Re: [mrsorcerer:19912] Task killer

ကျွမ်းကျင်တယ်လည်း မဟုတ်ရပါဘူး။ ကျွန်တော်လေ့လာနေတုန်းပါ။
task killer က ကွန်ပျူတာမှာဆို Ctrl+Alt+Delete နှိပ်လိုက်ရင် ပေါ်လာတဲ့ Task Manager သဘောပါ။ ဖုန်းဟာ ကိုယ်က ဘာမှ မခိုင်းထားပေမယ့် သူဖာသာသူ နောက်ကွယ်ကနေ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတွေ ပါပါတယ်။ တခါတလေကျတော့ ဖုန်းဟာ ခိုင်းထားတာတွေ များခဲ့လို့ လက်ရှိဘာမှ မခိုင်းပေမယ့် ဟမ်းနေတတ်ပါတယ်။ ဒီအခါမှာ task killer နဲ့ kill လိုက်ရင် ရပ်သွားပါတယ်။ ဖုန်းရဲ့ ဆော့ဖ်ဝဲကို ဒီလိ လုပ်ပစ်တာမဟုတ်ပါဘူး။ ဥပမာ ဂိမ်းတစ်ခုကို ဖွင့်ထားတယ်ဆိုကြပါစို့။ ဖွင့်ရင်းနဲ့ ဖုန်းမှာပါတဲ့ Home ကို နှိပ်လိုက်မိရင် တချို့ဂိမ်းက ထွက်မသွားပဲ နောက်ကွယ်မှာ အလုပ်လုပ်နေပါတယ်။ ကိုယ်ကတော့ စခရင်မှာ မမြင်ရတော့လို့ ဂိမ်းပိတ်သွားပြီလို့ ထင်နေတတ်ပါတယ်။ ဒီအခါကျတော့ ဖုန်းက RAM နိမ့်ရင် ဟမ်းတတ်ပါတယ်။ တခါတလေကျ RAM မြင့်လည်း ခိုင်းခဲ့တာများရင် ဟမ်းတာပါပဲ။ မက်ဆေ့ စတာတွေကိုလည်း မလိုအပ်ရင် kill လုပ်လိုက်နိုင်ပါတယ်။ ပျက်မသွားပါဘူး။ ကောင်းတာက ဖုန်းက ဗားရှင်းမြင့်လို့ ဖန်ရှင်စုံလေလေ ဆော့ဖ်ဝဲတွေ များများသွင်းထားလေလေ ဟမ်းနိုင်လေလေ ဖြစ်တာကြောင့် အခြား စက်မြန်စေတဲ့ ဆော့ဖ်ဝဲ ဘယ်လောက်ကောင်းတာတွေ ထည့်ထားထည့်ထား တစ်ရက်တစ်ခါ၊ နှစ်ရက်တစ်ခါ  ပိတ်/ဖွင့်လုပ်သင့်ပါတယ်။

Touch စခရင် ဖုန်းတွေကို မှန်ပြင် သန့်ရှင်းစွာထားဖို့နဲ့ လက်နဲ့ Touch လုပ်တဲ့အခါမှာလည်း လက်သန့်ရှင်းဖို့၊ နောက်ပြီးတော့ ပါးနဲ့ မှန်ပြင်ကို ကပ်မပြောဖို့ အကြံပေးလိုပါတယ်( ပါးဟာလည်း လက်လိုပါပဲ ထိမိရင် ထိမိတဲ့ ခလုတ်ကို အလုပ်လုပ်စေမှာပါပဲ) ။
အရင်တခါက ပါးက အဆီတစ်ချို့ဟာ မှန်ပြင်နဲ့ ထိ၊ လက်က မသန့်ရှင်းတဲ့ အဆီတစ်ချို့မှန်ပြင်မှာ ကပ်နေရင် နောက်တစ်ကြိမ် ကိုယ့်လက်နဲ့ နှိပ်လိုက်တဲ့အခါကျတော့ နှိပ်တဲ့ ခလုတ်ကို ထိမိပါလျက်နဲ့ အလုပ်လုပ်မပေးတတ်ပါဘူး။ ဒါတွေဟာ စက်ဟမ်းစေတဲ့ အချက်ထဲမှာ ပါဝင်တယ်လို့ ယူဆမိပါတယ်။

2012/2/27 *chawsu* TGI <pun.naing@gmail.com>
Android ဖုန်း  က task killer ဆိုတာ ဘာလဲဟင်...ဖြေပေးကြပါ

--
Good Luck Friend!

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ