Re: [mrsorcerer:18893] The Woman who I love

အိုအရမ်းပီပြင်ပါတယ်။မြန်မာပြည်ကြီးကိုဝိုင်းဝန်းကယ်တင်ကြပါစို့။

2012/2/17 Mr. Wanna <wannahtoonwin@gmail.com>
Whooooooooo.......Very nice one.

On 16 February 2012 18:43, POP <poppinn@googlemail.com> wrote:
very good

2012/2/17 Thida San <thida272011@gmail.com>
oh!   good

On 2/16/12, M. Zaw Aung <uzawaung@gmail.com> wrote:
>  The Woman who I love
> Share<http://www.facebook.com/sharer.php?u=http%3A%2F%2Fshwenyein.blogspot.com%2F2008%2F12%2Fwoman-who-i-love.html&t=Free%20Thinker%3A%20The%20Woman%20who%20I%20love&src=sp>
>  (ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ညီတော်မောင်တစ်ယောက်က e-mail တစ်ခု forward
> လုပ်လိုက်ပါတယ်။ "အရမ်းချစ်တဲ့ မိန်းမတစ်ယောက်အကြောင်း" တဲ့။ ဘယ်သူရေးတာမှန်း
> မသိပါ။ ဒါပေမဲ့ ကျွန်တော် နှစ်သက်တဲ့ စာညွန့်လေးတစ်ပုဒ် ဖြစ်တာကြောင့်
> ကျွန်တော့်ဆီမှာ ရှိသမျှ မိတ်ဆွေများထံ ပြန်ပြီး ဝေမျှ ခံစားခဲ့ပါတယ်။
> နောက်ပြီး အဲဒီစာလေးဖတ်ပြီးတော့ ကျွန်တော့်ရင်မှာ ခံစားချက်တွေ ပေါ်လာလို့
> မိတ်ဆွေများကို ပြန်လည် ဝေငှလိုက်တာပါ။ သည်ခံစားချက်ဟာ
> ကျွန်တော်တစ်ဦးတစ်ယောက်ထဲရဲ့ ပုဂ္ဂလိက ခံစားချက်မျှသာ ဖြစ်ပါတယ်။
> မူရင်းစာကိုလည်း ပူးတွဲ ဖော်ပြလိုက်ပါတယ်။)
>
> လက်မထပ်လိုက်ရတဲ့ အရမ်းချစ်တဲ့ မိန်းကလေး တစ်ဦးအကြောင်း
>
> အကယ်၍ မြန်မာပြည်ဟာ ကျွန်တော်အရမ်းချစ်ပြီး လက်မထပ်ဖြစ်ခဲ့တဲ့ မိန်းကလေးတစ်ဦး
> ဖြစ်ခဲ့ရင် စင်ကာပူဟာ မချစ်သော်လည်း အခြေအနေအရ ပေါင်းသင်းနေရတဲ့ ကျွန်တော့်
> girl friend လို့ တင်စားပြစေ။
>
> ကျွန်တော် သိပ်ချစ်တဲ့ မိန်းကလေးဟာ ပထွေးဆိုးရဲ့ နှိပ်စက်ကလူ ပြုနေတာကို
> ဘာမှမတတ်နိုင်ပဲ ငြိမ်ခံနေရတဲ့ အတွက် ကျွန်တော် သူ့ကို သိပ်သနားမိပါတယ်။
> နောက်ပြီး ကျွန်တော့်လို ပမွှားတစ်ယောက်အနေနဲ့ လူမိုက်ပေါင်း သောင်းချီပြီး
> မွေးထားတဲ့ သူ့ပထွေးကြီးကို ဘယ်လိုမှ ယှဉ်ပြိုင်လို့မရတဲ့အတွက်လည်း သူ့ဘ၀ကို
> မကယ်တင်နိုင် လို့ အင်မတန်မှ ၀မ်းနည်းမိပါတယ်။ သူ့ပထွေးဆိုးကြီးက သူ့ကို
> အာခံမယ်ကြံတဲ့ သူတိုင်းကို ငရဲကို အရှင်လတ် လတ် ပို့ ပို့ ပစ်နေတာလည်း
> လူတိုင်းအသိမဟုတ်လား။ ကျွန်တော်ဟာ သိပ်ချစ်တဲ့ မိန်းကလေးနဲ့ မခွဲချင်သည့်
> တိုင် ၀မ်းရေးအတွက် ဝေးရာကို ခေတ္တထွက်ခွာလာခဲ့ရပါတယ်။
>
> နောက်ပြီး အဲဒီမိန်းကလေးထက် အစစအရာရာ သာနေတဲ့၊ မချစ်သော်လည်း
> အောင့်ကာနမ်းနေရတဲ့ girl friend နဲ့ ယှဉ်လိုက်တဲ့ အခါတိုင်း သည်မိန်းကလေးကို
> အသနားပိုမိပါတယ်။ ကျွန်တော်ဟာ အခြေအနေအရ ကျွန်တော့် ဘ၀အတွက် လိုအပ်လို့
> လက်တွဲနေရသည့်တိုင် အင်မတန် ချောမောလှပတဲ့၊ အင်မတန် ဆွဲဆောင်မှုအားကောင်း တဲ့၊
> အင်မတန် sexy ဖြစ်တဲ့၊ ပီဘိ အရှက်လုံရုံမျှ ဖုံးထားတဲ့အ၀တ်နဲ့ မရှက်မကြောက်
> လူတွေကြားထဲ သွားလာနေ တဲ့၊ နေရာတိုင်းမှာ သဘာဝမရှိပဲ manmade တွေသာရှိတဲ့ ဒီ
> girl friend မကလေး ကိုတော့ အစစ အရာရာ ပြည့်စုံနေသည့်တိုင် ဘယ်လိုနည်းနဲ့မှ
> ချစ်လို့မရပါ။ ရိုးသားဖြူစင်တဲ့၊ ဆင်းရဲနွမ်းပါးတဲ့၊ အစစ ချို့တဲ့လှတဲ့
> ကျွန်တော့် မိန်းကလေးကိုသာ ကျွန်တော် နှစ်နှစ်ကာကာ ချစ်ပါတယ်။ သူ့ကို
> တစ်နေ့တစ်ရက်မှ ကျွန်တော် မေ့လို့ မရပါ။
>
> ဘာပဲပြောပြော ကျွန်တော် ဒီလိုဘ၀အခြေအနေရောက်အောင် သည်မိန်းကလေးကပဲ အစစအရာရာ
> မြေတောင်မြှောက် သင်ကြားပေးလိုက်တာပါ။ ကျွန်တော့်အသိပညာ အတတ်ပညာတွေကို
> အသုံးချပြီး နောက်မှ ပေါက်တဲ့ ရွှေကြာပင် girl friend က ကျွန်တော့်ကို
> တန်ရာတန်ကြေးပေးပြီး ခိုင်းနေခြင်းမျှသာ ဖြစ်ပါတယ်။ ခပ်ရိုင်းရိုင်း ပြောရရင်
> ကျွန်တော်ဟာ အခကြေးငွေစားပြီး လုပ်ပေးနေရတဲ့ ကြေးစား တစ်ယောက်မျှသာ ဖြစ်ပါ
> တယ်။ ကျွန်တော်ဟာ ကျွန်တော်ချစ်တဲ့မိန်းကလေးကို အနီးကပ် ပြုစုလုပ်ကျွေးခွင့်
> မရတဲ့အတွက် girl friend ထံက ရတဲ့ အခကြေးငွေထဲက တစ်ချို့တစ်ဝက်ကိုပဲ
> မိန်းကလေးထံ ပို့ပေးပြီး ကျေးဇူးဆပ်နေရပါတယ်။ ဒါပေမဲ့ အခွင့်သာတဲ့အခါမှာ
> ဒါမှမဟုတ် အခြေအနေပေးတဲ့အခါမှာတော့ မိန်းကလေးရဲ့ ရင်ခွင်ထံ ပြန်ခိုလှုံမှာ
> ဖြစ်ပါတယ်။
>
> တစ်ကြိမ်တစ်ခါသော အခါကတော့ ဆင်းရဲချို့တဲ့လှတဲ့ မိန်းကလေးကို ပစ်ပြီး အစစ
> အရာရာ သာလွန်တဲ့ girl friend နဲ့ လက်တွဲဘို့ ကြံစည်မိပါသေးတယ်။ ဒါပေမဲ့ဗျာ၊
> ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးခွန်းထုတ်ပါ တယ်။ မင်း အဲသည်
> မိန်းကလေးနဲ့ ခွဲနိုင်တာ သေချာပြီလား ပေါ့။ သည်တော့မှ ကျွန်တော် သည်မိန်းကလေး
> ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန် တွက်စစ်ကြည့်မိတယ်။ အို - ကျွန်တော်ချစ်သော
> မိန်းကလေးရဲ့ ရင်ခွင်မှာ ရွှေတိဂုံစေတီ တော်မြတ်ကြီး၊ မိခင်ဧရာဝတီ နဲ့
> စစ်ကိုင်းတောင်၊ မင်းဝံတောင်ရိုး တို့ ရှိနေပါလား။ ဟိုးဘက် လှမ်းကြည့်လိုက်ရင်
> ပုပ္ပါးတောင်တော်မြတ်ကို တွေ့ရပါလိမ့်။ တခြားဟာတွေ ထားပါ။
> ရွှေတိဂုံစေတီတော်မြတ်ကြီး တစ်ဆူထဲနဲ့တင် ကျွန်တော်ချစ်သော မိန်းကလေးကို
> ဘယ်အရာတွေနဲ့မှ အစားထိုးလို့ မရနိုင်ပါ။ သည်မှာတင် ကျွန်တော့် ပေါက် တတ်ကရ
> စိတ်ကူးယဉ် အိပ်မက်တွေကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်ပါတယ်။
>
> သူ့ပထွေးကြီးမကောင်းလို့ သည်မိန်းကလေး အခြေအနေ သည်လိုဖြစ်ရုံမျှနဲ့တော့
> ကျွန်တော် သူ့ကို ပစ်ပစ်ခါခါ ထွက်မသွားရက်ပါ။ ကိုယ်တတ်နိုင်တဲ့ဘက်က သူ့ကို
> ပြန်လည် စောင့်ရှောက်ဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။
> ကျွန်တော်တတ်နိုင်တဲ့ဘက်က တစ်ဖက်တလမ်း သူ့ကို ပြန်ပြီး ကျေးဇူးဆပ်ရပါမယ်။
> နောက်ပြီး လူပုံအလယ် မျက်နှာငယ်နေရ ရှာတဲ့ သူ့ဘ၀ကို ပြန်ပြီး အဖတ်ဆယ်ဘို့
> ကျွန်တော်တို့ လုပ်ရပါဦးမယ်။
>
> R ဇာနည့် သီချင်းလိုပဲ ကျွန်တော်ဟာ သည်မိန်းကလေးကို ဘယ်အခြေအနေပဲ ရောက်နေပါစေ -
>
> "ပြန်ဆုံချိန်ကျ မြေမှာကြွေလည်း ကောက်ယူမယ်" - ဖြစ်ပါကြောင်း။
>
> အခြေအနေပေးတဲ့အခါမှာ သည်မိန်းကလေးရဲ့ဘ၀ကို ပြန်လည်ကယ်တင်ဘို့ အဝေးရောက်
> ကျွန်တော်တို့အားလုံး သူ့ရင်ခွင်ကို ပြန်လည် ခိုဝင်ကြလိမ့်မယ်လို့
> ယုံကြည်ပါတယ်။
>
>
> (မူရင်း)
>
> Subject: အရမ်းချစ်တဲ့ မိန်းမတစ်ယောက်အကြောင်း
> တကယ်တော့ မြန်မာပြည်ဆိုတာ
> အရမ်းချစ်ပြီး ဘယ်လိုမှလက်ထပ်လို့မဖြစ်နိုင်တဲ့
> မိန်းမတစ်ယောက်ပေါ့ …
> ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ ...
> ၂၁ ရာစုမှာ internet ကို
> ဆန်တစ်ပြည်လောက်မှ တန်ဖိုးမထားတဲ့ မိန်းမ ...
> အမှောင်ထဲမှာပဲ ပျော်ပိုက်ပြီး
> ညတွေမှာ မီးမလင်းနိုင်တဲ့ မိန်းမ ...
> ခဏခဏပြင်ပြီး အညာခံနေရတဲ့
> နှစ်သုံးဆယ်စီမံကိန်းပညာလောက်ပဲတတ်တဲ့ မိန်းမ ...
> ပြည်ပလုပ်အလှပြင်ကိရိယာ ပြည်ပကနည်းပညာနဲ့
> ကိုယ့်ကိုယ်ကို အလှဖန်တီးရှင်ပါလို့
> စက်မူဇုန်ထဲကနေ ကြုံးဝါးနေတဲ့ မိန်းမ …
> တတ်သမျှပညာတွေ ရှိသမျှလုပ်အားတွေနဲ့
> ပြည့်ပြည့်ဝဝ လုပ်ကျွေးတာတောင်
> လက်ဖက်ရည်ဖိုးလောက်ပဲ ပြန်ပေးချင်တဲ့ မိန်းမ ...
> သည်းခံယူပြီး ပြုပြင်ပေးချင်တာတောင်
> အုပ်ထိန်းသူက လက်သင့်မခံတဲ့ မိန်းမ ...
> ယုတ်မာကောက်ကျစ်ပြီး အကြံပက်စက်လွန်းတဲ့
> ပထွေးရဲ့တာဝန်ယူမူကို ခံထားရရှာတဲ့ မိန်းမ …
> အုပ်ထိန်းသူတွေ ကိုယ်တိုင်က
> ပြည့်တန်ဆာဇာတ်သွင်းခြင်းကို
> မသိမသာ ခံနေရရှာတဲ့ မိန်းမ ...
> သားသမီးတွေကို နွေးနွေးထွေးထွေးချစ်တတ်ပေမယ့်
> ပထွေးမျက်နှာကြည့်ပြီး အသက်ရှူနေရရှာတဲ့ မိန်းမ …
> ဒီလိုမိန်းမမျိုးနဲ့ကျွန်တော်
> ဘယ်လိုလက်ထပ်လို့ဖြစ်နိုင်ဦးမှာလဲဗျာ ...
> ဘယ်လိုပဲ ရည်းစားတွေထပ်ပြီးထားထား
> သူ့ကိုတော့ တစ်နေ့မှမေ့မရနိုင်တာ အမှန်ပါပဲ ...
> တကယ်လို့များ ...
> သူ့ပထွေးကြီးမရှိတော့ဘူးဆိုရင် …
> လက်ဖက်ရည်ဖိုးလောက်ပဲ ပေးပေး
> ပြည့်တန်ဆာပဲဖြစ်နေပါစေ
> အရာရာကိုပြုပြင် လက်ထပ်ချင်တဲ့ကောင်ပါ ...
> တကယ်တော့ ...
> ကျွန်တော့်ချစ်သူ မြန်မာပြည်ဟာ
> စိတ်သောကတွေကြုံတိုင်းမှာ
> အဖေကိုလွမ်းဆွတ် ငိုကြွေးတတ်တဲ့
> အရမ်းလှပတဲ့ဗီဇတွေကို
> ပထွေးက အနိုင်ကျင့် အစော်ကားခံလိုက်ရတဲ့
> ချစ်စရာကောင်းတဲ့ မိန်းမတစ်ယောက်ပါ ...
> Share<http://www.facebook.com/sharer.php?u=http%3A%2F%2Fshwenyein.blogspot.com%2F2008%2F12%2Fwoman-who-i-love.html&t=Free%20Thinker%3A%20The%20Woman%20who%20I%20love&src=sp>
> Posted
> by အေးငြိမ်း  at 10:29
> PM<http://shwenyein.blogspot.com/2008/12/woman-who-i-love.html>
> <http://www.blogger.com/email-post.g?blogID=4180787456056404654&postID=1307532601833192802>
>
> --
> With Faithfully
> Zaw Aung
>
> Original:
> http://shwenyein.blogspot.com/2008/12/woman-who-i-love.html
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en  ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်  mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
>  တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက  >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ
>

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက  http://groups.google.com/group/mrsorcerer/subscribe?hl=en  ကို နှိပ်ပြီး  မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက  mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်  mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်  http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en  တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက  >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ