အခုတော့ ထိန်းသိမ်းခံလိုက်ရပြီ ဘယ်လိုလုပ်ပေးမလဲ
အကြံလေးပေးလိုက်ပါဦး
On Tue, Feb 28, 2012 at 10:17 PM, All the Myth <allthemyth11211@gmail.com> wrote:
၅၀၀၀ တန်ဖုန်းကတ် ရရှိရေး ဆောင်ရွက်သူ အယောက် ၂၀ ထိန်းသိမ်းခံရ
Browse › Home › မြန်မာ့သတင်း » ၅၀၀၀ တန်ဖုန်းကတ် ရရှိရေး ဆောင်ရွက်သူ အယောက် ၂၀ ထိန်းသိမ်းခံရတောင်ဒဂုံမြို့ နယ် အမှတ် ၇၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လူထုအကြား ငါးထောင်တန်ဖုန်းကတ် ရရှိရေး စာရွက်ဖြန့်ဝေသူ အယောက် ၂၀ ကို ထိန်းသိမ်းထားတယ်လို့ အဲဒီရုံးထဲရောက်နေတဲ့ ကိုထင်ကျော်က ပြောပါတယ်။
"ကျနော်တို့ တောင်ဒဂုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရောက်နေတယ်။ ကျနော်တို့အားလုံး တားခံထားရတယ်။ အခု ကျနော်တို့ ရုံးထဲမှာပိတ်ခံထားရတယ်။ ကျနော်တို့ ခွင့်ပြုချက်မရှိဘဲ လုပ်တယ်ပေါ့ဗျာ။ အဲဒီအတွက် လက်မှတ်ထိုး ခိုင်းထားတယ် ပထမပိုင်းမှာ။"ကိုထင် ကျော်အပါအဝင် ကုန်ဈေးနှုန်းကျဆင်းရေး အင်အားစုဝင်တွေဟာ ဒီမနက်ပိုင်းက လှိုင်သာယာမီးခွက်ဈေး၊ တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးနဲ့ မြောက်ဥက္ကလာမြို့နယ်တွေမှာ ၅၀၀၀ ကျပ်ဖုန်းကတ်ဟာ ပြည်သူတွေ ကုန်ဈေးနှုန်း ကျဆင်းရေးကို အထောက်အကူပြုတဲ့အတွက် သုံးခွင့်ပြုရေး စတာတွေကို ဟောပြောတာ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်ခဲ့ပါတယ်။တောင်ဒဂုံမှာ အဖမ်းခံရတဲ့ ဒေါ်ခင်အေးက "လက်မှတ်ထိုးခိုင်းတာကတော့ ရဲက ထိုးခိုင်းတာပါ၊ တောင်ဒဂုံစခန်းမှူး ဦးဌေးဝင်းက ထိုးခိုင်းတာပါ။ ကျမလည်း စာဖတ်ကြည့်တော့ ဝန်ခံကတိပြုပါသည်။ ဒီစာတွေဝေတဲ့ကိစ္စနဲ့ပတ်သက်လို့ သူတို့ခွင့်ပြုချက်မရှိဘူးပေါ့။ ကုမဏီအသင်းအဖွဲ့ စတာတွေ ခွင့်ပြုချက်ရှိမှသာလျင် ဝေနိုင်တယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် အမ်ဒီစီအက်ဖ်ဆိုတဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအင်အားစုဆိုတဲ့ အဖွဲ့လက်မှတ်ပါတယ်။ ဒါကြောင့် အမ်ဒီစီအက်ဖ် ခေါင်းဆောင် ကိုထင်ကျော်ကိုခေါ်မယ်ဆိုပြီး ခေါ်ရာက ကိုထင်ကျော်ကိုပါ တားမြစ်ခံရတာဖြစ်ပါတယ်။ အထက်လူကြီးကို စောင့်နေလို့ ဆိုပြီး စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်" လို့ ပြောပါတယ်။ဒီလိုတား မြစ်မှုအပေါ် ကိုထင်ကျော်က "ဒီအခြေခံဥပဒေကို သူတို့ကိုယ်တိုင်ချိုးဖောက်နေတယ်ဆိုတာ ကမ္ဘာသိအောင် လုပ်ရမယ်။ သူတို့ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေကို သူတို့မလေးစားဘူး၊ မလိုက်နာဘူး။ အခု ကျနော်တို့ လုပ်ရမယ့်ကိစ္စတွေကို တားဆီးခံနေရတယ်။ သူတို့ရေးဆွဲထားတဲ့ အခန်း (၂) ပုဒ်မ (၃၅၄) နိုင်ငံသားပိုင်ခွင့်ကို ကျနော်တို့ ချိုးဖောက်ခံနေရတယ်။ ကျနော်တို့ ငြိမ်းချမ်းတဲ့နည်းနဲ့လုပ်နေတာ" လို့ ပြောပါတယ်။"မြို့နယ်မှူးနဲ့ ရဲစခန်းမှူးနဲ့ ရောက်လာပြီးတော့ သူတို့ရဲ့ ခွင့်ပြုချက် ပါမစ်မပါတဲ့အတွက် ဝေငှခွင့်မပြုနိုင်ဘူးလို့ ပြောတယ်။ အခြေခံဥပဒေကို ကျနော်တို့က ရှင်းပြတဲ့အခါကျတော့ သူက မြို့နယ်အုပ်ချုပ်ရေးမှူးဆီ သတင်းပို့ပေးဖို့ ပြောတယ်။ ကျနော်တို့က ဒါကို အသိပေးလို့ရတယ်။ ခွင့်ပြုချက်တောင်းစရာ မလိုဘူး။ ဒါဟာ နိုင်ငံသား ရပိုင်ခွင့် ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါနဲ့ မြို့နယ် မရက ရုံးသွားတဲ့အခါကျတော့ လက်ထောက်တွေနဲ့ပဲ တွေ့တဲ့အခါကျတော့ စာတွေပေးတော့ သူတို့က လက်မခံဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ ပြီးသွားတာပေါ့ဗျာ။"သူတို့ရဲ့လှုပ်ရှားမှုကို လာမယ့်ရက်ပိုင်းတွေမှာလည်း ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ဒီနှစ်ဆန်းပိုင်းမှာ ကုမ္ပဏီတခုက တယ်လီဖုန်းဆင်းကတ်တခုကို ကျပ်ငွေ ၅,၀၀၀ နဲ့ ရောင်းပေးမယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်ကြောင့် အစိုးရထုတ်ရောင်းနေတဲ့ ဈေးထက် အဆ ၁၀၀ လောက်သက်သာစေမယ်၊ လူတိုင်း ကိုင်နိုင်မယ်ဆိုပြီး လူထုအကြား ဒီသတင်း ရေပန်းစားခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့ဆက်သွယ်ရေးကတော့ ဒီလိုဖြန့်ချိဖို့ဆိုတာ တည်ဆဲဥပဒေတွေအရဆိုရင် မဖြစ်နိုင်ဘူးလို့ ပြောထားပါတယ်။ဒီဗွီဘီဒေါ်အောင်ဆန်းစုကြည့်ကို မကြိုဖို့၊ မကြည့်ဖို့ မြန်မာ့အသံ ညွှန်ကြားရေးမှူးချုပ်ဦးသိန်းအောင် အမိန့်ထုတ်
Browse › Home › မြန်မာ့သတင်း » ဒေါ်အောင်ဆန်းစုကြည့်ကို မကြိုဖို့၊ မကြည့်ဖို့ မြန်မာ့အသံ ညွှန်ကြားရေးမှူးချုပ်ဦးသိန်းအောင် အမိန့်ထုတ်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း ပါတီစည်းရုံးရေးခရီးစဉ်က
အပြန်မှာ နေပြည်တော် တပ်ကုန်းမြို့ ရှိ မြန်မာ့အသံ ရေဒီယို အသံလွှင့်ရုံမှာ တနိုင်ငံလုံးကို မဲဆွယ်
ပြောကြားမယ့် မိန့် ခွန်းကို အသံသွင်းယူဖို့ ရှိကြောင်းသိရပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့  ထုတ်ပြန်ချက်အရ NLD ပါတီ၏ စည်းရုံးရေး ရုပ်သံအစီအစဉ်ကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ တဆင့် မက်လ ၁၄ ရက်နေ့ မှာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။
မတ်လ ၅ ရက်နေ့မှာ နေပြည်တော်တပ်ကုန်းအသံလွှင့်ရုံကို ဒေါ်အောင်ဆန်းစုကြည် လာရောက်
တဲ့အခါမှာ မြန်မာ့အသံဝန်ထမ်းအားလုံး ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်သူမှ မကြည့်ရ၊ မကြိုရ
လို့ မြန်မာ့အသံညွှန်ကြားရေးမှူးချုပ်ဦးသိန်းအောင်က ၀န်ထမ်းတွေကို အမိန့်ထုတ်လိုက်ပါတယ်။
နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာန ဝန်ထမ်းများကို သောကြာနေ့ မနက်ပိုင်းက သီးသန့် အစည်းအဝေး တရပ် ခေါ်ယူကာ အဆိုပါ အမိန့် ကို ထုတ်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ ဝန်ထမ်းများက ပြောပါတယ်။
ဝန်ထမ်းတွေကို ခေါ်ပြီး အမိန့်ထုတ်တဲ့ အဲဒီအစည်းအဝေးမှာ သူက ၀န်ထမ်းတွေကို တွေ့မှာလား၊ မတွေ့ဘူးလားဆိုပြီးတော့ (၅) ကြိမ်တိတိ မေးတယ်လို့ မြန်မာ့အသံဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ၀န်းထမ်းတွေက မတွေ့ပါဘူးလို့ ဖြေရပါတယ်။ ပြီးတော့ ဦးသိန်းအောင်က အင်တာနက်မကလို့ ကြိုက်တာတင်လို့လည်း ကြိမ်းဝါးလိုက်ကြောင်း မြန်မာ့အသံဝန်ထမ်းများက Myanmar
News Now ကိုပြောပြပါတယ်။
သစ်ထူးလွင်မန္တလေးမြို့ တော်ဝန်ပြောင်းပြီ
Browse › Home › မြန်မာ့သတင်း » မန္တလေးမြို့ တော်ဝန်ပြောင်းပြီမန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီးငှာန မြိုတော့်ဝန် ဦးဖုန်းဇော်ဟန် နေရာ တွင် မန်းတိုင်းဒေသကြီး ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီး ဦးအောင်မောင်းအား ပြောင်းလဲခန့် ထားလိုက်ကြောင်း သမ္မတ၏ သ၀ဏ်လွှာကို ဖေဖေါ်ဝါရီ ၂၈ရက်က ကျင်းပသည့် ဒဿမနေ့ တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး စတင်ချိန်၌ မန်းလွှတ်တော် ဥက္ကဌက ဖတ်ကြား သည်။ မန်းမြို့  တော်ဝန် ဦးဖုန်းဇော်ဟန်အား ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့် ထားလိုက်ကြောင်းသိရသည်။ "သတင်းစာထဲမှာ မြို့ တော်ဝန်ပုံကို မထည့်ခိုင်းတာကြာပြီ။ မြို့ တော်ဝန်ပြောင်းသွားတာ ဟုတ်လားလို့ ခဏခဏ သတင်းထွက် နေတာကြာလှပါပြီ အခုတော့ သေချာသွားပြီ" ဟု မန်းမြို့ ရှိ သတင်းထောက် တစ်ဦးကပြောပြသည်။ ယခုမြို့ တော်ဝန်အသစ် ဦးအောင်မောင်းသည် တိုင်းဒေသကြီး အဖွဲ့ တွင် ဘဏ္ဍရေးနှင့် အခွန် ၀န်ကြီးအဖြစ် ဆောင်ရွှက်နေသူ ဖြစ်ပြီး ယခင်က မန်းတက္ကသိုလ်မှ ပါမာက္ခဟောင်း ဖြစ်ကြောင်းသိရသည်။ ဦးဖုန်းဇော်ဟန်ကို မြို့ တော်ဝန်အဖြစ် ၂၀၁၁ မတ် ၃၀ရက်က စတင် ခန့် အပ်ခဲ့ခြင်းဖြစ်ပြီး ယခင်အစိုးရလက်ထက်တွင်လည်း မန်းမြို့ တော်ဝန်ဖြစ်ခဲ့သည်။ ဒီနေ့ လွှတ်တော် ကျင်းပတော့ စည်ပင်နဲ့ ဆိုင်တဲ့အမေးတွေကို ဦးအောင်မောင်း(မြို့ တော်ဝန် အသစ်) ကဖြေကြားပြီး ၊ ဘဏ္ဍရေးနဲ့  ဆိုင်တဲ့ မေးခွန်းတွေကို ဦးဖုန်းဇော်ဟန်က ဖြေကြား ခဲ့ကြောင်းလွှတ်တော်ရောက် သတင်းယူသော သတင်းထောက်တစ်ဦး ကပြောသည်။ပေါ်ပြူလာဂျာနယ်မန္တလေးမြို့တော်ဝန်အသစ် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့်နေရာ ဆက်လက် အသုံးပြုခွင့်မသိသေးဟုဆို
Browse › Home › မြန်မာ့သတင်း » မန္တလေးမြို့တော်ဝန်အသစ် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့်နေရာ ဆက်လက် အသုံးပြုခွင့်မသိသေးဟုဆိုမတ်လ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် အောင်ပင်လယ်နေရာနှင့် ပတ်သက်၍ ဆက်လက် အသုံးပြုခွင့် ပေးမပေးကို ယနေ့စတင် တာဝန်ထမ်းဆောင်သော မြို့တော်ဝန်အသစ် ဦးအောင်မောင်းက မသိသေးကြောင်းပြောသည်။ "မသိသေးဘူးခင်ဗျ၊ ဒါတွေကြိုပြီးတော့ မသိဘူးခင်ဗျ၊ ဘာမှမလေ့လာ ရသေးဘူး၊ အဓိကကလည်း အဲဒါက ရွေးကောက်ပွဲ ကော်မရှင်က လုပ်ထားတဲ့စည်းမျဉ်းဥပဒေတွေနဲ့ ခွင့်ပြုထားတာပါ။ ဆက်လက် အသုံးပြုခွင့်ပေးမပေးဆိုတာ မသိသေးပါဘူးဟု မြို့တော်ဝန်အသစ် ဦးအောင်မောင်းက ပြောကြားသည်။" "အရင်လူလုပ်သွားတာကို နောက်လူကဖျက်လို့မှ မရတာ၊ ဆက်ခွင့်ပြုမယ်ထင်ပါတယ်"ဟု မန်းမြို့ခံတစ်ဦးကပြောသည်။ မန္တလေးသို့ မတ်လ ၃ ရက်နေ့တွင် မဲဆွယ်စည်းရုံးရေး ခရီးစဉ်လာရောက်မည့် ဒေါ်အောင်ဆန်း စုကြည်က ဟောပြောရန်နေရာကို ၅၀ လမ်းနှင့် ၅၁ လမ်းကြား၊ ၅၁ လမ်းနှင့် အောင်ဇေ ယျလမ်း၊ အောင်ပင်လည်၊ ချမ်းမြသာစည်ရှိ စည်ပင်ပိုင်မြေကွက်လပ်တွင် စည်ပင်မှ ခွင့်ပြု ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ် သည့် တိုင်းဒီချုပ် စာနယ်ဇင်းတွေ့ဆုံပွဲတွင် မန်းတိုင်း အောင်နိုင်ရေး ဥက္ကဌ ကပြောသည်။ မန္တလေးမြို့သူမြို့သား များသည် ဒေါ်အောင်ဆန်း စုကြည် ဟောပြောပွဲအတွက် ရွှေခွပ်ဒေါင်း၊ ခွပ်ဒေါင်း အလှပြ ကားများ ပြင်ဆင်နေပြီ အဆိုပါကွင်းသို့ သွားရောက်လေ့လာ သူများ ရှိနေကြောင်း သိရသည်။
ပေါ်ပြူလာဂျာနယ်ကျိုက်ထီးရိုးဘုရားအနီးတောမီးရက်ဆက်လောင်ကျွမ်းမှုကြောင့် ဒေသခံများ စိုးရိမ်
Browse › Home › မြန်မာ့သတင်း » ကျိုက်ထီးရိုးဘုရားအနီးတောမီးရက်ဆက်လောင်ကျွမ်းမှုကြောင့် ဒေသခံများ စိုးရိမ်ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
နှစ်စဉ် ဘုရားဖူးပြည်သူများ အများဆုံး လာရောက်လည်ပတ်လေ့ ရှိသော ကျိုက်ထီးရိုးဘုရားရင်ပြင်တော် လမ်းဆုံ၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်ကာ တောမီးလောင်ကျွမ်းမှု ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်လျှက် ရှိကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် The Voice Weekly သို့ ဆက်သွယ် ပြောကြားချက်အရ သိရှိရသည်။အဆိုပါ တောမီး လောင်ကျွမ်းမှုသည် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ စတင်ကာ လောင်ကျွမ်းနေခြင်း ဖြစ်ပြီး တောမီးသည် ကူးစက်ကာ ဆက်တိုက်လောင်ခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ကျိုက်ထိုဟိုတယ် အောက်ခြေနားထိ ရောက်ရှိနေပြီး ကျိုက်ထီးရိုးဘုရား တောင်ပေါ်အထိ ရောက်ရှိနိုင်သဖြင့် ဘုရားရင်ပြင်တော်ပေါ်ရှိ ဆိုင်ခန်းရှင်များနှင့် ဒေသခံများ ပစ္စည်းများ ထုတ်ပိုးကာ ရွှေ့ပြောင်းရန် အသင့်ပြင်ဆင် ထားရကြောင်း ကျိုက်ထီးရိုးဘုရား ပေါ်တွင် အလှကုန်ပစ္စည်းများ ရောင်းချသည့် အမျိုးသားတစ်ဦးက ဆိုသည်။" အပေါ်မှာ မီးသတ်ဖို့ ရေ အဆင်မပြေဘူး ကျိုက်ထိုမီးသတ်က မီးသတ်ကား တစ်စီးတော့ ရောက်လာတယ် အခုအချိန် ထိတော့ လောင်နေတုန်းပဲ " ဟု ၎င်းက ဆိုသည်။ယင်းမီးလောင်မှုနှင့် ပတ်သတ်၍ ကျိုက်ထိုမီးသတ်သို့ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ တောမီးလောင်မှု အခြေအနေမှာမီးငြိမ်းသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တာဝန်ကျအရာရှိက ပြန်လည် ဖြေကြားသည်။The Voice.
ဒုတိယသမ္မတ၏ပြောစကားကို သံတွဲမြို့ခံများဝေဖန်
Browse › Home › မြန်မာ့သတင်း » ဒုတိယသမ္မတ၏ပြောစကားကို သံတွဲမြို့ခံများဝေဖန်ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၂ (YPI)
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ သံတွဲခရီးစဉ်တွင် မီးဘေးသင့် ဒွါရာဝတီဈေးသူဈေးသား များနှင့် နှစ်မိနစ်ကြာတွေ့ဆုံရာ၌ ဈေးသစ်ပြန်လည်ဆောက်လုပ်ပေးရန် နိုင်ငံတော်တွင်ငွေကြေးမရှိကြောင်းနှင့် ကိုယ်ထူကိုယ်ထပြန်လည်လုပ်ဆောင်ရန်ပြောကြားချက်ကို ဒေသခံများက ဝေဖန်လျှက်ရှိသည်။
ယမန်နေ့ နေ့လည် ၂း၄၅ တွင် သံတွဲမြို့သို့ရောက်ရှိ လာသောဒုတိယသမ္မတသည် ညနေ ၅း၂၀ တွင် သံတွဲမြို့နယ်ခန်းမ၌ ဒွါရာဝတီဈေးသူဈေးသားများနှင့်တွေ့ဆုံစဉ် ဒေသခံများ၏ တင်ပြချက်အပေါ် ယခုကဲ့သို့ပြန်လည်တုန့်ပြန်ခဲ့သည်ဟု ၎င်းတွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူများကပြောသည်။
သံတွဲ ဒွါရ၀တီဈေး မီးလောင်နေစဉ်
တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူတစ်ဦးက "နှစ်မိနစ်လောက်ပဲကြာမယ်၊ရောက်လာတာနဲ့ စင်ပေါ်တောင်မတက်ဘူး။ လူတွေရှေ့ မှာပဲရပ်ပြီး ကျွန်တော်တို့မှာ အချိန်သိပ်မရှိဘူးလို့ပြောတယ်။ပြီးတော့ ဒီလိုမီးလောင်တိုင်းလိုက်လုပ်ပေးဖို့ နိုင်ငံတော်မှာ ငွေမရှိဘူး။ဒါကြောင့် ကိုယ်ထူကိုယ်ထလုပ်ကြဖို့၊ စည်းစည်းလုံးလုံးရှိကြဖို့ပြောပြီး ပြန်ထွက်သွား တယ်" ဟုပြောသည်။
သက်ဆိုင်ရာက ကြိုတင်စီစဉ်ထားသောကြောင့် ဈေးသူဈေးသားတစ်ရာခန့်တက်ရောက်ခဲ့ပြီး ဈေးကော်မတီမှ တာဝန်ခံသုံးဦးက ဒုတိယသမ္မတထံလက်ရှိ အခြေအနေများကို တင်ပြရန်လည်း စီစဉ်ထားခဲ့ သည်။ သို့သော် ဒုတိယသမ္မတရောက်ရှိလာသောအခါ မိနစ်အနည်းငယ်မျှသာ စကားပြောပြီး ချက်ချင်း ပြန်လည်ထွက်ခွါသွားခဲ့သည်။
"ဒီစကား(ဒုတိယသမ္မတပြောစကား)က အခုခဏလေးမှာပဲ တစ်မြို့လုံးလိုလို ပြန့်သွားပြီ။ ဈေးသူဈေးသားတွေကတော့ မကျေမနပ်နဲ့ဝေဖန်နေကြတယ်" ဟု သံတွဲမြို့ခံတစ်ဦးကပြောသည်။
ယခုလ ၁၁ ရက်က သံတွဲမြို့၊ ဒွါရာဝတီဈေးမီးလောင်မှုကြောင့် ဆိုင်ခန်း ၉၀၀ ကျော်ရှိသည့်အနက် ၇၄၀ ကျော်ပျက်စီးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၆၅၀၀ ကျော်ရှိသည်ဟု သက်ဆိုင်ရာဋ္ဌာနများက တွက်ချက်ထုတ်ပြန်ထားသည်။ပြင်ဦးလွင်တွင် အမျိုးသမီးခန္ဓာနောက်ပိုင်း ဓားဖြင့်ထိုးသူဖမ်းမိ
Browse › Home › မြန်မာ့သတင်း » ပြင်ဦးလွင်တွင် အမျိုးသမီးခန္ဓာနောက်ပိုင်း ဓားဖြင့်ထိုးသူဖမ်းမိပြင်ဦးလွင်မြို့ နယ်တွင်း ကိုယ်ခန္ဓာလှပ ထွားကျိုင်းသူ မိန်းခလေးများ၏ တင်ပါးကို
ဓားဖြင့်လိုက်လံထိုးသူ အသက်(၃၀)အရွယ် အမျိုးသားတဦးကို ပြင်ဦးလွင် ရဲတပ်ဖွဲ့ 
စခန်းက ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းဖမ်းမိထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့ 
စခန်းမှ ရဲအရာရှိတဦးက ပြောကြားသည်။
အဆိုပါ အမျိုးသားမှာ အသက်(၃၀)အရွယ်ရှိသူ လာဘားအမည်ရှိပြီး ကိုယ်ခန္ဓာ
အချိုးအစားလှပသူ၊ ထွားကျိုင်းသူအမျိုးသမီးများကို ဆိုင်ကယ်စီးနင်းကာ ဓားဖြင့်
လိုက်ထိုးကြောင်း ပြင်ဦးလွင်မြို့ ခံ ပရဟိတလုပ်ငန်းလုပ်ကိုင်သူ အသက်(၄၀)အရွယ်
အမျိုးသားတဦးကဆိုသည်။
"တချို့ ဆိုရင် ဓါးတန်းလန်းနဲ့ ဆေးရုံးရောက်လာတာရှိတယ်"ဟု ၄င်းကဆိုသည်။
လတ်တလောတွင် အမျိုးသမီးသုံးဦးခန့် သာ လာရောက်အမှု့ ဖွင့်တိုင်ကြားထား
ကြောင်း၊ ယင်းကဲ့သို့ ဓားနှင့်ထိုးခံရမှုဖြစ်ပွါးရာတွင် ၁၀ ဦးခန့် ရှိကြောင်း ပြင်ဦးလွင်
မြို့ နယ် ရဲတပ်ဖွဲ့ စခန်းကဆိုသည်။
အမျိုးသမီးတင်ပါးဓားဖြင့်ထိုးသူဟု စွပ်စွဲခံရသူကို နာကျင်စေမှု၊ လိုင်စင်မဲ့ ဆိုင်ကယ်
စီးနင်းမှု၊ လက်နက်ကိုင်ဆောင်မှုအပါအ၀င် အမှုသုံးခုဖြင့် တရားစွဲဆိုထားပြီး စစ်
ဆေးလျှက်ရှိကြောင်း ယင်းရဲစခန်းက တာဝန်ရှိသူတဦးက ဆိုသည်။
ယခင်ကပြုလုပ်ခဲ့သော ညံတောဘုရားပွဲတွင် အမျိုးသမီးများ သိပ်မတွေ့ ရတော့
ကြောင်း၊ ပြင်ဦးလွင်တွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ညဘက်၌ အမျိုးသမီး
များအပြင်သိပ်မထွက်ရဲတော့ကြောင်း ပြင်ဦးလွင်မြို့ ခံများက ပြောကြားသည်။
ယင်းကဲ့သို့ ဓားထိုးမှုနှင့်ပါတ်သတ်၍ မည်ကဲ့သို့ ကြောင့် ထိုးသည်ကို ပထမ သတင်း
ပေးတိုင်းကြားမှုကို ဆက်သွယ်မေးမြန်းရာတွင် စခန်းမှူးမရှိသောကြောင့် နောက်မှ
ဆက်သွယ်ပါရန် တာဝန်ကျရဲအရာရှိက ဆိုသည်။
"အမိန့် နဲ့ အုပ်ချုပ်တဲ့အဖွဲ့ အစည်းဖြစ်တာကြောင့် ဖြေလို့ မရပါဘူး"ဟု ၄င်းက ဆိုသည်။
The Voice
MNN
Regards-
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ