Re: [mrsorcerer:18956] လျှပ်စစ်ဆိုင်ကယ်ဆိုသည်မှာ...

ကျွန်တော်သိတာလေးနည်းနည်း ထပ်ဖြည့်ပေးပါမယ်။

 ၁ ။တချို့ လျှပ်စစ်စက်ဘီးတွေမှာ ဘရိတ်အုပ်လိုက်တဲ့အချိန်(ဘရိတ်မီးလင်းရုံနှင့်ရပါသည်)မှာ စက်ဘီးရဲ့အရှိန်ကို ၀ပ်ဆင်းသွားစေမယ့် ဘရိတ်ရှူးအကုန်လည်းသက်သာ၊ ဗက်ထရီကိုလည်း အလိုအလျှောက်အားသွင်းပေးတဲ့ စံနစ်ပါပါတယ်။ နည်းပါတယ်။ ဒါကို ရောင်းတဲ့ ဆိုင်တချို့တောင်မှ မသိပါဘူး။ သိတဲ့ဆိုင်လည်း ရှိမှာပါ။ ဆားကစ်ထားတဲ့အခန်းထဲက ဆော့ကဒ်တစ်ချို့ကို အရောင်တူတာ တပ်ကြည့်ရင်( အရောင်တူ ဆော့ကဒ်တူရင် အန္တရာယ်မရှိပါ) ဒီစံနစ်ပါမပါ သိနိုင်ပါတယ်။

၂ ။ ဘရိတ်မီးလင်းနေရင်ကိုပဲ လီဗာတင်လို့ မရပါဘူး။ ( အင်ဂျင်ဘီးတွေတုန်းက မရဲတရဲနဲ့ လီဗာလည်းတင်ထား ဘရိတ်လည်း နင်းထားတတ်သူတွေအတွက် သတိပြုဖွယ်ဖြစ်ပါတယ်။)  လုံးဝမထွက်ပဲ လီဗာပြန်မချမိသေးပဲ ဘရိတ်လွှတ်မိလိုက်လို့ကတော့ နောက်ကလူ လန်ကျမယ်သာ မှတ်ပါ။ သူက အသံလည်း တိတ်ဆိတ်တော့ စီးကျင့်မရှိရင်  ကြောင်အန်းအန်းဖြစ်ပြီးတော့  ဆောင့်ထွက်ချိန်မှာ အင်ဂျင်ဘီးထက် ဂီယာခလုတ်ချိန်ထားပုံပေါ်မူတည်ပြီးတော့  နှစ်ဆ သုံးဆလောက် ပိုမြန်ပါတယ်။ ဒီစံနစ်ကို လုပ်ထားခြင်းဟာ ဗက်ထရီအကုန်သက်သာစေဖို့ ရည်ရွယ်တယ်လို့ မှတ်ပါတယ်။ ဒါကိုလည်း မလုပ်ချင်ရင် ဖြုတ်ထားရင် ရပါတယ်။

၃ ။ တရုတ်မှာတော့ လီဗာကုန် 20 ကီလိုထက် ပိုမမောင်းရဘူးလို့ သတ်မှတ်ထားပါတယ်။ အန္တရာယ်ကင်းတာပေါ့။ ဒါပေမယ့် ရောင်းသူများကတော့ ၀ယ်သူတွေက ပိုပြေးတာကို လိုချင်တာသိတော့ လီဗာကုန် 20 ကီလို မလုပ်ထားဘူးလို့ ထင်ပါတယ်။  ဒါကိုလည်း ဆော့ကဒ်ဖြုတ်တပ်နဲ့ ချိန်ညှိနိုင်ပါတယ်။ တချို့ဘီးများဆိုရင် မြေပြန့် လီဗာကုန် 50 ကီလိုထိ ဆွဲနိုင်ပါတယ်။ အန္တရာယ်များပါတယ်။ ဘီးဂွေကြီးတဲ့ အင်ဂျင်ဘီးတောင် မြို့တွင်း 50 ကီလို များလှပြီ။ ဒါကို အရုန်းမြန်တဲ့ ဘီးသေး လျှပ်စစ်စက်ဘီး 50 ကီလိုဟာ ဘရိတ်ရုတ်တရက် အုပ်ရမယ်ဆိုရင် နောက်ဘီးဟာ ချလည် ခါယမ်းပြီး တစ်ပတ်လည်သွားတတ်ပါတယ်။ အရှိန်နဲ့ မောင်းနေတုန်း ချိုင့်ကို မမြင်လို့ ကျမိရင်တောင် ဂွေသေးတဲ့အတွက် မောင်းရာ ဒါရိုက်ရှင်းကို ချက်ချင်း ပြောင်းသွားနိုင်ပါတယ်။

၎။ ရုန်းအားကောင်းတဲ့အတွက် ရေရှိတဲ့ လမ်းမှာဆိုရင် လက်ကိုင် နဲ့ လီဗာကို မလျှော့ရင် စလစ်ဖြစ်ဖို့ သေချာပါတယ်။ ဖြစ်ဖူးပါတယ်။

၅။ ရုန်းအားကောင်းတယ်ဆိုပေမယ့် ၀န်ကျတော့ မနိုင်ပါဘူး။ အင်ဂျင်ဘီးမှာ တစ်ယောက်စီးနဲ့ နှစ်ယောက်စီးမှာ ဆီပြောပလောက်အောင် မကွာပေမယ့်။ လျှပ်စစ်ဘီးမှာကျတော့ ကွာခြားပါတယ်။ အတက်အဆင်းမှာလည်း အဲလိုပါပဲ။

၆။ အရုန်းမြန်တယ်ဆိုခဲ့ပေမယ့် ဘီးပေါက်လို့ကတော့ တာယာက ပြားပြီး ညိနေတတ်ပါတယ်။ အင်ဂျင်ဘီးတွေလို 1 ဂီယာ 2 ဂီယာထိုးပြီး တွန်းလို့လည်း မရတော့ မိန်းကလေးများ လျှပ်စစ်ဘီးပေါက်ရင် ထိုင်ငိုပေတော့ ။ ကျွန်တော်ဖြစ်ဖူးတာက မန္တလေးသုံးပြလောက်ကို ဆယ့်ငါးမိနစ်လောက် တွန်းလိုက်ရပါတယ်။  နောက်ပိုင်းမှာ တာယာကြီးလာပြီးတော့ Tubeless တွေလာပါတယ်။ ဘီးပေါက်ရင် သိသိချင်း ကျွတ်ဖာဆိုင်ရှာချိန်ရပါတယ်။

၇ ။ ခြေနင်းဘရိတ်လည်း လာပါတယ်။ ခြေနင်းဘရိတ်က နောက်ဘီး၊ ဘယ်ဗက်လက်ကိုင်ဘရိတ်က ရှေ့ဘီးအတွက်ပါ။ ကျွန်တော်ကတော့ ခြေနင်းဘရိတ်ပါတာကိုပဲ ကြိုက်ပါတယ်။ ဘာလို့လည်းဆိုရင် ကုန်းနည်းနည်းအဆင်းမှာ လျှပ်စစ်ဘီးပေါ်ခွထားတုန်း နောက်လူမတတ်ရသေးခင် လက်ကိုင်ဘရိတ်ကို အုပ်ရတာ လက်အတော်ညောင်းလို့ပါ။ ခြေနင်းဘရိတ်ပါရင် ခြေထောက်က နင်းထားပြီး ကျန်တဲ့ လက်နှစ်ဖက်က တစ်ခုခု ဥပမာ ဖုန်းပြောတာမျိုးကို အေးအေးဆေးဆေးလုပ်နိုင်လို့ပါပဲ။ အစက ၀ယ်မိတာ ခြေနင်းဘရိတ်မပါဘူး။ လိုအပ်တယ်ထင်လို့ ၀ရိန်ဆိုင်မှာ ပိုက်တွေနဲ့ ဂဟေဆော်ခိုင်းပြီး လုပ်ထည့်ပစ်လိုက်တယ်။

နောက်သိတာရှိသေးရင် ထပ်မျှဝေပေးပါမယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။ လိုရာခရီး အန္တရာယ်ကင်းကင်းနဲ့ မပင်မပန်းပဲ ရောက်နိုင်ကြပါစေ။




2011/12/17 Haroon <roon.ha@gmail.com>

အခု မြန်မာပြည် ဆင်ခြေဖုံးရပ်ကွက်တွေမှာ ခေတ်စားနေတဲ့ လျှပ်စစ်ဆိုင်ကယ် (အခြားအမည်များ : စက်ဘီးဆိုင်ကယ်, လျှပ်စစ်စက်ဘီး, အော်တိုဘီး, electric ဘီး, e-bike) အကြောင်း ကျွန်တော် သိသလောက် တင်ပြလိုက်ပါတယ်။

ဝန်ခံချက် ။ ။

ကျွန်တော်က တောင်ဒဂုံမှာ လျှပ်စစ်ဆိုင်ကယ် အရောင်းဆိုင်လေးဖွင့်ထားတဲ့ အတွက် ဗမာပြည်တွင်းက လျှပ်စစ်ဆိုင်ကယ်တွေ အကြောင်းသက်သက်ကိုသာ ပြန်လည်တင်ပြခြင်းသာဖြစ်ပါတယ်။ ပြည်ပက နည်းပညာတွေ (ဥပမာ Lithium Ion battery တွေ Hybrid တွေဘာတွေ တော့ ထည့်မရေးထားပါဘူး)
အင်တာနက်မှာ ရေးထားတာတွေကို ပြန်ကူးရေးတာက ၁၀ ရာခိုင်နှုန်းလောက်ပဲပါပါတယ်။


images?q=tbn:ANd9GcThEpxs1wKbn1lNWPlz_gCthXGTFvm-aoo1P4tvz_6kG_5mlVqIdEZ36nqEVA

လျှပ်စစ်ဆိုင်ကယ်တစ်စီးနဲ့ အင်ဂျင်ဆိုင်ကယ် ဘာကွာသလဲ ?


- အင်ဂျင်နဲ့ ဆိုင်ကယ်က အင်ဂျင်အသုံးပြုပြီး မောင်းသည်
- လျှပ်စစ်ဆိုင်ကယ်များက လျှပ်စစ်မော်တာဖြင့် မောင်းနှင်သည်


အခြားကွာခြားမှုများမှာ သိပ်မပြောပလောက်ပေ။
- လျှပ်စစ်ဆိုင်ကယ်များတွင် အင်ဂျင်ဘီးများကဲ့ သို့ ကလပ် မပါခြင်း။
- ဘရိတ်မှာ လက်ကိုင်တွင် ဖြစ်ခြင်း။
- ဂီယာကို လက်ကိုင်တွင်ရှိသော ခလုတ်ဖြင့်ပြောင်းရခြင်း
- ဂီယာပြောင်းရာတွင် ကလပ်မလိုခြင်း
- အချို့ ဘီးများတွင် ဂီယာမပါခြင်း




images?q=tbn:ANd9GcQjHPAbYG2Ivn4gQcRDMTbTznmrvKMUoPlBCjg1YJwqWwFV-_nmPg

လျှပ်စစ်ဆိုင်ကယ်၏ အားသာချက်များ


- ဆီဖိုး မကုန်ခြင်း


- စက်သံငြိမ်ခြင်း

(noise pollution မဖြစ်ခြင်း)


- အင်ဂျင်မပါ၍ မီးခိုးမထွက်ခြင်း

(air pollution မဖြစ်ခြင်း )


- သဘာဝပတ်ဝန်းကျင် သန့် ရှင်းရေး အတွက် အထောက်အကူပြုခြင်း

(တနည်း : Green ဖြစ်ခြင်း)

- မီးခိုးမထွက်၍ Indoor အသုံးပြုနိုင်ခြင်း


- ပြင်ဆင်စရိတ်နှင့် ပြုပြင်ထိန်းသိမ်းစရိတ်နည်းပါးခြင်း

- Ignition/Starting မှာ သော့တစ်ချက်လှည့်ရုံဖြင့်ပြီးခြင်း

(အချို့ ဘီးများမှာ အဝေးထိန်း remote ဖြင့်လည်း စက်နှိုးနိုင်သည်။)


- အိမ်၌ပင် အိမ်သုံးမီးအားဖြင့်ပင် ပလပ်ထိုး၍ အားသွင်း၍ရခြင်း။

(လျှပ်စစ်ကားများကဲ့သို့ ဗို့ အားမြင့်သော power station များ၌ အားသွားသွင်းရန်မလိုခြင်း)


- ဂီယာပြောင်းရာတွင် ကလပ်မပါသည့်အတွက် အသုံးပြုရလွယ်ကူခြင်း

(ဂီယာကို လက်ကိုင်ရှိ switch ခလုတ်နှိပ်ရုံဖြင့် ပြောင်းနိုင်သည်)


- Acceleration ကောင်းခြင်း

(အရှိန်မြင့်တင်ရာတွင် ရိုးရိုးဆိုင်ကယ်များထက် ပိုကောင်းခြင်း)

(မှတ်ချက် : အချို့ ဘီးများမှာ စက်နှိုး၍ လက်ကိုင်လှည့်သည်နှင့် တဟုန်ထိုး ရုန်းထွက်နိုင်သည် အထိ acceleration အားကောင်းသည်)



- ဆိုင်ကယ်အများစုမှာ အဝေးထိန်း Remote ပါပြီး ထို Remote Control ဖြင့်
  o Alarm ပေးခြင်း
  o Alarm ကိုဖျောက်ခြင်း
  o စက်နှိုးခြင်း
  o အသံမြည်အောင်လုပ်ခြင်း (မလိုအပ်သော သူများ အနားမကပ်စေရန်။)
 များလုပ်နိုင်သည်။


(မှတ်ချက် : Alarm ပေးထားလျှင် ဆိုင်ကယ်၏ မည်သည့်နေရာသို့ ဖြစ်စေ ပုတ်မိ ရိုက်မိပါက အသံကျယ်လောင်စွာမြည်မည်ဖြစ်သည်။
 Alarm ပေးထားလျှင် ဆိုင်ကယ်ကို ဒေါက်ဖြုတ်၍ ရသော်လည်း တွန်းသွား၍ မရပါ။ ဘီးများ lock ဖြစ်၍ တုန်ခါနေမည်ဖြစ်သည်။)
(Remote Control မပါသော ဆိုင်ကယ်များတွင် နောက်ဘီးကို Lock လုပ်နိုင်သော် Key ပါသည်။ Alarm ပေးလျှင် ဆိုင်ကယ်မှ ခလုပ်ကို နှိပ်ပေးရပြီး
 Alarm ဖျောက်လိုလျှင် ဆိုင်ကယ်ကို သော့ထည့်၍ စက်နှိုးရသည်။)



chinese-scooter.jpg

လျှပ်စစ်ဆိုင်ကယ်များ၏ အားနည်းချက်များ


- အသံတိတ်ခြင်း

( ရိုးရိုးဆိုင်ကယ်လာနေသည် ကို အင်ဂျင်သံကြားရုံဖြင့် အခြားယဉ်များသိနိုင်သော်လည်း လျှပ်စစ်ဘီးများမှာ အသံလုံးဝ နီးပါး တိတ်သဖြင့် ယဉ်အန္တာရယ် အတွက် စိုးရိမ်ရသည်)


- အချိန်ကြာမြင့်စွာ အားသွင်းရခြင်း

( ရိုးရိုးဆိုင်ကယ်များအနေဖြင့် ၁၀မိနစ် ၁၅မိနစ် အတွင်း ဆီအပြည့်ဖြည့်နိုင်သော်လည်း လျှပ်စစ် စက်ဘီးများ အားပြည့်ရန် အနည်းဆုံး ၃နာရီမှ ၈နာရီ ခန့် အထိ ကြာနိုင်ခြင်း)


- ဈေးနှုန်းကြီးမြင့်ခြင်း

(ခြေနင်းပါသော ဘီးများမှာ အနည်းဆုံး ၂သိန်းခန့် ရှိပြီး ခြေနင်းမပါသော ဘီးများမှာ အနည်းဆုံး ၅သိန်းခန့် ရှိသည်။)


- အထိအခိုက်မခံခြင်း

(ဆိုင်ကယ်၏ ကော် ကာဗာများမှာ အများအားဖြင့် အထိအခိုက်မခံကြပါ။ သို့ သော် Suspension ကောင်းသော ဘီးများတွင် သွားလာရာ၌ တုန်ခါမှုကြောင့် ထိခိုက်ခြင်းမှာ မရှိသလောက်နည်းသည်။)


- ဆိုင်ကယ်ကို ကာလကြာရှည်အသုံးပြုခြင်း မရှိပင်လျှင် ဘက်ထရီများ မသေစေရန် ပုံမှန် အားသွင်းပေးရခြင်း။


- ခြေနင်းမပါသော ဘီးများမှာ ဘက်ထရီအားကို သတိထား၍ မကြည့်ရူထားပါက လမ်း၌ မောင်းနေရင်း အားကုန်သွားသော ဒုက္ခမျိုးခံရနိုင်ခြင်း။


- အထပ်မြင့်တိုက်တွင်နေသူများ အတွက် ဆိုင်ကယ်ကို အားသွင်းရာ၌ အခက်အခဲရှိနိုင်ခြင်း။



images?q=tbn:ANd9GcR6YfhZYpr6vA16Njzv69EyiOadE-NJ9ITigzsm6y5zSfC8ZTeb

ဆိုင်ကယ်၏ အစိတ်အပိုင်းများ



မော်တာ

Brush-less မော်တာများဖြစ်သည်။ BLDC motor ၊
Electronically Commutated Motors(ECMs, EC motorsစသည်ဖြင့်လည်းခေါ်ပါတယ်။
အကြမ်းအားဖြင့် သံလိုက်ဓာတ်ကို အသုံးပြုပြီး လည်ပတ်သော မော်တာအမျိုးအစားဖြစ်သည်။
အသေတပ်ထားသော coil များသို့ လျှပ်စစ်ဖြတ်သန်းစေပြီး ထိုမှတဆင့် permanent magnet တစ်ခုအပေါ် magnetic သံလိုက်လှိုင်းများ သက်ရောက်စေခြင်းပုံစံဖြင့် လည်ပတ်ခြင်းဖြစ်သည်။
မော်တာကို နောက်ဘီး hub ထဲတွင်ထည့်၍ မြှုပ်ထားသည်။ ဤအမျိုးအစားမော်တာများမှာ အအေးခံစရာ မလိုသောကြောင့် နောက်ဘီးတွင် မော်တာကို တပ်ပြီး ဖုန်မ၀င်စေရန် အလုံပိတ်ထားသည်။


ဘက်ထရီ
Lead-acid battery တွေပဲ အခုလောလောဆယ် ပြည်တွင်းမှာတွေ့ ရပါတယ်။
ဘက်ထရီခြောက်လို့ ခေါ်ကြပါတယ်။
အက်စစ်ထည့်တာဘာညာ ဘာမှမလိုပါဘူး။ သုံးပြီး ပျက်ရင် ပစ်ရတဲ့ ပုံစံမျိုးပါ။
လောလောဆယ်မှာ 20A နဲ့ 12A ဆိုပြီး Ampere ကွာတာ နှစ်မျိုးပဲ ကျွန်တော်သိပါတယ်။
20A battery တွေက capacity ပိုဆံ့လို့ ပိုကြာကြာခံပါတယ်။


Brakes

အမြင့်ပိုင်းတွေက များသောအားဖြင့် Disc brake တွေနဲ့ ပါ။
တချို့ ဘီးတွေက ရှေ့ဘီး Disc နောက်ဘီး Drum နဲ့ ပါ။
အမြင့်ပိုင်းတွေက လက်ကိုင်မှာဘရိတ်ဆီသုံးတဲ့ဘီးတွေက ပိုများပါတယ်။
ဟက်ဘရိတ်နဲ့ ဘီးတွေလည်း ရှိပါတယ်။
Disc brake ကတော့ အားလုံးထဲမှာ အကောင်းဆုံးပါ။

(ဆိုင်ကယ် ဘရိတ်အကြောင်း သိပ်မလေ့လာထားလို့ ဒီလောက်ပဲ သိပါတယ်။) :)

Tyres
တာယာ အများစုက စက်ဘီးလေထိုးတံနဲ့ ပြန်ထိုးလို့ ရတဲ့ တာယာတွေပါ။
Tyre type Tubeless tyre. Alloy ခွေနဲ့ ကအမြင့်ပိုင်းတွေမှာ ပိုများပြီး ရိုးရိုး ကယ်ရီဘီးတွေမှာတော့
Smoke တိုင်တွေနဲ့ ပါ။


Suspension
ခြေနင်းပါတဲ့ ဘီးအများစုက suspension ညံ့ပါတယ်။ carry ဘီးလို့ ခေါ်တဲ့ ဘီးတွေလဲ ညံ့ပါတယ်။ ရန်ကုန်က လမ်းတွေနဲ့ တော့ သိပ်တော့ ဟန်မကျပါ။
အမြင့်ပိုင်းတွေကတော့ တော်တော်လေးကောင်းတာတွေ့ ရပါတယ်။

inquiry_electric_bike.jpg
အထွေထွေ

Warrenty

လျှပ်စစ်ဆိုင်ကယ်များကို ဘက်ထရီကိုပဲ Warrenty ပေးတာ ကြားဖူးပါတယ။်

များသောအားဖြင့်တော့ တစ်နှစ် Warrenty ပေးပါတယ်။ ဒါပေမယ့် Warrenty ပေးတဲ့ ဆိုင်က တော်တော်နည်းပါတယ်။
ပြီးတော့ ဘက်ထရီတွေကလဲ တစ်နှစ်အတွင်း ပျက်တယ်ဆိုတာ ရှားပါတယ်။
(အားသွင်းပုံသွင်းနည်း မမှန်ရင်တော့ ပျက်တတ်ပါတယ်။ သူ့ ဘာသာ သူပျက်ဖို့ ကတော့ ရှားပါတယ်။)

Spare Parts နှင့် Servicing
အပိုပစ္စည်းတွေကတော့ တော်တော်များများ ရှိပါတယ်။ ဘက်ထရီတွေဆို ၄ လုံးတစ်ကဒ်ကို ၁ သိန်း ၃သောင်းလောက်နဲ့ အပြင်မှာဝယ်လို့ ရပါတယ်။
ရှားနေတာကတော့ ဦးထုပ်တို့ နောက်ကြည့်မှန်တို့ ပါ။
ဆိုင်ကယ်ထဲက ပစ္စည်းတွေကတော့ ပေါပါတယ်။

ပြင်တာဆင်တာကလဲ Car Wiring ကျွမ်းကျင်တဲ့သူတစ်ယောက်တောင် ပြင်တတ်လောက်အောင် လွယ်ကူပါတယ်။
(အများအားဖြင့် ပျက်လေ့ရှိတာက Wiring ပါ။ Signal မီးမလင်းတာ Horn မရတော့တာတွေတော့ ဖြစ်တတ်ပါတယ်။)



လျှပ်စစ်ဆိုင်ကယ်များ ဘယ်ကလာသလဲ?


တရုတ်ပြည်ကပေါ့။ အားလုံး China Made တွေပါ။ တချို့ က ဟိုကတည်းက ဆင်ပြီးလာတယ်။ တချို့ က ပါကင်နဲ့ လာပြီး ဒီရောက်မှ ဆင်ကြတယ်။
တရုတ်ပြည်မှာက ဒါတွေ စီးနေတာကြာပါပြီ။
လေ့လာကြည့်ရသလောက် တရုတ်ပြည်တွင်းမှာတွင် လျှပ်စစ်ဆိုင်ကယ်ထုတ်တဲ့ Manufacturer က သုံးလေးထောင်လောက်အထိ အများအပြားရှိနေပါတယ်။
ဒါတောင် တနိုင်တပိုင်တွေ မပါသေးပါဘူး။

ပြည်တွင်းကို ၀င်လာတာတွေကလဲ အစုံပါပဲ။ တချို့ က နယ်စပ်က ထုတ်တဲ့ နယ်စပ်ဘီး။ တချို့ က ပြည်မကြီးဘီးတွေပါ။
နယ်စပ်ဘီးတွေက များသောအားဖြင့် အရည်အသွေးပိုညံ့ပါတယ်။


အခွန်ဆောင်ခြင်း


နယ်စပ်ဘီးအများစုက without တွေပါ။ အခွန်မဆောင်ထားရသေးတဲ့ ဘီးတွေပါ။
အခွန်ဆောင်ပြီးသား ဘီးများလဲ ၀င်ပါတယ်။ ဈေးနှုန်းကတော့ မဆောင်ထားသေးတဲ့ ဘီးတွေနဲ့ အနည်းငယ် ကွာပါတယ်။


လိုင်စင် ကိစ္စ


အခု ကညနကနေ ရန်ကုန်မြို့ တွင်းမှာ ခြေနင်းမပါနဲ့ ဘီးတွေ စီးနင်းခွင့်အတွက် မှတ်ပုံတင်ခွင့်ကို ဖွင့်ပေးနေပြီလို့ ဂျာနယ်ထဲမှာ ဖတ်ရပါတယ်။
ခြေနင်းပါတာတွေကတော့ အနှေးယဉ်သဘောအဖြစ်သတ်မှတ်လို့ အနှေးယာဉ် မ၀င်ရနယ်မြေတွေမှာပဲ စီးနင်းခွင့်မရှိတာပါ။

ဂျာနယ်တစ်စောင်ကတော့ ရန်ကုန်စည်ပင်နယ်နိမိတ်နဲ့ မန္တလေးက လွဲရင် ကျန်တဲ့ နေရာ စီးနင်းခွင့်မှတ်ပုံတင်ပေးနေပြီလို့ ပြောပါတယ်။
ဒါပေမယ့် အဲ့ဒါက အဓိပ္ပါယ်မရှိဘူးလို့ တော့ ကျွန်တော်ထင်ပါတယ်။
ရန်ကုန်မှာ မစီးပဲ တောမှာ ဆိုင်ကယ်သွားစီးရမလိုဖြစ်နေလို့ ပါ။

မှတ်ပုံတင်ခကတော့ ၁၈၀၀၀ လောက်လာမယ်လို့ ပြောပါတယ်။ နှစ်စဉ်ကြေးက ၄၀၀လို့ ရေးထားပါတယ်။


လောလောဆယ်တော့ ကျွန်တော် စဉ်းစားမိသမျှက ဒီလောက်ပါပဲ။
လျှပ်စစ်ဆိုင်ကယ်ဆိုတာ ဘာမှန်းစမ်းတ၀ါးဝါး ဖြစ်နေတဲ့ သူတွေ အတွက်တော့ အကျိုးရှိမယ်ထင်ပါတယ်။






Regards,
ဝေယံ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ