Re: [mrsorcerer:18420] ၅၀၀၀ တန် ဖုန်းကဒ်ရနိုင်မရနိုင်၏ အဓိကသော့ချက် by ဒေါက်တာဆိတ်ဖွား

ကိုဧးသိမ်းရေ အခုလိုရှင်းပြတော့ကောင်းပါတယ်... မြန်မာကျပ်ငွေကို ဒေါ်လာနဲ့လဲလှယ်တဲ့သဘောမျိုးဆိုရင်တော့ ငွေကြေးဆိုင်ရာမူဝါဒ၊ ကုန်သွယ်ရေးဆိုင်ရာဥပဒေတွေနဲ့သက်ဆိုင်ပါတယ်... အဲ့ဒီအတွက် အစိုးရနဲ့ လွှတ်တော်ကမပြင်ဆင်ပေးရင် မရဘူးပေါ့ဗျာ... မြန်မာနိုင်ငံက ဈေးကွက်စီးပွါးရေးစံနစ်ကိုဖော်ဆောင်တယ်ဆိုပေမဲ့ ဥပဒေပိုင်းဆိုင်ရာဆောင်ရွက်မှုတွေမှာတော့ မိုနိုပိုလိုက်ဇ်ဖြစ်မှုကို အသားပေးနေဆဲဖြစ်ပါလိမ့်မယ်... စီးပွါးရေးဆိုတာ လုပ်ငန်းအားလုံးက chain လိုဆက်နွှယ်နေတာမို့လို့ စီးပွါးရေးဆိုင်ရာ မူဝါဒ နည်းဥပဒေ အခြေခံဥပဒေ လုပ်ထုံးလုပ်နည်းတွေသာ ပြင်ဆင်ရမှာဖြစ်ပါတယ်

 ဒေါက်တာဆိတ်ဖွားပြောပုံက ရွှေပြည်တံခွန်က မြန်မာကျပ်ငွေသွင်းရင် အစိုးရက ဒေါ်လာမထုတ်ပေးနိုင်တာကို ထောက်ပြချင်တာဆိုရင် အဲ့ဒါဟာ MSO (mobile second operator) လုပ်တဲ့ ကုမ္ပဏီ (ဥပမာ ရွှေပြည်တံခွန်) နဲ့မဆိုင်ပါဘူး... ဒါ့ကြောင့် ဒေါက်တာဆိတ်ဖွားပြောတာက လုံးဝကြီးကို ကန့်လန့်တိုက်လွဲနေပါတယ်... ဒေါက်တာဆိတ်ဖွားအနေနဲ့ ကျပ်ငွေသွင်းလို့ ဒေါ်လာမထုတ်ပေးနိုင်ဘူးဆိုတဲ့ သဘောမျိုးဆိုရင် သက်ဆိုင်ရာ အစိုးရကိုသာ ဝေဖန်ရမှာဖြစ်ပြီး MSO လုပ်မဲ့ ကုမ္ပဏီကို "အစိုးရထံမှ (ရွှေပြည်တံခွန်က) ဒေါ်လာနှင့် မတောင်းလျှင် ငါးထောင်တန်ဖုန်းကဒ် ကိစ္စ ဖြစ်နိုင်သည်" လို့ဝါဒဖြန့်တာက တစ်လွဲတစ်ချော်ဖြစ်နေပါတယ်ဗျာ...

2012/2/10 လူစိမ်း <ayethein90@gmail.com>
ကို သန့်စင်ဖြိုး ထောက်ပြထားတာ ကောင်းပါတယ်

Did anyone understand his explanation?? If understand please explain me following words...
နားတော့ သိပ်မလည်ဘူးဗျ။ ဒါပေမယ့် ကိုယ်တင်တဲ့ပို့စ်မို့ ပြန်ဆွေးနွေးပါရစေ။ ရတယ်မလား။

ဆက်သွယ်ရေး အင်ဂျင်နီယာချုပ်က ဘာ့ကြောင့် စီးပွါးရေးဆိုင်ရာပြဿနာလို့ မရှင်းပဲ နည်းပညာဆိုင်ရာ ပြဿနာလို့ လိမ်လည်ပြီးရှင်းချက်ထုတ်ရတာလဲ???
နည်းပညာပိုင်း အသားပေးပြီးပြောတာ ဆက်သွယ်ရေး အင်ဂျင်နီယာမို့ပါ။ သူသိတာ သူပြောပေါ့ဗျာ။

တကယ်လို့ စီးပွါးရေးဆိုင်ရာပြဿနာအဖြစ်ယူဆတယ်ဆိုရင် ရွှေပြည်တံခွန်က ထုတ်ပေးတဲ့ SIM Card နဲ့ပြောတဲ့တယ်လီဖုန်းနှုန်းထားခကောက်ခံမှုကိုလည်း ဆက်သွယ်ရေးကမလုပ်ပဲ ရွှေပြည်တံခွန်ကိုပဲ လုပ်ခိုင်းလိုက်ယုံနဲ့ ကျပ်ငွေတွေက  ရွှေပြည်တံခွန်ထံသို့ပဲ ရောက်သွားမှာမဟုတ်လား?? စီးပွါးရေးပညာရှင်မဟုတ်သူတောင် လွယ်လွယ်လေးဖြေရှင်းနိုင်တဲ့ ဒီလိုပြဿနာကို စီးပွါးရေးပြဿနာလို့ တံဆိပ်တပ်ချင်တာလား???
 
ရွှေပြည်တံခွန်က မတည်ပစ္စည်းတွေကို နိုင်ငံခြားက နိုင်ငံခြားငွေနဲ့ ဝယ်မှာပဲ။ ကိုယ်တိုင် တီထွင်မှာမှ မဟုတ်တာ။ ဆက်သွယ်ရေးကလုပ်တာဖြစ်ဖြစ် ရွှေပြည်တံခွန်ကလုပ်တာဖြစ်ဖြစ်  မတည်ပစ္စည်းကိရိယာတွေကို ဒေါ်လာနဲ့ ဝယ်ရမှာပဲ။ ဝယ်ဘို့ရာ ဒေါ်လာရမှ ဖြစ်မှာ။ ဒေါ်လာကို တရားဝင်ငွေလဲလှယ်နှုန်းနဲ့ လဲပြီး နိုင်ငံခြားကို လွှဲပေးရမှာပဲ။ ဘယ်သူဝင်လုပ်လုပ် ကြုံရမည့်ကိစ္စ ဖြစ်ပါတယ်။ တရားဝင်ငွေလဲလှယ်နှုန်းနဲ့ လဲပြီး ပေးချေတာမို့လို့ FX Loss ဘယ်ဘက်မှ မပေါ်ရင် စီးပွါးရေးပြဿနာလို့ တံဆိပ်တပ်တာ မှားတယ် ယူဆပါတယ်။ ဒါကို ဒေါက်တာဆိတ်ဖွားက စီးပွါးရေးပြဿနာလို့ တံဆိပ်တပ်ရင်တောင်မှ ငါးသိန်းဖုန်း၊ ၁၅သိန်းဖုန်း ဈေးကြီးဖုန်းတွေကို အရင် တပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ မတည်ပစ္စည်းကိရိယာတွေ ဈေးကြီးလို့ ၎င်းအတွက် နိုင်ငံခြားကို ပေးရတဲ့ ဒေါ်လာတွေ အဆများစွာ ပိုများလို့ပါ။ (ပြည်တွင်းမှာမှ မထုတ်နိုင်တဲ့ ဟာချင်း အတူတူပဲ)။

ရွှေပြည်တံခွန်က သမ္မတထံကိုတိုက်ရိုက်စာတင်တယ်ဆိုတော့ ဆက်သွယ်ရေးအနေနဲ့မရှင်းပဲ သမ္မတရုံးကနေရှင်းပါ့လား?? ဘာ့ကြောင့် ၂ပါတ်လောက်အသံတိတ်နေပြီးမှ ဖြေရှင်းချက်ထုတ်တော့လည်း မြင်သာတဲ့ ဟာကွက်တွေနဲ့ ဆင်ခြေတွေပေးနေတာလဲ???
 သမ္မတကြီး အလုပ်ရှုပ်နေလို့ ထင်ပါတယ်။ ထင်သာမြင်သာတာကတော့ ဆက်သွယ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများဟာ မိုနိုပိုလီ ဆန်ဆဲပါပဲ။ အစိုးရမှ ချုပ်ကိုင်ထားတဲ့ မိုနိုပိုလီစီးပွားရေးကို ဆိုင်ရာ ဝန်ကြီးဌာန လက်အောက်ခံ ဆိုင်ရာ ဌာနကို သဘောထားမှတ်ချက်တောင်းလေ့ရှိပါတယ်။ တောင်းတဲ့ အချိန်မှာ ဆက်သွယ်ရေးက တာဝန်ခံက ဖွလိုက်တာ ဖြစ်ပါမယ်။ ဆိုရေးရှိက ဆိုအပ်စွ မလား။ နောက်ပြီး သတင်းလိုက်ကောင်းတဲ့ သတင်းထောက်တွေရဲ့ သတင်းအနှိုက်ကောင်းတာလည်း ပါပါလိမ့်မယ်။ မိုနိုပိုလီ ဆန်တဲ့ စီးပွားရေးသာ ဆိုရတယ်။ ပတ်သက်ရာပတ်သက်ကြောင်း ကုမ္ပဏီကြီးများက ဝင်လုပ်ချင်ပြီဆို ဘယ်လောက်  မိုနိုပိုလီ ဆန်ပေ့စေ လုပ်ခွင့်ရနေကြတာတော့ အားလုံးအသိပါ။

မီဒီယာပေါ်မှာ ဆက်သွယ်ရေးနဲ့ ရွှေပြည်တံခွန်တို့ အပြန်အလှန် ဖြစ်နိုင်သည် မဖြစ်နိုင်သည် ရေးသားဖော်ပြနေပြီး အခုမှ အစိုးရဘက်က ဥပဒေပြင်ဆင်ဖို့ လွှတ်တော်မှာတင်ပြမယ်လို့ ဘာ့ကြောင့်အသံပြောင်းပြီး ပြောလာတာလဲ?? ရွှေပြည်တံခွန်မတင်ပြခင်ကတည်းက ပြည်ပကရော ပြည်တွင်းကပါ Proposal တွေတင်ထားတယ်ဆိုတဲ့အသံထွက်လာတာလဲ???
Feasibility အားစမ်းတဲ့ သဘောကို မြင်ရပါတယ်။  မိုနိုပိုလီ ဆန်တဲ့ စီးပွားရေးတွေ (အစိုးရ ကိုင်ထားတဲ့ စီးပွားရေးတွေ) ပုဂ္ဂလိကကို ပေးလုပ်ဘို့ရာ ၎င်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းကို အတည်ပြုပေးမှ ဖြစ်ပါမယ်။ Feasibility ကောင်းတယ်ဆို ဒါကို  လုပ်ခွင့်ပေးဘို့ လွှတ်တော်မှာတင်ပြမယ့် အနေအထား ဖြစ်ပါတယ်။ ကြိုဆိုရတာပေါ့ဗျာ။
Proposal တွေ တင်ထားတယ် ပြောတာကတော့ ဗမာတွေ အကျင့်ပါပဲ။ အထူးကုဆေးခန်းမှာ နံပတ် ၁ / ၂ ဘုတ်ကင်တောင် အခုထိ ဗွီအိုင်ပီအတွက် ချန်ထားဆဲ ခေတ်မို့ပါ။ ခွင့်ပြုချင်း ပြုရင် ဗွီအိုင်ပီကို ဦးစားပေးမှာပါပဲ။

ဘာပဲပြောပြော ကျနော်ကတော့ "သုံးသိန်းလေးကုန်အောင် ရောင်းပရစေဦး" ဇတ်ကားကို အရင် ရုံတင်မယ်လို့ ခန့်မှန်းတာပဲဗျာ...။

2012/2/10 Thantsin Phyoe <thantsinphyo@gmail.com>
Did anyone understand his explanation?? If understand please explain me following words...

ဆက်သွယ်ရေး အင်ဂျင်နီယာချုပ်က ဘာ့ကြောင့် စီးပွါးရေးဆိုင်ရာပြဿနာလို့ မရှင်းပဲ နည်းပညာဆိုင်ရာ ပြဿနာလို့ လိမ်လည်ပြီးရှင်းချက်ထုတ်ရတာလဲ???

တကယ်လို့ စီးပွါးရေးဆိုင်ရာပြဿနာအဖြစ်ယူဆတယ်ဆိုရင် ရွှေပြည်တံခွန်က ထုတ်ပေးတဲ့ SIM Card နဲ့ပြောတဲ့တယ်လီဖုန်းနှုန်းထားခကောက်ခံမှုကိုလည်း ဆက်သွယ်ရေးကမလုပ်ပဲ ရွှေပြည်တံခွန်ကိုပဲ လုပ်ခိုင်းလိုက်ယုံနဲ့ ကျပ်ငွေတွေက ရွှေပြည်တံခွန်ထံသို့ပဲ ရောက်သွားမှာမဟုတ်လား?? စီးပွါးရေးပညာရှင်မဟုတ်သူတောင် လွယ်လွယ်လေးဖြေရှင်းနိုင်တဲ့ ဒီလိုပြဿနာကို စီးပွါးရေးပြဿနာလို့ တံဆိပ်တပ်ချင်တာလား???

ရွှေပြည်တံခွန်က သမ္မတထံကိုတိုက်ရိုက်စာတင်တယ်ဆိုတော့ ဆက်သွယ်ရေးအနေနဲ့မရှင်းပဲ သမ္မတရုံးကနေရှင်းပါ့လား?? ဘာ့ကြောင့် ၂ပါတ်လောက်အသံတိတ်နေပြီးမှ ဖြေရှင်းချက်ထုတ်တော့လည်း မြင်သာတဲ့ ဟာကွက်တွေနဲ့ ဆင်ခြေတွေပေးနေတာလဲ???

မီဒီယာပေါ်မှာ ဆက်သွယ်ရေးနဲ့ ရွှေပြည်တံခွန်တို့ အပြန်အလှန် ဖြစ်နိုင်သည် မဖြစ်နိုင်သည် ရေးသားဖော်ပြနေပြီး အခုမှ အစိုးရဘက်က ဥပဒေပြင်ဆင်ဖို့ လွှတ်တော်မှာတင်ပြမယ်လို့ ဘာ့ကြောင့်အသံပြောင်းပြီး ပြောလာတာလဲ?? ရွှေပြည်တံခွန်မတင်ပြခင်ကတည်းက ပြည်ပကရော ပြည်တွင်းကပါ Proposal တွေတင်ထားတယ်ဆိုတဲ့အသံထွက်လာတာလဲ???

2012/2/10 လူစိမ်း <ayethein90@gmail.com>

ပြည်သူတွေ ဖုန်းဆက်ခငွေတွေကို အစိုးရထံမှ (ရွှေပြည်တံခွန်က) ဒေါ်လာနှင့် မတောင်းလျှင် ငါးထောင်တန်ဖုန်းကဒ် ကိစ္စ ဖြစ်နိုင်သည်ဟု ဒေါက်တာဆိတ်ဖွားဆို....

×××××××××××××××

၅၀၀၀ တန် ဖုန်းကဒ်ရနိုင်မရနိုင်၏ အဓိကသော့ချက်

နိုင်ငံရေးအရထင်ရှားကျော်ကြားသူများ အကျဉ်ထောင်အသီးသီးမှ လွတ်မြောက်လာသည့် သတင်းများနည်းတူ အများစိတ်ဝင်စားသော အခြားကိစ္စတစ်ခုမှာ ၅၀၀၀ တန် မိုဘိုင်းတယ်လီဖုန်းကိစ္စ သတင်းဖြစ်သည် ။ ဒေသတွင်းနိုင်ငံများအတွင်း တယ်လီဖုန်း sim Card များကိုဈေးကြီးပေးဝယ်နေ ရသော မြန်မာနိုင်ငံ ပြည်သူများအဖို့ အထူးတစ်လည်စိတ်ဝင်တစားရှိကြသည်မှာလည်း အဆန်း မဟုတ်ပါပေ။

ထိုတယ်လီဖုန်းစီမံကိန်းကို တာဝန်ယူမည့် ရွှေပြည်တံခွန်ကုမ္ပဏီကလည်း ဖြစ်အောင်လုပ်မည် ၊ နည်းပညာအရ ဖြစ်နိုင်သည် ရကိုရမည် ၊ နိုင်ငံတော်ကခွင့်ပြုသည်နှင့် မတ်လတွင် စပြီးမိတ်ဆက်တော့မည် ဇွန်လတွင်ကဒ်များစရောင်းမည်  ၊ ပထမအဆင့်တွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် အကောင်အထည်ဖေါ်မည် ။နောက်ပိုင်းတစ်နိုင်ငံလုံး ဆောင်ရွက်မည် ၊ ဒေါ်လာသန်း ၈၀၀ ခန့် ရင်းနှီးမြှုတ်နှံမည် ၊ မြန်မာ့ဆက်သွယ်ရေးနှင့်မပတ်သက် ၊  အစရှိသဖြင့် အာမခံရဲရဲဖြင့် တာထွက်လာသောကြောင့် ပြည်သူအများက ၀မ်းသာကြလေသည် ။

ဝမ်းသာသည့်စိတ်နှင့်အတူ ဒီလောက် ပြည်သူတွေအတွက် ကောင်းတဲ့အစီအစဉ်တွေကို အစိုးရက ဘာလို့ လက်တုန့်ဆိုင်းနေရတာလဲ ၊ သူတို့အတွက် အကျိုးအမြတ်မရှိလို့ မလုပ်တာနေမှာပေါ့ ၊ သူ့ဟာသူလုပ်မှာကို ဘာလို့ လက်နှေးနေရတာလဲ ၊ အစရှိသဖြင့် အပြစ်တင်ကြလေသည် ။ ထိုအတောအတွင်း မြန်မာ့ ဆက်သွယ်ရေးက အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက မြန်မာ့ဆက်သွယ်ရေးနှင့် အဆက်အသွယ် မလုပ်ပဲ မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပေးထားသော တယ်လီဖုန်းများနှင့်ဆက်သွယ်ရန် နည်းပညာအရ မဖြစ်နိုင်ပါကြောင်း ၊ ပြည်ပနိုင်ငံများနှင့်ဆက်သွယ်ရန် မြန်မာ့ ဆက်သွယ်ရေး နှင့် မဖြစ်မနေဆက်သွယ် ရမှာ ဖြစ်ကြောင်း ၊ မိုဘိုင်းနက်ဝပ်တည်ဆောက်ရန်မှာ နေ့ချင်းညချင်း မဖြစ်နိုင်ပါကြောင်းပြောကြားခဲ့သဖြင့် ဦးဇော်မင်းဦးကို ၀ိုင်းဝန်းအပြစ်တင်ကြသူများ အများအပြားလည်းပေါ်ပေါက်လာလေ၏ ။

ပြည်တွင်းပြည်ပမှ နည်းပညာနှင့်နီးစပ်သူများ ကလည်း အခြားတိုင်းပြည်များရှိဈေးနှုံးများ ၊ နည်းပညာများကို ကိုးကား၍ လုပ်ရင် ရနိုင်ကြောင်း ၊ သူများရလျင်ကိုယ်ရရမှာဖြစ်ကြောင်းစသည်တို့ကို နည်းပညာ အကိုးအကား အချက်အလက်အကိုးအကား များဖြင့် ထောက်ခံသည့်ဘက်မှ ရေးသားကြ သည်များတွေ့ရသဖြင့် ပြည်သူများ၏ မျှော်လင့်ချက်သည် ပိုမို လာကာ အစိုးရတာဝန်ရှိသူများကို အပြစ်ဆိုသည် များလည်း ပို၍ ပို၍ တိုးလာလေတော့သည် ။

ဗမာလို ရိုးရိုးလေးတွေးကြည့်မိပါသည် အခြားနိုင်ငံများတွင် နည်းပညာအရ ရလျှင် ကျွန်တော်တို့နိုင်ငံတွင်လည်း ရနိုင်ရမည်သာ ဖြစ်ပါသည် ။ အခြားနိုင်ငံများတွင် ဈေးသက်သက်သာသာနှင့် ရနိုင်လျှင် မြန်မာနိုင်ငံတွင်လည်း ရနိုင်ရမည်သာ ဖြစ်လေသည် ။ အဓိက ပြသနာမှာ နည်းပညာပိုင်း ၊ Sim Card ၏ဈေးနှုန်းပိုင်းမဟုတ်ပါ  ၊ အဓိကသော့ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

ယခင်အစိုးရလက်ထက်တွင်ရော ယခုအစိုးရလက်ထက်တွင်ပါ ဆက်သွယ်ရေးကဏ္ဍ၏ မိုဘိုင်းတယ်လီဖုန်းလုပ်ငန်းများတွင် ရင်းနှီးမြှုတ်နှံလိုသူအများအပြား လာရောက်ဆွေးနွေးဘူးပါသည် ။ကမ္ဘာနှင့် ဒေသတွင်းမှ မိုဘိုင်းတယ်လီဖုန်း ကုမ္ပဏီကြီးများအပါအ၀င် ဖြစ်ပါသည် ။ပြည်တွင်းလုပ်ငန်းရှင်ကြီးများမှတစ်ဆင့်လည်း သက်ဆိုင်ရာကို ချဉ်းကပ်ဆက်သွယ်မှုများလည်းရှိပါသည် ။သက်ဆိုင်ရာကုမ္ပဏီများက ၁၀၀% ငွေကြေးရင်းနှီးမြှုတ်နှံမည် ၊ အကျိုးအမြတ်ကို နိုင်ငံတစ်ကာစံနှုန်းများ အတိုင်း နိုင်ငံတော်နှင့် ရင်းနှီးမြှုတ်နှံမှု ပြုလုပ်သည့်ကုမ္ပဏီတို့ ခွဲဝေယူကြမည် ။ ဒီအထိအဆင်ပြေပါသည် ။အဆင်မပြေသည့်အဆင့်မှာ သက်ဆိုင်ရာကုမ္ပဏီကြီးများက ၄င်းတို့ ရင်းနှီးမြှုတ်နှံထားသည့်ငွေများကို အမေရိကန်ဒေါ်လာနှင့် ပြန်လိုချင်သည့်ကိစ္စဖြစ်လေသည် ။

ဥပမာဆိုကြပါစို့ ယခုရင်းနှီးမြှုတ်နှံမည်ဟု နာမည်ကြီးနေသော ရွှေပြည်တံခွန်ကုမ္ပဏီသည်  မိုဘိုင်းတယ်လီဖုန်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ရင်းနှီးမြှုတ်နှံကာ တယ်လီဖုန်း အလုံး ၂ သန်းကို မြန်မာပြည်သူတွေကို မရောင်းပဲအလကားပေးလိုက်သည် ဆိုကြပါစို့  ထိုဖုန်းအလုံး ၂ သန်းကိုရသွားကြကုန်သော မြန်မာတို့သည် တစ်သက်လုံး ချုပ်တီးထားသမျှ အတိုးနှင့်ပြောကြပေတော့မည် ။တစ်နေ့ကို ပျမ်းမျှ ဖုန်းတစ်လုံးသည် ၀.၅ ဒေါ်လာနှင့်ညီမျှသည့် မြန်မာငွေတန်ဘိုးပဲ ပြောသည်ဆိုကြပါစို့ ၊ အဆိုပါ ကုမ္ပဏီသည် တစ်နေ့အမေရိကန်ဒေါ်လာ ၁သန်း နှင့်ညီမျှသည့်ကျပ်ငွေများဝင်ငွေရှိလေသည် ။တစ်လ အမေရိကန်ဒေါ်လာ သန်း ၃၀နှင့် ညီမျှသော မြန်မာကျပ်ငွေများဝင်ငွေရှိလေသည် ။ တစ်နှစ်ဆိုလျှင် ဒေါ်လာ သန်း  ၃၆၀ နှင့်ညီမျှသော မြန်မာကျပ်ငွေများ ၀င်လာလေတော့သည် ။ ၃ နှစ်ဆိုလျှင် သူတို့အရင်းကျေလေပြီ....။ ထိုမြန်မာကျပ်ငွေနှင့်ဝင်လာသော ဖုန်းပြောခများကို သက်ဆိုင်ရာကုမ္ပဏီများက အစိုးရထံသွင်းပြီး အစိုးရထံမှ အမေရိကန်ဒေါ်လာ ပြန်လိုချင်ကြလေသည် ။ဒီမှာတင် အစိုးရက စဉ်းစားရလေပြီ ။မစဉ်းစား၍မရတော့ ၊ ပြည်သူတွေများများပြောလေ အစိုးရက ဒေါ်လာများများ ရှာရလေဖြစ်လာတော့မည် ။ ဒီနေရာမှာ အဆင်မပြေဖြစ်ကြလေသည် ။

တယ်လီဖုန်းပြောသည့် ကိစ္စတစ်ခုတည်းအတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၃ ၊ ၄ ရာရှာရမည်မှာ မြန်မာနိုင်ငံ ကဲ့သို့နိုင်ငံငယ်အဖို့ မလွယ်လှ ၊ ယခင်က ယခုကဲ့သို့ ဒေါ်လာတရားဝင်လဲလှယ်သည့် နေရာများလည်းမပေါ်သေး ၊ ယခုပေါ်နေသော်လည်း လိုသလောက်လဲ၍မရနိုင် ထောင်ဂဏန်းလဲသည်ကိုပင်အဆင်မပြေလှသေး အကန့်အသတ်များရှိနေဆဲ၊ အခက်အခဲများရှိနေဆဲဖြစ်သည် ။ ငွေကြေးဈေးကွက်များပေါ်ပေါက်လာနိုင်ရေး ကြိုးစားနေရဆဲဖြစ်သည် ။ 

အချုပ်အားဖြင့်ဆိုရသော် ၅၀၀၀ တန်ဖုန်း စီမံကိန်းလုပ်မည်ဆိုသော ကုမ္ပဏီသည် အစိုးရထံမှ ဒေါ်လာကိုမည်သည့်နည်းနှင့်မျှ ပြန်မတောင်းလျှင်အဆင်ပြေပါမည် ၊ ပြန်တောင်းလျှင် အဆင်မပြေနိုင်ပါ ၊ အဖြေကဒါပဲဖြစ်မည်ဟုယူဆပါသည် ။ ပြည်တွင်းသတင်းမီဒီယာများအနေဖြင့် ဤမေးခွန်းကို ရွှေပြည်တံခွန်ကုမ္ပဏီ၏  MD ဦးလွင်နိုင်ဦးကို မေးစေလိုပါသည်  ၊ သူတို့ရင်းနှီးမြှုတ်နှံ ထားမှုအတွက် အစိုးရထံမှ တနည်းနည်းဖြင့် ဒေါ်လာပြန်ယူလို မယူလို သာမေးစေလိုပါသည်၊ သူ၏ အဖြေသည် ပြည်သူများစိတ်ဝင်စားနေသည့်  ၅၀၀၀ တန်ဖုန်း ဖြစ်နိုင် မဖြစ်နိုင် ၏ အဖြေဖြစ်မည် ထင်ပါသည် ။ဒေါ်လာ ပြန်ယူမည်ဆိုလျှင်မဖြစ်နိုင်ပါ ၊ဒေါ်လာ ပြန်မယူဘူး ဆိုလျှင် ဖြစ်နိုင်ပါမည် ။

 Voice Of Myanmar

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here