၅၀၀၀ တန်ဖုန်း ခွင့်ပြုပေးရေး ပြည်သူများ၏ လက်မှတ်ပေါင်း တစ်သောင်းကျော် သမ္မတရုံးသို့ ပေးပို့မည်
--photo..myanmarnewshub.com
ရွှေလက်ချောင်းများ သာရေးကူညီမှုအသင်းမှ ဦးဆောင်၍ ငွေကျပ် ၅၀၀၀ တန်ဖုန်းများ ခွင်ပြုပေးရေးအတွက် ပြည်သူများ၏ လက်မှတ်ပေါင်းတစ်သောင်းကျော်ရရှိနေပြီ ဖြစ်သည့်အတွက် ယခုလအတွင်း နိုင်ငံတော်သမ္မတရုံးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့ထံ ပေးပို့သွားမည်ဟု အသင်းဥက္ကဌ စာရေးဆရာ ဗအုပ်ခိုင်ထံမှ သိရှိရသည်။
´´လက်မှတ်တော်တော်များများ ရနေပြီမို့ ပို့တော့မလို့ဘဲ၊ တချို့နယ်က လူတွေက ဖုန်းဆက်ပြီးပြောတယ်။ ဒီလကုန်ထိတော့ စောင့်ပေးပါ ဆိုတာနဲ့၊ ဒီလ ၂၀ရက်နေ့နောက်ဆုံးထားပြီး လက်မှတ်တွေကိုလက်ခံသွားမယ် ဒီလအတွင်းတော့ပို့ သွားမှာပါ´´ဟု အသင်းဥက္ကဌက the messenger သို့ ပြောသည်။
ယင်းသို့ပေးပို့ရာတွင် စာတိုက်မှ တစ်ဆင့်မဟုတ်ဘဲ၊ နေပြည်တော်သို့ ကိုယ်တိုင်သွားရောက်ပေးပို့ သွားမည် ဖြစ်ကာ၊ သမ္မတရုံးသို့ လက်မှတ်မူရင်းများကို ပေးပို့သွားမည်ဖြစ်ပြီး မိတ္တူများကို လက်ခံတစ်စုံ ထားရှိ မည့် အပြင် လွှတ်တော်ကိုယ်စားလှယ်အချို့ထံသို့လည်း ပေးပို့မည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊နေပြည်တော်နှင့် ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံဒေသအတော်များများမှ ပြည်သူများ၏ ထောက်ခံချက်လက်မှတ်များအပြင် အစိုးရ၀န်ထမ်းများ၊ စစ်တပ်အဖွဲ့အစည်းများ၊ စာပေနှင့် စာနယ်ဇင်အသိုင်းအ၀န်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း သိရသည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးရေးတွင် ဆက်သွယ်ရေးသည် အရေးကြီးဆုံးနေရာက ပါဝင်ပြီး အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံများတွင် လူတန်းစားမရွေး ဖုန်းသုံးစွဲနိုင်သကဲ့သို့ မြန်မာပြည်သူများလည်း တန်းတူခံစားနိုင်ရန်အတွက် ပြည်သူများ၏ကိုယ်စားတောင်းဆိုခြင်း ဖြစ်သည်ဟု စာရေးဆရာ ဗအုပ်ခိုင်က the messenger သို့ ပြောခဲ့သည်။
ငွေကျပ် ၅၀၀၀ တန်ဖုန်းများကို ပြည်သူများကိုင်ဆောင်ခွင့် ရရေးသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြည်သူများအပေါ်ထားရှိသည့် စေတနာသာမူတည်သည်ဟု ၂၀၁၂ ခုနှစ်၊ဇန်န၀ါရီလ ၂၉ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရွှေပြည်တံခွန်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့ပြီး ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှလည်း ပြည်သူများမျှော်လင့်လျက်ရှိသော ငွေ ၅၀၀၀ တန်ဖုန်းများမှာ ဆက်သွယမှုကွန်ရက်ကို စနစ်တကျ တည်ဆောက်ရန် အချိန်များစွာလိုအပ်နေခြင်းနှင့် တည်ဆဲဥပဒေများအရ ကိုက်ညီမှုမရှိခြင်းတို့ကြောင့် လတ်တလောတွင် ချထားပေးရန်ဖြစ်နိုင်ခြေမရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
ဇင်မာဝင်းဇံ(The Messenger News Journal )အန်အယ်လ်ဒီ လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးနှင့် မေးမြန်းချက်
ရန်ကုန်တိုင်း က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးရဲ့ ပါတီဝင်အဖြစ် လျှောက်ထားချက်ကို လက်ခံလိုက်ပြီ ဖြစ်တဲ့အတွက် ဒေါက်တာ မြတ်ဉာဏစိုးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သွားပြီလို့ အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ဒေါက်တာမြတ်ဉာဏစိုးဒေါက်တာမြတ်ဉာဏစိုးကို ဆက်သွယ်မေးမြန်းထားပါတယ်။အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက သတင်းစာရှင်းလင်းပါတယ်။ အဲဒီမှာ ဒေါက်တာမြတ်ဉာဏစိုးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးလို့ ပြောသွားလို့လေ။
"ဟုတ်ပါတယ်။ အမျိုးသားလွှတ်တော်ပါခင်ဗျာ။ ပြည်သူ့ကိုယ်စားလှယ်လို့ ပြောသွားတာပါ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပါ။"ဒေါက်တာမြတ်ဉာဏစိုးက အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကို ဘယ်နေ့ကစပြီးတော့ စလျှောက်လိုက်တာလဲ။
"ကျနော်က တော့ ဇန်နဝါရီလဆန်းမှာ ပထမဦးဆုံး အဖွဲ့ချုပ်ကနေစပြီးတော့ ဒီ လျှောက်လွှာတွေ ဖြန့်ဝေတဲ့အချိန်က လျှောက်လိုက်တာပါ။"မလျှောက်ခင်က ဘယ်ပါတီကို ကိုယ်စားပြုပြီးတော့ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရတာပါလဲ။
"ဟုတ်ကဲ့ ကျနော်က အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ကို ကိုယ်စားပြုပြီးတော့ ဝင်ရောက်ခဲ့တာပါ၊ ၂၀၁၀ ရွေးကောက်ပွဲကိုပါ။ အန်ဒီအက်ဖ်ကနေပြီးတော့ ကျနော် တရားဝင် နုတ်ထွက်ခဲ့တာကတော့ ဒီဇင်ဘာလဆန်းမှာ ဖြစ်ပါတယ်။"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ရောက်တယ်ဆိုတော့ အခု လောလောဆယ် ပါတီက ဘာတာဝန်တွေ ပေးထားပါသလဲ။"အခု လောလောဆယ်မှာတော့ ကျနော်က နံပါတ် ၁ ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပေါ့နော်၊ ပါတီ၏ တဦးတည်းသော ကိုယ်စားလှယ်ပါ။ နောက်တခုကတော့ နေပြည်တော်မှာက နယ်မြေ ၄ ခု ပေါ့နော်။ နေပြည်တော် မြို့နယ် ၄ ခုမှာ ကျနော်တို့ ပါတီကနေပြီးတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဝင်ရောက်ပြီးတော့ အရွေးချယ်ခံမှာပါ။ အဲဒီ့ ရွေးကောက်ပွဲ အောင်နိုင်ရေးကိုလည်း ဆောင်ရွက်ဖို့ တာဝန်ပေးထားပါတယ်။"ပြည် ထောင်စုလွှတ်တော်မှာ အဓိကအားဖြင့် ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတယ်ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် တယောက်အနေနဲ့ ဘာတွေများ ဆွေးနွေးနေပါသလဲ။
"ကျနော် အခု လောလောဆယ်ကတော့ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပေါ့။ အဲ့ဒါကို ဆွေးနွေးပြီးပါပြီ။ စီမံကိန်းတွေရဲ့ မကျနမှုများပေါ့။ ကျနော်တို့ စီမံကိန်းဆိုတာက ပြည်သူ့အတွက် အကျိုးရှိသင့်တဲ့ စီမံကိန်းတွေ ဖြစ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ့ ဘဏ္ဍာငွေတွေကို အကျိုးမဲ့ ဖြုန်းတီးမှု မဖြစ်ဖို့ လိုပါတယ်။ ဒီအကြောင်း ကိစ္စတွေကို ပါဝင်ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ အခု လာမယ့် ဘတ်ဂျက်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေမှာလည်း ပြည်သူတွေအတွက် တကယ် ထိထိရောက်ရောက် လုပ်ကိုင် ဆောင်ရွက်ပေးရမယ့် အခန်းကဏ္ဍတွေ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း အစရှိသည်ဖြင့် ပေါ့နော်။ အလုပ်သမားရေးရာ စသည်တွေမှာ ဘတ်ဂျက်တွေကို ကျနော်တို့ ဒီထက်မက သုံးစွဲနိုင်ဖို့ ဒါတွေကို ကျနော် ဆွေးနွေးသွားမှာပါ။"ခုနက မေးခွန်းက ခါးပြတ်သွားလို့ ဒေါက်တာအနေနဲ့ အန်ဒီအက်ဖ် ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဟိုကနေထွက်ပြီးတော့ ဒီမှာ ပြောင်းတာ ဘာဖြစ်လို့လဲ။ ဒေါ်အောင်ဆန်းစုကြည်ကနေ လူထုထောက်ခံမှု အများအပြား ရနေလို့လား။ ဘာကြောင့်ပါလဲခင်ဗျာ။
"မဟုတ်ပါဘူး ဗျာ။ ကျနော် ဒီ အန်ဒီအက်ဖ် က နုတ်ထွက်ခဲ့စဉ်အခါတုန်း ကပေါ့နော်။ အဲဒီတုန်းကလည်း ကျနော် ဘီဘီစီတို့၊ ဗွီအိုအေတို့ကို ကျနော် စနစ်တကျ ရှင်းပြပြီး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အန်ဒီအက်ဖ် ပါတီ ဆိုတာက မိခင် အန်အယ်လ်ဒီ ပါတီကနေပြီးတော့ ဆင့်ပွား ပေါ်ပေါက်လာတဲ့ ပါတီပါ။ နောက်တော့ အန်ဒီအက်ဖ် ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကလည်း ကျနော်တို့ကို ဖွင့်ပွဲ အခမ်းအနားမှာ သူမိန့်ကြားခဲ့တဲ့ စကားရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ အဲဒီ့ အချိန်တုန်းက အခြေအနေ၊ အကြောင်းအရာ၊ အရပ်ရပ်အရ အန်အယ်လ်ဒီ သည် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံမတင်သေးတဲ့ အချိန် ဖြစ်နေတယ်လေ။ အဲဒီ့တော့ အန်အယ်လ်ဒီအဖွဲ့ချုပ် မရှိတဲ့အချိန်မှာ အသက်ကယ်လှေ အနေနဲ့ပေါ့နော်။ အန်ဒီအက်ဖ်ကို ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ အန်အယ်လ်ဒီ ပြန်လည် ပေါ်ပေါက်လာတဲ့အချိန်ကျရင် ဒီအသက်ကယ်လှေကို ချက်ချင်း ပြန်ကပ်ပါ့မယ်ဆိုတဲ့ ကတိစကားလည်း ရှိခဲ့ပါတယ်။ အဲဒီတော့ ကျနော် ဒီ အန်ဒီအက်ဖ် ဗဟိုဦးစီး ကော်မတီဝင် ဘဝမှာလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြီးတော့ အဖွဲ့ချုပ်က မှတ်ပုံတင်ပြီးတဲ့ အချိန်မှာ ကျနော် ချက်ချင်း အန်ဒီအက်ဖ်ပါတီကို တင်ပြခဲ့ပါတယ်။ အဲဒါကတော့ အန်ဒီအက်ဖ်သည် မိခင်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ အမြန်ဆုံး ပြန်လည် ပူးပေါင်းရေးပါ။ အဲဒီတော့ ဒီလုပ်ငန်းစဉ်တွေ အခုထက်ထိ အကောင်အထည် မဖော်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ကျနော်ဟာ အန်ဒီအက်ဖ်ကနေ နုတ်ထွက်ပြီးတော့ မိခင် အန်အယ်လ်ဒီပါတီနဲ့ ပြည်လည် ပူးပေါင်းရခြင်း ဖြစ်ပါတယ်။"အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၈ ပြည်သူ့အရေးတော်ပုံ ပြီးပြီးချင်းမှာ တည်ထောင်တဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ လူငယ်တွေ၊ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေ စသည်ဖြင့် အဲဒီလိုမျိုးပေါ့နော် ဦးဆောင်မှု အခန်းကဏ္ဍတွေမှာ နေရာပေးလာတာ တွေ့ရပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အခု လောလောဆယ်မှာ တဦးတည်းသော ပြည်သူ့ကိုယ်စားလှယ် တယောက်အနေနဲ့ အန်အယ်လ်ဒီရဲ့ အနာဂတ်ကို ဘယ်လိုမျိုး သုံးသပ်နိုင်ပါသလဲ။
"မှန်ပါတယ်။ အဖွဲ့ချုပ်ဟာ အခု ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီးတော့ အဖွဲ့ချုပ်ကို ပြန်လည် ထူထောင်ခဲ့တာပါ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ ဘဘဦးတင်ဦးနဲ့ ဘဘဦးဝင်းတင်တို့ အပါအဝင် အားလုံးဟာ ပါတီဝင် အဖြစ်ပေါ့နော်။ အသစ်ပြန်လည် ဝင်ရောက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ လူငယ်တွေရဲ့ အခန်းကဏ္ဍ၊ နောက် ပညာရှင်တွေရဲ့ အခန်းကဏ္ဍ၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီးတော့ မြင့်မားလာပါတယ်။ နောက်ပြီးတဲ့အခါကျတော့ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံဟာလည်း ပိုမိုစနစ်ကျနပြီးတော့ ကျနော်တို့ အခုပြောပြောနေတဲ့ ခိုင်မာသော အဖွဲ့အစည်းကြီး တခုအနေနဲ့ ကျနော်တို့ အနာဂတ် မြန်မာ့နိုင်ငံရေး ခရီးလမ်းမှာ ပိုမို ခိုင်မာကျစ်လစ်စွာနဲ့ ပေါ့နော်။ ထိထိရောက်ရောက် လွှတ်တော်နိုင်ငံရေးကိုရော၊ လွှတ်တော်ပြင်ပ နိုင်ငံရေးကိုရော ဆောင်ရွက်သွားနိုင်မယ့် အနေအထားမျိုး၊ အခွင့်အလမ်းကောင်းတွေ ရှိနေပြီလို့ ပြောချင်ပါတယ်။"ဒီဗွီဘီ
သက်ကြီးဆရာဝန်များ အတွက် ပထမဆုံး Day Care Centre စတင်ဖွင့်လှစ်
MONDAY, 20 FEBRUARY 2012 11:24 မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ သက်ကြီးဆရာဝန်များ ထောက်ကူအဖွဲ့( SGED) မှ ဖွင့်လှစ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး Day Care Centre ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ လ ၁၈ ရက်နေ့က ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဖေသက်ခင်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကာ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင်က အမှာစကား ပြောကြားခဲ့ပြီး သက်ကြီး ဆရာဝန်များ ထောက်ကူအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည် ဟု သိရှိရသည်။
ထို့နောက် Day Care Centre ၏ ကြေးကမ္ဗည်းစာတမ်းနှင့် အခန်းသော့ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဖေသက်ခင်က သက်ကြီး ဆရာဝန်များထောက်ကူအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်ထံသို့ ပေးအပ်ခဲ့သည်။
လက်ရှိ Day Care Centre တွင် အသက် ၇၀ နှစ်နှင့်အထက် ဆရာဝန်ကြီးများနှင့် ၎င်းတို့၏မိသားစုဝင်များ အသုံးပြုနိုင်ရန် ရည်ရွယ်ထားပြီး နောက်ပိုင်းတွင် အခြား ပြင်ပမှ သက်ကြီးများကိုပါ လက်ခံ သွားရန် စီစဉ်ထားကြောင်း သိရသည်။
Day Care Centre တွင် အခမဲ့ ဆေးစစ်ဆေးမှု (Physical Examination, B.P Check)လုပ်ပေးခြင်း၊ ပုံမှန်ဈေးဖြင့် ECG Blood Sugar စစ်ဆေးခြင်းနှင့် Physiotherapy ပြုလုပ်ပေးခြင်း စသည့် ကျန်းမာရေး ၀န်ဆောင်မှုများအပြင် တီဗီ၊ ဗီဒီယိုများ ထားရှိပေးခြင်းတို့ကို စီစဉ်ပေးထားမည်ဖြစ်သည်။ အမှတ်(၁၄) မြေညီထပ် တောင်မြင်းပြိုင်ကွင်း လမ်း တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားပြီး စင်တာတွင် လိုအပ်သည့် ပစ္စည်းများကို ဆက်သွယ်လှူဒါန်းနိုင် ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အသက်၆၀ နှစ်နှင့် အထက် သက်ကြီးရွယ်အိုအ ရေအတွက်မှာ ၂၀၀၇ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၈ ဒသမ ၇ ရာခိုင်နှုန်း သာရှိရာမှ ၂၀၁၀ပြည့်နှစ်တွင် ၉ ဒသမ ၁ ရာခိုင်နှုန်း(ငါးသန်းကျော်) ထိ တိုးတက်လာကြောင်း သိရသည်။
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ