Re: [mrsorcerer:19628] ၀န်ထမ်းတွေ လစာတိုးပေးဖို့ ဘာလို့မဖြစ်နိုင်ရမှာတုန်းဗျ.....

ယောက်ဖ ရေ..ဋ္ဌာနတခုလွဲတာကို စာရင်းဇယားနဲ့ မလွဲဘူးလား မဖြစ်နိုင်ပါဘူး ခလေးတွေ ကစားနေတာမဟုတ်ဘူးလေ
လူကြီးတွေ ဖဲရိုက်နေတာလား....အာ....ရှုပ်ကုန်ပြီ...

On Sat, Feb 25, 2012 at 2:03 PM, navy bellkzw <navybellkzw@gmail.com> wrote:
ကျနော်အမြင်ပါ.....ဘဏ်ဒါရေး ၀န်ကြီးကပိုက်ပေါမိထားတာထင်တယ်....ဥပမာ...စက်မှု (1)ဦးအောင်သောင်းကိုင်သွားတာ...စက်မှု 1 ကအရှုံးပေါ်တယ်...စက်မှု(1)ထွက်တဲ.စက်ဘီးကဈေးကြီးပြီးကွာလတီမရှိဘူ...၀င်သူဇာပစ္စည်း ဘယ်သူများလှိုက်2လှဲ2ပြည်သူကအားပေးလို.လဲ....ရွှေဝါဆပ်ပြာတောင်...ခိုးထားတာတွေများလို....ရေထိတာနဲပျော်ကျတာပဲ...တစ်ခါဝယ်ဘူးတယ်....ပျော.ပျော.ကျသွားလို.နေထုတ်လှမ်းနေရတာနဲ. ဆက်ပြီးပြည်တွင်းဖြစ်ကိုအားမပေးတော.တာ...စက်မှု(1)ထုတ်တဲ. မိတ်အင်မြန်မာတွေကလည်း  လမ်းဘေးပုံပုံစတိုးလောက်တောင်မကောင်းဘူး...ချည်သားလေးအေးမှာပဲဆိုပြိတီရှပ်အဖြူလေးဝယ်မိပါတယ်...ငါတို.ပြည်တွင်းဖြစ်လို.မကြွားရဲဘူး....ရေတစ်ရေလျော်လိုက်တာ..အင်ကျီကျယ်သွားတာများဆင်နှစ်ကောင်အထဲဝင်ပြီးဓားတိုင်းကလို.၇တယ်..နောက်ထုတ်မ၀တ်ရဲဘူး...ည၀တ်အင်ကျီလုပ်တယ်...လက်သုပ်လို.တော.ကောင်းတယ်.စက်မှု1 စက်ဘီးတေါရောင်းကောင်းပုံများပိုင်ရာဆိုင်ရာဌာနတေါမှာမယူမနေရ...နောက်ပြီးလစာထဲကဖြတ်တယ်..ကျနော်စက်ဘီးမစိးတတ်တာတောင်တစ်စီး...မယူမနေရစနစ်နဲ.ရလိုက်တယ်..ပြန်ရောင်းတော.ရှုံးတယ်..ပြောချင်တာက နိင်ငံအနေနဲ.စက်မင1 ယန္တယားကအရှုံးပေါ်တယ်...ဒါပေမယ်..ဦးအောင်သားမိသားစုကအတိုင်းအဆမရှိချမ်းသာနေတယ်...ဘာလွဲနေလမြသိဘူး..သူလည်းနောက်လူလွဲရော....စရင်းဇယားနဲ.လွဲမခဲ.ကြဘူး..နောက်လူတေါပိုက်ဘောမိတာပေါ...ခုရှေ.ကအနားယူသွားးတဲ.လူတွေက..ပယ်ပယ်နယ်နယ်မသါားကြတာ..နောက်လူအတွက်ထ္မင်းအိုးခွန်ပဲချန်ထားခဲ.တာ...ချက်စားဖို.ဆန်တွေထားမခဲ.ဘူး...ဒါကြောင်.ရှေ.းကစားသမျှ ဘဏ်ဒါရေးဝန်ာကီးခေါင်းအားလုံးစုနေတာပဲ...အိုးခွန်တွေချည်းကျန်နေတဲ.ခေတ်....မတုတ်ဝေတဲ.ခေတ်မှ...နေရာတေါရတဲ.လူတွေ...သွားအားမကျလိုက်ပါနဲ..သူတို.ပိုက်ဘောမိနေကြတာများ...ကိုယ်ပြောတဲ.စကားဘာတွေ..ဘာတွေပြောနေမှန်းမသိ...ဘာတွေဆက်လုပ်ရမှန်းမသိ..တကယ်ရှေ.ကထွက်သါားတဲ.လူတွေကစရင်းဇယားနဲ.သေချာလွခြဲ.သင်.ပါတယ်..ငါလက်ကလါတ် ချွတ်ဆိုပြီးနောက်လူအပေါ်အကြွေးထုပ်ကြီးပစ်သင်မပေးခဲ.သင်.ဘူးထင်ပါတယ်..ကျနော်စဉ်းစားမိတာ..မြန်မာပြည်ရဲ.စီးပွားရေး လူမှုရေး ပညာရေး  ကဏ္ဍစုံပေါ..စနစ်အားလုံးပျက်နေပြီ..အားလုံးစိတ်ရှည်၇ှည်နဲ.၀ိုင်းပြင်မှရတော.မယ်..ရန်ငြိုးတေါမထားပဲပေါ...ဥပဒေအတိုင်း မှားတဲ.လူ  လိမ်ယူသါားတဲ.လူတွေက ရှုံးဆုံးသါားတဲ.ဘတ်ချက်နေရာတွေမှာတတ်နိင်သလောက်..ပြန်ပြီးလျော်ကြေးထည်.သင်.တယ်ထင်တယ်...ခုမှပြ အကြွေးတွေ..အရှုံးတွေသိရတော.တယ်..နောက်ထပ်အဲလိုမဖြစ်စေချင်ပါဘူး..ဒီတစ်ခါတော..ဖြစ်ပြီးသွားပြီမို..ဘာမှလုပ်လို.မရတော.ဘူး...

2012/2/25 Kyaw Thu Aung <aungkyawthu76@gmail.com>
      အရင် နှစ်တွေ က မအော်နိုင် တာ ဒီလူ့  ပါးစပ်ကို စို့ ထားကြလို့ ဗျို . . .  ဒီလူ ဒယ်အိုး ရောက်မဲ့  လူ . . 


Regards  

Aung



On Feb 24, 2012, at 10:37 PM, SOE HTUT <soehtut1@gmail.com> wrote:

ဝန်ထမ်းတွေစိတ်ဓါတ်ကို သိချင်ရင် နေပြည်တော်က မြို့မဈေးလေးကို တစ်ခါလောက်ပတ်ကြည့်လိုက်ပါလား.... အဲဒီမှာ ၀န်ထမ်းငယ်တွေ ဘာတွေဝယ်တယ် ဘယ်လိုစားတယ်ဆိုတာ သိအောင်ကြည့်လိုက်ပါ..... မိမိလစာ တစ်ခုတည်းကို အားကိုးနေရတဲ့ ၀န်ထမ်းတွေကို ပြောတာ....
 
ဘဏ်ဒါရေး ၀န်ကြီးကတော့ သူရဲကောင်း တိုင်းသူပြည်သားတွေတောင် ဘာမှ မသိရဘူး ခုတော့ တင်နေတဲ့ အကြွေးက နင့်မေကလွားလို့တောင်အော်ရတော့မယ်...ဘာက ဘာကြောင့် တင်ရတယ်လို့ သူရှင်းပြနိုင်ရင်ကောင်းမယ်....ရှင်းပြမယ်တော့ ထင်ဘူး... သူကလည်း အရင် နှစ်တွေကတော့ ဘာမှ မပြောဘူး ခုမှ အားရပါးရကို ကြွေးကြော်တော့တာ..... အရင်ကလည်း အဲဒီဌာန ၀န်ကြီး ခုလည်း အဲဒီဌာနဘဲ.. အော်ပါလား အရင် နှစ်တွေတည်းက..... အဲလို ၀န်ကြီးတွေနဲ့တော့ မြန်မာပြည် တိုးတက်လာပါအုံးမယ်... မျော်...

2012/2/24 navy bellkzw <navybellkzw@gmail.com>
ဝန်ထမ်းတွေ စိတ်ဓာတ်ကျသွားမှာစိုးလို.ထင်ပါတယ်


2012/2/24 htar* htar* <minsaw07@gmail.com>

ဝန်ထမ်းတွေ လစာတိုးပေးဖို့ ဘာလို့မဖြစ်နိုင်ရမှာတုန်းဗျ.....

by James Mmt on Friday, 24 February 2012 at 11:31 ·

ဝန်ထမ်းလစာတိုးဖို့ အဆိုကိုတင်သွင်းတာမယ် ဟိုဘက်ဒီဘက် ချိန်ထိုးပိး တင်တယ်ဗျ.... ဒီနေရာမှာ ဘဏ္ဍာအခွန်ဝန်ကြီးက ငွေကိုပဲ ရိုက်ထုပ်မယ် လုပ်နေတယ်... သူ့အဓိက တာဝန်ဖြစ်တဲ့ ပြည်တွင်းက အခွန်ကို ဖိဖိစီစီး ကောက်ဖို့ ပလန်တွေ ချမပြဘူး... အမှန်တကယ်ကဗျာ၊ ကိန်းဂဏန်းတွေနဲ့ ကိုင်ပေါက်မနေနဲ့၊ အခုအစိုးရ ၀င်ငွေရအောင် ဘာတွေလုပ်သင့်သလဲ၊ ကျွန်တော့်ဌာနက ဘာတွေလုပ်ပေးရမလဲ အဲ့ဒိလို ညှိညှိနှိုင်းနှိုင်း လုပ်ဖို့လိုတယ်.... မြန်မာပြည်လောက် အခွန်တွေ များတာ မြန်မာပြည်ပဲရှိတယ် (ကျွန်တော် စတေးတပ်တောင် တင်ထားတယ်).... ဒါပေမယ့် အစိုးရလည်း မချမ်းသာဘူး၊ ပြည်သူလည်း ငွေဖြူမဖြစ်ဘူး၊ တစ်ချို့ တစ်ချို့သော အရာရှိတွေ ချမ်းသာပီးရင် ချမ်းသာကြတယ်.... အဲ ခရိုနီတွေကိုယ်တိုင်က ရော့ဘယ်လောက်ဆိုပီး ပုတ်ပြတ်ပေးလိုက်တယ်..... အဲ့တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရက ပြည်သူတွေကို ဘာမှလုပ်မပေးနိုင်လို့ ပြည်သူတွေက အခွန်မဆောင်ချင်ဘူးဆိုတဲ့ ဆင်ခြေနဲ့ အဲ့ဒိပိုက်ဆံတွေ လမ်းမှာပျောက်တယ်..... ဒါတွေကို စနစ်တကျ လုပ်ဖို့လိုတယ်....

 

နောက်ပီး ဘဏ္ဍာအခွန် ၀န်ကြီးက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ အစိုးရ သုံးစွဲမယ့် ငွေစာရင်းနဲ့ ချိန်ထိုးတော့ အဲ့ဒိငွေစာရင်းမှာ လယ်ဆယ်က တင်ပြတဲ့ ဖျက်သိမ်းမယ့် မြစ်ရေတင် စီမံကိန်းတွေကို ထည့်တွက်ထားမှာပဲ.... နောက်ပီး နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထား.... အဲ့ဒါကို ဘယ်လောက်နဲ့ ထည့်တွက်ထားလဲ၊ ပို့ကုန်ရငွေကို ဘာနဲ့ တွက်သလဲ ၆ ကျပ်ခွဲလား... အဲ့ဒါဆို သိကြားမင်း ဆင်းလာသော်မှ မြန်မာပြည် စီးပွားရေး ပြာပုံထဲက ထွက်မှာမဟုတ်ဘူး... ဟုတ်တယ်လေ ကိုယ်က သွင်းတာကို လက်ရှိပေါက်ဈေး ၈၀၀ ကျော်နဲ့ချေပီး ကိုယ်ကရတာကိုတော့ ၆ ကျပ်ခွဲနဲ့ဆိုရင် တစ်သက်လုံး အရှုံးပြနေမယ်.... ပီးတော့ စဉ်းစားစရာရှိတာ အဲ့ဒိလို တွက်ချက်ထားတဲ့ စာရင်း (အမှန်တကယ် ရှိတယ် ကြားတယ်) အရ ၆ ကျပ်ခွဲနဲ့ တွက်ပီး အစိုးရ၀င်ငွေ သတ်မှတ်ရင် ကျန်တဲ့ တကယ့်ငွေလဲလှယ်နှုန်းနဲ့ ရတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ..... မေးစရာတွေ အများကြီးပဲ...

 

ကျွန်တော်ကတော့ အခု လစာတိုးပေးလို့ ကုန်ဈေးနှုန်းတက်မယ်ဆိုတာကို သိပ်လက်မခံဘူး (အသံနည်းနည်း ထွက်တာနဲ့ ကုန်ဈေးနှုန်းတက်တာကတော့ မြန်မာပြည် ထုံးစံပဲ၊ ဟို Yangon MRT လုပ်မယ်ဆိုပီး မြေပုံထွက်လာတာ အဲ့ဒိ မြေပုံ တုလား စစ်လား မသိသေးဘူး တစ်ခါတည်း အဲ့ဒိ ရထားလမ်းနဲ့နီးတဲ့ မြေကွက်တွေ တိုက်ခန်းတွေ ဈေးကို ခုန်တက်သွားတယ်။ အဲ့တော့ ကောလာဟာလနဲ့ လုပ်စားသူတွေကို ထိမ်းချုပ်ဖို့ လိုမယ်)

 

လက်ရှိ မြန်မာနိုင်ငံရဲ့ ငွေကြေး စီးဆင်းမှုပုံစံကို ဒီလိုမြင်ပါတယ်။

 

ဘာလို့လည်းဆိုတော့ အခုအစိုးရက ဘလိုင်းကြီး လစာကို တိုးပေးတာ မဟုတ်ပဲ မလိုလားအပ်တဲ့ စီမံကိန်းတွေကို ရပ်လိုက်ပီး ကုန်ကျစားရိတ်တွေကို ခြိုးခြံချွေတာခြင်းဖြင့် ထွက်လာတဲ့ ငွေနဲ့ ပေးမှာဖြစ်သလို အခြားသော စိစစ်မှုတွေ လုပ်မယ် ဆိုလာတာကိုး.... အဲ့ဒိတော့ ငွေ အသစ် ရိုက်ထုပ်တာ မဟုတ်ပဲ လူတစ်ချို့စီကိုပဲ စီးဆင်းနေတဲ့ ငွေတွေ၊ အထူးသဖြင့် မီးခံသေတ္တာထဲမှာ အိပ်နေမယ့် ငွေတွေကို အစိုးရ၀န်ထမ်းတွေစီ စီးဆင်းစေတဲ့အတွက် ကုန်ဈေးနှုန်းတက်တာထက် ၀ယ်လိုအားတက်လာရင် ရောင်းလိုအားလည်း တက်လာမယ်၊ ဒါဆိုရင် ခိုင်မာတဲ့ ငွေကြေးလည်ပါတ်မှု ဖြစ်ထွန်းမယ် မြင်တယ်....... လူတွေ ငွေကြေး ဖောဖောသီသီ သုံးနိုင် ဆွဲနိုင်မယ်၊ အခုလက်ရှိ မြန်မာပြည်မှာ ဖြစ်နေတာသည် ငွေကြေး ဖောဖောသီသီ သုံးနိုင်စွဲနိုင်တဲ့ လူတန်းစားဟာ အပေါ်ယံ လက်တစ်ဆုပ်စာ ဖြစ်နေတယ်။ အဲ့ဒါကို အောက်ခြေအထိ ဖြန့်ချနိုင်ဖို့ လိုတယ်။

 

အဆုံးသတ်အနေနဲ့ကတော့ဗျာ ဒီအတိုင်းကြီးပဲ အိပဲ့ အိပဲ့ သွားနေတာထက်စာရင် Chain ကို Changes လုပ်မှ ရတော့မယ်..... ဒါမှ အစိုးရအနေနဲ့ ၀န်ထမ်းတွေကို လစာတိုးပေးရင် သူ့ဝင်ငွေတိုးအောင် ပိုရှာရတော့မယ်.... အဲ့ဒိအခါကြရင် မလိုလားအပ်တဲ့ ငွေကုန်ကြေးကျ များမှုတွေ ရသင့်ရထိုက်ရဲ့သားနဲ့ မရတာတွေကို မဖြစ်မနေကို စိစစ်ရတော့မယ် ဒါဆိုရင် နှစ်ဦးနှစ်ဘက်စလုံး အကျိုးရှိတယ်.... အဲ့ဒိလို ရသင့်ရထိုက်တဲ့ ၀င်ငွေတွေကို စိစစ်တာမယ် ၀န်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှု လိုတယ်.... ၀န်ထမ်းတွေ ပူးပေါင်းပါဝင်မှုသည် သူတို့ရဲ့ ၀င်ငွေနဲ့လည်း မှီတည်နေတယ်... အဲ့ဒိအတွက် ဒီလစာတိုးပေးတာကို လုပ်သင့်တဲ့ ခြေလှမ်းလို့ ကျွန်တော် မြင်တယ်.... Risk မယူပဲ ပန်းတိုင် တစ်ခုကို မရောက်နိုင်သလို၊ ကိုယ်ယူတဲ့ Risk တစ်ခုသည် Side Effect နည်းနိုင်သမျှ နည်းအောင် စနစ်တကျ ပြင်ဆင်ရမှာ ထုံးစံပါပဲ.... လက်ရှိ မြန်မာနိုင်ငံ အခြေအနေအရ Risk မယူပဲ ပန်းတိုင်ကို သွားချင်ရင်တော့ အိပ်မက် မက်နေသူနဲ့ တူပါမယ်။

 

နောက်ထပ် ကျွန်တော်တို့ ထည့်သွင်း စဉ်းစားရမှာက ရပ်လိုက်တဲ့ စီမံကိန်းတွေရဲ့ ကုန်ကျစားရိတ်တွေ။ မြန်မာနိုင်ငံမှာ အစိုးရကလုပ်တဲ့ စီမံကိန်းမှန်သမျှ အများစုဟာ လိုအပ်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားကနေ သွင်းရတယ်၊ ဒါဟာ မလိုလားအပ်တဲ့ နိုင်ငံခြားငွေ ကုန်ကျမှုပဲ။ အစိုးရ မသွင်းနိုင်ရင် ဒီနေရာမှာ အစိုးရက ဆန်ရှင်ကြောင့် ကိုယ်တိုင် သွင်းခွင့်မရှိလို့ စီးပွားရေးမှာ လုပ်တတ်၊ ကိုင်တတ်တဲ့ လူတွေကို လုပ်ခိုင်းရတာ မမေ့သင့်ဘူး။ အခုလက်ရှိ ယ ပက်လက်၊ စ လုံးက တစ်ချို့ကုမ္ပဏီတွေသည် မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေက ပိတ်လိုက်တဲ့ ဆန်ရှင်ကြောင့် သူတို့ အကျိုးဖြစ်ထွန်းပီး ချမ်းသာသွားတယ် ဆိုတာ မမေ့သင့်ဘူး….. ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးတောင် ရအောင် ပြန်ကိုက်သေးတာမယ်၊ ဆန်ရှင်ထိတော့ မဖြစ် ဖြစ်အောင်လုပ်တော့ ဖြစ်တာပဲ နောက်ဆုံးပေါ် ဇိမ်ခံကားကြီးတွေ ၀ယ်စီးနိုင်တာပဲ…. ကြားထဲကတော့ ပြည်သူဆိုတဲ့ ငထွားတွေ ခါးနာတယ်ဗျာ…. တန်ရာတန်ကြေး မရဘူးပေါ့…. အခု တိုင်ရီ ကိစ္စ ဖြစ်သလိုမျိုး… မြန်မာပြည်မှာသာ အထည်ချုပ်လုပ်ငန်းတွေ ၁၉၉၉ ၀န်းကျင်ကလို ထွန်းကားနေရင် တိုင်ရီသူဌေး စောစောစီးစီး ပြည်တော် ပြန်ပြေးရပီ....

 

ကျွန်တော်တို့ နိုင်ငံက အထည်ချုပ်သမတွေ နှစ်ပဲတစ်ပြားနဲ့ အလုပ် မလုပ်နိုင်လို့ ဖာဖြစ်နေချိန်မှာ မြန်မာနိုင်ငံကို ဆန်ရှင်ပိတ်ဆို့မှုနဲ့ စီးပွားဖြစ် ချမ်းသာနေတဲ့ စ လုံး၊ ယ ပက်လက်က ကုမ္ပဏီတွေကိုမြင်ရင် ကျွန်တော် တော်တော် စိတ်နာတယ်….. စစ်အစိုးရက အလျှော့မှ မပေးတာလို့ မပြောနဲ့ ဖန်ဆင်းရှင် အပါအ၀င်၊ ကံ ကံ ၏ အကျိုးကို လက်ခံတဲ့ ကျွန်တော်တို့ ဂေါတမ ဘုရားရှင်အဆုံး ဘယ်လိုမှ ပြောမရ ဆိုမရလို့ လွှတ်ထားတဲ့ ဗီလိန်ဆိုတာ ရှိသေးတာပဲ။ လူ့လောကမယ် ၀ိုင်းပီး ကျဉ်ထားရင် အကျဉ်ခံရတဲ့သူက ဘာလုပ်သလဲ စဉ်းစားကြည့်ပေါ့။ ထားလိုက်ပါ ဒါတွေ ဘောင်ကျော်သွားပီ။

 

ခုဏကလို အစိုးရက တိုက်ရိုက် သွင်းခွင့်မရှိတော့ ကြားခံ Proxies ရှိတယ် သူတို့ကသွင်းပေးတယ်၊ အစိုးရက အကြွေးအနေနဲ့ ပိုက်ဆံမရှိရင် လုပ်ပိုင်ခွင့်တွေကို ပေးလိုက်ရတယ်။ အဲ့ဒိအတွက် ခရိုနီလူတန်းစားဆိုတာ ဖြစ်ထွန်းလာတယ်။ အဲ့ဒိအခါမယ် Proxies တွေကလည်း Undertable တွေ ပေးရတဲ့အတွက် ပေါချောင်ကောင်းတွေ သွင်းတယ်၊ ဈေးက မတန်တဆ၊ ဒါမှ သူက သက်ဆိုင်ရာ ၀န်ကြီးတွေ ညွှန်ချုပ်တွေကို လာဘ်ထိုးနိုင်မယ်။ အဲ့ဒိတော့ပုံမှန် စက်ရုံထုပ်ဈေး 50USD လောက်ရှိတဲ့ပစ္စည်း မြန်မာပြည်ရောက်လာရင် ဒေါ်လာ ထောင် ဂဏန်းဖြစ်သွားတာ အံ့သြစရာကို မရှိဘူး။ ၀န်ကြီးတွေ ညွှန်ချုပ်တွေ ကိုယ်တိုင်ကလည်း ငါသွင်းဆိုတဲ့ ပစ္စည်းပဲသွင်း (ကော်မရှင် ရတာကိုး) ကျန်တဲ့ဟာတွေ မသွင်းနဲ့ဆိုတဲ့အတွက် ဈေးကြီးတဲ့ ပစ္စည်းကောင်းတွေ ပိုက်ဆံရှိရက်နဲ့ မကိုင်နိုင်သလို၊ ပေးတဲ့ ပိုက်ဆံနဲ့ မတန်တဲ့ အပေါစားတွေ ဂျင်းထည့်ခံရတယ်။

 

နောက်ပီးတော့ ကိုယ် ကော်မရှင်ရတဲ့ ပစ္စည်းတွေပဲ သွင်းတဲ့အတွက် အဲ့ဒိပစ္စည်းတွေရဲ့ Future Requirements, Future Compatible တွေလုံးဝ ထည့်မစဉ်းစားတဲ့အတွက် ရေရှည်မှာ ပြဿနာတွေ တက်တယ်။ အစိုးရရုံးတွေမှာ သွားကြည့် ပစ္စည်းအပိုမရှိလို့၊ လက်တောက်လောက် စက်ကလေး ပျက်တာနဲ့ စက်ရုံကြီး တစ်ခုလုံး (သို့မဟုတ်) ထက်ဝက်လောက် ရပ်နေရတာတွေ မျက်မြင်လက်တွေ့တွေ။ နောက်ပီး ကော်မရှင် ရဖို့ပဲ ကြည့်နေတဲ့အတွက် ကိုယ်ဝယ်လိုက်တဲ့ ပစ္စည်းထုပ်လုပ်တဲ့ ကုမ္ပဏီ ခိုင်မာမှုရှိမရှိ သေခြာမလေ့လာလို့ ဟိုဘက်က ကုမ္ပဏီက ဖျက်သိမ်းသွားပီ ဒီမှာ ပစ္စည်းမတပ်ရသေးတာတွေ တစ်ပုံကြီး။ တစ်ခြားသွားမကြည့်နဲ့ မြန်မာ့ဆက်သွယ်ရေး၊ ရလိုက်မယ့် ၀င်ငွေ သတင်းစာထဲမှာတောင် အကျမ်းမျဉ်းတွက်ထားတယ် ဖုန်းတစ်လုံး တစ်လ အသုံး ၁၀၀၀၀ ကျပ်ပဲထားဦး ဖုံးအလုံး သန်း ၃၀၊ ဆက်သွယ်ရေးဝင်ငွေ တစ်လ တစ်လ မနည်းဘူး ကုဋေနဲ့ချီ ရတယ်နော်။

 

ဒီဝင်ငွေတွေ စီးဆင်းမှု ဘယ်လိုသွားသလဲ။ ထားလိုက်ပါ။ ဆက်သွယ်ရေး သုံးနေတဲ့ ဒေါ်လာ ဘယ်နှစ်သန်း ရင်းနှိးမြှုပ်နှံတယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ သွားကြည့် သူ့ အိပ်ချိန်းတွေမှာ သုံးထားတဲ့ပစ္စည်း အကုန်တရုပ်ဖြစ်ကြီးပဲ။ တော်ကြာနေ ဟိုပစ္စည်းပျက်ပြန်ပီ၊ ဒီပစ္စည်း Hang ပြန်ပီနဲ့။ နိုင်ငံတကာမှာ ပစ္စည်းတစ်ခု နာမည်ကျော်တယ်၊ ဈေးကွက်ဖောက်နိုင်တယ် ဆိုတာမှာ သူ့ပစ္စည်း Quality ရှိတယ်။ ဘယ်လောက် Load ကို Handle လုပ်နိုင်တယ်ဆိုတာ ပါပီးသား။ အပေါစား နာမည်တောင် သေခြာမရှိတဲ့ ကလေက၀ ကုမ္ပဏီတွေကနေ သွင်းလာတဲ့ ပစ္စည်းတွေနဲ့ တပ်ထားလေတော့ တကယ့် Load အပြည့်ဆွဲတဲ့အချိန်မယ် ကကြောင်တွေ ထဖတ်နေလို့ မိုဘိုင်း ဖုန်းနှစ်လုံး ဘေးခြင်း ကပ်လျက်ခေါ်နေတာတောင် လူကြီးမင်း မတ်စိကို ပုံသဏ္ဍန်မျိုးစုံနဲ့ ချုံထဲရောက်လိုက်၊ တပ်ဆင်ထားခြင်း မရှိပါပြောလိုက်၊ လိုင်းတွေ မအားပါပြောလိုက်နဲ့ ပြောချင်ရာကို အော်တို ပြန်ပြောနေတာတွေက သက်သေတွေပဲ။

 

နောက် ၈၈ မတိုင်ခင် ဒေါက်တာမောင်မောင်ရဲ့ မိန့်ခွန်းကို နားထောင်ရတာမယ်၊ ဆိုရှယ်လစ်လက်ထက် မြန်မာတွေ နိုင်ငံခြားကနေ လက်နက်ဝယ်လိုက်တာ ဒီဘက်ကနေ ဒေါ်လာတွေ အများကြီးပို့လိုက်ပီး ဟိုဘက်ကနေ လက်နက်တွေဆိုပီး ပြန်ပို့ပေးလိုက်တာက သေတ္တာတွေထဲမှာ ကျောက်ခဲတွေကြီးဆိုတာ မှတ်မိပါသေးတယ်။ မှားတာ မှန်တာ ဘေးဘယ်လိုက်ဦး၊ အဲ့လို တကယ်ဖြစ်ခဲ့တယ်ဆိုရင် ဒါသည် မျက်စိပိတ်၊ နားပိတ် လုပ်ခဲ့တဲ့ အကျိုးကျေးဇူးကို အာဏာပိုင်တွေ ကိုယ်တိုင် ဆက်ခံရတာပဲ။ အဲ့ဒါကြောင့် မလိုလားအပ်တဲ့ ကိုယ့်ပြည်သူကိုယ် ဆန်ရှင် ပြန်လုပ်တဲ့ သတင်းစီးဆင်းမှု မြန်ဆန်တာကို ပယ်ဖျက်သင့်တယ်။ ဒါမှလည်း အပြန်အလှန် အကျိုးကျေးဇူး ပြုရာကြမယ်။

 

နိဂုံးအနေနဲ့ကတော့ ၀န်ထမ်းတွေကို လစာတိုးပေးတယ် ဆိုရာမှာ ငွေစက္ကူအသစ် ရိုက်ထုပ်တာမဟုတ်ပဲ အခုလို လစ်နေ၊ ဟာနေတဲ့ နေရာတွေက ၀င်ငွေတွေ၊ အထူးသဖြင့် လူတစ်ချို့စီကိုပဲ ဦးတည်စီးဆင်းနေတဲ့ အိပ်နေတဲ့ ငွေတွေကို အများစု အသုံးပြုလို့ရအောင် ခွဲဝေပေးဖို့ စီမံသင့်တယ်လို့ မြင်တယ်။ ဥပမာအားဖြင့် စီးချင်သလို စီးဆင်းနေတဲ့ ရေတွေကို စနစ်တကျ မြောင်းနဲ့ တမံတုပ်လိုက်ရင် ရေထုပမာဏ ကြီးလာမယ်၊ လိုရာကို ပို့ဆောင်နိုင်တယ်။ ကျွန်တော်တို့နိုင်ငံ တကယ်လိုနေတာသည် အဲ့ဒိလို ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အစိုးရလုပ်ငန်းဆိုင်ရာတွေကို စနစ်တကျ ကိုင်တွယ်ဖို့၊ ထွက်နေတဲ့ ၀င်ငွေတွေကို စနစ်တကျ ထိရောက်စွာ အစိုးရ၀န်ထမ်းတွေစီကို စီးဆင်းစေဖို့၊ တကယ်လုပ်ရင် အဲ့ဒိပုံသဏ္ဍန်ဖြစ်မှာပဲ၊ ၀န်ထမ်းတွေကို လစာတိုးပေးနိုင်မှာပဲ။ ကုန်ဈေးနှုန်းသည် လုံးဝကို တက်စရာမရှိပါ။ ဘာ့ကြောင့်လည်းဆိုတော့ မီးခံသေတ္တာထဲမှာ သွားအိပ်နေမယ့် ငွေတွေကို တကယ်သုံးစွဲမယ့် ပြည်သူတွေလက်ထဲကို စီးဆင်းစေတဲ့အတွက် ဖြစ်ပါတယ်။ အကျိုးရှိရှိ ငွေကြေးကို လည်ပတ်အောင် စီမံခန့်ခွဲတာ ဖြစ်ပါတယ်။

တနည်းအားဖြင့် ၀ယ်လိုအားများရင် ရောင်းလိုအား တက်လာမယ်၊ ကုန်စည် စီးဆင်းမှု မြန်ဆန်လာရင် ကုန်ဈေးနှုန်းဟာ အလိုလို ကျဆင်းလာမယ်၊ ပြည်သူတွေလက်ထဲ ငွေကြေး ဖောဖာသီသီသုံးနိုင်မယ်။ ဒါဆိုရင် Win Win Situation လို့မြင်တယ်။ အဲ့ဒါကြောင့်လည်း ဦးရွှေမန်းသည် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပြင်မယ်၊ မလိုလားအပ်တဲ့ ဥပဒေတွေကို ပြင်မယ်လို့ ပြောနေတာ။ အချို့ အချို့သော မျက်တောင်မွှေးလောက်ပဲ မြင်သူတွေကတော့ အစိုးရ လစာတိုးပေးတာသည် အန္တရာယ်ကို ဖိတ်ခေါ်တယ်လို့ မြင်ပေမယ့် ကျွန်တော်ကတော့ လုံးဝကို အပြည့်အ၀ ထောက်ခံတယ်။ ဒါပေမယ့် ဘလိုင်းတိုးပေးမယ့်အစား မကုန်သင့်တဲ့တွေ မကုန်အောင်၊ အိပ်နေတဲ့ငွေ ရှင်လာအောင် လုပ်ဖို့လိုမယ်။ ဒါမှ ထိရောက်မှု ရှိမယ်လို့ သုံးသပ်ရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ အစိုးရ၀န်ထမ်းတွေကို လစာတိုးပေးဖို့အဆိုကို လုံးဝ ထောက်ခံပါတယ်။

 

မှတ်ချက် ။    ။ ကျွန်တော် ဘောဂဗေဒကို နကန်းတစ်လုံးမှ မတတ်သော သာမာန်ပြည်သူတစ်ယောက်ရဲ့ အမြင်ဖြစ်ပါတယ်။ ပညာရှိများ ပညာရပ်နဲ့ သက်ဆိုင်တဲ့ မှတ်ချက်တွေ မပါတဲ့အတွက် အလကား ထောက်ခံစာပါလို့  မြင်ရင် ကျော်ဖတ်သွားနိုင်ပါတယ်ခင်ဗျာ.... ကျေးဇူးတင်ပါတယ်။


ကျုပ်တို့လူမျိုးလဲ တာဝန်မဲ့တတ်ကြတာပဲ

by Thet Swe Win on Friday, 24 February 2012 at 03:40 ·

ဒီနေ့(၂၃.၂.၂၀၁၂) ည ၁၀း၃၀ လောက်မှာ ပြည်လမ်း ကျောင်းကွေ့မှတ်တိုင်၊ ဘရာဇီးသံရုံးနားမှာ အမျိုးသားတစ်ယောက်ကို ကားတိုက်သွားပါတယ်။

 

ကျနော်က ညဘက်ဆိုရင် အိမ်ကတက္ကစီကို ထွက်မောင်းလေ့ရှိပြီး ရှစ်မိုင်ဘက်ကနေ ပြည်လမ်းအတိုင်း မြို့ထဲဘက်ကို မောင်းဝင်လာတယ်။

အင်းယားလေးအကျော်၊ အာစီတူးကို ၀င်တဲ့ အပေါက်နားက ပြည်လမ်းမကြီးပေါ်မှာ  လူတစ်ယောက် ကိုယ်တုံးလုံးကြီးနဲ့ သွေးအိုင်ထဲ လဲနေတာကို တွေ့လိုက်တယ်။

 

ကားတွေက အဲဒီလူကို ကျော်ကျော်သွားကြပြီး ဘယ်သူမှ အဖတ်လုပ် ဆင်းကြည့်ကြတာမရှိဘူး။ 

 လူကြီးကတော့ လမ်းမမှာ ဒီအတိုင်းပဲ လဲနေတယ်။ အန်တီကြီး ၂ယောက်က လမ်းလျှောက်နေရင်းနဲ့ အဲဒီလူလဲနေတဲ့ လမ်းအလယ်ကိုသွားကြည့်တယ်။ ပြီးတော့ လုပ်ရက်လိုက်ကြတာနော်လို့ ပြောပြီး လမ်းဆက်လျှောက်သွားကြတယ်။ လူတွေက လမ်းဘေးကနေ ကြည့်ပြီး ထွက်ထွက်သွားကြတယ်။ ဘာတစ်ခုမှ ကူညီပေးတာမရှိဘူး။

 

ကျနော်လဲ အဲဒီလူကို ကြည့်လိုက်တော့ လှုပ်နေသေးတာနဲ့ အဲဒီနားမှာရှိတဲ့ ဘရာဇီးသံရုံးထဲကိုဝင်ပြီး အစောင့်တွေကို လူတစ်ယောက်ကို ကားတိုက်ထားတဲ့အကြောင်း၊ ရဲကိုအကြောင်းကြားဖို့ ဖုံးဆက်ချင်တဲ့အကြောင်း ပြောပါတယ်။

 

အဲဒီသံရုံးအစောင့်ကောင်လေးတွေကို ကားတိုက်ထားတာ မသိဘူးလားလို့မေးတော့ သိတယ်တဲ့။ ရဲကိုဖုန်းဆက်ပြီးပလားမေးတော့ မဆက်ဘူးတဲ့။ ဒါပေမဲ့ ကားတိုက်တဲ့အသံကြားပြီးတော့ ကားတစ်စီးက သံရုံးရှေ့ရပ်ပြီးတော့ မောင်းပြေးသွားတယ်လို့ ပြောတယ်။ နံပါတ်မှတ်ထားလိုက်တယ်တဲ့။ ကျနော်အဲဒီကို ရောက်သွားတဲ့အချိန်က ကားတိုက်ပြီးလို့ ၁၀မိနစ်လောက် ရှိပြီပြောတယ်။

 

 

အဲဒါနဲ့ ကျနော်လဲ သူတို့ဆီကဖုန်းနဲ့ ၁၉၉ ကိုဆက်တယ်။ ဘယ်သူမှ ဖုန်းလာမကိုင်ဘူး။ ၃ခေါက်လောက်ဆက်ပြီး မရတော့ အရေးပေါ်လူနာတင်ယာဉ် ၁၉၂ ကို ဖုန်းဆက်တယ်။ အဲဒီနံပါတ်ကလည်း ဘယ်သူမှ လာမကိုင်ဘူး။ ကျနော်လဲ စိတ်ပျက်ပြီး လှည်းတန်းက ယာဉ်ထိန်းရဲကို သွားခေါ်မယ်ဆိုပြီး အဲဒီသံရုံးထဲက ထွက်လာတော့ အပြင်မှာ ယာဉ်ထိန်းရဲတစ်ယောက် ရောက်နေတယ်။

 

သူက မင်းဓမ္မလမ်းနဲ့ ပြည်လမ်းထောင့်က ပွိုင့်ကပါ။ သူ့ကို ကားတစ်စီးက လူတိုက်မိတဲံ့အကြောင်းပြောပြီး အဲဒီကားနဲ့ လိုက်ပို့သွားတယ်တဲ့။ အဲဒီ ယာဉ်ထိန်းကိုခွင့်တောင်းပြီး သွေးအိုင်ထဲလဲနေတဲ့အဲဒီလူကို ကျနော်နဲ့ တခြားတက္ကစီသမားတစ်ယောက်တို့ ခြေတစ်ဖက်လက်တစ်ဖက်ကိုင်ပြီး ပလက်ဖောင်းပေါ် မတင်လိုက်ကြတယ်။

 

အဲဒီလူပုံက ကရင်ရုပ်၊ အသက် ၄၀လောက် ရှိမယ်။ ခေါင်းကွဲနေပြီး နှာခေါင်းထဲကလည်း သွေးတွေထွက်နေတယ်။ ပက်လက်လှန်ထားတော့ နှာခေါင်းက ထွက်တဲ့သွေးတွေက မျက်လုံးပေါ်ကို စီးကျပြီး မျက်လုံးမှာ သွေးတွေပြည့်နေတယ်။ အရက်နံ့တွေ တထောင်းထောင်းထွက်နေပြီးတော့ ပါးစပ်က တအင်းအင်း နဲ့ ငြီးနေတယ်။

 

ယာဉ်ထိန်းရဲကလည်း စက်နဲ့လှမ်းပြီး လူနာတင်ယာဉ် လှမ်းခေါ်တယ်။ လူနာတင်ယာဉ် မလာခင်မှာ ဘရာဇီးသံရုံးက အစောင့်လေးတွေဆီမှာ ကားနံပါတ်မှတ်ထားတာရှိတယ်လို့ ကျနော်ပြောလိုက်တော့ သူတို့ဆီက ကားနံပါတ်ယူပြီး ရဲရုံးကို အကြောင်းကြားတယ်။ လူနာတင်ကားက ၁၅မိနစ်လောက်မှာ ရောက်လာတယ်။ အဲဒီလူကို ကျနော်တို့တွေ ၀ိုင်းမကြီး လူနာတင်ကားထဲ ထည့်ပေးလိုက်ကြတယ်။

 

ဟိုတလောတုန်းက တရုတ်ပြည်မှ ကလေးလေးကိုကားကြိတ်သွားတဲ့ ကိစ္စနဲ့ပါတ်သတ်ပြီး တရုတ်တွေ အရမ်းအတ္တကြီးတယ်လို့ ကျနော်တို့တွေ ၀ိုင်းပြောကြတယ်။ အခုလဲ ဒီလူကို ကားတိုက်သွားတဲ့ ကိစ္စမှာလဲ ကျနော်တို့ မြန်မာလူမျိုးတွေ အတ္တကြီးတယ်လို့ ပြောချင်တယ်။

 

၁။ လူတစ်ယောက်လုံး ကားတိုက်ခံရပြီး သွေးအိုင်ထဲလဲနေတာကို ၁၀မိနစ်လောက် ကြာတဲ့အထိ လမ်းဘေးက ဖြတ်သွားဖြတ်လာတွေရော၊ ကားတွေရောက ဘာတစ်ခုမှ မကူညီကြဘူး။ (ပြည်လမ်းမကြီး အလယ်ကောင်မှာ လူတစ်ယောက် လဲကျနေတာ မမြင်တဲ့ကားက ထပ်ပြီး ကြိတ်မိသွားရင် ပိုမဆိုးပေဘူးလား။)

 

၂။ သံရုံးအစောင့် ၀န်ထမ်းတွေကလည်း လူတစ်ယောက်လုံး ကားတိုက်ခံရတာကို သိရက်နဲ့ ဘာလို့ ဒီအတိုင်း နေရက်ကြတာလဲ။( သူတို့တွေ ရှေးဦးသူနာပြု First Aid ကိုတော့ နားလည်ထားမယ်ဆိုတာ သေချာပါတယ်။ သူတို့ကို First Aid ရှိလားလို့မေးတော့ မရှိဘူးလို့ပြောတယ်။ နောက်တစ်ချက်က တာဝန်ရှိတဲ့ ရဲတွေ။ ယာဉ်ထိန်းတွေ၊ လူနာတင်ယာဉ်တွေကို ဘာလို့ အကြောင်းမကြားရတာလဲ)

 

၃။ ၁၉၉ ပြည်သူ့ရဲ ၊ ၁၉၂ လူနာတင်ယာဉ် စတဲ့ ၂၄နာရီ ပြည်သူ့ရေးရာ ၀န်ဆောင်မှုတွေက ဘာလို့ ဖုန်းမကိုင်ကြတာလဲ။ တာဝန်မဲ့လွန်းပါတယ်။ ကျနော်တို့တွေ ဒီလိုစောက်သုံးမကျတဲ့ဟာတွေကို ဘယ်လို ယုံကြည်ပြီး ပုံအပ်ကြမှာတုန်း။

 

ဒီမိုကရေစီ၊ ဒီမိုကရေစီ နဲ့ဖင်ကွဲအောင် အော်နေတဲ့မြန်မာတွေ။

 

ခင်ဗျားတို့မှာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လူသားချင်းစာနာတတ်တဲ့စိတ် ရှိကြလို့လား။

 

အဲဒီ လမ်းမပေါ်မှာ လဲနေတဲ့သူဟာ ခင်ဗျားတို့ ကျုပ်တို့ အဖေ၊ ဦးလေး၊ ဆွေမျိုးသားချင်း ဆိုရင်ရော ခင်ဗျားတို့တွေ ဒီလိုမျိုး ကိုယ်နဲ့မဆိုင်သလိုမျိုး ကြည့်နေကြမှာလား။

 

သွေးအိုင်ထဲမှာ လူးလှိမ့်အော်ဟစ်နေတဲ့ ဒီလူက ခင်ဗျားတို့အတွက် အထူးအဆန်းကြည့်စရာတစ်ခု ဖြစ်နေလို့လား။

 

ကျုပ်တို့ မြန်မာတွေ အတ္တကြီးကြတယ်ဆိုတာ ဒီနေ့ ကျုပ်ကိုယ်တွေ့ ကြုံခဲ့ရတယ်။

 

ကျုပ်မျက်စိထဲမှတော့ အဲဒီသွေးအိုင်ထဲက လူးလှိမ့်နေတဲ့သူကို သွားကြည့်ပြီး လုပ်ရက်လိုက်ကြတာနော် လို့ ပြောပြီး ဘာမှမကူညီပဲ ထွက်သွားခဲ့တဲ့ အန်တီကြီး ၂ယောက်ရဲ့ အသံကိုပဲ ကြားယောင်နေတယ်ဗျာ။

 

ကိုသက်

၂၃.၂.၂၀၁၂

ဘယ်မောင်းအမျိုးအစား Bus ကားနှင့် Truck ကားများကို လွတ်လပ်စွာ တင်သွင်းခွင့်ပြု PDF Print
THURSDAY, 23 FEBRUARY 2012 01:53
AddThis Social Bookmark Button

ဘယ်မောင်းအမျိုးအစား Bus နှင့် Truck ကားများကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုလိုက်ကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

''ဘယ်မောင်းအမျိုးအစားဆိုရင် Bus ကားပဲဖြစ်ဖြစ်၊ Truck ကားပဲဖြစ်ဖြစ် လွတ်လပ်စွာ တင်သွင်းနိုင်ပါပြီ။ စီးပွားကူးသန်းမှာ လာလျှောက်ထားလို့ရတယ်။ မော်ဒယ်ကတော့ ကန့်သတ်ထားတယ်။ ဘတ်စ်ကားဆိုရင် လက်ရှိရောက်နေတဲ့ မော်ဒယ်ကနေ ငါးနှစ်အတွင်း မော်ဒယ်ကို ခွင့်ပြုထားတယ်။ Truck ကားဆိုရင်တော့ ရောက်နေတဲ့မော်ဒယ်ကနေ ၁၀ နှစ်အတွင်း မော်ဒယ်ကို ခွင့်ပြုထားတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဟိုတယ်ဝန်ထမ်းကို ပါးရိုက်ခဲ့သည့် ဂျပန်နိုင်ငံသားက တရားပြန်စွဲ

by Yangon Press International on Friday, 24 February 2012 at 01:27 ·

ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၂ (YPI)

 

ပြီးခဲ့သည့် လ ၂၈ ရက်က ဧည့်သည်ဂျပန်နိုင်ငံသားက Orchid Hotel မှ အမျိုးသမီးဝန်ထမ်းတဦးကို ပါးရိုက်ခဲ့ပြီးနောက် ၎င်းကပင် ပါးရိုက်ခံရသူဝန်ထမ်းကို တရားပြန်စွဲထားကြောင် ယင်းဟိုတယ်မှ  မန်နေဂျင်း ဒါရိုက်တာဦးဌေးအောင်က YPI သို့ပြောသည်။

 

"သူပြန်ဆွဲတာက သူ့ကိုအင်အားသုံး တားဆီးမှုရယ် သူ့ပိုင်နက်ထဲကို ၀င်ရောက်ခွင့်မပြုတာနဲ့ပတ်သက်ပြီးစွဲ ထားတာပါ။ တရားစွဲခံရတာက ပါးရိုက်ခံရတဲ့ ဟိုတယ်ဝန်ထမ်းနဲ့ သူ့အတွက်သက်သေခံထွက်ပေးတဲ့ အမျိုးသမီးဝန်ထမ်း နောက်တယောက်ကိုစွဲထားတာပါ"ဟု ၎င်းကဆိုသည်။

 

ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ အောကစ် ဟိုတယ်၊

 

ပြီးခဲ့သည့် ၂၂ ရက်နေ့တွင် စတင်၍တရားရင်ဆိုင်ခဲ့ပြီး လာမည့် ၂၉ ရက်နေ့တွင်  စစ်ဆေးကြားနာရန် ချိန်းဆိုထားသည်ဟု ဆိုသည်။ တရားရင်ဆိုင်ရန်အတွက် အာမခံအနေဖြင့်၎င်းတို့ဟိုတယ် ၀န်ထမ်းနှစ်ဦးအတွက် ပိုင်ဆိုင်မှု ကျပ်သိန်းလေးရာ အာမခံပေးထားရသည်ဟုဆိုသည်။

 

ပြီးခဲ့သည့် ဇန္န၀ါရီလ ၂၈ ရက်နေ့ညက Business ဗီဇာဖြင့်နေထိုင်သူ ဂျပန်နိုင်ငံသား Mr.Okahashi Takashi က ဟိုတယ်သို့ စာရွက်စာတမ်းအထောက်အထား မပြည့်စုံသည့် အမျိုးသမီး တစ်ဦးကို ခေါ်လာရာ ဟိုတယ်ဝန်ထမ်း ဒေါ်အေးအေးကြည်က တားဆီးသဖြင့်   Mr Takashi က ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့သည်။

 

အဆိုပါအမှုကို ပုဇွန်တောင်ရဲစခန်းသို့သွားရောက် တိုင်ကြားရာ ပါးရိုက်ခဲ့သည့် အထောက်အထား ဆေးစာရွက်များ ပြသမှသာလျင် အမှုဖွင့်နိုင်သည်ဟု ဆိုရာမှ နောက်ပိုင်း  သတင်းများပြန့်သွားခဲ့သည့်နောက် ပြည်ထဲရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများက ဟိုတယ်သို့လာရောက်စစ်ဆေး အမှုဖွင့်ပေးခဲ့သည်ဟုဆိုသည်။

 

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပါ ဂျပန်နိုင်ငံသားအားနာမည်ပျက်စားရင်းသွင်းကာ မြန်မာနိုင်ငံသို့ မည်သည့် ဗီဇာမှထုတ်မပေးရန်ဆုံးဖြတ် အရေးယူလိုက်သည်ဟု ဖေ့ဘွက် စာမျက်နှာများတွင်  သတင်းများပြန့်လာသော်လည်း ယင်းကဲ့သို့  အရေးယူမယူ အတည်မပြုနိုင်ကြောင်း ဦးဌေးအောင်ကဆိုသည်။

 

"သူ့ကို အဲလို အရေးယူရင်တောင် အခုအချိန်မှာ အမှုက ရှိနေတော့သူထွက်သွားလို့ မရသေးဘူးလေ၊ လောလောဆယ် အိုလံပစ် ဟိုတယ်မှာတည်းနေတယ်လို့တော့ သတင်းကြားတယ်" ဟုဆိုသည်။

 

ယင်းကိစ္စနှင့်ပတ်သတ်၍ ဂျပန်သံရုံးသို့ပြီးခဲ့သည့် တပတ်ကျော်မှ စတင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယနေ့အထိ ဖြေဆိုပေးခြင်းမရှိသေးချေ။

 

လက်ရှိတွင် ကိုယ်ထိလက်ရောက်စော်ကားခံခဲ့ရသည့် အမျိုးသမီး ဟိုတယ်ဝန်ထမ်းမှာ အလုပ်ပုံမှန်ဆင်းလျက်ရှိပြီး ကိုယ်ထိလက်ရောက် စော်ကား ခံရခြင်းအတွက် သူမဘက်မှလည်း ဂျပန်နိုင်ငံသားအား အမှုဖွင့် တရားစွဲထားသည်။

 

"အရင်က ကျွှန်တော်တို့ဝန်ထမ်းကသူ့ကို တရားစွဲထားတာကို သူုတောင်းပန်ရင် ကျေအေးပေမယ်လို့ စဉ်းစားထားတာလေ အခုကဒီလိုဖြစ်သွားတော့ ကျွန်တော်တို့ဘက်က ၀န်ထမ်းကလည်း ဂျပန်နိုင်ငံသားကို ထိုက်တန်တဲ့အပြစ်ဒဏ် ရတဲ့အထိ တရားရင်ဆိုင်သွားမယ်လို့ဆုံးဖြတ်ထားတယ်" ဟု ဦးဌေးအောင်ကဆိုသည်။

 

ဟိုတယ်ဝန်ထမ်းများဘက်မှ ရှေ့နေဦးဝင်းနိုင်နှင့်အဖွဲ့မှ ဆောင်ရွက်ပေးနေပြီး ဂျပန်နိုင်ငံသားဘက်မှလည်း ကူညီပေးနေသည့် ရှေ့နေအဖွဲ့များရှိသည်ဟုဆိုသည်။

 

Orchid Hotel သည် အဆိုပါပြဿနာ ဖြစ်ပွားသည့်နောက် ဟိုတယ်သို့ ညသန်းခေါင် ဧည့်သည်အသစ်များ လက်မခံခြင်း၊ အမျိုးသမီးဝန်ထမ်းများကို ညဘက် တာဝန်မချထားရန် စသည့် အစီအစဉ်များဆောက်ရွက်ရန် စီစဉ်လျက်ရှိသည်ဟုဆိုသည်။

 

Orchid Hotelသည် စကာင်္ပူနှင့်မြန်မာ နိုင်ငံသားတို့ ပူးပေါင်းတည်ထောင်ထားသောဟိုတယ်ဖြစ်ပြီး အမှတ် ၉၁၊ အနော်ရထာလမ်း၊ ပုဇွန်တောင်မြို့နယ်တွင်တည်ရှိသည်။        ။ 

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂ စတင်ဖွဲ့စည်း

by Burma VJ Media Network on Friday, 24 February 2012 at 13:14 ·

 

By ဇာဏီ ၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လည် ၂ နာရီခွဲ အချိန်ခန့်မှာ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။

 

" ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုကျော်ကိုကိုတို့ လွတ်လာတဲ့အချိန်မှာ ကျနော်တို့တွေအားလုံး စုပြီး ဗကသ ဗဟိုစည်းရုံးရေး ကော်မတီကို ဖွဲ့လိုက်တယ်။ အဲလိုဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ တနိုင်ငံလုံးမှာရှိတဲ့ ခရိုင်လေးဆယ်ကျော်မှ ကျောင်းသားတွေ စုပြီးတော့ တပြည်လုံးနဲ့ ဆိုင်တဲ့ ကျောင်းသား ညီလာခံတခု ကျင်းပမယ်။ အဲကျောင်းသား ညီလာခံကနေမှ ပေါ်ထွက်လာမည့် ကျောင်းသား သမဂ္ဂတခုနဲ့ ကျောင်းသားတွေအခွင့်အရေးကို  အပြည့်အဝကာကွယ်ပေးတဲ့ ဒီမိုကရေစီပညာရေးကို အကောင်အထည်ဖော်နိုင်မယ့် ကျောင်းသား သမဂ္ဂ ပေါ်လာဖို့အတွက်ကို ကျနော်တို့ ခရိုင်ကျောင်းသား သမဂ္ဂ တွေကို လိုက်ဖွဲ့စည်းပေးနေတာပါ။" လို့ တောင်ပိုင်း ကျောင်းသား သမဂ္ဂ စတင်ဖွဲ့စည်းသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဗကသ ဗဟိုစည်းရုံးရေး ကော်မတီ၏ တွဲဖက်အတွင်းရေးမှူး(၂) ကိုမင်းသွေးသစ်က ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

 

ရန်ကုန်တောင်ပိုင်းခရိုင်မှာရှိတဲ့ တက္ကသိုလ် လေးခုဖြစ်တဲ့ ရန်ကုန်ရေကြောင်းတက္ကသိုလ်၊ သမဝါယမ တက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ အစိုးရ နည်းပညာ တက္ကသိုလ်တွေမှ ကျောင်းသားတွေ စုစုပေါင်း ၃၂ ဦး စုပေါင်းပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂကို စတင်ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂမှာ ဆပ်ကော်မတီတွေ ဖွဲ့စည်းထားပြီး ပြောရေးဆိုခွင့်ရှိသူအဖြစ် မနှင်းသီတာနှင့် ကိုကိုမောင်တို့က ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

" ကျမတို့က ညီလာခံ ကျင်းပရေးအတွက် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ လုပ်ဆောင်သွားမှာပါ။ အဲလုပ်ဆောင်ဖို့အတွက်ကိုလဲ ဗဟို စည်းရုံးကော်မတီနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားမှာပါ။ ကျမတို့ ဖွဲ့စည်းဖြစ်တဲ့ ရည်ရွက်ချက်ကတော့ ကျမတို့ အမျိုးသားနိုင်ငံရေးလို့ခေါ်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက်ပါ။ ဗကသရဲ့ မူ(၅)ချက်အတိုင်း ဒီမိုကရေစီ ပညာရေး ရရှိရေး၊ ကျောင်းသားအခွင့်အရေး ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေး စတဲ့အချက်တွေနဲ့ ရရှိဖို့ ရည်ရွယ်ပြီးတော့ ဖွဲ့စည်းတာပါ။ ကျမတို့ သမဂ္ဂတွေကနေ တိုင်းပြည်အတွက် တထောင့်တနေရာကနေ ပါဝင်သွားမှာပါ။" လို့ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ  မနှင်းသီတာက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

 

" ကျနော်တို့အနေနဲ့ကတော့ လက်ရှိအခြေအနေမှာ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂ ဖွဲ့ပြီး  ဥက္ကဌ မပေါ်ဘူးဆိုတာက ကျန်တဲ့ကျောင်းသားတွေလဲ ရှိသေးတယ်။ ကျနော်တို့ ရှေ့လမှာ ဥက္ကဌနှင့် အဖွဲ့ကို စနစ်တကျ ပြန်လည်ဖွဲ့စည်းသွားမှာပါ။ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းတာကို ဗကသ ဗဟိုစည်းရုံးရေး ကော်မတီမှ ကိုကျော်ကိုကိုတို့က လာရောက်ကူညီပေးတာကိုလဲ ဝမ်းသာပါတယ်။ နောက်တချက်က ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂ ဆိုပေမယ့် တခြားခရိုင်က ကျောင်းသားတွေနဲ့လဲ ချိတ်ဆက်လုပ်ဆောင်သွားမှာပါ။ လို့ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ  ကိုကိုမောင်က ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

 

စတင်ဖွဲ့စည်းတဲ့နေ့မှာပဲ  ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂမှ ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အလားတူပဲ တနိုင်ငံလုံးမှာရှိတဲ့ ခရိုင် လေးဆယ်ကျော်မှာလဲ  ခရိုင်ကျောင်းသားသမဂ္ဂများ ဆက်လက်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

 

ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂမှ ထုတ်ပြန်ကြေငြာချက်

မန္တလေး မြို့တော်ဝန် အကူအညီဖြင့် ဒေါ်စု ဟောပြောရန် နေရာရ

by Mizzima - News in Burmese on Friday, 24 February 2012 at 21:26 ·

မျိုးသန့် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၃ မိနစ်

 

 

ချင်းမိုင် (မဇ္ဈိမ) ။       ။ မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်၏ ကူညီမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း လူထုသို့ ဟောပြောရန် နေရာရရှိသွားပြီ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။

 

ဦးဖုန်းဇော်ဟန်၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီပိုင် ချမ်းမြသာစည်မြို့နယ်

အောင်ပင်လယ် ရပ်ကွက် ၅၁ လမ်းနှင့် အောင်ဇေယျ လမ်းထောင့်ရှိ ပလပ်မြေအတွင်း သောကြာနေ့က ရရှိသွားခြင်း

ဖြစ်သည်။

 

"မနေ့က (ကြာသပတေး) မြို့တော်ဝန်ကနေ ခေါ်ပြီးတော့ ကွင်းစီစဉ်ပေးတယ်ပေါ့။ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်လိုက် တဲ့ သဘောပါ။ ကျနော်တို့လည်း ကျေးဇူးတင်ပါတယ်" ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

 

ဗိုလ်မှူးချုပ်ဟောင်း ဦးဖုန်းဇော်ဟန်သည် ၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း မန္တလေးတိုင်း လွှတ်တော်အတွက်

အောင်မြေသာဇံ မြို့နယ် မဲဆန္ဒနယ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ပြီး မြို့တော်ဝန်နှင့် မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီး ဖြစ်လာသူ ဖြစ်သည်။

 

သူသည် ၂ဝ၁၁ ခုနှစ် သြဂုတ်လအတွင်းက အာဏာအလွဲသုံးကာ မြေကွက်များ အလွဲသုံးစားပြုမှုဖြင့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဦးရဲမြင့်မှ ခေါ်ယူစစ်ဆေးခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

 

ဦးဖုန်းဇော်ဟန် ခွင့်ပြုသည့်နေရာသည် လူထုပရိသတ် လေးသိန်းခန့် ဝင့်ဆံ့မည်ဟုလည်း ဦအုန်းကြိုင်က ခန့်မှန်းပြီး

ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃ ရက်နေ့တွင် မန္တလေးသို့ လေယာဉ်ဖြင့် သွားရောက်မည်ဟု သိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း မန္တလေးလူထုမှလည်း ကြိုဆိုရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု မန္တလေးတိုင်း လူငယ်တာဝန်ခံ ကိုမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

 

" အောင်နိုင်ရေး အလှပြကားပေါ့ ကျနော်တို့ ဆင်ထားတယ်။ ကားပေါ်မှာ ရွှေရောင် ခွပ်ဒေါင်းကြီးနဲ့ ကြယ်ဖြူကြီးကို ကျနော်တို့ လုပ်ထားတယ်။ မန္တလေး သင်္ကြန် အလှပြကားတွေလိုပေါ့ဗျာ" ဟု ပြောသည်။

 

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ်အတွင်း လူထု ပရိသတ်များမြင်နိုင်၊ ကြားနိုင်ရန် LCD ရုပ်မြင်သံကြား စက်များ ကွင်းအတွင်း တပ်ဆင်နိုင်ရန်  ယုဇန လျှပ်စစ်ပစ္စည်း ကုမ္ပဏီမှလည်း ကူညီသွားမည်ဟု ကိုမျိုးနိုင်က

ပြောသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖေါ်ဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ပြီး ဗထူး အားကစားကွင်းအတွင်း လူထုကို ဟောပြောရန် စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထိုအားကစားကွင်း ကို မငှားခြင်းကြောင့် ခရီးစဉ်ကို ခေတ္တရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

 

ယခုအစီအစဉ်အရ မန္တလေးခရီးစဉ်ကို မတ်လ ၃ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ၄ ရက်နေ့တွင် စစ်ကိုင်း၊ ၅ ရက်နေ့ တွင် တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာ၊ နေပြည်တော် တို့သို့ ပါတီစည်းရုံးရေး လှည့်လည်ဟောပြောမည် ဖြစ်သည်။

 

မတ်လ ၆ ရက်နေ့တွင်လည်း ပဲခူးလူထုသို့ ပါတီစည်းရုံးရေး ဟောပြောမည် ဖြစ်သည်။


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ