တန်ဖိုးရှိတဲ့ ဆုံးမ စကားတွေပါ ၊ ကျေဇူးတင်ပါတယ်2012/2/17 soe naing <snsoenaing4@gmail.com>
သမာအာဇီဝ စီးပွားရေး ဆိုတာ ဘယ်လိုစီးပွားရေးလဲ
သမာအာဇီဝ စီးပွားရေးဆိုတာ ကိုယ့်အသက်မွေးဝမ်းကျောင်း မှုအတွက်စီးပွားရှာတဲ့အခါ အဲဒီစီးပွားရှာမှုကြောင့် ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်း အကျိုးယုတ် ထိခိုက်ညစ်နွမ်းမှု မရှိတဲ့ စီးပွားရေးကို သမာအာဇီဝ စီးပွားရေးလို့ အဓိပ္ပာယ်ဖွင့်ချင်တယ်။
ခိုးတာ လိမ်တာ ခေါင်းပုံဖြတ်တာ မသမာတဲ့နည်းနဲ့ စီးပွားရှာတာ လဒ်စားတာ မျိုးတွေကိုပဲပြောတာလား။
ယေဘူယျဆိုရင် အဲဒီလိုပဲ နားလည်ကြပါတယ်။ ဒါပေမယ့် ဘီယာဆိုင်တွေ။ အရက်ဆိုင်တွေ။ အနှိပ်ခန်းတွေ။ ဇိမ်ခန်းတွေ။ နိုက်ကလပ်တွေ။ ချဲဒိုင်တွေ။ လောင်းကစားရုံတွေ။ ဘောလုံးလောင်းကစား ဒိုင်တွေ။ ဖော်ချွတ်ရှိုးပွဲတွေ။ အစသဖြင့်ပေါ့ -- အများကြီးပါ ။ လူထုပတ်ဝန်းကျင် အကျင့်စရိုက် စာရိတ္တ ယဉ်ကျေးမှုတွေကို တဖြည်းတဖြည်း ဖျက်ဆီးတတ်ပါတယ်။ ဒီလိုစီးပွားရှာတာတွေကို သမာအာဇီဝ စီးပွားရေး လို့ ကျွန်တော်တော့ မသတ်မှတ်ချင်ဘူး။
အရက်သောက်တာ ဖြစ်စေ- လောင်းကစားလုပ်တာဖြစ်စေ- အပျော်အပါးလိုက်စားတာဖြစ်စေ- ဒါလူတစ်ယောက်ရဲ့ အခွင့်အရေးပဲ။ ကြီးကြီးကျယ်ကျယ်ပြောရရင် လူ့အခွင့်အရေးပေါ့ ဒါကို မပိတ်ပင်သင့်ဘူးမဟုတ်လား။
အခု အမြဲလိုလို ကြားနေရတာ ``လူ့အခွင့်အရေး`` ``လူ့အခွင့်အရေး`` ဆိုတာကြီးနဲ့ ကိုင်ပေါက်နေပြီး ကိုယ်လုပ်ချင်တာ စည်းလွတ်ဝါးလွတ်လုပ်နေကြရင် ကြားထဲက ``လူ့အခွင့်အရေး``ဆိုတဲ့ မွန်မြတ်တဲ့စကားလုံးတောင် ညစ်ပတ်သွားနိုင်တယ်။ ဥပမာ မိန်းမပျိုလေးတစ်ယောက်က သူ့ကိုယ်ပိုင်လွတ်လပ်ခွင့် လူ့အခွင့်အရေးဆိုပြီး မလုံမခြုံအဝတ်အစားမျိုးဝတ်ပြီး အပြင်ထွက်မယ်။ ဒါကို လူ့အဆင့်အတန်းမရှိတဲ့ တဏှာရူးတစ်ယောက်က အဓိပ္ပာယ်တစ်မျိုးကောက်ပြီး မြူဆွယ်တယ်လို့ သဘောထားကာ နောက်ကလိုက်မယ်။ ကံဆိုးရင် ရာဇဝတ်မှုတောင်ဖြစ်နိုင်တယ်။ အဲဒီတော့ လူကြီးတွေက မဖြစ်သင့်တာ မဖြစ်အောင် ကြိုတင်တားတဲ့အနေနဲ့ အဲဒီလိုမဝတ်နဲ့ ဝတ်ရင် ၁။ အန္တရာယ်များမယ် ၂။ကိုယ့်ကြောင့် ယောကျာင်္း လေးတွေ တဏှာထရင် ကိုယ်ပဲ အကုသိုလ်များမယ် ၃။တကယ်တန်ဖိုးရှိ မြင့်မြတ်တဲ့ ယောင်္ကျားလေးတွေတိုင်း သိက္ခာနဲ့ အရှက်တရားကိုတန်ဘိုးထားတဲ့မိန်းမသားမျိုးကိုပဲ ချစ်တယ်။ ဒါကြောင့် ဒီလိုတွေဝတ်ရင် ကောင်းတဲ့ယောင်္ကျားလေးတွေတော့မရနိုင်ဘူး အချောင်စားမယ့် ယောင်္ကျားမျိုးနဲ့ သာတွေ့ရတတ်တယ် လို့ ဆုံးမတဲ့အခါ-- သူ့ရဲ့ လူ့အခွင့်အရေးကို ချိုးဖဲ့တာလား သူ့အကျိုးတရားအတွက် ဆုံးမတာလား ခွဲခြားနားလည်သင့်တယ်။
ဒါဆိုလူ့အခွင့်အရေးကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုမလဲ။
``လူ့အခွင့်အရေး`` ကို စာတစ်ကြောင်း စာတစ်ပုဒ်ထဲနဲ့ ပြည့်စုံအောင် အဓိပ္ပါယ်ဖွင့်ဖို့ မဖြစ်နိုင်ပါဘူး ။ အလွန်ကျယ်ပြန့်ပါတယ်။ ကျွန်တော်ယုံကြည်ထားတာကတော့ မိမိနဲ့ မိမိပတ်ဝန်းကျင်ကို ထိခိုက်နစ်နာမှု မရှိတဲ့အရာများ ကို လွတ်လပ်စွာပြောဆို ပြုမူ စည်းရုံး တာမျိုးကို ခေါ်မယ်လို့ ယူဆပါတယ်။ကိုယ့်အိမ်ထဲမှာ ကိုယ်စားဖို့ ငရုပ်သီးကြော်ပေမယ့် အဲဒီအညှော်ဟာ ပတ်ဝန်းကျင်အိမ်က လူနာအတွက် အဆိပ်ဖြစ်တယ်လို့ သတ်မှတ်နေရင် ``ငါ့အိမ်မှာ ငါစားဖို့ ငါ့ဟာငါကြော်တာ ဘာဖြစ်လဲ`` ဆိုတာကို လူ့အခွင့်အရေး လို့ မသတ်မှတ်ချင်ဘူး။
ဒါဖြင့် မလုံ့ တလုံဝတ်တဲ့အတွက်ရော ဘယ်သူ့ကိုထိခိုက်လို့လဲ။ ကိုယ်ကြိုက်လို့ ကိုယ်ဝတ်တာ မရဘူးလား။
အဝတ်အစားဝတ်တာပဲဖြစ်ဖြစ် အလှပြင်တာပဲဖြစ်ဖြစ် ကိုယ့်အတွက်ဟုတ်ဘူး။ တခြားကြည့်တဲ့သူတွေအတွက်ပါ။ ကြည့်တဲ့သူတွေကလည်း အလွှာအမျိုးမျိုး အဆင့်အတန်းအမျိုးမျိုး စရိုက်အမျိုးမျိုး အတွေးအခေါ်အမျိုးမျိုးရှိမယ်။ မလုံမလဲဝတ်ထားတဲ့ကောင်မလေးတစ်ယောက်ကိုမြင်ပြီး----
``ဟား !!!!!! မိုက်တယ်ကွာ အလန်းဇယားလေးပဲ ------ တောက်။။`` မချင့်မရဲ နဲ့မြိုသိပ်ထားရတဲ့သူတွေ။
``ဟွန်း ကောင်မကိုယ်က အရှက်တရားကိုမရှိဘူး ကြက်မ ကျနေတာပဲ`` ဆိုတဲ့ဒေါသဖြစ်နေသူတွေ။
``ဟိတ် ရွှတ်---ရွှတ် အားရင် ဒို့နဲ့ လျှောက်လည်မယ် လိုက်မလား ``ဆိုတဲ့ သွေးတိုးစမ်းတဲ့သူတွေ။
``အောင်မလေး နိုင်ငံများ မှားဆင်းလာသလားနော် မြန်မာမတွေတဲ့ တင့်ကတဲ မပြောချင်ဘူး`` လို့ပွစိပွစိ လုပ်တဲ့သူတွေ အများကြီးးတွေ့မှာပဲ။
သေချာတာကတော့ ကောင်းမွန်တဲ့စိတ်ထားနဲ့ `` ဟယ် ချစ်စရာလေး ````တော်တော် ချောတယ်နော်````ကြည့်စမ်း လှလိုက်တာ`` လို့ပြောမယ့်သူတော့ မရှိသလောက်နည်းမယ်။ဒါကြောင့် မြန်မာမိန်းကလေး ညီမငယ်တို့ကို လှလှပပ လုံလုံခြုံခြုံ နဲ့ခေတ်မှီမှီဝတ်ပါ။ အကွဲ အပြဲ အတို အဟိုက် တွေတော့ ရှောင်စေချင်တယ်။ ကြည့်သောသူအသက်ရှည်၏ ပြသောသူ ကုသိုလ်ရ၏ ဆိုတာတော့ မလုပ်ကြပါနဲ့။
မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးဟာ ဘာလဲ။
မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးဟာ ဂုဏ်သိက္ခာ အရှက်တရား အိနြေ္ဒ ဥာဏ်ရည်ဥာဏ်သွေး ကျက်သရေရှိမှု တည်ငြိမ်မှု စတာတွေလို့ ယူဆတယ်။ သာမန်ရုပ်ရည်နဲ့ဆိုရင်တောင် အဲဒီဂုဏ်တွေနဲ့ ပေါင်းလိုက်ရင် တန်ဖိုးရှိလာမယ်။ရွှေ ငွေ စည်းစိမ် ပညာ ဂုဏ်ပကာသန ဆိုတာတွေက ယောင်္ကျားပိုင်းလုံးတွေ အတွက်တော့ ဟုတ်ချင်ဟုတ်မယ် ယောင်္ကျားပီသတဲ့သူတွေအတွက်တော့ အဲဒီင်္အချက်တွေက အဓိကမကျဘူး။ ပကာသန တွေနဲ့ ပြည့်စုံတဲ့ သူဋ္ဌေးသမီး --ဒါပေမယ့် အကျင့်ပျက် စရိုက်မကောင်းတဲ့ ပန်းပေါင်းစုံစိုက်ပျိုးရာ ပန်းခြံကြီး ဆိုရင် ဘယ်ယောင်္ကျားကောင်း ယောင်္ကျားမြတ်မှ မသတီဘူး။ ။
ဟုတ်တယ်နော်။။။။။။။။။
။။။။။။။။။။။။ kosoenaing ။။။။။။။။။။။။ kosoenaing ။။။။။။။။။။။။ kosoenaing ။။။။။။။။။။။။ kosoenaing။။။။။။။။။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ