စိတ်ကုန်ပြီး ထွက်လာတယ် လို့တော့ အကြောင်းပြချက် မပေးချင်ပါဘူး
ဒီနှစ်ထဲမှာ PhD Defense လုပ်မှာမို့ မအားတော့လို့ ထွက်လာတာ ပဲ ဖြစ်မှာပါ
ကျွန်တော်ထွက်တဲ့အချိန်မှာ အားလုံးကိုလည်းနှုတ်ဆက်ခဲ့ပါတယ်
လာ Add ပြီး ပြောကြတဲ့လူတွေလည်း တော်တော်များပါတယ် (တော်တော်လေးကိုများပါတယ်)
ဘာတွေပြောဖြစ်တယ်၊ ဘယ်သူတွေ လာ add တယ်ဆိုတာကိုတော့ ပြန်မပြောချင်တော့ပါဘူး
ပြီးခဲ့သမျှကို လမ်းသွားရင်း မတော်တဆ ပုခုံးချင်း ဝင်တိုက်မိ တယ်လို့ပဲ သဘောထားပါတယ်
မတော်တဆ တိုက်မိတာကို သူတပြန်ကိုယ်တပြန် အော်ပြီး ရန်ဖြစ်နေမယ့်အစား နောက်တစ်ကြိမ် သူရှိတဲ့လမ်းက မသွားရင် အကောင်းဆုံးလို့ ကျွန်တော်ကယူဆတယ်
ဒီလို ဝင်တိုက်မိတာကို မျက်စိတစ်ဖက်တည်း ဖွင့်ထားတာကြောင့် လို့တော့ ကိုရဝေ ပြောသလို သိမ်းကြုံးပြီး မပြောချင်ပါဘူး။
ဒါပေမယ့် အစဉ်အလာအတိုင်း လူအများဖက် ကို အမှန်ယူမယ်ဆိုရင်တော့ လူနည်းစု ဖြစ်တဲ့ ကိုပေါင်၊ ကို limit ၊ ကိုနေမင်း၊ ကိုလွမ်းနေသူ နဲ့ ကျွန်တော် တို့ကတော့ လူမှားတွေပါပဲ။
ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါ ကိုရဝေ။
Group အားလုံးက member အားလုံးကို လေးစားလျှက်ပါ.....
(ps: ကျွန်တော့် ဘလော့က ပိုစ့်လေး တစ်ခုကို ကိုရဝေအတွက် attach လုပ်ပေးလိုက်ပါတယ်။ http://www.mee-pya-tite.com/2011/08/blog-post_27.html မှာတော့ ဗွီဒီယို ဖိုင် ရှိမယ်ထင်တယ်။)
ဘဝတွင် ရှင်သန်ရပ်တည်နိုင်ရေး သင်ခန်းစာ (၅) ခု
- သင်ခန်းစာ (၁)
ကျွန်တော်လမ်းတစ်ခုအတိုင်း ဆင်းလာတယ်
အဲဒီလမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်အပေါက်တစ်ပေါက် ရှိနေတယ်
ကျွန်တော်ပြုတ်ကျသွားတယ်
ကျွန်တော်ကျရှုံးသွားတယ်
ကျွန်တော့်ကို ကူညီမယ့်သူမရှိဘူး
ဒါကျွန်တော့အမှားမဟုတ်ဘူး
ပြန်ထွက်နိုင်ဖို့တော့ အချိန်အတော်ကြာလိမ့်မယ်....။
Chapter 1
I walk down the street. There is a man hole in the street.
I FALL IN ......!!! I am lost ....! I am helpless. It isn't my fault!!! It takes forever to get out.
- သင်ခန်းစာ (၂)
ကျွန်တော် အရင်လမ်းအတိုင်း ဆင်းလာတယ်
လမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်အပေါက်တစ်ပေါက် ရှိနေတယ်
ကျွန်တော်မမြင်ချင်ယောင်ဆောင်လိုက်တယ်
ကျွန်တော်ပြုတ်ကျပြန်ပြီ
မယုံနိုင်လောက်အောင်ပဲ.. အရင်နေရာမှာ အရင်အတိုင်းပဲ ပြုတ်ကျတယ်
ဒါပေမယ် ဒါကျွန်တော့အမှားမဟုတ်ဘူး
ပြန်ထွက်နိုင်ဖို့တော့ အချိန်အတော်ကြာလိမ့်ဦးမယ်....။
Chapter 2
I walk down the same street. There is a man hole in the street. I pretend I don't see it.
I FALL IN AGAIN ......!!! I can't believe I am in the same place. But, it isn't my fault. It still takes forever to get out.
- သင်ခန်းစာ (၃)
ကျွန်တော် အရင်လမ်းအတိုင်းပဲ ဆင်းလာတယ်
လမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်အပေါက်တစ်ပေါက် ရှိနေတယ်
အဲဒါကို ကျွန်တော်မြင်လိုက်တယ်
ကျွန်တော်ပြုတ်ကျတယ်
ဒါက ကျွန်တော့အတွက် အလေ့အထဖြစ်နေပြီ
ကျွန်တော့်မျက်လုံးတွေဖွင့်လိုက်တယ်
ကျွန်တော်ဘယ်ရောက်နေလဲဆိုတာ ကျွန်တော်သိတယ်
ဒါကျွန်တော့အမှားပဲ
ကျွန်တော် ချက်ချင်း ပြန်ထွက်ခဲ့တယ်...။
Chapter 3
I walk down the same street. There is a man hole in the street. I see it is there.
I FALL IN ...... It's a habit !!! My eyes are open. I know where I am .....! It is my fault. I get out immediately.
- သင်ခန်းစာ (၄)
ကျွန်တော် ဒီလမ်းအတိုင်းပဲ ဆင်းလာတယ်
လမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်တစ်ပေါက် ရှိနေတယ်
ကျွန်တော်ဘေးကနေ ပတ်သွားလိုက်တယ်....။
Chapter 4
I walk down the same street. There is a man hole in the street. I walk around it.
- သင်ခန်းစာ (၅)
ကျွန်တော် တခြားလမ်းကို ပြောင်းပြီးလျှောက်နေပါပြီ။
Chapter 5
I walk down a different street.
--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။