Re: [paowyne:1441] Re: [aurorageneration] ဖေဖ၀ါရီလ ဒူတိယပါတ်အတွင်း ပေါင်ပေါင် ရန်ကုန်ပြန်ရောက်ပါမည်။

ဝမ်းသားပါတယ်။ပေါင်ရေ။

Sent from "LIMIT"

On Feb 9, 2012, at 10:37 PM, Pao Wyne <eniweniw@googlemail.com> wrote:

> အရိပ်ရေ ။ ဒီလိုပါ ။ ကျနော်က အကျိုးမဲ့ပြောတာ မဟုတ်ပါဘူး ။ ကျနော်က
> ရုပ်ရှင်မင်းသားလဲ မဟုတ်လို့  ကျနော်ပြန်တာ သွားတာ စိတ်ဝင်စားကြမှာလဲ
> မဟုတ်ဘူးဆိုတာသိပါတယ် ။ ( ရုပ်ရှင်မင်းသားတွေ ထက် ပိုချောနေတာတော့
> သတ်သတ်ပေါ့နော် ။ ဟိဟိ )
> ပေါင်ပေါင့်  ရည်ရွယ်ချက်က
>
> (၁) အခု ဖေ့ဘွတ်မှာ ပရဟိတ ( ဂရုဏာအားမာန် လူငယ်များ ) ဆိုတဲ့ အဖွဲ့လေးနဲ့
> ချိတ်ဆက်မိလို့ ပြန်ရောက်တဲ့ အခါ သူတို့ ရဲ့ အက်တစ်ဗတီတွေ ကို
> ပါကောင်းပါဝင် ကူညီဖို့ မျှော်လင့်ထားပါတယ် ။ ပေါင်ပေါင်တင်မက ဒီလို
> ပေါင်တို့ မေးလ် ဂရုက အသိုင်းအ၀ိုင်းက လူတွေ ပါ စိတ်ဝင်စားရင်
> ပါဝင်နိုင်အောင် ပြင်ပ လှုပ်ရှားမှုတွေ ရှိတဲ့အခါ ချိတ်ဆက်နိုင်အောင်
> လူချင်းတွေ့လိုက တွေ့နိုင်ကြောင်း ပြောတာပါ ။ အလှူခံမှာ မဟုတ်ပါဘူး ။
> ကျနော်လဲ ခုထိ အဲ့ အဖွဲ့ကို တစ်ပြားမှ မလှူသေးပါဘူး ။ ငွေ အားနဲ့
> မဟုတ်တောင် လူအင်အားနဲ့ ကူညီဖို့ သင့်မသင့် ကိုယ်တိုင်
> လေ့လာကြည့်နိုင်ကြောင်း ဖိတ်ကြားချင်လို့ပါ ။ အွန်လိုင်းမှာ နိုင်ငံအတွက်
> ဘာဖြစ်တယ် ညာဖြစ်တယ် ကဗျာတွေ ရေး စာတွေ ရေး အရေမရ အဖတ်မရ လေကန်ပေးပြီး
> တကဲ့ အပြင်မှာ တော့ လူလုံးထွက်မပြရဲတဲ့ သူတွေ ၊ လက်တွေ့ လုပ်ဆောင်မှု ဘာမှ
> မရှိတဲ့သူတွေ လိုမျိုးတော့  အွန်လိုင်းမှာပဲ လေကန်ပြီး ပြီးမနေနိုင်ပါဘူး
> ။ ကျနော်တို့က လက်တွေ့ကို ဆောင်ရွက်ချင်တဲ့သူတွေ ဆိုပါတော့ ။
>
> (၂) နောက်တစ်ချက်ကတော့ အော်ရိုရာ ဂရုထဲက အချို့ က ( ကိုလွမ်း အပါအ၀င် )
> ကျနော့ကို အကောင့်ပွားအများကြီးသုံးနေသူလို့ ထင်နေပါတယ် ။ နေမင်းဆိုသူ
> ဦးဦးဒေါ်လာဆိုသူ မီးပြတိုက်ဆိုသူ နဲ့ကျနော် တူတူမဟုတ်ကြောင်း
> သံသယကင်းစေဖို့  ကျနော့ဘက်က ပွင့်လင်းမြင်သာမှုကို ပြချင်ယုံသတ်သတ်ပါ ။
> အွန်လိုင်းမှာ ဥပဒေမဲ့ လှုံ့ ဆော်ရေးစာတွေရေးပြီး ကိုယ့်မျက်ခွက်ကိုယ်
> မပြရဲသူတွေလို ကျနော်က ခိုးကြောင်ခိုးဝှက်ရှိစရာမလိုဘူးထင်ပါတယ် ။ ယနေ
>့ ထိ ကျနော် ရေးတဲ့  စာတွေ တင်တဲ့ပိုစ့်တွေကို ကိုယ်တိုင်တာဝန်ယူနိုင်တဲ့
> အတွက် ဥပဒေနဲ့ မညီမလွတ်တာ ဘာတစ်ခုမှ မလုပ်တဲ့အတွက် ကျနော်
> လိပ်ပြာသန့်သန့်နဲ့ မိတ်ဆွေများကို မျက်နှာချင်းဆိုင်နိုင်သလို ကျနော့လို
> ဥပဒေဘောင်တွင်း ပွင့်လင်းစွာ နေထိုင်သူမိတ်ဆွေများနဲ့လဲ
> တွေ့ဆုံမိတ်ဖွဲ့လိုတာ တစ်ချက်ဖြစ်ပါတယ် ။
>
> (၃) နောက်ပိုင်းမှာ ကျနော် လက်တွေ့ချိတ်ဆက်နေတဲ့ NGO အချို့ က ပေးတဲ့
> ကျန်းမာရေး ၊ စာပေရေးရာ ၊ လူမှုရေး စတဲ့ အစီအစဉ်တွေအတွက်
> သင်တန်းလိုမျိုးတွေ ပေးတဲ့အခါ ၊ အက်တစ်ဗတီတွေ ရှိတဲ့အခါ ။
> ဗော်လန်ထီယာအဖြစ် ပေါင်ပေါင်ကိုယ်တိုင် ပုဂိုလ်ရေး ရင်းနှိးပြီး
> သိကျွမ်းတဲ့ မိတ်ဆွေတို့နဲ့ချိတ်ဆက်ပေးလို့ရအောင်ပါ ။
>
> (၄) ကျနော်ကိုယ်တိုင်လဲ မိတ်ဆွေ အများအပြားနဲ့ ခင်မင်ချင်လို့ပါ ။
>
> စိတ်အနှောက်အယှက်ဖြစ်ကြရင် ဗဲရီးစောရီး တောကြီး မြိုင်လည် ပါ ။
>
> --
> ချစ်သူများနေ့အတွက် စကားလက်ဆောင်
> " အချစ်နဲ့ ထိတွေ့ရင်လူတိုင်းဟာ ကဗျာဆရာဖြစ်လာတတ်တယ်။ " (ပလေတို)
>
> --
> ပေါင်ပေါင်စာပေအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/paowyne ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။ မန်ဘာဝင်များ မိမိသိထားသည်များကို မျှဝေလိုပါက paowyne@googlegroups.com သို.မေးလ်ပို.နိုင်ပါသည်။ ပေါင်ပေါင်စာပေအဖွဲ့ မှ နှုတ်ထွက်လိုလျှင် paowyne+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။ စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် (သို့) စာမလိုချင်ပဲ Website မှသာဖတ်ရန် http://groups.google.com/group/paowyne?hl=en ကို သွားပါ ။
>
> အကြံပေးစာများကို ပေါင်ပေါင် ( eniweniw@gmail.com ) ထံသို. ပေးပို.နိုင်ပါသည် ။
> ခင်မင်စွာဖြင့်
> ပေါင်ပေါင်(အရှင်ကြီးအို)

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။