Re: [MM Daily Mail:2952] ဗိုလ်ချုပ်အောင်ဆန်း သည် Superman မဟုတ်ပါ
သူများကိုဝေဖန်ဆိုပြီး ကိုယ်ကိုတိုင်က စတည်းက ကိုယ်ဝေဖန်လိုက်. ပုံစံပေါ်ရောက်နေတယ်ဗျ။ကဗျာရေးတဲ.သူက တင်မိုး ပါ အမည်မသိမဟုတ်ပါဘူး တော်တော်များများသိပါတယ်။သမိုင်းကြောင်း ကိုပြောတော.မယ် ဆိုရင်တစုံတရာကို ငှဲ.ညာနေရင် အနာဂတ်ကို သစ္စာဖောက်ရာကျမယ်တဲ.ဆရာ ချစ်ဦးညိုပြောတယ်။ဒါပေမယ် သမိုင်းကို သိမှ သမိုင်းအကြောင်းဝေဖန်ပါ ။
2012/2/14 naymin thu <nayminthu.po@gmail.com>
ဗိုလ်ချုပ်အောင်ဆန်း သည် Superman မဟုတ်ပါ
by Ko Ba on Monday, February 13, 2012 at 8:42am ·
ဗိုလ်ချုပ်အောင်ဆန်း သည် Superman မဟုတ်ပါ 
ဗိုလ်ချုပ် အောင်ဆန်း ကို Superman လိုလို ဖြစ်အောင် ပြောဆိုရေးသားနေကြတာ တွေ ကိုရပ်သင့်ပြီလို ထင်ပါတယ်။ ဗမာ့လွတ်လပ် ရေးတိုက်ပွဲ မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အထင်တရ ခေါင်းဆောင် တယောက်ဆိုတာ ငြင်းလို့ မရတဲ့ အချက်ပါ သို့ သော် သူတယောက် တည်းကြိုးပမ်းချက်နဲ့  ဗမာနိုင် ငံ လွတ်လပ်ရေး ရခဲ့တာမဟုတ်ပါ။ ပြည်သူထူထုတရပ် လုံးက တက်ကြွစွာ ရုန်းကန်လှုပ်ရှားကြရလို့  လွတ်လပ်ရေး ရခဲ့တာပါ။ ထို့ အတူ သူနှင့် ခေတ်ပြိုင် အင်မတန်မှ ထက်မြက်တဲ့ တခြားခေါင်းဆောင်တွေရဲ့  စွမ်းဆောင်မှု အခန်းကဏ္ဍ တွေကိုလည်းမှေးမှိန် ထားလို့ မရပါဘူး။  
အရပ်စကားနဲ့ ပြောရရင် "ဗိုလ်အောင်ဆန်း …. ဓါးတလက် မြင်းတစီး နဲ့ ထွက်ရမ်း လိုက်တာ ဗမာ ပြည်ကြီးလည်း လွတ်လပ်ရေး ကို ရရောလဟယ်" ဆိုတာ မျိုးတွေ ကို အခု ၁-၂ နှစ် အတွင်း မှာ ပြန်လည် ထုတ်ဝေခွင့် ရလာတဲ့ ဗိုလ်ချုပ် အောင်ဆန်း နဲ့ ပတ်သက်တဲ့ စာအုပ် စာတမ်း ဆောင်းပါးမျိုးစုံ တွေမှာ တွေ့  မြင်နေရတာ ဟာ သိပ်ကောင်းတဲ့ အလားအလာမဟုတ် ဘူးဆိုတာ ကိုတော့ ရဲရဲ ကြီးပြော ရဲပါတယ်။
ဗိုလ်ချုပ် အောင်ဆန်းဟာ သာမာန်ပုထုစဉ် လူတယောက်ပါ၊ ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲအတွက် ကိုယ့်  ကိုယ်ကိုတာဝန်ပေးပြီးမဆုတ်မနစ်လုပ်ခဲ့တဲ့ အရည်အချင်းနဲ့ သူပါ။ သို့ သော် နိုင်ငံရေးအရ သူတော်ခဲ့ သလို သူရှော် ခဲ့တာ တွေ၊ နိုင်ငံရေးအရ သူ မှန် ခဲ့ သလို သူ မှားခဲ့ တာတွေ၊  သူ နုခဲ့ သလို သူကြမ်းခဲ့ ရမ်းခဲ့တာတွေ၊  သူပြောင်မြောက်ခဲ့တာတွေ ရှိသလို သူ ကြောင် ခဲ့တာတွေ၊ လုပ်ဖေါ်ကိုင်ဘက် မိတ်ဆွေ အပေါင်းအသင်းတွေ အပေါ် အနိုင်ကျင့် ခဲ့တာတွေ စတဲ့ အကောင်းအဆိုး အမှောင် အလင်းစတာတွေ နဲ ရောယှက် ထားတဲ့ သူတယောက်ပါ။ ၁၀၀ ရာခိုင်နှုန်း မဟုတ်ပါ။
ဒါပေမယ့် အခု နှစ်ပိုင်း တွေမှာတော့ သူ့ အကြောင်းကို လူသားတယောက်အရရော နိုင်ငံရေးအရ ရော ရေးသားပုံဖေါ်မှုတွေ မှာ သမိုင်းဖြစ်ရပ်မှန်တွေ ကျော်လွန်ပြီး လိုရာ ကို အတင်းဆွဲယူပြီး ဒဏ္ဍာရီထဲ က လူသားတယောက်လို ပုံဖေါ်နေကြပါတယ်။ သာဓက တခု နှစ်ခု လောက်ပြရရင် …..
၁။အကြော်သည်ကို အင်္ကျီချွတ် ပေးတဲ့ ဇာတ်လမ်းမျိုး နောက်
၂။နာမည်ကြီးလှ တဲ့ (အမည်မသိ ကဗျာဆရာ ရေးစပ်သွားတဲ့) ဖေဖ၀ါရီ ၁၃ မှာ ဗိုလ်ချုပ်မွေး နေပါ ဆိုတဲ့ ကဗျာ ပါ စာသားတွေ ကိုပြင်တာမျိုး တွေပါ
အကြော်သည်ကို အင်္ကျီချွတ် ပေးတဲ့ ဇာတ်လမ်း က တခုထဲ မဟုတ်ပါဘူး ဆင်တူရိုးမှား တွေ သဏ္ဍာန် တူဇာတ်လမ်းတွေ အများကြီးကြားဖူးပါတယ်၊ ကိုယ်ကြည်ညိုတဲ့ လူ ရဲ့ လူသားဆန်မှု ကို ပုံဖေါ်ချင်ဇော နဲ့  သဒ္ဒါကျွံ ပြီး တဆင့်စကား တဆင့် ကနေ နောက်ဆုံး စာမျက်နှာ တွေ အထိ ရောက်လာတဲ့ ဇာတ်လမ်း  မျိုးပါ။ အဲဒီဇာတ်လမ်းတွေ မှာ  ဗိုလ်ထွန်းလှ ပြန်ပြောပြသလို ဘယ်သူနဲ့ ဘယ်တုံး ကစတဲ့ အချက် အလက် ကိုပြန်စစ်ဆေး လို့ ရမယ့်ဟာ မျိုးတွေ မပါပါဘူး။
ကဗျာ ကိစ္စ ကိုပြန်ဆက်ရရင်လည်း ဒီလို ကျော်ကြားလှပြီး လူတိုင်း ကလေးဘ၀ထဲက ရလာ တဲ့ ကဗျာ တပုဒ် ကို မူရင်းကနေပြန်ပြင်ခြင်း ဟာ အင်မတန်မှမလုပ်ကောင်းတဲ့ ချိုးဖေါက်မှုပါ။
ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်မွေးနေ့ပါ၊  ၁၉၁၅ ရှေ့နေ ဦးဖာသား၊ ဇာတိနတ်မောက် မကွေးခရိုင် သိကြများ ခုတိုင်၊ ကြံ့ကြံ့ခံတဲ့ ဇာနည်ဖွား မိခင်ဒေါ်စုသား။ ၁၉၄၇ ပြောင်းကြွတမလွန်၊ မျက်ရည်ဖြိုင်လို့ဘဝင်ညိုး ဂျူလိုင် တဆယ့်ကိုး၊ ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင်၊ ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့ငြား။ ပြည်ထောင်စုရေးကြိုးပမ်းဆောင၊် ပြည်ချစ်တို့ခေါင်းဆောင်၊ ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား။    (ဒါမူရင်း ပါ)
ကဗျာ ပါအကြောင်းအရာကို မကြိုက် ရင်မသုံး နဲ့ အသစ်တပုဒ်ပြန်ရေးပါ။ ဒါအပြင် အခုလိုလုပ်တာ ကို သိနေပြီး ရေးငုံနှုတ်ပိတ် နေတဲ့  လူကြီးတွေ မှာလည်းတာဝန်ရှိပါတယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း ဟာ ကိုယ်စားပြုဒီမိုကရေစီ စနစ် က ပေါ်ပေါက်လာတဲ့ ပါလီမာန်ဒီမိုကရေစီ စနစ်ဟာ ပြည်သူ ကို အကျိုး မပြုတဲ့စနစ် အနေနဲ့  သတ်မှတ်ပြီး ဒီမိုကရေစီသစ် ကိုဖေါ်ဆောင်ဖို့ လုပ်ဆောင်ခဲ့သူပါ။ လုပ်ငန်းကြီးတွေ ကို ပြည်သူပိုင်သိမ်းပြီး ဆိုရှယ်လစ်စနစ် ကိုထူထောင်ဖို့ ပွင့်ပွင့်လင်းလင်း ကြေငြာခဲ့သူပါ။
၂၁ ရာစု မို့ လို့ ၊ ဆိုရှယ်လစ် စနစ်မို့ လို့  ဘာဘာညာညာ မို့ လို့ ဒါတွေ မလုပ်လို၊ မဖေါ်ဆောင် လို လည်းပြဿနာ မရှိပါ။ ဒါပေမယ့် ဒီဟာတွေ က ဗိုလ်ချုပ်အောင်ဆန်း အမှန်တကယ်ချမှတ်ခဲ့ တဲ့ လမ်းစဉ် မဟုတ်သလို ဖျက်ဆီး ဖုံးကွယ် ပုံဖျက် ပစ်လို့ တော့မရပါဘူး။ ဒါတွေ ဟာ သမိုင်းအမှန်တရားပါ။
နောက်ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ တဲ့ စကားတွေရဲ့ အဓိပါယ် တွေ ကို လည်း တလွဲဖွင့်နေ တာ တွေ ကလည်း ရှိပါသေးတယ်။ သာဓက အနေနဲ့ ပြောရရင် လူသိပ်ပြောများတဲ့  "ဖါ နိုင်ငံ" ဆိုတာပါ။  ကောင်မလေးတွေ မီနီစကတ် တို တို ၀တ်တိုင်း၊ မော်ဒယ် တွေ cat work ခပ်ကြမ်းကြမ်းလျှောက်တိုင်း ဒီ … ဗိုလ်ချုပ်ပြောတဲ့ ဖါ နိုင်ငံဖြစ်နေပါပြီ ဆိုတဲ့ စကားလုံး ကို ခဏခဏ တွဲ ပြောနေ ရေးနေတာ တွေ ကို နားမချမ်းသာစွာ ကြားမြင်နေရပါတယ်။
                                                                                                                                     Ko Ba 
Share
  • 91 shares
    • Amara Thiha Great Article Ko Ba :)
      Yesterday at 8:49am · 1
    • ဘို Bo Sorrento Villa!!!
      Yesterday at 8:58am · 2
    • ဘို Bo သမိုင်းက လူတယောက်ထဲက ချယ်လှယ်လို့ရတယ် ထင်လာအောင် ပဒေသရာဇ်စိတ်တွေ သွင်းတဲ့ သူရဲကောင်းဝါဒမီဒီယာ ဒါ နဂါးနက်ဂိုဏ်းလက်ချက်ပဲ
      Yesterday at 9:10am
    • ဘို Bo ဒါကြောင့် မပုကုလား ထင်တာလုပ်ရဲတာပေါ့
      Yesterday at 9:10am · 1
    • ဘို Bo ခေတ်ကပြတ်သွားတော့ သမိုင်းထွင်ချင်တဲ့သူတွေ လက်ရဲသွားတာပါ။ ဒါပါပဲ။ တခြားနိုင်ငံတွေမှာ ကနေဒီ လင်ကွန်း စတာလင် ကောင်းဆိုး ၂ လီရေးနေတာပဲ။ ဘာပြုတုံး
      Yesterday at 9:26am · 4
    • Cho Tu Zal ရှယ်ပါတယ်
      22 hours ago
    • ဘို Bo ကျုပ်တို့သိတာ ဒီလိုမဟုတ်ပါဘူး ကျုပ်တို့ ပို့စ်မော်ဒန်ခေတ်ရောက်နေပီထင်တယ် ဟီး
      10 hours ago · 1
    • Aungmyo Tun ကိုဗဟိန်းကတော့ ကိုအောင်ဆန်းကို အတော်နာကြည်းသွားပါတယ်။
      10 hours ago
    • ဘို Bo အာဇာနီ နေဝင်းမောင်တောင် ပူဇော်ရနိုင်တယ် ဒီလို ဟစ်တရီးယားထနေကြရင်
      9 hours ago
--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။
--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။