နေမှုကို အများက ယုံကြည်လက်ခံမှုရဖို့  အရေးပါတဲ့ စမ်းသပ်မှုဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာအစိုးရ နောက်ထပ် ဦးစားပေးလုပ်ရမယ့် အလုပ်တွေကတော့ အစိုးရနဲ့  တိုင်းရင်းသား လက်နက်ကိုင်တွေအကြား အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ဖို့ကိစ္စနဲ့  မြန်မာပြည်သူတွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်တွေ အမြန်ဆုံး ဖန်တီးပေးပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အသွင်ကူးပြောင်းရေးရဲ့ အစပဲရှိသေးပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့နဲ့ ကာလရှည်ကြာကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်အောင် ဆက်လုပ်ရဦးမယ်လို့လည်း ကုလသမဂ္ဂအရာရှိက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီဗွီဘီ | ||||
| ရွှေတိဂုံ စေတီတော် နှစ်၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကြီး (ရုပ်/သံ) Posted: 25 Feb 2012 01:05 AM PST ရွှေတိဂုံ စေတီတော် နှစ်၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကြီး (ရုပ်/သံ) ရိုက်တာ | ||||
| မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲပြုလုပ်မည့် ကွင်းလမ်းညွှန် Posted: 25 Feb 2012 12:50 AM PST
အဲဒီကွင်းကိုတော့ စည်ပင်က ရှင်းလင်းနေတာတယ်ဗျ.. လမ်းကတော့ ဖုန်တထောင်ထောင်နဲ့ ၀င်ရလာရမယ့်လမ်းပါ။ ကွင်းဘေး ပတ်ပတ်လည်ကတော့ ကျုးကျော်တဲ လေးတွေများပါတယ်။ အဲဒီကွင်းကိုလာရင် ကြံခိုင်ရေး က တည်ဆောက်ထားတဲ့ အောင်ဇေယျာ တံတားလေးကို ကျော်ပြီး ၀င်လာရပါတယ် :)... အဲဒီကွင်းကို သွားကြည့်လိုသူများ သိပ္ပံလမ်း အတိုင်း လာပါ.. ၅၆ လမ်း ရောက်ရင် ညာဘက်ကွေ့ပြီး..တောင်ဘက်ကို တည့်တည်မောင်းလာရင် ( ၅ မိနစ်) လောက်မောင်းလာရင် လမ်းရှေဘက်မှာ လဲ့လဲ့ ဆိုတဲ့ အလှပြင်ဆိုင်ကိုတွေ့ရင် အောင်ဇေယျာ လမ်းရောက်ပြီး...အဲဒါဆို အရှေဘက် တည့်တည့် တာ မောင်းခဲ့ပါ. စည်ပင်တွေ ကော SB တွေပါ လှုပ်လှုပ် ကွင်းထဲမှာ နဲ့ ရှိနေပါလိမ့်မယ် ;) အဲဒါကတော့ အမေ စု မန်းလေးမှာဟောပြောမယ့် ကွင်းကိုရောက်ပါပြီး။ Swar Lay - facebook | ||||
| Posted: 25 Feb 2012 12:37 AM PST ရွှေတိဂုံ စေတီတော် နှစ်၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကြီးကို မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပေါင်းလဆန်း တစ်ရက်မှ တပေါင်း လပြည့် နေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ရွှေတိဂုံ စေတီ၏ အနောက်မုခ်တွင် ရှိသော ပြည်သူ့ရင်ပြင် ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပနေပါသည်။အဆိုပါ ပွဲတော်တွင် ဈေးရောင်းသူများကို အခကြေးငွေယူပြီး ဆိုင်ခန်းများ ရောင်းချပေးနေသည့် ရွှေတိဂုံဂေါပက အဖွဲ့က စီစဉ်ပေးသော လျှပ်စစ်မီး မှာ ပုံမှန်မလာခြင်း၊ ဗို့အားများ မပြည့်ခြင်း စသည့် အခက်အခဲများ ရှိနေပါသည်။ သို့သော် ဈေးရောင်းချ နေရသူများသည် ဆိုင်ခန်းခ ပေးရသည့် အပြင် လျှပ်စစ်မီးခ ကိုလည်း သပ်သပ်စီ ထပ်မံပေးဆောင်ရပြီး မီးပုံမှန် မရရှိသည့်အတွက် တပိုင်တနိုင် မီးစက်များ ဖွင့်ကာ ဈေးရောင်းချနေရသဖြင့် အဆင်မပြေမှုများ တွေ့ကြုံနေရပါသည်။ဘားမားဗီဂျေ | ||||
| Posted: 25 Feb 2012 01:31 AM PST
ရမည်းသင်းမြို့နယ် ၊ ဘုရားကုန်းကျေးရွာ ထီးတော်တင်ပွဲသို့ ရွှေည၀ါဆရာတော် | ||||
| အစိုးရနဲ့ မွန်ပြည်သစ်ပါတီ အချက် ၅ ချက်သဘောတူလက်မှတ်ရေးထိုး Posted: 24 Feb 2012 10:35 PM PST ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့မှ ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်ဆဲရေးအပါအဝင် အချက်ငါးချက်ကို နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ | ||||
| မကွေးတိုင်း ပဲစိုက်ခင်းများ ရွှေဂက်စ်ပိုက်လိုင်းကြောင့် ပျက် (ရုပ်/သံ) Posted: 24 Feb 2012 09:11 PM PST ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ထွက်ရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့ကို တရုတ်ပြည်ကို သယ်ယူနိုင်ရန်အတွက် ဓာတ်ငွေ့လိုင်းနဲ့ ရေနံပိုက်လိုင်းတွေ ချဖို့ မကွေးတိုင်း စကုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက တောင်သူတွေရဲ့ စိုက်ခင်းတွေပေါ်မှာ မြောင်းတွေ ဖောက်လုပ်နေတဲ့အတွက် ယာမြေတွေနဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေပါတယ်။ အဲ့ဒီ စီမံကိန်းမှာ ပါဝင်နေတဲ့ ယာမြေတွေအတွက် လျော်ကြေးပေးမယ် ဆိုပေမဲ့ ဆုံးရှုံးတဲ့ ပမာဏနဲ့ ပေးလျော်တဲ့ ငွေကြေး မမျှတတာကြောင့် တောင်သူတွေက မကျေမနပ် ဖြစ်နေကြပါတယ်။ အခု ဓာတ်ငွေ့ပိုက်လိုင်းတွေ ချနေတဲ့ ယာမြေတွေမှာ ပဲသီးနှံတွေ ရိတ်သိမ်းဖို့ ရက်ပိုင်းသာ လိုတော့တာ ဖြစ်ပါတယ်။ ဘားမားဗီဂျေ | ||||
| အမျိုးသမီးတို့၏ ကာယိနြေ္ဒအချက်ပေး ကာကွယ်ရန် အင်္ဂါနေ့တိုင်း ဝီစီဝေပြီ (ရုပ်/သံ) Posted: 24 Feb 2012 09:12 PM PST ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ အမျိုးသမီး သီးသန့်ယဉ်လိုင်းတွေကို အမျိုးသမီးထုက သဘောကျကျေနပ်တဲ့ အတွက် တိုးချဲ့ပြေးဆွဲသွားဖို့ရှိနေပါတယ်။ (ရုပ်/သံ)ဒီဗွီဘီ အမျိုးသမီးတို့၏ ကာယိနြေ္ဒအချက်ပေး ကာကွယ်ရန် အင်္ဂါနေ့တိုင်း ဝီစီဝေပြီ ဆိုတဲ့ အကြောင်းကိုလည်း ပေါ်ပြူလာ သတင်းမှာအခုလိုဖော်ပြထားပါတယ်။ | ||||
| ရန်ကုန်-မော်ကျွန်း အဝေးပြေး ကားတစ်စီးတိမ်မှောက် Posted: 24 Feb 2012 05:13 PM PST ရန်ကုန်-မော်ကျွန်းအဝေးပြေးကား ပြေးဆွဲလျက်ရှိသော မှန်လုံကားတစ်စီးသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီတွင် မော်ကျွန်းမြို့မှ အထွက် ရာဇူတိုင် အမှတ်(၁) တံတားအလွန်တွင် တိမ်းမှောက်မှု ဖြစ်ပွားရာ လူတစ်ဦးပွဲချင်းပြီး သေဆုံး၍ လူ ၁၆ယောက် ဒဏ်ရာရရှိခဲ့သည်။ ဖြစ်ပွားပုံမှာ ဒရိုင်ဘာကိုမြင့်ဝေ မောင်းနှင်သော ကားသည် ရာဇူတိုင်အမှတ်(၁) တံတားသို့ အရောက်တွင် ဘရိတ်ချို့ယွင်း သွားပြီး လမ်းဘေးသို့ ထိုးဆင်းသွားရာ သေဆုံး သူငှက်တော်ကျေးရွာနေ ကိုထွန်းသိန်း ၂၃ နှစ်သည် ကားပေါ်က ခုန်အဆင်း မြေပြင်ပေါ်သို့အရောက် ကားမှာ ၄င်းပေါ်သို့ လဲကျတိမ်းမှောက် သွား၍ ကားဝိတ် ပိမိသဖြင့် ပွဲချင်းပြီး သေဆုံးသွားသည်။ ကားအတွင်း ကျန်ရှိသူများမှာ ဒဏ်ရာများ ရရှိပြီး ကားကိုအားချင်းတည့်မတ်ကာ ကယ်ထုတ်ခဲ့ရသည်။ ၄င်းကားမှာ အရှေ့ပိုင်းအနည်းငယ် ပျက်စီးသွားပြီး နောက်ဖက်နှင့် ဘေးဖက်ရှိ လေကာမှန်တချို့လည်း ပျက်စီးသွားသည်။ ဒဏ်ရာရရှိသူများအနက် စပယ်ယာကိုစိုင်းရတ် ၂၇ နှစ်(လည်ချောင်း၊ ရင်ဘတ်ဒဏ်ရာ)နှင့် ဆရာတော် ဦးဥတ္တရ (ဦးခေါင်းဒဏ်ရာ)တို့ ဒဏ်ရာပြင်းထန်၍ အရေးပေါ်ကုသလျက်ရှိပြီး အခြားဒဏ်ရာ ရရှိသူ လေးယောက်ကိုလည်း ဆေးရုံတင် ကုသလျက်ရှိသည်။ ပေါ်ပြူလာဂျာနယ် | ||||
| လွှတ်တော်ကိုယ်စားလှယ်များ ခံစားခွင့် Posted: 24 Feb 2012 05:19 PM PST
ပေါ်ပြူလာဂျာနယ် | ||||
| လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ခရမ်း-သုံးခွ သို့ ပါတီစည်းရုံးရေးခရီးသွားမည် Posted: 24 Feb 2012 04:51 PM PST မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် လာမယ့် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ မှာ ရန်ကုန်တိုင်း ခရမ်းမြို့ နယ် နှင့် သုံးခွမြို့ နယ်တွေကို ပါတီအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်းသိရပါသည်။ Myanmar News Now | ||||
| မင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား မန္တလေးသွားမည် Posted: 24 Feb 2012 04:44 PM PST ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့ မန္တလေးမြို့သို့ ရောက်မည် ဖြစ်ပြီး ထိုနေ့တွင် ကျောက်ဆည်သို့ သွားမည်ဟုသိရသည်။ ဖေဖော်ဝါရီ ၂၇ ရက်နေ့ တွင် မန္တလေးမြို့ မှ ရှေ့နေ ၊ဥပဒေ ပညာရှင်များ နှင့် တွေ့ဆုံမည် ဟုသိရသည်။ ၂၇ ရက်နေ့ နေ့ လည် ၂ နာရီ အချိန်တွင်မန္တလေးမြို့ မှ လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေးတို့ညီအကို နှင့် ဦးပါပါလေး ၏ နေအိမ်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ဦးပါပါလေးက ပြောကြားသည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင်မန္တလေးမြို့ ၃၄ လမ်း ၊ ၈၀ x ၈၁လမ်းကြားရှိ ရာပြည့် မန္တလေး စာအုပ်ဆိုင် (၂ ) တွင် ၄င်း တို့၏ ၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာ ရှင်းလင်းပွဲ စာအုပ်ကိုလက်မှတ်ထိုးရောင်းချမည် ဟု ရာပြည့် စာအုပ်တိုက်မှ သိရသည်။ ထိုမှ ၂၈ ရက် နေ့လည် ၃ နာရီတွင် မန္တလေးမြို့ ၆၄ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ Oriental House ခန်းမတွင် မြို့မိ ၊ မြို့ဖများနှင့် တွေ့ဆုံ မည်ဟုသိရသည်။ပေါ်ပြူလာဂျာနယ် | ||||
| ပြည်သူလွတ်တော်ဥက္ကဋ္ဌ မိန့်ခွန်း ပြန်ကြားရေး ဆင်ဆာဖြတ် Posted: 24 Feb 2012 04:33 PM PST မြန်မာနိုင်ငံ ပြန်ကြားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏မိန့်ခွန်းကိုပင် ဆင်ဆာဖြတ်ကာ မူရင်းအတိုင်း ပြည်သူများကို တင်ပြခွင့်မရကြောင်း ဦးရွှေမန်း၏ ပြောဆိုချက်ကို ကိုးကားပြီး ပြည်တွင်းရှိ သတင်းအယ်ဒီတာတစ်ဦးက ပြောကြားသည်။ ဖေဖောဝါရီလ ၂၂ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုသမ္မတနိုင်ငံ ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များဆိုင်ရာ လေ့လာဆန်းစစ်ရေးကော်မရှင်နှင့် အရပ်ဖက်လူများ တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် "ပြည်သူများအတွက် ရဲရဲဝံ၀ံ သတ္တိရှိရှိ လုပ်ကြရန် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း ပြောကြား ခဲ့မှုကို ရဲရဲဝံဝံလုပ်ကြရန်သာ သတင်းစာနှင့် ရုပ်မြင်သံကြားတို့တွင် ဖော်ပြခဲ့ပြီး သတ္တိရှိရှိကို ချန်ထားခြင်းခံရကြောင်း ဦးရွှေမန်းက သတင်းထောက်များကို ဥပမာပေး ရှင်းပြကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။ "သတ္တိမရှိခြင်းမှာ အဂတိတရား လိုက်စားခြင်းဖြစ်တယ်"ဟု သူရဦးရွှေမန်းက ဆိုသည်။ ပြည်သူခေတ်၏ အယ်ဒီတာ ဦးဖေမြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမိန့်ခွန်းကို ယခုကဲ့သို့ အစိုးရဌာနတစ်ခုက ဆင်ဆာ ဖြတ်ခြင်းမှာ ဖြစ်သင့်မဖြစ် သင့် မေးခွန်းပြန်ထုတ်ခဲ့သည်ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးထံမှ သိရှိရသည်။ ယခင်ကလည်း ပြည်သူလွတ်တော်ကိုယ်စားလှယ်များ၏ လွတ်တော်တွင်းဆွေးနွေးမှုများကို တိုက်ရိုက်ထုတ်လုပ်လွှင့်ခြင်းမရှိဘဲ သတင်း ကြေငြာသူမှတဆင့် ပြန်ပြောင်းပြောဆိုခြင်းနှင့်ပတ်သက်ပြီး လွတ်တော်ကိုယ်စားလှယ်များ ဝေဖန်ခဲ့ဘူးသည်။ MP | ||||
| Posted: 24 Feb 2012 02:30 PM PST အရစ်ကျစနစ်နဲ့ မကြာသေးမီကရောင်းချသော SHINE construction မှအထပ်မြင့်အိမ်သာများဆောက်လုပ်နေခြင်း။ ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊ ပြည်သူ့ကွက်သစ် ၂လမ်းထိပ်တွင် SHINE construction မှတာဝန်ယူဆောက်လုပ်နေသော ကန်ထရိုက်တိုက်မှ မိလ္လာကြွင်းမှာ သာမာန်ထက်မြောက်များစွာ မြင့်အောင်ဆောက်လုပ်နေတဲ့ အတွက် ပတ်ဝန်းကျင်မှ အိမ်များ မကျေနပ်လို့ပြောကြားရာမှာဂရုမစိုက်ဘဲဆက်လက်လုပ်ကိုင်နေကြောင်း သိရပါတယ်။ သာမန်ထက် ၃ပေ၄ပေမြင့်အောင်ဆောက်လုပ်ထားတဲ့ အတွက်နောင်တစ်ချိန် မိလ္လာလျှံကျလာခဲ့ရင် ပတ်ဝန်းကျင်မှအိမ်များကျမ်းမာရေးလူမှူ့ရေးမြောက်များစွာ ထိခိုက်နိုင်ပါတယ်။ စည်ပင်သာယာကလည်း အခုလို ပတ်ဝန်းကျင် ကိုထိခိုက်စေတဲ့ လုပ်ရပ်များကို ခွင့်ပြုမိန့်မချပေးသင့်ပါဘူး။ တာဝန်ရှိသူများမှပတ်ဝန်းကျင် အိမ်နီးနားချင်းများ ကျမ်းမာရေးလူမှူ့ရေးများအားထောက်ထားပြီး တာဝန်ယူဖြေရှင်းပေးသင့်ကြောင်း အဆိုပါ ကန်ထရိုက်တိုက်နားမှာနေထိုင်သူတဦးက Myanma News Now ကိုပြောပါတယ်။ SHINEconstruction မှတာဝန်ယူဆောက်လုပ်နေသော ကန်ထရိုက်တိုက်နှင့် ဆောက်လုပ်နေဆဲ လုပ်ငန်းခွင် ဓါတ်ပုံများ။ | ||||
| ကျောက်ဆည်တက္ကသိုလ်မြေများကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုကအဓ္ဓမသယ်ယူအသုံးပြုနေ Posted: 24 Feb 2012 02:07 PM PST ကျောက်ဆည် တက္ကသိုလ်ပုရ၀ဏ်တွင်းမှ မြေများကို ပုဂ္ဂလိကကုမ္ပဏီ တစ်ခုကအဓ္ဓမသယ်ယူအသုံးပြုနေလို့ ဒေသခံပြည်သူများက မခံမရပ်နိုင်ဖြစ်နေ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊တောမရွာအနီးရှိ ကျောက်ဆည်တက္ကသိုလ်တွင် တက္ကသိုလ်ဘောလုံးကွင်း ပြင်ဆင်ပေးမည်ဟု မတ်လုံးပေပြီး တက္ကသိုလ်ဘောလုံးကွင်းအတွင်းရှိ မြေများကို တရုတ်ပြည်သို့ဓတ်ငွေ့ပိုက်လိုင်းဆက်သွယ်ပေးသည့် တာမိုးညဲကုမ္ပဏီမှ သိုလှောင်မည့် မြေနေရာသို့ ဖေဖော်ဝါရီလဆန်းပိုင်းကစတင်ပြီး နေ့ချင်းညချင်းသယ်ဆောင်နေသည်ဟု သိရသည်။ အဆိုပါ ကုမ္ပဏီသည် ရန်ကုန်-မန္တလေးအမြန်ကားလမ်းမကြီး၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး တက္ကသိုလ်ပုရ၀ုဏ်တွင်းရှိ နိုင်ငံပိုင်မြေများကို စက်ကြီးများနှင့်တူးယူပြီး ကုမ္ပဏီကားများဖြင့် ပုဂ္ဂလိက အသုံးပြုလိုသည့် နေရာသို့အဓ္ဓမယူဆောင်အသုံးပြုနေသည်မှာ ယခုအချိန်ထိဖြစ်သည်။ တက္ကသိုလ်ဘောလုံးကွင်းပြင်ဖို့ ကုန်ကျစရိတ်ထက် သယ်ယူသွားတဲ့ မြေက တန်ဖိုးပိုကြီးနေသည်ဟု အဆိုပါတက္ကသိုလ်အနီးရှိ တောာမရွာမှဒေသခံများက ပြောဆိုနေကြသည်။ `ဒါက ပြည်သူပိုင်မြေကို ရောင်းစားနေတာပါ။တက္ကသိုလ်အကျိုးတွက်လည်းမဟုတ်ပါဘူး`ဟု ဒေသခံတောမရွာသားတစ်ဦးကပြောပါသည်။ ထို့ပြင် တရုတ်ကုမ္ပဏီပိုင် မြေသယ်ကားများက ကျောင်းလမ်းမပေါ်တွင် နေ့ရောညပါ ဥဒဟိုသွားလာနေသဖြင့် ကုမ္ပဏီအလုပ်သမားများနှင့် ကျောင်းသားများကြား ပဋိပက္ခဖြစ်ပေါ်နိုင်သည်နှင့်ပတ်သက်ပြီလည်း ဒေသခံများက စိုးရိပ်နေသည်။`ဒါက မြေသယ်ကားကွ ဖြေးဖြေးမောင်းလို့ မရဘူး။ဖယ်မပေးရင်တော့ တိုက်ပစ်မှာပဲ`ဟု မြေကားမောင်းသမားက ကျောင်းသားများကို ရိုင်းပြစွာပြောဆိုသဖြင့် ကျောင်းသားများကလည်း အခဲမကြေဖြစ်နေသည်ဟုဒေသံတစ်ဦးကဆိုသည်။ `ကားတွေက တရပ်စပ်သွားနေလို့ ကျွန်မတို့ နေတဲ့ အဆောင်တွေလည်း ဖုန်မှုန်တွေနဲ့ မွန်းထူနေတာပဲ။ဒီကိစ္စက မဖြစ်သင့်ပါဘူး`ဟု ကျောက်ဆည်တက္ကသိုလ်မှ ဆရာမတစ်ဦးက တောမရွာသို့ အရောက်တွင် ညည်းညူပြောဆိုသွားသည်ဟုလည်း ဒေသခံတစ်ဦးကဆိုသည်။ `ဘောလုံးကွင်း ပြင်တာ ဘောလုံးကွင်းတော့ ဖြစ်မှာ မဟုတ်ဘူး။မြေတွေတူးလို့ကုန် ချိုင့်ကွက်ဖြစ်ပြီး ရေကူးကန်ဖြစ်တော့မယ်`ဟု အဆိုပါတက္ကသိုလ် အင်ဂျင်နီယာဌာနမှ ပုဂ္ဂိုလ်တစ်ဦးကလည်း ညည်းငြူပြောဆိုနေသည်ဟု သိရသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံပိုင်မြေကို ပုဂ္ဂလိက အကျိုးတွက်ယခုကဲ့သို့အသုံးပြုနေသည်မှာ မဖြစ်သင့်ပေ။မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အနေနှင့်လည်း အဆိုပါကိစ္စမျိုးကို လစ်လျုရှု မထားသင့်ပဲ အကြောင်းအရင်းအမှန်ကို စီစစ်ဖော်ထုတ်ပြီး တက္ကသိုလ်ဝန်ထမ်းများ၊ကျောင်းသားများနှင့်ဒေသခံများ အကျိုးတွက် စိစစ်ဆောင်ရွက်သင့်ကြောင်း တောမရွာသားတဦး က Myanmar News Now ကို ပြောပါသည်။ အထက်ပါဓါတ်ပုံတွေမှာ ကျောက်ဆည် တက္ကသိုလ်ပုရ၀ဏ်တွင်းမှ မြေများကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက အဓ္ဓမသယ်ယူအသုံးပြုနေပုံ တွေကို ဒေသခံပြည်သူတဦးက Myanmar News Now ကို ပေးပို့ ထားတာပါ။ | ||||
| ကြံ့ဖွံ့အမိန့်ဖြင့် ဒေသခံများလုပ်အားပေးသွားနေရ Posted: 24 Feb 2012 01:48 PM PST ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့ကြံဖွံ့အဖွဲ့ဝင်ဦးသစ်လွင်အမိန့်ဖြင့် နမ္မတူလျပ်စစ် ဓါတ်အားလိုင်း ဥက္ကဌဦးမြမောင်နှင့် အဖွဲ့သည် နမ္မတူမြို့ရက်ကွက်(၈)ရှိ ရပ်ကွက်သူ၊သားများအား ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ရန်အတွက် လိုအပ်သောပစ္စည်းကိရိယာနှင့် အုတ်ခဲများသယ်ဆောင်ရန် လုပ်အားပေးစေခိုင်းခဲ့ကြောင်း သိရှိရသည်။ "တစ်မိသားစုကိုတစ်ယောက်မသွားမနေရဆိုတော့ သွားရတာပေါ့ ပြီးတော့ ကိုယ့်ထမင်းဟင်းကိုယ် ယူသွားရသေးတယ် ၊တနေကုန်လုပ်ပေးရတယ်ယောင်္ကျားတွေဆိုရင် ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ဖို့ မြောင်းတွေတူးရတယ်၊ အမျိုးသမီးတွေကတော့လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့အုတ်ခဲတွေ သယ်ရတယ် တစ်အိမ်တယောက် မသွားရင် ပိုက်ဆံတစ်ယောက်စာပေးရတယ်၊ ကျတော်တို့ရက်ကွက်ကတော့ လုပ်အားပေး အကုန်သွားကြတယ်" ဟုလုပ်အားပေးမှပြန်လာသော ဒေသခံမှပြောပြခဲ့သည်။ ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကနေ (၁၅)ရက်နေ့ထိ နမ္မတူမြို့ရှိရက်ကွက်ရွားသားများ အလှည့်ကျ လုပ်အားပေးသွားနေရသလို ပိုက်လိုင်းတစ်လျောက်ရှိကျေးရွာများလည်း မကြာခဏဆိုသလို ပိုက်လိုင်းအတွက် လုပ်အားပေးသွားနေရကြောင်း သိရှိရသည်။ ထိုနောက် လိုက်လံကြီးကြပ်ဖို့နှင့်လုံးခြုံရေးတာဝန်များကို နမ္မတူရဲတပ်ဖွဲ့နှင့် တပ်ရင်း(၃၂၄)မှ စစ်သားများယူပေးရသည်။ လုပ်အားပေးလုပ်ဆောင်နေစဉ်အတွင်းမနားရသည့်အပြင် အုတ်ခဲနှင့် အခြားပစ္စည်းများသယ်ဆောင်ရာတွင်လည်းမနားရပဲသယ်ရကြောင်းဒေသခံများမှပြောပြခဲ့သည်။ သတင်းမှတ်တမ်းနှင့်သုတေသနဌာန တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး | ||||
| ကတိပျက်ပြီး ပျောက်ဆုံးနေတဲ့ ကျပ်သိန်း(၂၀၀၀) Posted: 24 Feb 2012 01:41 PM PST
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့ ရှိ သောင်တိုးမြေမှာ မြို့ နယ် အာဏာပိုင်တွေက သောင်တိုးမြေကွက်သစ်ဖေါ်ထုတ်ရေးကော်မတီတရပ် ဖွဲ့ စည်းပြီး မြေကွက်ရောင်းချခဲ့ကြောင်း သိရပါတယ်။ မော်လမြိုင်ကျွန်းအရှေ့ ဘက် မြစ်ထဲမှာ သောင်ထွန်းတဲ့မြေကို သောင်တိုးမြေလို့  ခေါ်ဆိုပြီး မြေကွက်ရောင်းချခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ဇွန်လမှာ သောင်းတိုးမြေကွက်သစ် ဖေါ်ထုတ်ရေး ရန်ပုံငွေလို့ အမည်တပ်ကာ မြေအကျယ်အ၀န်းပေါ်မူတည်ပြီး ကျပ်(၃) သုံးသိန်း ကနေ ကျပ်(၃၀)သိန်းသုံးဆယ် ကြား ဈေးအမျိုးမျိုးနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ရောင်းချရရှိငွေ ကျပ်သိန်းထောင်ပေါင်းများစွာရှိပြီး အဲဒီငွေထဲက မြေသာလမ်းနှင့် အထွေထွေ ကုန်ကျစရိတ်ကိုနုတ်ကာ ငွေကျပ်သိန်း(၂၀၀၀)နှစ်ထောင်ကျော်ကို မြန်မာ့စီးပွါးရေးဘဏ် မှာ အပ်နှံထားပါတယ်။ သောင်တိုးမြေရောင်းစဉ်က ပိုငွေကို သောင်တိုးမြေအတွက် လမ်းမီး တိုင်းများ၊ ကျောက်ချောလမ်းများနှင့် တံတား(၅)စင်း စသည့်လုပ်ငန်းများ လုပ်ကိုင်မယ်လို့  ကော်မတီအစည်းအဝေး ပြုလုပ်စဉ်က မြို့ မိမြို့ ဖများရှေ့မှာ ကော်မတီလူကြီးတွေက ကြွေးကြော် ကတိပေး ခဲ့ပါတယ်။ အခုအခါမှာတော့ ဘာတခုမှအကောင်အထည်ဖေါ်လုပ်တာမတွေ့ ရပဲ ဘဏ်မှာအပ်နှံထားတဲ့  ပိုငွေများလည်း ဘာသံမှမကြားတော့တဲ့အကြောင်း မိမိတို့ မှာတော့ သောင်တိုးမြေပေါ်မှာ လျှပ်စစ်မီးမရှိပဲ မှောင်မှောင်မဲမဲ နဲ့ လုံခြုံမှုကင်းမဲ့စွာသွားလာနေထိုင်ရကြောင်း အဲဒီမြေပေါ်မှာ လက်ရှိနေထိုင်နေသူတဦးက Myanmar News Now ကိုပြောပြပါတယ်။ | ||||
| အားကစားဝန်ကြီးဦးတင့်ဆန်း၏ လာဒ်စားမှုများပေါ်ပြီ (တိုင်ကြားစာ) Posted: 24 Feb 2012 12:35 PM PST ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး နှင့် အားကစားဝန်ကြီး ဦးတင့်ဆန်း သည် နိုင်ငံတော်မှ ငွေကြေးအမြောက်အများကို လိမ်ယူထားသူဖြစ်ကြောင်း ၊ ပြည်သူ့ လွှတ်တော် အဆောက်အဦး အမှန်တကယ် ကုန်ကျငွေ၏ နှစ်ဆကျော်ခန့် ကုန်ကျကြောင်း၊ နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှသိရသည်။ လိမ်လည်မှုတွေနှင့် ပါတ်သတ်လို့  ဆောက်လုပ်ရေးအင်ဂျင်နီယာတဦး က Myanmar News Now ကို စာရေးသားပေးပို့ ထား ပါသည်။ ပေးပို့ လာတဲ့ စာကို အောက်မှာမူရင်းတိုင်း ဖော်ပြပေးလိုက်ပါသည်။ စာမှာ စာလုံးပေါင်း တချို့ မှားယွင်းမှုရှိနေတာကို စာဖတ်သူတို့  နားလည် ဖြည့်စွပ်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။
| ||||
| မနောမြေ ကို တုန်လှုပ်စေတဲ့ ငြိမ်းချမ်းရေးဓါတ်ပုံများ Posted: 24 Feb 2012 11:36 AM PST ဓါတ်ပုံ(အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်) | ||||
| ဒေါ်စု မြစ်ကြီးနား မနောကွင်းလူထုဟောပြောပွဲ (ရုပ်/သံ) Posted: 24 Feb 2012 09:25 AM PST မြန်မာနိုင်ငံက ချမ်းသာကြွယ်ဝမှုတွေအားလုံးဟာ ပြည်သူတွေ အားလုံးနဲ့ဆိုင် | ||||
| Posted: 24 Feb 2012 08:55 AM PST ဖေဖေါ်ဝါရီ ၂၄၊ ၂၀၁၂ (YPI) (ယမန်နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က လှည်းတန်းလမ်းဆုံ အများသုံး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယင်းသန့်စင်ခန်း ၀န်ထမ်း တဦးသေဆုံးပြီး တဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသွားသူ မခင်မြတ်နွယ်မှာ ဆေးရုံတွင်လနှင့်ချီ ကုသမှုခံယူလျှက်ရှိသည်။ သူ့အနေဖြင့် ဖြစ်ပျက်ခဲ့သည့် အတွက်မည်သူ့ကိုမျှ အာဃာတမထားပဲ သူ့၏ မျက်နှာတခြမ်း မှ ဒဏ်ရာကိုသာ ပြန်လည်ကောင်းစေချင်သည်ဟု ပြောဆိုသည်။ မခင်မြတ်နွယ်နှင့် YPI တွေ့ဆုံမေးမြန်းထားသည်ကို ဖေါ်ပြပေးလိုက်ပါသည်။) လွန်ခဲ့သည့် ၂လကြာက လှည်းတန်း လမ်းဆုံ ဗုံးကွဲမှုကြောင့်ရရှိသည့် ဒဏ်ရာများ ကုသမှုခံယူလျှက်ရှိသည့် မခင်မြတ်နွယ်အား ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က ရန်ကုန်မြို့ ၎င်းနေထိုင်ရာ အိမ်၌ ယခုလိုတွေ့ရသည်။ (ဓါတ်ပုံ- သူရမျိုး YPI) YPI ။ ။ အဲဒီနေ့က အဖြစ်အပျက်ကလေးကို ပြန်ပြောပြ ပေးနိုင်မလား။ မခင်မြတ်နွယ်။ ။ အဖြစ်အပျက်ကတော့ ၊ သမီးက သိတာ သူထားခဲ့တာဘဲသိတော့တယ်။ YPI ။ ။ ထားခဲ့တဲ့လူပုံကောမှတ်မိလား ။ မခင်မြတ်နွယ်။ ။ လူပုံကတော့မှတ်မိပါတယ် ။ ပိန်ပိန်သေးသေးလေးကောင်လေးက ။ခပ်ငယ်ငယ်ပါဘဲ။ သူတို့ပြောတာတော့အသက် ၁၅ နှစ်လို့ပြောတယ်။ ကုလားစပ်လို့တော့ ထင်တာဘဲ ထားခဲ့တာ။ ဘာမှမလုပ်ပါဘူး သူလည်းသူ့ဘာသာသူ အပြင်ထွက်သွားတယ် ။ သမီးတို့လည်း နှစ်ယောက်အတူ ထိုင်ပြီးထမင်းစားနေကြတာ အဲဒီအချိန်မှာထဖြစ်တာ။ YPI။ ။အခုလိုဖြစ်သွားတဲ့အတွက် ဆေးကုသမှုကို ဘယ်သူ တာဝန်ယူပေးပါသလဲ။ မခင်မြတ်နွယ်။ ။ အဲဒါတော့ သက်ဆိုင်ရာက ကုပေးတာ ။ ကိုယ်ကတော့ ဘာမှမ၀ယ်ရဘူး ။ YPI။ ။ အလုပ်ရှင်က ရော ဘယ်လိုတာဝန်ယူပေးပါသလဲ။ မခင်မြတ်နွယ်။ ။အလုပ်ရှင်က ဖြစ်ဖြစ်ခြင်းတော့ ငါးသိန်းလာပေးတယ်။ သုံးဖို့ပေါ့နော် ။ တော်တော်ကြာတော့ လစာအဖြစ်ဆိုပြီးတော့ငါးသောင်းပေးတယ်။ လစာပေးတာတဲ့။ YPI။ ။ အရင်အလုပ်ကိုပြန်လုပ်ဖို့အစီအစဉ်ရှိလား။ မခင်မြတ်နွယ်။ ။ သွားတော့မတွေ့ရသေးဘူး။ သူကတော့ပြန်ခိုင်းမယ်ပြောတာဘဲ။ ကိုယ်ကလည်း ဟိုးအရင်တုန်းက ဒီအလုပ်ကိုဘဲလုပ်နေကြဆိုတော့ သူတို့ဆီသွားလျောက်ပြီး လုပ်လိုက်တာ။ YPI ။ ။ အခုစားဝတ်နေရေးအခြေအနေဘယ်လိုရှိသလဲ ။ မခင်မြတ်နွယ်။ ။အခုတော့ အဒေါ်တွေကကြွေးထားတာဘဲ ။မိဘတွေကလည်း အဆင်မပြေလို့ပြန်သွားကြပြီ။ အလုပ်ပြန်လုပ်တာပေါ့နော်။ ပိုက်ဆံပြန်ရှာကြတာပေါ့ ။ ကိုယ်ကတော့ ဒီမှာအဒေါ်တွေနဲ့ ကြွေးထားတာ စားရတာ။ YPI။ ။ မိသားစု ဘယ်နှစ်ယောက်ရှိပါသလဲ။ မခင်မြတ်နွယ်။ ။မိသားစုက အဖေကြီးရယ်အမေကြီးရယ် မောင်လေးတစ်ယောက်ရယ် သမီးရယ် သမီးရဲ့သားလေးရာယ်။ အမျိုးသားက ကွဲနေတယ် ကိုယ့်ဘာသာကိုယ် အလုပ်လုပ်စားနေရတာ ။ကလေးကို အမေကြီးအိမ်မှာထားတာပေါ့နော်။ မောင်လေး တစ်ယောက်က မြောက်ဥက္ကလာမှာ အလုပ်လုပ်တယ်။ YPI ။ ။ အခုလို ဗုံးဖောက်ခွဲတဲ့လူတွေအပေါ်ဘာများပြောချင်ပါသလဲ။ မခင်မြတ်နွယ်။ ။ ဘာမှမပြောချင်ပါဘူး ။ ဒါကတော့ ကိုယ့်ကုသိုလ်ကံပေါ့နော်။ ကုသိုလ်ကံမကောင်းဘူး။သူလည်းတစ်နေ့ကျရင် သူ့ဒုက္ခနဲ့သူ သွားမှာဘဲ။ သူ့လည်းကိုယ်ဘာမှ မလုပ်ချင်ဘူး ။ကိုယ့်ကုသိုလ်ကံ မကောင်းလို့ပေါ့နော် ။ဟိုဘ၀က ဒီလိုဖြစ်မယ်ဆိုတာ ပါလာလို့ဖြစ်တာဘဲ။ အဲလိုမျိုးတော့ယူဆတယ်။ ကိုယ်ကမှ ကုသိုလ်ကံကောင်းတယ်လို့ ပြောရအုန်းမယ် ဟိုတစ်ယောက်ဆို သေသွားတာ တစ်စစီဖြစ်သွားတယ် ။ ကိုယ်လည်းပြန်ပြန်ပြီး ဖြေသိမ့်တယ်။ ဘယ်သူ့ကိုမှ ပြစ်မတင်ပါဘူး ။ ကုပေးတဲ့လူကိုတော့ ကျေးဇူးတင်တယ်။ အစိုးရကုပေးတယ်ပြောတာပါဘဲ။ ကိုယ်တော့မမြင်ရပါဘူး။ ကိုယ်က ဘာမှမ၀ယ်ရဘူး သူတို့လာလုပ်ပေးတာ အသင့်နေရတာဘဲရှိတယ်။ သူတို့ကိုတော့ ကုလက်စနဲ့ မျက်နှာလေးပါကောင်းအောင် ကုပေးပါလို့တော့ စာတင်ခိုင်းထားတယ်။ ကုပေးတော့လည်း ကိုယ့်ကုသိုလ်ကံပေါ့ မကုပေးတော့လည်း ကိုယ့်ကုသိုလ်ကံပေါ့နော်။ YPI။ ။ နောက်ရောဘာပြောချင်ပါသေးလဲ။ မခင်မြတ်နွယ်။ ။ ဘာမှမပြောချင်ပါဘူး မျက်နှာပဲကောင်းချင်တယ်။ မျက်နှာပြန်ကောင်းချင်တယ်။ အဲဒါ အလုပ်မြန်မြန်ပြန်လုပ်လို့ရအောင် ။ ဒီမျက်နှာနဲ့ ကျတော့ ဘယ်မှမသွားရဲဘူး ။ ယောင်္ကျားးလေး ဆိုရင်တော့ မလုပ်ခိုင်းဘူးပေါ့ ။မိန်းခလေးဖြစ် တော့လည်းရှက်တာပေါ့ လူကြားထဲအလုပ်လုပ်ရမှာလေ။ မကောင်းတာ လုပ်စားတာလည်းမဟုတ်ဘူး ။ လူတော သူတောထဲမှာ သူများတွေဝိုင်းကြည့်တော့ အားငယ်တာပေါ့ ။ မျက်နှာမကောင်းတာတော့ အဲလိုမျိုးပေါ့နော် ဟိုတစ်လောကဆိုမှန်ထဲကြည့်ကြည့်ပြီး ကိုယ့်ဘာသာကိုယ်ငိုရတယ်။ ခြေထောက်တွေလက်တွေ မကောင်းတာတော့ ကိစ္စမရှိဘူးပေါ့နော်။ အဲဒါပါပဲ။ YPI ။ ။ အခုလိုဖြေပေးတဲ့အတွက် မခင်မြတ်နွယ်ကိုကျေးဇူးတင်ပါတယ်။ ။ အခင်းဖြစ်ပွားသည့် ဒီဇင်ဘာ ၂၁ ရက်နေ့ ဗုံးကွဲပြီး မိနစ်အနည်းငယ်အကြာ ဒဏ်ရာရရှိသူ မခင်မြတ်နွယ်အား သယ်ဆောင်သွားစဉ်၊ (ဓါတ်ပုံ-YPI) | ||||
| လူထု ငြိမ်းချမ်းလုံခြုံဖို့ ဒေါ်စု ကြိုးစားမည် Posted: 24 Feb 2012 08:52 AM PST မြန်မာနိုင်ငံမှာ သာယာငြိမ်းချမ်းမှုနဲ့အတူ အေးချမ်းလုံခြုံမှုရှိတဲ့ ဘ၀တွေကို ပိုင်ဆိုင်နိုင်ဖို့ သူ့အနေနဲ့ အတတ်နိုင်ဆုံး တာဝန်တွေကို ကြိုးစား ဆောင်ရွက်သွားမယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်နေစဉ် ဒီကနေ့ မြစ်ကြီးနားမြို့မှာ အခုလို လူထုကို ပြောလိုက်တာဖြစ်ပြီး ကချင်ပြည်နယ်တွင်းမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေ ရဖို့အတွက်လည်း သဘောထားကြီးကြီးနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီသတင်းကို မသင်းသီရိက အပြည့်အစုံ တင်ပြထားပါတယ်။ ကချင်ပြည်နယ်ကို NLD ပါတီ စည်းရုံးရေးအတွက်ရော၊ ရွေးကောက်ပွဲ စည်းရုံးရေးအတွက်ပါ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက် သောကြာနေ့ မနက်က မြစ်ကြီးနားမှာရှိတဲ့ ကချင် မနောကွင်းမှာ လူထုနဲ့ တွေ့ဆုံစကား ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပြီး နောက်ပိုင်း လူထုကို ပြောခဲ့တဲ့ မိန်ခွန်းတွေထဲမှာ ဒီကနေ့ မြစ်ကြီးနားမှာ ပြောခဲ့တဲ့မိန့်ခွန်းဟာ အချိန်အကြာဆုံး ဖြစ်သလို နိုင်ငံရေးကိစ္စ အတော်များများ ထည့်သွင်းပြောကြားခဲ့တဲ့ မိန်ခွန်းတစ်ခုလို့ သုံးသပ်ကြပါတယ်။ သာယာငြိမ်းချမ်းတဲ့ ဘ၀တွေကို လိုချင်လို့ သူ့ကို အားပေးကြတဲ့ လူထုအတွက် တာဝန်တွေကို အတတ်နိုင်ဆုံး ကြိုးစား လုပ်ဆောင်သွားမယ်လို့ ကချင်လူထုကို ဒေါ်အောင်ဆန်းစုကြည်က ကတိပေးခဲ့ပါတယ်။ "ဒီမှာလာပြီးတော့ ပြည်သူတွေ အများကြီး ကျမတို့ကို လာရောက် အားပေးကြတယ်။ ပြည်သူတွေက ဒီလိုအားပေးရင် အားပေးမှုနဲ့ ထိုက်တန်အောင် လုပ်ရမယ်ဆိုတဲ့ တာဝန်သိစိတ် ရှိရမယ်။ အားလုံး လိုချင်တာက ဘာလဲဆိုတော့ အေးချမ်းတဲ့ တည်ငြိမ်တဲ့ ဘ၀ကိုလိုချင်လို့ ကျမတို့ကို လာပြီးတော့ ထောက်ခံတယ်လို့ ကျမ ဒီလိုပဲ မြင်ပါတယ်။ သာယာအေးချမ်းတဲ့ ဘ၀တစ်ခုရဖို့အတွက် ကြိုးစားရမှာ ကျမတို့ရဲ့ တာဝန်ဖြစ်တယ်။ ဒါကို ကျမတို့ နားလည်ပါတယ်။ ကျမတို့ တာဝန်ကို အတတ်နိုင်ဆုံး ထမ်းဆောင်သွားပါ့မယ်။" မြစ်ကြီးနား မနောကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လူထုကိုပြောခဲ့တဲ့ မိန့်ခွန်းထဲက အချက်တချို့ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံမှာ ပင်လုံစိတ်ဓါတ် အရေးကြီးပုံ၊ ကချင်ပြည်နယ်တွင်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေ ရဖို့ အလျော့ပေးကာ ပူးပေါင်း အဖြေရှာဖို့ကိုလည်း တိုက်တွန်းခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်ကလည်း ပြောပါတယ်။ "အရေးတကြီးကတော့ အဲဒီကိစ္စက အခုချက်ချင်း လက်ငင်း ပြဿနာတင် မကဘူး၊ တချိန်လုံး ရှင်းရမယ့် ပြဿနာဆိုတော့ အဲဒီ ရေရှည်အတွက်လည်း ပြောပါတယ်။ ရေတိုအတွက်ကတော့ တွေ့ဆုံ ဆွေးနွေးကြဖို့ တဘက်နဲ့တဘက် သဘောထား ကြီးကြဖို့၊ တဘက်နဲ့တဘက် လိုအပ်ချက်တွေ နားလည်ဖို့၊ အင်အားကြီးတဲ့သူက အင်အားကြီးလေလေ၊ စာနာတတ်လေလေပေါ့။ အဲဒီလို ကိစ္စမျိုးတွေကစပြီးတော့ ပူးပေါင်းပြီးတော့ အားလုံး လုပ်ဆောင်သွားကြဖို့ တပ်လှန့်နိုးဆော်တဲ့ကိစ္စပါ။" ကချင်ပြည်နယ်ကို ဖေဖော်ဝါရီလ ၂၃ နဲ့ ဒီကနေ့ ၂၄ ရက် နှစ်ရက်ကြာ သွားခဲ့တဲ့ ဒီခရီးစဉ်အတွင်းမှာ မနေ့က မိုးကောင်းမှာ လူထုကိုစကားပြောဖို့ နေရာအခက်အခဲ ရှိခဲ့တာကလွဲရင် ကျန်တာအားလုံး အဆင်ပြေတယ်လို့လည်း ဦးခွန်သာမြင့်က ရှင်းပြပါတယ်။ "အရမ်း လှိုက်လှဲပျူငှာမှု ရှိပါတယ်။ ကချင်က ကျနော်တို့ သွားဖူးသမျှ စာရင်းမှာ ပရိသတ်က မြစ်ကြီးနား အများဆုံး ဖြစ်သွားတာပေါ့။ ပြီးတော့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဓါတ်ပုံရိုက်ပါတယ်။ အဲဒါပြီးတော့ ကျနော်တို့ လေဆိပ်သွားပြီးတော့ ဗန်းမော်ကို သွားပါတယ်။ ဗန်းမော်မှာလည်း တော်တော် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အင်တိုက်အားတိုက်ပါပဲ။ ပြီးတော့ ဗန်းမော်မှာလည်း ဗန်းမော် မနောကွင်းမှာပဲ ပရိသတ် ပြည်သူများကို မိန့်ခွန်းပြောပါတယ်။ မိန့်ခွန်းပြောပြီးတော့ ကျနော်တို့ ကချင် ယဉ်ကျေးမှုအဖွဲ့နဲ့ သူတို့အဖွဲ့နဲ့ အစ်မနဲ့ စကားပြောပါတယ်။" ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့် ဖြစ်ပါတယ်။ မနောကွင်းက လူထုဟောပြောပွဲကို သွားခဲ့တဲ့ ဒေသခံတစ်ဦးကတော့ ကြီးမား ကျယ်ဝန်းလှတဲ့ ကွင်းအပြည့် လူထုက လာပြီးတော့ အားပေးခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန်ခွန်းကိုလည်း အတော်သဘောကျ ကြတယ်လို့ ပြောပါတယ်။ "တစ်ခု ကျနော် အရမ်း အံ့သြတာက ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်းက သူက စာရွက်ဖတ်ပြီးတော့ ပြောတဲ့ပုံစံမျိုး မဟုတ်ဘူးဗျာ။ သူက ဘယ်လိုမျိုးလဲ ဆိုတော့ သူက လက်တန်းပဲ။ ပြည်သူတွေ အောက်ကနေ ပြောတဲ့ ကျနော်တို့ ဘာဖြစ်ပါတယ်၊ ညာလိုပါတယ် ပြောတာကိုလည်း လက်တန်း ပြန်ပြီးတော့ ဖြေနိုင်တာပေါ့နော်။ ကျနော်တို့ နားထောင်ရတာ ပျင်းစရာ မကောင်းဘူးပေါ့နော်။" မြစ်ကြီးနားမြို့ခံတစ်ဦး ပြောသွားတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ ခေါင်းဆောင်တစ်ဦး ဆိုတာထက် မြန်မာလူထုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကိုယ်စားပြု ဖြေရှင်းပေးမယ့် လူထုခေါင်းဆောင်တစ်ဦး ဆိုတဲ့ အမြင်မျိုးကို ဒေသခံတွေရဲ့ မျက်နှာမှာ တွေ့ရတယ်လို့ သတင်းထောက် တစ်ဦးကလည်း သုံးသပ်ပါတယ်။ "ကျနော်တို့ မြစ်ကြီးနားကို ကြိုရောက်နေတော့ မြစ်ကြီးနား အခြေအနေက အေးတိအေးစက်ပဲလေ။ ကျနော်တို့က ဒီလိုတောင်မှ စည်စည်ကားကား ရှိပါ့မလားလို့တောင် ပထမက ကျနော်တို့ အဲဒီလို ထင်မိသေးတယ်။ ဒါပေမဲ့ မနောကွင်းထဲမှာ လူတွေက တော်တော်လေးများတယ်။ ကျနော်တို့ ကြုံဖူးတဲ့ အနေအထားတွေ အရဆိုရင် ဒေါ်အောင်ဆန်းစုကြည် အကြာဆုံးပြောတဲ့ ဟောပြောပွဲလည်း ဖြစ်သွားတာပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးပါတီနဲ့ ရွေးကောက်ပွဲလောက်နဲ့ ပြောရမယ့် အနေအထားမျိုး မဟုတ်ဘူး။ သူ့အနေအထားက ရိုးရိုးသားသားပေါ့နော်၊ ပြည်သူလူထုက တိုင်းရင်းသားတွေ ဆိုတော့ ပိုဆိုးတာပေါ့၊ သူတို့က ရိုးရိုးသားသား ပြဿနာတွေ အားလုံး ပြေလည်အောင် လုပ်ပေးမယ့်သူပေါ့။ ဒီနေ့ဆိုရင် လူတစ်ယောက်က အော်တယ်။ လွှတ်တော်ထဲကို အန်တီရောက်သွားရင် အားလုံး အဆင်ပြေသွားမှာပါလို့ သူက အော်တော့ ချက်ချင်း ရှင်းရတယ်။ ဒါက အဲဒီလို ပြောလို့မရဘူး၊ အားလုံး ၀ိုင်းလုပ်မှ ရမယ်လို့ အဲဒီလို ပြောသွားတယ်။" ပြည်တွင်း သတင်းထောက် တစ်ဦးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေမှာ ရန်ကုန်ကို ပြန်ရောက်ပြီ ဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ ရန်ကုန်တိုင်းက သုံးခွမြို့နယ်ကို စည်းရုံးရေး သွားမှာဖြစ်သလို မတ်လ ၁ ရက်နေ့မှာ ရှမ်းပြည်နယ်၊ မတ်လ ၃ ရက်နေ့မှာ မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်တွေကို ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးသွားမှာလည်း ဖြစ်ပါတယ်။ VOA | ||||
| အမေစု ကို ဗန်းမော်သားတွေ သောင်းချီကြိုဆို (ဓါတ်ပုံ) Posted: 24 Feb 2012 08:47 AM PST
7 Day | ||||
| NLD မိထ္တီလာကိုယ်စားလှယ်လောင်းက ပြိုင်ဘက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအား တရားစွဲ Posted: 24 Feb 2012 07:17 AM PST
''အဓိကကတော့နာမည်နဲ့တံဆိပ် ကို အလွဲသုံးစားလုပ်လို့တရားဥပဒေ အရအရေးယူရတာပါ''ဟု မိထ္ထီလာ မြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ် စားပြုကာ ဝင်ရောက် ယှဉ်ပြိုင် မည့်ဦးဝင်းထိန်က ဆိုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာမည်နှင့်အမှတ်တံဆိပ်ကိုအလွဲသုံး စားပြုမူသည်ဟုဆိုရာတရားစွဲဆိုရာတွင် ဒေါ်မြင့်မြင့်အေးနှင့် အတူ ၄င်း၏ရွေး ကောက်ပွဲအောင်နိုင်ရေး တာဝန်ခံ ဦးသိန်းအောင်ပါ ပါဝင်သည့်အတွက် ယင်းကို ပါတရား စွဲဆိုထားကြောင်း ဦးဝင်းထိန်က ဆက်လက် ပြောကြား သည်။ အဆိုပါကိစ္စရပ်အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏မိထ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်၏ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ခံကမြို့နယ်ရွေးချယ်တင်မြှောက် ရေးကော်မရှင်ထံမှ တဆင့်အဆင့်ဆင့် သော ရွေးချယ်တင်မြှောက်ရေး ကော်မရှင်များထံ အကြောင်းကြားခဲ့ရာ ပြည်ထောင်စုရွေးချယ်တင်မြှောက်ရေး ကော်မရှင်ကတရားစွဲ ဆိုနိုင်သည် ဟု ပြန်လည် အကြောင်းကြား စာပို့ခဲ့ကြောင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မိထ္ထီလာ မြို့နယ် ရွေးကောက် ပွဲအောင်နိုင်ရေး တာဝန်ခံ ဦးသိန်းလွင် ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။ ''အခုတော့ ဒီကိစ္စကိုမိထ္ထီလာ မြို့နယ် တရားရုံးကလွှတ်တော်ရွေးကောက်ပွဲ ဆိုင်ရာဥပဒေပုဒ်မနဲ့ အရေးယူထား တယ်'' ဟု ဒေါက်တာသိန်းလွင်က ပြော သည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မိထ္ထီလာမြို့နယ် တရားရုံးက၂၀၁၂ခု ၊ ပြစ်မှုကြီးအမှတ် ၁၁၃၅(လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ)ဖြင့်မှတ်ပုံတင် လက်ခံလျှက်ရှိကြောင်း သိရပြီး၊ ပုဒ်မ၂၀၂အရ ယင်းကိစ္စရပ်ကို သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့အား စုံစမ်းစစ်ဆေး ရန်လွှဲအပ်ထားကြောင်း သိရ သည်။ ရန်ကုန်တိုင်းမ် |
--
\\\ ///
/ \
| \\ // |
( | (.) (.) | )
---------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
======ஜ۩۞۩ஜ=======
-------------ooo0---------------------------------
( ) 0ooo
\ ( ( )
\_) ) /
(_/
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ



























