အရမ်းချမ်းသာတာ.. တော်တော်လေကိုတော်တာပဲ.. ။
သာမာန်လူတန်းစားတွေက သူလို ချမ်းသာအောင် မလုပ်နိုင်ကြဘူးနော်..
ဘာကြောင်လဲ သူကိုအတူခိုးယူကြပါ
On 05/02/2012, suu aung <suu2aung@gmail.com> wrote:
> ---------- Forwarded message ----------
> From: MinKyawKhine <bagyimin@gmail.com>
> Date: 2012/2/5
> Subject: မန္တလေးမှာ အမေစုပွဲ မဖြစ်အောင် နောက်ကွယ်က လှုပ်ရှား ကန့်ကွက်နေသူ
> ကတော့ အာဏာမရှိတော့ပေမယ့် ကျန်နေသေးတဲ့ အရှိန်နဲ့ လုပ်ဆောင်နေတဲ့ အမာဂိုဏ်း
> အုပ်စုဝင် ဒီပဲယင်းတရားခံ ဦးအောင်သောင်း
> To:
>
>
> မန္တလေးမှာ အမေစုပွဲ မဖြစ်အောင် နောက်ကွယ်က လှုပ်ရှား ကန့်ကွက်နေသူ ကတော့
> အာဏာမရှိတော့ပေမယ့် ကျန်နေသေးတဲ့ အရှိန်နဲ့ လုပ်ဆောင်နေတဲ့ အမာဂိုဏ်း
> အုပ်စုဝင် ဒီပဲယင်းတရားခံ ဦးအောင်သောင်းပါ...။ ဒီတော့ အစွယ်ကိုလိုသူ၊
> အသွားစေခိုင်းသူ ဆင်ကြံကြံနေတဲ့ ဦးအောင်တောင်းရဲ့ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့
> ဆောက်ထားတဲ့ စံအိမ်တော်အကြောင်း ပြန်ဖော်ထုတ်ပါမယ်..။
>
>
> ဓာတ်ပုံကတော့ ယခင်စက်မှုဝန်ကြီးအောင်တောင်းနဲ့ လက်ချင်းချိတ်နေတဲ့ တရုတ်
> စက်မှုကိုယ်စားလှယ်အဖွဲ့
>
> ၂၀၁၀ ဇူလိုင်လက ဒီမိုဝေယံနဲ့ GRW အဖွဲ့သားများ စုံစမ်းဖော်ထုတ်ခဲ့တဲ့
> ဒီပဲယင်း တရားခံ ဦးအောင်သောင်း(ခ) အောင်တောင်းရဲ့ စံအိမ်တော်အကြောင်း
> တစ်စေ့တစ်စောင်း စာဖတ်ပရိတ်သတ်များ သိရှိနိုင်ဖို့ ပြန်လည် တင်ပြအပ်ပါတယ်...။
>
> ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီး အတွင်း လူထုခေါင်းဆောင်
> ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြံစည်ခဲ့သူတွေထဲက အဓိက တရားခံ ဖြစ်တဲ့
> စက်မှု(၁)ဝန်ကြီးအောင်သောင်းဟာ ပြည်သူဘဏ္ဍာငွေတွေနဲ့ မသထာရေစာစားပြီး ဆောက်လုပ်
> နေထိုင်တဲ့ အိမ်ကတော့ နန်းတော်တမျှ ခမ်းနားပါတယ်။ အင်းစိန်လမ်းမပေါ်ကနေ
> ကြည့်လိုက်ရင် ဦးအောင်သောင်းရဲ့ အိမ်ကိုလှမ်းမြင်ရပါတယ်။
> လှိုင်ရတနာမွန်အိမ်ယာရဲ့ ထိပ်ဆုံးထောင့်ကခြံပါ ... လှိုင်ရတနာမွန်အိမ်ယာ
> ဧရိယာရဲ့ တစ်ဝက်ကျော်လောက်ရဲ့ အကျယ်အဝန်းက ဦးအောင်သောင်းရဲ့
> ခြံအကျယ်အဝန်းပါပဲ။ လမ်းရဲ့ တဘက်ခြမ်းမှာတော့ ယခင် ဘိန်းဘုရင်ဟောင်းခွန်ဆာရဲ့
> အိမ်ရှိပါတယ်။ ခြံအကျယ်အဝန်းကတော့ တော်တော်လေး ကျယ်ဝန်းပါတယ်။
> အုတ်တံတိုင်းကတော့ လူနှစ်ရပ်စာရှိပြီး အုတ်တံတိုင်းမှာ ကပ်ထားတာကတော့ Granite
> ကြွေပြားတွေပါတဲ့.. ဟိုတယ်ကြီးတွေမှာသာ အသုံးပြုနိုင်တဲ့ ကျောက်တောင်ကနေ
> အချပ်လိုက် ဖြိုချရယူရတဲ့ ဈေးကြီးတဲ့ ကျောက်ပြားတွေကို ခြံပတ်ပတ်လည်မှာ
> ကပ်ထားပါတယ်။ ခြံတစ်ခါးကတော့ ဟိုက်ဒရောလစ်နဲ့ ဖွင့်ရပါတယ်.....။
>
> ခြံထဲဝင်လိုက်ရင် ညာဘက်မှာ ကားဂိုဒေါင်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ အကျယ်အဝန်းဟာ
> မျက်နှာစာကြီးပဲ ပေ(၃၀)ရှိပါတယ်။ ကားတွေကြီးပဲ (၁၀)စီးကျော်ရှိပါတယ်။
> ကားဂိုဒေါင်ရဲ့ ဘေးမှာတော့ ဦးအောင်သောင်း ပျင်းရင်ရိုက်ဖို့ အတွက်
> ဂေါက်ကွင်းရှိပါတယ်။ ဂေါက်ကွင်းရဲ့ ဘေးမှာတော့ ဦးအောင်သောင်း မိန်းမ
> ဒေါ်ခင်ရီရဲ့ သစ်ခွခြံရှိပါတယ်.... ဒေါ်ခင်ရီ အလှစိုက်တဲ့ သစ်ခွခြံဟာ
> နိုင်ငံခြား သစ်ခွမျိုးတွေကို မှန်လုံခန်းနဲ့ လုပ်ထားပြီး အထဲမှာ
> အဲယားကွန်းတွေ အပြည့်တပ်ထားပါတယ်။.. ဂေါက်ကွင်းရဲ့ ဘေးမှာတော့ တင်းနစ်ကွင်း
> တစ်ကွင်း ထပ်လုပ်ထားပါတယ်။ ဒါကတော့ ဦးအောင်သောင်းရဲ့ အိမ်ဝင်ဝင်ခြင်း ညာဘက်
> အခြမ်းမြင်ကွင်းပါ..။
>
> ခြံရဲ့ ဘယ်ဘက်ခြမ်းမှာတော့ ဦးအောင်သောင်းရဲ့ အိမ်ဆောက်ထားပါတယ်..
> ဆင်ဝင်ပေါ်တီခုံမှာ တိုင်လုံးကြီး နှစ်တိုင်ဆောက်ထားပါတယ်။ တိုင်လုံးတွေရဲ့
> ထုထည်တွေကတော့ လူနှစ်ဖက်စာရှိပြီး အောက်ခြေကနေ အိမ်ခေါင်မိုးထိ ရှိပါတယ်.. ။
> အမြင့်က ပေ(၂၀) ကျော်လောက်ရှိပါတယ်တဲ့..။ ပြီးတော့ အိမ်ရှေ့မျက်နှာစာ
> ပေါ်တီခုံအောက်မှာ ဈေးကြီးတဲ့ ဂရန်းနိုက်ကျောက်ပြား အနက်နဲ့
> အနီအပြည့်ခင်းထားပါတယ်။ အိမ်ရှေ့တည်တည့်မှာ စိန်ပန်းပင် သုံးပင်ရှိပါတယ်..။
> အိမ်ရှေ့ ခြံထောင့်မှာ အလှလုပ်ထားတဲ့ ရေတံခွန်နဲ့ ရေကန်လေး ရှိပြီးအဲ့ဒီ
> ရေကန်ထဲမှာ ဗျိုင်းရုပ်လေးတွေ ရှိပါတယ်...။ အဲ့ဒီရေကန်ဘေးမှာတော့
> အပန်းဖြေထိုင်လို့ရတဲ့ တရုတ်ဘုံကျောင်းတွေက ထိုင်ခုံပုံစံ တိုင်လေးလုံးနဲ့
> အမိုးပါတဲ့ အပန်းဖြေစရာ နေရာလေးလုပ်ထားပါတယ်။ အိမ်ရှေ့ဆင်ဝင်ကြီးရဲ့
> ခေါင်းရင်းဘက်မှာ... ရေကူးကန် တစ်ခုရှိပါတယ်...။
>
> ဦးအောင်သောင်းဟာ ပါဏိတာပါတာကံကို ကျူးလွန်ဖို့ ဝန်မလေးသလို အသူရာ အရက်ကိုလည်း
> အရမ်းကြိုက်ပါတယ်…. ဦးအောင်သောင်းရဲ့ ခမည်းခမက်ကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး
> မောင်အေးဖြစ်ပြီး ဦးအောင်သောင်းရဲ့ သားသုံးယောက်ထဲက တစ်ယောက်နဲ့
> ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ရဲ့ သမီးနန္ဒာအေးနဲ့ လက်ထပ်
> ထိမ်းမြားပေးထားပါတယ်။ ဦးအောင်သောင်းရဲ့ သားတွေထဲက တစ်ယောက်က မသထာရေစာ ရတဲ့
> ငွေတွေနဲ့ ဘောလုံးပွဲကို အကြီးအကျယ် လောင်းလေ့ရှိပါတယ်။ ဦးအောင်သောင်းဟာ
> အရက်သောက်ပြီးရင် သူရဲ့ရေကူးကန်မှာ ရေကူးလေ့ရှိပါတယ်….။ ဦးအောင်သောင်းဟာ
> နေပြည်တော်က ဝန်ကြီးတွေ နေတဲ့ နေရာမှာ အနေများပြီး ဒီအိမ်ကိုတော့ တစ်ခါတစ်လေမှ
> ပြန်လာပါတယ်။ သူဒီအိမ်ခြံထဲမှာ နေတာကို လူမသိစေချင်သလို အိမ်အဝင်အထွက် ကိုလည်း
> အထူးအလေးထားပါတယ်။ ဒီအိမ်ဟာလည်း ဦးအောင်သောင်း အငြိမ်းစားယူရင်
> နေဖို့ဆောက်တာပါ။ (ရန်ကုန်မှာ ရှိတဲ့ စီးပွားရေးသမားတွေကလည်း
> ဦးအောင်သောင်းကို တောင်းလွန်းအားကြီးလို့ ကွယ်ရာမှာ ဦးအောင်တောင်းလို့
> ခေါ်ကြပါတယ်တဲ့ မေးလ်နဲ့ လုပ်ငန်းရှင်တစ်ယောက်က ပို့လာလို့
> ဖြည့်စွက်လိုက်ပါတယ်။)
>
> ဦးအောင်သောင်းရဲ့ အိမ်ကို ဝင်သွားတဲ့ အခါမှာတော့ မျက်နှာကျက်မှာ Plaster
> Board အဖြူရောင် ကော်နစ် တွေနဲ့ အလှဆင်ထားပါတယ်.. အိမ်ထဲဝင်သွားတာနဲ့
> ဧည့်ခံကျယ်ကြီးကို စတွေ့ရပါတယ်..။ တော်တော့်ကို ကျယ်တဲ့
> ဧည့်ခန်းကျယ်ကြီးပါပဲ.. ဧည့်ခန်းကျယ်ကြီးရဲ့ ဘယ်ဘက်မှာ သူ့သမီးတီးဖို့
> စန္ဒယားအကြီးကြီး တစ်လုံးရှိပါတယ်..။ အဲ့ဒီနားမှာ အပေါ်ထပ်ကို တက်တဲ့
> လှေကားကျယ်ကြီး တစ်ခုရှိပြီး အဲ့ဒီ့လှေကားရဲ့ အကျယ်အဝန်းက (၇)ပေလောက်
> ကျယ်ပါတယ်…။ လှေကားကိုတော့ ကျွန်းတွေနဲ့ ပြုလုပ်ထားပြီး လှေကားအထစ်ပေါင်း
> (၂၂)ထစ်ရှိပါတယ်…။ ကျွန်းတွေအပြည့်နဲ့ လုပ်ထားတဲ့ လှေကားအထစ် တစ်ခုရဲ့အမြင့်က
> လက်တစ်ထွာလောက် ရှိပါတယ်…။ အဲ့ဒီကတက်သွားပြီးရင် အလယ်နားလောက်မှာ
> ကျွန်းနဲ့ကျည်းဘောင် ခွေထားတဲ့ အပြင်ကအလင်းရောင်ဝင်နိုင်တဲ့ မှန်ပြတင်းပေါက်
> အကြီးကြီးတစ်ခုရှိပြီး အဲ့ဒီကနေ လှမ်းကြည့်လိုက်ရင် တင်းနစ်ကွင်း၊ သစ်ခွခြံ၊
> ဂေါက်ကွင်းတွေကို လှမ်းမြင်နေရပါတယ်..။
>
> လှေကားတက်သွားပြီးရင် လှေကားရဲ့ အဆုံးမှာတော့ အခန်းကျယ်ကြီး တစ်ခုရှိပြီး
> ဦးအောင်သောင်းသမီး နေတဲ့ အခန်းဖြစ်ပါတယ်... သားတွေက အိမ်ထောင်ကျသွားလို့
> အိမ်ခွဲနေနေကြပြီး လက်ရှိ သမီးဖြစ်သူသာ ကျန်ပါတော့တယ်။ အဲ့ဒီ သူ့သမီးဖြစ်သူဟာ
> အပေါ်ထပ်မှာနေပြီး သူ့အတွက် အိပ်ခန်း၊ ရေချိုးခန်းနဲ့ အလှပြင်ခန်းတွေကို
> တစ်ခန်းချင်းဆီ သပ်သပ် လုပ်ပေးထားပါတယ်။ ဘုရားခန်းက တစ်ခုရှိပြီး အခန်းရဲ့
> တစ်ဝက်ကျော်ကျော်လောက်ကို ဘုရားခန်း ပြုလုပ်ထားပါတယ်။ အဲ့ဒီဘုရားခန်းကို
> ဝင်သွားလိုက်တဲ့ အခါ ရုပ်ရှင်ပိတ်ကား တစ်ခုစာလောက်ရှိတဲ့
> ပန်းချီကားကြီးတစ်ခုရှိပါတယ်။ ပုဂံရှေးဟောင်းဘုရား၊ စေတီပုထိုးတွေရဲ့
> ဆေးရေးပန်းချီးကားဖြစ်ပြီး ဆလိုက်မီးတွေနဲ့ ထိုးထားတဲ့ အတွက် အင်မတန်အသက်ဝင်
> လှုပ်ရှားနေပါတယ်။ တန်ဘိုး အင်မတန်ကြီးမယ့် ပန်းချီကားကြီးပါ...
>
> ပြီးတော့ အောက်ထပ်ကို ပြန်ဆင်းလာရင် ဧည့်ခန်းရဲ့နောက်မှာ လူနှစ်ရပ်
> ကျော်ကျော်လောက် ရှိတဲ့ ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ နံရံတစ်ခုရှိပြီး
> အဲ့ဒီနံရံကို ကျောက်စိမ်းတွေနဲ့ ချည်းပဲ အလှဆင်ထားပါတယ်...။
> အဲ့ဒီကျောက်စိမ်းတွေနဲ့ စီထားတဲ့နံရံရဲ့ အောက်မှာ ဦးအောင်သောင်း အပန်းဖြေဖို့
> အတွက်ကို Home Theatre တွေ Projector အိမ်တွင်းရုပ်ရှင်ပြတဲ့အခန်း ပေါ့ အထဲမှာ
> ရုပ်ရှင်နဲ့ ဆိုင်တာတွေ အကုန်ဆင်ထားပါတယ်။ အဲ့ဒီအခန်းဘေးမှာတော့
> ဦးအောင်သောင်းနဲ့ ဒေါ်ခင်ရီတို့ အခန်းပါပဲ...။ သူတို့အခန်းရဲ့
> နံရံပတ်ချာလည်မှာ အင်မတန်တန်ဘိုးရှိတဲ့ ကျွန်းဘီရိုတွေချည်းပဲ ထားထားပါတယ်။
> အခန်းရဲ့ အကျယ်အဝန်းက ရှေ့နောက် ပေ၄၀. အကျယ် ပေ ၂၀လောက်ရှိပါတယ်။ အခန်းရဲ့
> အလယ်ကောင်မှာ နှစ်ယောက်အိပ်ကုတင် ရှိပြီး ကုတင်ရဲ့ ခြေရင်းမှာ
> ကျွန်းဘီရိုတစ်လုံးရှိပါတယ်။ ကြည့်လိုက်ရင် ရိုးရိုး ဘီရိုပေါ့...။ တကယ်တော့
> ကျွန်းဘီရိုကို ဖွင့်ပြီးဝင်သွားခဲ့ရင် မြေအောက်ခန်း ကိုဆင်းတဲ့ တံခါးပေါက်
> ရှိပါတယ်။ အဲ့ဒီမြေအောက်ခန်းကို သွားချင်ရင် အဲ့ဒီကျွန်းဘီရို တံခါးပေါက်ကို
> ဖွင့်ပြီးဝင်သွားလို့ ရပါတယ်။ နောက်ကုတင်ရဲ့ ညာဘက်ခြမ်းမှာ
> ရေချိုးခန်းရှိပါတယ်... ရေချိုးခန်းက ရေပူရေအေး စံနစ်ဖြစ်ပြီး တခန်းလုံးကို
> ကြွေပြားအဖြူတွေ ခင်းထားပါတယ်။ ရေချိုးခန်းထဲမှာ ရေနွေးချိုးခန်း Sauna
> ပါရှိပါတယ်။ ရေးချိုးခန်းထဲမှာ ရေနွေးစိမ်ချိုးတဲ့ လေးထောင့်စပ်စပ် အဖြူရောင်
> ရေစိမ်ကန် Bath cap ရှိပြီး သာမာန် ငွေကြေးချမ်းသာတဲ့ ရှိတဲ့သူတွေ သုံးတာထက်
> ထူးထူးခြားခြား ပိုကြီးနေပါတယ်။ အိမ်ထဲမှာ ဆင်တဲ့ အပြင်အဆင်တွေ အားလုံး
> ဦးအောင်သောင်းအမိန့်နဲ့ နိုင်ငံခြားကနေ တိုက်ရိုက်သွင်းလာတာလေ..။
> ဘယ်ကုမ္ပဏီဆီကမှ ပြန်ပြီး Sponsor လုပ်ပြီး ဝယ်တာမဟုတ်ပါဘူး။
> သူတို့ကိုယ်တိုင်မှာတာပါ။ အဲ့ဒီ ရေနွေးငွေ့ကန် Sauna တွေပေါ.့....
> အစေခံတန်းလျားကတော့ သူ့သမီးတီးတဲ့ စန္ဒယားရဲ့ အနောက်ဘက်က ဝင်သွားရင်
> မီးဖိုချောင်ရှိတယ်။ အဲ့ဒီ မီးဖိုချောင် ထဲမှာ Micro Wave Oven ကြီးမားတဲ့
> နောက်ဆုံးပေါ် ရေခဲသေတ္တာ အကုန်ရှိပြီး အဲ့ဒီမီးဖိုချောင် အပေါ်ထပ်မှာတော့
> အစေခံတန်းလျား ရှိပါတယ်။ တစ်အိမ်လုံးကို တန်ဖိုးကြီးတဲ့ Neon ပန်းဆိုင်းတွေ
> Crystal Light တွေ အကုန်ဆင်ထားပါတယ်။ အင်းစိန်လမ်းမကြီးက လမ်းကြည့်လိုက်ရင်
> လူနှစ်ရပ်စာ မြင့်တဲ့ ခြံစည်းရိုးနဲ့ အိမ်ကသူ့အိမ်ပါပဲ.. လှိုင်ရတနာမွန်
> အိမ်ယာထိပ်က ခြံပေါ့။
>
> ဦးအောင်သောင်းကတော် ဒေါ်ခင်ရီ လည်ပင်းမှာ ဆွဲထားတဲ ရွှေဆွဲကြိုးက အတော်ကြီးပြီး
> လော့ကတ် နေရာမှာတော့ အင်မတန်ကြီးမားတဲ့ ပုလဲလုံးကြီးတစ်လုံးကို
> ချိတ်ဆွဲထားပါတယ်။
>
> ကိုဒီမိုရေ ဒါကတော့ ကြံ့ဖွတ် စက်မှုဝန်ကြီးအောင်သောင်းရဲ့ နေအိမ်အခြေအနေ
> အသေးစိတ်ပါ... ကိုဒီမိုရေ ကျွန်တော်တို့ GRW အဖွဲ့ရဲ့ ဒီသတင်းတွေကိုတော့
> မှတ်တမ်းတစ်ခု သိမ်းထား စေချင်ပါတယ်။ တိုင်းပြည်မှာ တကယ်စစ်မှန်တဲ့
> ဒီမိုကရေစီရတဲ့ တစ်နေ့ စုံစမ်းစစ်ဆေးလို့ ရအောင်ပါ...။ ဟုတ်မဟုတ်သိချင်ရင်
> ဦးအောင်သောင်း အိမ်ရောက်ဘူးတဲ့ သူတွေနဲ့ သူ့ဆွေမျိုးတွေ သိမှာပါ... ။
> ကျွန်တော်တို့ ဒီသတင်းအချက်အလက်တွေဟာ ဒီပဲယင်းမှာ ကျဆုံးသွားတဲ့ သူတွေ
> အသက်စွန့်သွားတဲ့ သူတွေ မတရားထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက်
> တန်ပြန် ပေးဆပ်တာပါ. ...။ ကိုယ့်ကိုကိုယ် လုံခြုံလှပြီထင်တဲ့ ဦးအောင်သောင်း
> သူ့အိမ်အခြေအနေကို လူတစ်ယောက်က သိနေတယ်ဆိုတာ သိရင် ကျေနပ်ပါပြီ...။
> အိမ်တွင်းအခြေအနေ ဟုတ်မဟုတ်က ကျွန်တော်ရယ် ဦးအောင်သောင်းရယ် အသိဆုံးပါ...။
> တစ်နေ့ ကျွန်တော်တို့ အဖွဲ့ ဘယ်သူတွေဆိုတာ ကြေငြာလို့ ရရင် ကြေငြာပေးပါမယ်။
> မြေအောက်မှာပဲ နေနေ မြေပေါ်အထပ် အမြင့်မှာပဲ နေနေ သူ့အကုသိုလ်နဲ့ သေမင်းကို
> ရှောင်လွှဲလို့ မရပါဘူး.. ရာဇဝတ်ဘေးလည်း ပြေးမလွတ်ပါဘူး....။ ဒီသတင်းနဲ့
> ပတ်သတ်ပြီး လေ့လာ စုံစမ်းနိုင်ပါတယ်။ သတင်းအတွက် ကျွန်တော်တို့ GRW မှ
> တာဝန်ယူပါသည်။ သိစေချင်တာကတော့ ပြည်တွင်းမှာ စစ်အာဏာရှင်တွေကို မကျေနပ်တဲ့
> အတွင်းသိတွေ အများကြီးဆိုတာ ပြည်တွင်းပြည်ပ ပြည်သူတွေ သိစေချင်ပါတယ်။
>
> လေးစားလျှက်
> GRW
> (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့်
> အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့)
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
> တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ
>
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ