Re: [mrsorcerer:19941] ပြည်ခိုင်ဖြိုး အဖွဲ့ ဝင်တယောက်၏ ရင်ဖွင့်စာ From ဘကြီးသက်

အရင် ရွေးကောက်ပွဲမတိုင်ခင်  ကျွန်တော်တို့အိမ်ရှေ့က လမ်းကို ကွန်ကရစ်လမ်းအဖြစ် ပြည်ခိုင်ဖြိုးပါတီ နာမည်နဲ့ ခင်းပါတယ်။ နာမည်ခံတာက (လုပ်အားပေါ့လေ) ပြည်ခိုင်ဖြိုးပါတီရဲ့လုပ်အားပေါ့လေ ။ခုထိ လမ်းထိပ်မှာကျောက်တိုင်စိုက်ထားပါတယ်။  တကယ်တော့ လမ်းကလူတွေ ပိုက်ဆံခွဲပြီး အလုပ်သမားငှားပြီးလုပ်ပါတယ်။ ကိုယ့်လမ်းဆိုတော့ အခမဲ့လုပ်အားဒါန လုပ်တဲ့လမ်းသူ လမ်းသားတွေရဲ့ လုပ်အားလဲပါတယ်။ လိုအပ်တဲ့ ဘိလပ်မြေ၊ ကျောက် ၊သဲ နဲ့ မဆလာဖျော်စက်ကို အခမဲ့ ပါတီကပေးတယ်( အမှန်တော့ ပါတီရံပုံငွေက မဟုတ်ပါဘူး နိုင်ငံတော် ပြည်သူပိုင်ဘက်ဂျက်ထဲကပါ အဲဒီနေရာမှာလဲ ပါတီက နာမည်ကောင်းအချောင် ဝင်ယူပါတယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာ သုံးပြီးတော့ပေါ့) သူတို့ သင်ဆိုင်ရာလူကြီးလာရင် ပြည်ခိုင်ဖြိုးဝတ်စုံတွေကို ဝတ်ခိုင်းပါတယ်။ ခဏလိမ်ဆင်ပေါ့။ ဒီကြားထဲ အမြတ်ထုတ်တဲ့ သူတွေကလည်းရှိသေးတယ်။ ဒီတော့ကာ ပြည်ခိုင်ဖြိုး ဘာကြောင့် နာမည်ပျက်တာလည်း မြင်လောက်ပါတယ်။ အချောင်နာမည်ဝင်ယူတတ်တဲ့အကျင့်စရိုက် (ဟိုးခေါင်သူကြီးကနေ  အောက်ခြေအထိ) မရိုးသားတဲ့စရိုက်၊ နေရာတကာ ဆရာကြီးစတိုင်နဲ့ အာဏာဝင်ဝင်ပြတတ်တဲ့စရိုက်တွေကြောင့် ပြည်သူတွေရဲ့ကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြားတယ်လို့ထင်ပါတယ်။ ဒါ ပြည်ခိုင်ဖြိုးမှမဟုတ်ပါဘူး စေတနာ မမှန်ရင် ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ပြည်သူကလက်ခံမှာမဟုတ်ပါဘူး။ ခဏတော့ မသိသေးခင် လက်ခံပါလိမ့်မယ်။
ဒါကြောင့် စေတနာမှန်ရမယ်။ ရိုးသားရမယ်။ ဒါဆိုရင် ပြည်ခိုင်ဖြိုး လဲ နာမည်ပြန်ရနိုင်ပါကြောင်း-----------။။။။

2012/2/29 globallinn09 <globallinn09@gmail.com>
ပြည်ခိုင်ဖြိုး အဖွဲ့ ဝင်တယောက်၏
ပေးစာ (ရင်ဖွင့်စာ)
ကျနော်က...ကော့သောင်း..ပြည်ခိုင်ဖြိုးက..အသင်းသားတယောက်ပါ
ရပ်ကွက်ရေးရာတွေကို ..ဆောင်ရွက်ချင်တော့ ...တရားဝင်အဖွဲ့အစည်းတခု
ဖြစ်တဲ့...ပြည်ခိုင်ဖြိုးကို..၀င်ဖြစ်ခဲ့တာပါ..ပြည်ခိုင်ဖြိုးက ချမှတ်ထားတဲ့..မူဝဒ
တချို့ကလဲ...ကျနော်ဖြစ်ချင်တာတွေနဲ့..ကိုက်ညီတာတွေနဲ့..ရှိနေခဲ့ပါတယ်...
ဒါပေမဲ့ ရပ်ကွက်ထဲမှာကျတော့...ပြည်ခိုင်ဖြိုးဆိုတာလူမုန်းများတဲ့ အဖွဲ့တခုလိုဖြစ်နေပါတယ်....ကျနော်တို့အသင်းသားတွေရှေ့မှာ..သိပ်မပြောပေမဲ့...နောက်ကွယ်မှာ တော်တော်လူမုန်းများနေတာကိုတွေ့ရပါတယ်...လူထုအကျိုးပြုလုပ်ငန်းတွေကို..တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပေမဲ့..လူထုရဲ့ကျေနပ်မှုကို မရပဲဖြစ်နေတာကို..တွေ့နေရပါတယ်....
အထူးသဖြင့် အင်တာနက်ကိုသုံးတတ်လာတဲ့အချိန်ကျတော့...စာတွေ
လျှောက်ဖတ်ရင်းသိလာရတာက..ကျနော်တို့အသင်းကြီးဟာ..နိုင်ငံအနှံ့
အပြားမှာ...လူမုန်းများနေတယ်ဆိုတဲ့အချက်ပါပဲ...နိုင်ငံသားအများစုပါနေတဲ့..ဒီအသင်းကြီးကို..နိုင်ငံသားတွေကပဲ...ဘာလို့အကောင်းမမြင်ကြတာလဲ..ဆိုတာ ကျနော်..အံ့သြစွာနဲ့..အတွေးတွေဝင်လာခဲ့ရပါတယ်......
လူကြီးတွေ ခိုင်းတာတွေ လုပ်ပေးနေရင်းကပဲ အသင်းရဲ့အနေအထားကို..
သတိထားကြည့်မိတတ်လာပါတယ်......၂၀၁၀ ရွေးကောက်ပွဲမှာတော့
အသင်းရဲ့..အာဏာအလွန်အကျွံ သုံးစွဲမှုတွေကို တွေ့လာရပါတယ်..
ပြီးတော့...အပေါ်ကလူကြီးတွေရဲ့..အခွင့်အရေးယူမှုတွေ...အာဏာလုမှု
တွေ..နောက်ကွယ်ရောက်ရင်..တယောက်နဲ့တယောက်..ပြစ်တင်ဝေဖန်မှုတွေ..အခွင့်ရေးမရသူက / ရသူကို ပုတ်ခတ်ပြောဆိုမှုတွေကို...သတိထား
မိလာပါတယ်...ကျနော်တို့ ကော့သောင်းပြည်ခိုင်ဖြိုးရုံးဟာ...မြို့လယ်ကောင်..အချက်အခြာကျတဲ့နေရာမှာရှိပါတယ်...ရုံးဝင်းရဲ့ ပိုနေတဲ့မြေနေရာမှာ
အသင်းရဲ့ လူကြီးပိုင်းမှာ.ပါတဲ့ဆရာဝန်တယောက်က ဦးဆောင်ပြီးနောက်ထပ်လူကြီး၂ ယောက်ပေါင်းပြီး....သူတို့(၃)ယောက်အတွက်..၃ခန်းတွဲ နှစ်ထပ်တိုက်တလုံးဆောက်ကြပါတယ်...အသင်းငွေနဲ့
ဆောက်ပြီး...သူတို့ကအငှားပြန်နေမဲ့ သဘောလို့ ပြောပါတယ်..ဒီနေရာ
ဟာအကွက်အကွင်းကေါင်းတဲ့..တန်ဘိုးရှိတဲ့ နေရာတခုပါ...ဒါဟာသက်သက်လူလယ်ကျပြီး...အခွင့်အရေးကိုအရယူတဲ့ သဘောဆိုတာ..အောက်ချေအသင်းသားအားလုံးက မှတ်ယူကြပါတယ်.
ပိုဆိုးတာက...ကျနော်တို့တွေရဲ့.....အချိန်တွေ...လုပ်အားတွေကို..အသုံးချ
ပြီးတော့...အဲဒီဆရာဝန်က...ဒေသရဲ့..၀န်ကြီးတယောက်..ဖြစ်သွားတာပါပဲ
သူ့အတွက်အခွင့်အရေးတွေအမျိုးမျိုးဖန်တီးယူသွားပေမဲ့...အသင်းကေ တာ့ ဘာမှထူးခြားမလာပါဘူး...ထူးခြားလာတာလေးတွေကတော့
ကော့သောင်းမြို့ကို တခါတလေရောက်လာရင် ဟိတ်ဟန်ကြီးကြီးနဲ့ကားပေါ်ကနေ မြို့ကိုဖြတ်သွားဖြတ်လာလောက်...
ကြည့်တာ...အသင်းသားတွေကို..အဆင့်အလွန်ကွာသူတွေလို..ဆက်ဆံတတ်လာတွေပါ...အခုတော့တိုက်ဆောက်ဖက်သူ့ပါတနာတွေကိုယ်တိုင်က နောက်ကွယ်မှာ..မကျေနပ်သံလေးတွေထွက်လာတာပါပဲ............
အခု NLD တရားဝင်ထွက်ပေါ်လာတော့....ဘာမှ လုပ်ပေးမနိုင်သေးတဲ့
အဲဒီအသင်းကို လူတွေက ကြိုဆိုနေကျတယ်....ကျနော်တို့ အကောင်းတွေ အများကြီး..လုပ်ခဲ့ပေမဲ့....သူတို့ဘာလို့...အကောင်းမမြင်
ကြရတာလဲ....အခွင့်အရေးသမားတချို့နဲ့ ...မညီညွတ်တဲ့ ဖွဲ့စည်းပုံ
ကြောင့်လား....
မူဝါဒကမှားနေလား....လူတွေကမှားနေလား.....တကယ်ဆိုရင်ကျနော်
တို့..အသင်းမှာ...လူကောင်းတွေအများကြီးရှိမှာပါ..ရှိနေတာလဲ..တွေ့နေရပါတယ်....(ဥပမာ-သမတကြီးလို...ဦးရွှေမန်း တို့လို)ပေါ့.......
ကျနော်တို့ဟာ...နှစ်များစွာ..ပါဝင်လှုပ်ရှားလာခဲ့ရတဲ့ ကျနော်တို့ရဲ့
အသင်းကို သံယောဇဉ် ကြီးတာတော့ အမှန်ပါပဲ.....ဒါကြောင့်မို့
ပြောင်းလဲလာတဲ့ စနစ်နဲ့အတူ...တချိန်ချိန်မှာ...ကျနော်တို့ရဲ့..အသင်းကြီး
ကို...ပြည်သူတွေ ကြည်ဖြူစွာလက်ခံလာနိုင်အောင်...အသင်းထဲမှာရှိတဲ့
အခွင့်ရေးသမားတွေ..နေရာလိုသမားတွေ...အတ္တသမားတွေကို..ကျနော်တို့ကိုယ်တိုင်..ဖေါ်ထုတ် ဖယ်ရှားပြီး...ကောင်းမွန်ပြီးလူထု အကျိုးပြု
အသင်းကြီးတခု ဖြစ်လာအောင် ၀ိုင်းဝန်းကြိုးစားကြရအောင်ပါလို့
တနိုင်ငံလုံးမှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်အားလုံးကို...အလေးအနက် ...
မေတ္တာရပ်ခံလိုက်ပါတယ်...................................

ကော့သောင်းသားလေး

--
အေးချမ်း တည်ငြိမ်သော ဘ၀ကိုပိုင်ဆိုင်ပါစေ လို့ဆုတောင်းလိုက်ပါတယ်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ