Re: [mrsorcerer:19934] ဧည့်စာရင်း ဟာ ပြည်သူကိုခတ်တဲ့ သံကြိုးလား ?

မနေ့ကတောင် ဧည့်စာရင်းတိုင်ခဲ့ရသေးတယ်
ပြီးတော့ ရပ်ကွက် ရန်ပုံငွေဆိုလား ဘာလားမသိဘူးတောင်းလို့ 1000 ထည့်ခဲ့ရသေးတယ်

On Wed, Feb 29, 2012 at 8:26 AM, YuShweYiTun <antiquatedmail@gmail.com> wrote:

ကာတွန်းလေးတစ်ခုတော့ ပြလိုက်မယ် ။ အားလုံး  သဘောပေါက်နိုင်ပါစေ ။ 

2012/2/28 navy bellkzw <navybellkzw@gmail.com>
ဟုတ်တယ်...၀န်းထမ်းအများစုကိုလာဘ်မျော်နေကြတယ်...မမျှော်တဲ.လူကိုတော.တကယ်လေးစားမိပါတယ်

2012/2/28 လင်းဇော်ထက် <linnzawhtike@gmail.com>
navy bellkzw ကျနော် ပြောကြည်.မယ်နော်
( ၀န်ထမ်းတွေ.လစာတိုးပေးလည်း..
ဝန်ထမ်းတွေရဲ..ဒီချီးပေနေတဲ.စိတ်ဓာတ်ကြီးပျောက်ပါ.မလားထိုင်းတွေနေမိတယ်။..) ၀န်ထမ်းတွေ ဆိုတဲ့နေရာမှာဆိုတာက အကုန်လုံးကို ၀ါးလုံးရှည်နဲ. ရမ်းသလိုဖြစ်နေပါတယ် လာဘ်ပေးတယ် ယူတယ်ဆိုတာကလဲ အောက်ခြေ၀န်ထမ်းတော်တော်များများ မလုပ်ဘူးသူတွေ ရှိပါတယ်။ကျနော်မြင်သလောက်လေးပါ။

2012/2/28 navy bellkzw <navybellkzw@gmail.com>
ရုတ်ချည်းအမှန်တရားကိုခုန်ကူးပစ်လို.အသားမကျဘူးထင်ပါတယ်....ဥပမာ..မြန်မာ.မီးရထားလက်တွေကအပိုကြေးလုံးဝပေးစရာမလိုဘူးလို. တံဆိပ်ခတ်နိပ်ထားတာပဲ...ဒါပေမယ်...အစွန်းထွက်ငွေကလေး  ဒါမှမဟုတ်....လက်ဖက်ရည်ဖိုးပေးပေါ.ဗျာ...နေရာကောင်းလေးလုပ်ပေးပါ.မယ်ဆိုတာမှိုးပေါ...အပိုကြေးမပေးလို.ကတော...သူတို.ကလည်းသူတို.လုပ်ပိုင်ခွင်.ထဲက...လက်မှတ်ဝယ်သူကို 
သူတို.လုပ်ပိုင်ခွင်.ထဲက..အပိုကြေးပေးရတာထက်စိတ်ညစ်စေတဲ.ချိန်မှတ်ခြင်းနည်းပညာတွေနဲ.လက်မှတ်ဝယ်သူကိုစိတ်ဓာတ်ပါကျသွားစေလောက်အောင်.စာအုပ်ထူထူကြီးလုပ်ပြတတ်ပါတယ်...အဲမှာ..အပိုကြေးစနစ်ကခုထိမပြတ်ပဲ လက်မှတ်ပေါ်မှာပဲမမေးရပါဘ၀ရောက်နေတာပါ...သန်းခေါင်စာရင်တိုင်ရင်လည်းထိုနည်းလည်းကောင်းပဲ...မြန်ချင်ရင်ပိုက်ဆံများများပေးလိုက်....ပိုက်ဆံမပေးလို.ကတော...လက်မှတ်ထိုးပေးမယ်.လူမရှိလို...ဘာပြုလို...ညာပြုလို.အကြာင်းပြပြီး..ချိန်မှတ်နေလိုက်ပုံက....ပိုက်ဆံထုတ်ပေးလိုက်တာကမှတော်သေးတယ်ဆိုတဲ...မွဲပြာပုဆိုးဇာတ်လမ်းထံပြန်ပြီးအသွင်ပြောင်းသွားရပါတယ်...ပြောချင်တာကအထက်ကကြိုက်သလောက်ဥပဒေထုတ်....တကယ်လိုက်နာဆောင်ရွက်ကြတဲ.အောက်က၀န်ထမ်းတွေ...ဥပဒေသတွေကိုလက်တစ်လုံးခြားလုပ်အရည်ကြိုသောက်နေသ၍လာဘ်ပေးလာဘ်ယူစနစ်တွေကပပျောက်မယ်မထင်တော.ပါဘူး.၀န်ထမ်းတွေ.လစာတိုးပေးလည်း..၀န်ထမ်းတွေရဲ..ဒီချီးပေနေတဲ.စိတ်ဓာတ်ကြီးပျောက်ပါ.မလားထိုင်းတွေနေမိတယ်။..

2012/2/27 Moekyaw Thant <moekyawthant@googlemail.com>

---------- Forwarded message ----------
....မိတ်ဆွေ များ ခင်ဗျား......
    အရပ်သား...အစိုးရ တက် လာပြီးကတည်းကစရ်ျ...ဧည့် စာရင်း..လုံးဝ ( လုံးဝ )    မတိုင်ကြားရတော့ပါ...။
...တစ်ချို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက.....မှေးပြီး..လူထု ရဲ့...အသိပညာ နည်းခြင်း ၊...နှင့်အကြောက်တရားများ...ကို...အခွင့်ကောင်းယူရ်ျ...၂၀၀၈.ဖွဲ့စည်းပုံ..အခြေခံ ဥပဒေ...ပါ..နိုင်ငံသားများဧ။် အခြေခံ...အခွင့်အရေးများကို..ပိတ်ပင်ထားပါတယ်..။ လူထု အနေနဲ့ ကလည်း....စာ ကို များများဖတ်သင့်ပါတယ်......။ ဒါမှ...အလိမ် မခံရမှာလေ....။....လိမ်တဲ့ သူ ကတော့ သူ့ ကုသိုလ်နဲ့ သူ သွားမှာပဲ..လေ..။ တစ်ခါ...လိမ် ခံ ရရင် ..သူ့အပြစ်..ပေါ့..နှစ် ခါ် ဆို ရင်တော့..ကိုယ် ညံ လို့ ဖြစ်သွားပါလိမ့်မယ်..။ လေ့လာပါ....စူးစမ်းပါ..။ မေးပါ.....ဘယ်သူ့ ကို မှ..မကြောက်ပါနဲ့...( ဟုတ်တာ လုပ်တဲ့ သူ ကို ပြောတာနော်..)... အကြောက်တရားကင်းတဲ့..လူ့ အဖွဲ့ အစည်း တောင်..ပေါ်နေပါပြီ..။မျက်စိတွေ ကျယ်ကျယ်..ဖွင့်ပြီးနားတွေ ကြီကြီးစွင့်ထားပါ...။ မသိ နားမလည်သေးသော..သူများကို..ရှင်းပြပါ..ကာကွယ်ပေးပါ..။

လေးစားချစ်ခင်စွာဖြင့်..
မိုးကျော်သန့်

မှန်ပါတယ်  ။ ဧည့်စာရင်းနိုင်ငံသားစိစစ်ရေးကဒ်ပြားရှိတဲ့လူတယောက်ဟာမြန်မာနိုင်ငံအတွင်းကြိုက်တဲ့နေရာသွားခွင့်အိပ်ခွင့်ရသင့်ပါတယ်။သားသမီးကမိဘအိမ်သွားလည်လဲခွင့်တိုင်ရ
၊ မိဘကသားသမီးအိမ်သွားလည်လဲတိုင်ရနဲ့ ၊တော်တော်စိတ်ပျက်စရာကောင်းတယ်။
ရန်ကုန်ဆိုပိုဆိုးပါတယ်အလုပ်နဲ့နီးစပ်သလိုအဆင်ပြေအောင်နေရတာ။အိမ်အပိုင်မဟုတ်ရင်သန်းခေါင်စာရင်းမပေးဘူးဆိုတော့ခက်တာပေါ့။
ကျွန်မတို့ဆိုအိမ်ပိုင်ရှိတဲ့ရပ်ကွက်မှာသန်းခေါင်စာရင်းရှိပေမယ့်အလုပ်ကြောင့်
တိုက်ခန်းငှားနေတဲ့နေရာမှာသန်းခေါင်စာရင်းလုပ်လို့မရဘူး။
ရှိတဲ့သန်းခေါင်စာရင်းပြပြီးယာယီသန်းခေါင်စာရင်းပေးပါဆိုတော့လည်းမရဘူး။ဧည့်စာရင်းတိုင်ရတာအရမ်းစိတ်ပျက်တယ်။
လူတွေကအားအားယားယား
တွေမှမဟုတ်တာ။ကိုယ့်ပြည်တွင်းမှာတောင်လွတ်လပ်စွာနေခွင့်မရသေးဘူး။
ဗိုလ်ချုပ်ကလွတ်လပ်ရေးအရယူပေးခဲ့ပေမယ့်
ကျွန်စနစ်တွေကိုအခုထိကျင့်သုံးနေတာဘာ့ကြောင့်လဲသိဘူ။

On 2/27/12, demonprince13 <demonprince13@gmail.com> wrote:
> ဧည့်စာရင်း ဟာ ပြည်သူကိုခတ်တဲ့ သံကြိုးလား ?
>
>
>         အောက်က သတင်းလေးကို ဖတ်လိုက်ရတော့ ကျနော် နေတဲ့ မြို့သစ်က
> ရပ်ကွက်ရုံးကို ပြေးသတိရမိတယ် ။ ကျနော်က အရင် က အင်းစိန်မှာနေတယ် ။
> သန်ခေါင်စာရင်းနဲ့ နေတယ်ဆိုတော့ ဧည့်စာရင်း
> တိုင်ကြားရတဲ့ ဒုက္ခကိုမသိဘူး ။ အဲ့ ဒီ မြို့သစ်ကိုရောက်တော့
> ဧည့်စာရင်းတိုင်ရရော . . . အမယ် သူတို့က ဧည့်စာရင်းကို စာအုပ်နဲ့ဗျ ။
> ကျနော်အရင်က မြင်ဖုးတဲ့ ဧည့်စာရင်းတွေက စာရွက်လေးနဲ့လေ ။
> အခုက အိမ်ဌားပြီဆိုင် အိမ်ရှင် အိမ်ဌားချုပ်ထားတဲ့ စာချုပ် ကို ရပ်ကွက်
> အုပ်ချုပ်ရေးရုံးကို ယူလာပြရတယ် ။ သူတို့ က အဲ့ဒီစာချုပ်ကို ကြည့် ပြီး
> တံဆိပ်တုံးတွေ ဘာတွေထုပေးတယ်ပေါ့ ။ သူတို့ တံဆိပ်တုံး
> ထုပေးမှ တရားဝင်ပါသတဲ့ ။ တံဆိပ်တုံး ထုခတော့ ၄၀၀၀ ပေးရတယ် ။ ဒါတင်မက
> ဧည့်စာရင်းစာအုပ်ခ ၅၀၀ ဆိုပြီးသပ်သပ်ပေးရတယ်ဗျ ။ အကုန်လုံးပေါင်းရင်
> ဧည့်စာရင်းစာအုပ်တစ်အုပ်ရဖို့ ပိုက်ဆံ အနည်း
> ဆုံး ၅၀၀၀ လောက်ကုန်တယ် ။ ဒါက အစ ။
>
> ဧည့်စာရင်းကိုတော့ တခါတိုင်ရင် ၁၅ ရက်စာလောက်ပေးတယ် ။ ဆိုးတော့မဆိုးဘူးလို့
> ပြောရမှာပေါ့ ။ တချို့ ရပ်ကွက်တွေမှာ တပါတ်ဆယ်ရက်ပဲပေးတာကိုး ။ ကျနော်တို့
> ရပ်ကွက်လေးက အဲ့ဒါတော့ကောင်းတယ် ။
> ဒါပေမယ့် မကောင်းတာက ဧည့်စာရင်း တိုင်မဲ့ ရက်ကျော်သွားရင် တရက်ကို အုတ်နီခဲ၅
> လုံးပေးရတယ်ဗျ ။ ကျနော်ဆို တခါက ခရီးသွားနေတော့ ဧည့်စာရင်းမတိုင်မိဘူး ။
> တပါတ်လောက်ရက်ကျော်သွားတယ် ။
> အုတ်ခဲ အလုံး လေးဆယ်လောက် လျှော်ပေးလိုက်ရပါရောလား ။ အဲ့ဒါ ဒဏ်ကြေးတဲ့ဗျာ ။
> မရှိဆင်းရဲသားတွေ နေတဲ့ မြို့သစ်ပါဆိုမှ . . . အဲ့လိုကြီး တရက်ငါးလုံး
> ဆိုတွက်ကြည့်ဗျာ ။ အုတ်နီခဲက တလုံး ကို ကိုးဆယ်တရာ
> ဆိုတော့ တလုံးတရာနဲ့ပဲတွက် ၁၀၀ × ၄၀ = ၄၀၀၀ ။ အဲ့ဒါ တပါတ်ရက်ကျော်လို့
> လျှော်ရတာ ။ အဲ့ဒီလေးထောင်ဆိုတာ ကျနော်တို့ အိမ်နားက မိသားစုလေးတွေအတွက်
> ၂ရက်ဈေးဖိုးလောက်ရှိတယ်ဗျ ။ အဲ့လို ။
> တကယ်လို့ ကျနော်သာ တလလောက်ခရီးသွားမယ်ဆိုရင် တွေးကြည့်ပေါ့ ။ တပါတ်ကိုလေးထောင်
> ဆိုတော့ တလ သောင်းခြောက်ထောင်  . . . နင့်ရောပဲ ။ အဲ့ဒါမလျှော်နိုင်ရင်
> ဧည့်စာရင်းမပေးဘူးဗျ ။စဉ်းစားကြည့် ။
> မပေးပဲနေပြန်ရင်လည်း ဧည့်စာရင်းစစ်ရင် အဖမ်းခံရမယ် . . . ရုံးကိုရောက်မယ် ။
> တသောင်းလောက် လျှော်ရမယ် ။ ကဲ ဘယ်ဘက်က တွက်တွက် မချောင်လှဘူး ။
> ကျနော်တွေးကြည့်မိတယ် ။ ငါတို့ ဘာအပြစ်တွေ
> များလုပ်ထားလို့ ဒီလို သွားသွားအကြောင်းကြားနေရတာလဲ . . . ဧည့်စာရင်းမတိုင်တာ
> ရာဇ၀တ်မှု့လား . . . ကိုယ့်ဟာကိုယ်အေးဆေးမနေရဘူုးဗျာ ။ ညတစ်နာရီ နှစ်နာရီ
> အိမ်ထဲထိ ၀င်ပြီး ဧည့်စာရင်းစစ်တာတွေ့
> ဖူးတယ် ။ ထားတော့ ထားတော့ ။
>
>    တခါကလည်း ကျနော့် အဖေအိမ်ရှိတဲ့ လှိုင်သာယာ ကိုအလည်သွားတာ . . .
> မိုးအရမ်းချုပ်သွားတော့ . . . အဖေက အိပ်ခိုင်းတာနဲ့ပဲ သူ့အိမ်မှာ အိပ်လိုက်တယ်
> ။ တရက်ထည်းဆိုတော့ အဖေလည်း ဧည့်
> စာရင်းမတိုင်မိဘူးထင်ပါရဲ့ ။ ညကျတော့ ဧည့်စာရင်း စစ်ရောဗျို့ ။ ရဲတွေရော
> လူကြီးတွေရော မီးသတ်တွေရော အိမ်တံခါးတွေ ဖွင့်ခိုင်းပြီးစစ်တာ ။ အဲ့ဒါမှ
> ကျနော် ခွကျတော့တာပဲ ။ ကျနော့်လွယ်အိပ်ကသွား
> လေရာပါတယ် . . . လွယ်အိပ်ထဲက ကဗျာစာအုပ်ထဲမှာလည်း ( အဲ့တုန်းကပေါ့လေ )
> ဒီမိုကရေစီအကြောင်းရေးထားတဲ့ ကဗျာတွေ ၊ အစိုးရဝေဖန်ထားတဲ့ ကဗျာတွေ
> ဆောင်းပါးတွေ နဲ့ မိလို့ကတော့ ကျနော်မ
> ချောင်ဘူး ။ ဆိုတော့ တအိမ်လုံးမှာ အလုံခြုံဆုံးနေရာဖြစ်တဲ့ အိမ်သာ ရဲ့
> တခါးရွက်နောက်မှာ ပုန်းနေရတယ် ။ ခြင်ကကိုက်  အနံ့ကနံ . . . ဒုက္ခ ဒုက္ခ ။
> ဒါတောင် မီးသတ်ရဲဘော်ကြီးတွေ က အိမ်သာထဲကို ဓါတ်မီး
> နဲ့ လှမ်းထိုးကြည့်နေလို့ ငြိမ်ကုတ်နေရသေးတယ် ။
>
> ဖြစ်နိုင်ရင် . . . ဒီဧည့်စာရင်း ကိစ္စကြီးကိုဖျက်သိမ်းဖို့ကောင်းနေပြီ ။
> အိမ်ထောင်စုတွေကို သန်းခေါင်စာရင်းထုတ်ပေးပေါ့ . . . ချက်ခြင်းတော့
> မဖြစ်တာသေချာပါတယ်။ ပြီးတော့ ပြေး၎ပြေးကိစ္စတွေ နိုင်နင်းသွားရင်
> တော့ ဒီဧည့်စာရင်း ထုံးတမ်းစဉ်လာကြီးကို ဖျက်သိမ်းရင်ကောင်းမယ် ။ အခုဟာက
> ပြည်သူလူုထု ကို သံကြိုးခတ်ထားသလို ဖြစ်နေတယ် ။ လွတ်တော်ကိုယ်စားလှယ်တွေ
> ဒီကိစ္စကို အဆိုတင်မဲ့ နေ့ကို ပဲ စောင့်မျှော်
> ရင်း ၁၅ ရက်တခါ ဧည့်စာရင်းတိုင်နေရပါတော့တယ် ။
>
> *
>
>
> *
> * မာဃလုလင်*
>
> *  (http://margaluelin.blogspot.com/*)
>
>
>
>
>
> ဧည့်စာရင်းတိုင်ကြားရာတွင် ငွေကောက်ခံခြင်းမပြုရတော့
>
>
>
> <https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSrz_5bFW8QB_ntWLcDdzQXXN36Cn97NEcAP7hk0EbJmRHK86mX0IGklawtvBabgbVCkxH7rTQ1o66VmEPIc4au5eNxm9t_a0AGULrfiOfg2dH-nWc0pXgRnNEnAQW04jrGMzxByLqs0Sz/s1600/Myanmar+Currency+-+Money+-+500+Kyat.jpg>
>   ဧည့်စာရင်း တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်း မပြုရသော ဥပဒေကို
> နိုင်ငံတော်သမ္မတ သည် ဖေဖော်ဝါရီ ၂၄ရက်က လက်မှတ် ရေးထိုးအတည်ပြု
> ပြဌာန်းလိုက်ပြီဖြစ် ကြောင်း သိရသည်။
>  အဆိုပါဥပဒေကို ဖေဖော်ဝါရီ ၂၄ရက်က ထုတ်ပြန်လိုက်ပြီး ဥပဒေတွင် ပါသည့်အခန်း ၁၅
> အထွေထွေ ပုဒ်မ ၃၃ တွင် ရပ်ကွက် ကျေးရွာများ၌ ဧည့်စာ ရင်းတိုင်ကြားရာတွင်
> ငွေကြေးတစ်စုံတစ် ရာကောက်ခံခြင်း မပြုရကြောင်း ယင်းဥ ပဒေပြဌာန်းချက်အရ သိရသည်။
> ယခင်က ဧည့်စာရင်းတိုင်ကြား ရာတွင် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ ရန်ပုံငွေ
> အဖြစ်သော်လည်းကောင်း၊ စာရွက်စာ တမ်း ကြေးအဖြစ်သော် လည်းကောင်း ငွေ ကြေးကောက်ခံ
> မှုများ ရှိခဲ့ကြောင်းသိရသည်။
>  ယခင်က မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ဧည့်စာရင်းတိုင် ကြားခဲ့ရာတွင်
> ကောက်ခံမှုငွေကြေးမှာ ကွဲ ပြားကြပြီး နေရာဒေသအပေါ် မူတည်၍ ဧည့်စာရင်းတစ်ခါ
> တိုင်ကြားလျှင်  ကျပ် ၂၀ဝမှ ၅၀ဝအကြား ကောက်ခံနေမှုများ ရှိကြောင်း
> စုံစမ်းသိရသည်။ "အခုအချိန်ထိ ဧည့်စာရင်းတိုင် ရင် စာရွက်စာတမ်းကြေး၊
> ရန်ပုံငွေဆိုပြီး တောင် ပြောပြီးမတောင်းတော့ဘူး။ စာ ရင်းသွင်းပြီးတာနဲ့ ၅၀၀
> ကျတယ်ဆိုပြီး တော့ စာရေးတွေက တောင်းတော့တာပဲ" ဟု တောင်ဥက္ကလာပ နေ ဦးမျိုးဟိန်းက
> သူ အမြဲကြုံတွေ့နေရသည်ကို ပြောသည်။
>  ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးရုံးများအတွက် ရုံးအသုံးစရိတ် များ
> သုံးစွဲနိုင်ရန် နှစ်စဉ်ရသုံးမှန်းခြေငွေ စာရင်း၌ မြို့နယ်အလိုက်
> သင့်လျော်သည့် ရန်ပုံငွေပမာဏကို ခွဲဝေသတ်မှတ်လျာထား ရမည်ဖြစ်ကာ ရန်ပုံငွေကို
> ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ညွှန်ကြား ချက်များနှင့်အညီ
> မြို့နယ်အုပ် ချုပ်ရေးမှူးထံသို့ တင်ပြတောင်းခံပြီး စနစ် တကျသုံးစွဲရမည်ဟု
> အခန်း ၁၃ ပုဒ်မ ၂၉၊ ၃ဝတွင် ဖော်ပြပါရှိသည်။
>  ရန်ကုန်တိုင်းမ်
>
>
> --
> *           *
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en  ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်  mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
>  တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက  >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ
>

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက  http://groups.google.com/group/mrsorcerer/subscribe?hl=en  ကို နှိပ်ပြီး  မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက  mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်  mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်  http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en  တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက  >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ