Non believer mean . .
ဘာသာမဲ့ ဆိုတဲ့ သူတွေ ဘာကြောင့် ဘာသာမဲ့ အဖြစ်ကို ခံယူ ကြပါသလဲ။
အစဉ်အလာ ဘာသာရေး အဆောက်အအုံတွေ ကို အော်ဂလီဆန် လို့ ဖြစ်ချင်ဖြစ်မယ်၊၊
ဘာသာစွဲကြီးတဲ့ ဘာသာရှိတွေ ကို အော့ နှလုံးနာလို့ ဖြစ်ချင်ဖြစ်မယ်၊၊
ဒါမှမဟုတ် ဘာသာရေး အဆောက်အအုံတွေ နဲ့ ဝေးရာမှာနေပီး သဘာဝကပေးတဲ့ လူသားရဲ့ ဘ၀ ရသကို ကိုယ်ဘာသာကိုယ် အပြည့် အ၀ခံစားကြည့် ချင်လို့ ဖြစ်ချင်ဖြစ်မယ်၊၊
အတွေ့ အကြုံ အရ လေ့ လာ ကြည့် တဲ့ အခါ ဘာသာမဲ့ ဆိုတဲ့ သူတွေ ဘာကြောင့် ဘာသာမဲ့ အဖြစ်ကို ခံယူ ကြ ရတဲ့ အကြောင်းတွေ ကို အခုလို တွေ့ ရတယ်။
အစဉ်အလာ ဘာသာရေး အဆောက်အအုံတွေ က ဖိနှိပ်တဲ့ ယန္တရား (oppressive mechanism) တွေ ဖြစ်တယ်။ ဘာသာရှိတွေက လူ (၃) မျိုး ရှိတယ်။
တစ်မျိုးကတော့ Exclusivist လို့ ခေါ်တယ်။ သူက အဆိုးဆုံး အခြေခံဝါဒီဖြစ်တယ်။
ဘာသာရေး တွေ အားလုံးထဲမှာ ငါ့ ဘာသာက မှ အမှန်တရားစစ်စစ်ဖြစ်တယ်။
ငါ့ ဘာသာ ထဲမှာ တောင် ငါယုံကြည်တဲ့ ဂိုဏ်း က မှ အမှန်တရားစစ်စစ်ဖြစ်တယ်။
ငါယုံကြည်တဲ့ ဂိုဏ်း ထဲမှာ တောင် ငါ ကိုးကွယ်တဲ့ ဆရာ ငါ အားထုတ်တဲ့ ကျင့်စဉ်က အကောင်းဆုံး။
Exclusivist တွေ က ကျန်တာ အားလုံး ဖွဲ နဲ့ ဆန်ကွဲ လို့ ထင်တယ်။ Exclusivist တွေ က ရန်လိုသူတွေလို့ ဆိုရမယ်။နောက်တစ်မျိုးကတော့ Inclusivist လို့ ခေါ်တယ်။ သူက အပေါ်ကလူလောက် မဆိုးပေမဲ့ Exclusivist နဲ့ ခပ်ဆင်ဆင်ပါပဲ။ ကျန်တဲ့ ဘာသာတရား တွေကို သူ့ ထက် နိမ့် တဲ့ အမှန်တရား တွေ လို့ မြင်တယ်။ အမှန်တရား ဆိုတာ လှေခါးထစ်တွေ လိုပဲ ...တဖြေးဖြေး နိမ့် ရာကနေ မြင့် သွားတယ်..ငါယုံကြည်တဲ့ ဘာသာတရား က တော့ ထိပ်ဆုံးက လှေခါးထစ် ပဲ လို့ သူကဆိုတယ်။ Inclusivist က သဘောထားကြီး သလိုလိုနဲ့ နည်းနည်း ဘ၀င်မြင့် နေတယ်။
နောက်ဆုံးတစ်မျိုးကတော့ Universalist လို့ ခေါ်တယ်။ သူက အပေါ်ကလူ နှစ်မျိုးထက်စာ ရင်တော့ ပိုပြီးပွင့် လင်းသလိုလိုပဲ။ သူခံယူပုံက သင်းတယ်။ ရှေ့ နောက်တောင်မြောက် ဘယ် မုခ်စောင်းတန်းကတက်တက် ဘုရားပေါ်တော့ နောက်ဆုံး ရောက်ရတာပဲ လို့ သူကယူတယ်။
ဘာသာတရား တွေ ဟာ နည်းလမ်းတွေ ကွဲ ပေမယ့် နောက်ဆုံးပန်းတိုင်ကတော့ တူတူပဲ လို့ ဆိုတယ်။ သူက ဘုရားပေါ် မတက်တဲ့ သူတွေ ကို တော့ သွယ်ဝိုက်သောနည်းနဲ့ ရှုတ်ချနေသေးတာပါပဲ။ဒီလူတွေ အားလုံးဟာ ဘာသာရေး အစွဲတစ်ခုခုကို ကိုယ်စားပြုနေပါတယ်။ အမြင်မတူတဲ့ သူကို တစ်နည်းနည်းနဲ့ ဖိနှိပ် ရှုတ်ချဖို့ အဆင်သင့် ဖြစ်နေသူတွေပါပဲ။
လောကကို သူတို့ လက်ခံထားတဲ့ ဘာသာရေး ပေတံနဲ့ တိုင်းတာ ဆုံးဖြတ်ချင်ကြတယ်။
အမှန်တရားစစ်စစ် ဆိုတာ သူတို့ ဘာသာတရား ထဲ မှာ ရှိပြီးသားမို့ ထပ် ရှာဖွေဖေါ်ထုတ်စရာမလို ဘူးလို့ မြင်တယ်။Alexandria ကို သိမ်းပိုက် ပြီးတဲ့ အခါမှာ ခါလစ်အိုမာ ဟာ စာကြည့်တိုက်ထဲ ကို ၀င်ပြီးတော့ စာကြည့်တိုက်မှုး ကို ခေါ်ပြီးမေးတယ်။ သူ့ လက်ထဲ မှာ ဘုရားသခင်ရဲ့ မုက္ခပါတ် တော် ကျမ်းစာမြတ်ကို ကိုင် ပြီး ပြောတယ်။
ဒီ စာကြည့်တိုက်ထဲ က စာအုပ် တွေ ကို မီးရှို့ ဖျက်စီးပစ်လိုက်ပါ။
တကယ်လို့ ဒီ စာကြည့်တိုက်ထဲ က စာအုပ် တွေဟာ ဘုရားသခင်ရဲ့ မုက္ခပါတ် တော် ကျမ်းစာမြတ် ထဲ မှာ ပါပြီးသားတွေကိုပဲ ထပ် ပြောထားတာတွေဆိုရင် ဒီ စာအုပ် တွေဟာ အပိုပါပဲ။
တကယ်လို့ ဒီ စာကြည့်တိုက်ထဲ က စာအုပ် တွေဟာ ဘုရားသခင်ရဲ့ မုက္ခပါတ် တော် ကျမ်းစာမြတ် ထဲ မှာ မပါတဲ့ အကြောင်းအရာတွေ ဆိုရင်လဲ ဒီ စာအုပ် တွေဟာ အမှိုက်တွေပါ ပဲ။
ဒါကြောင့် ဒီ စာကြည့်တိုက်ထဲ က စာအုပ် တွေ ကို မီးရှို့ ဖျက်စီးပစ်လိုက်ပါတော့ လို့ သူက ပြောတယ်။ဒါက ဘာသာစွဲသူ ရဲ့ ထာဝရ ပုံရိပ် ပါပဲ။ လူမျိုးဘာသာမရွေး ဘာသာစွဲသူ ဆိုရင် အတူတူနဲ့ အနူနူပါပဲ။ ဒီတော့ ဘာသာမဲ့ ဆိုတဲ့ သူတွေဟာ ဘာသာမစွဲချင်သူတွေ လို ပြောရင်ပိုမှန်မယ်ထင်တယ်။ အမှန်တရားစစ်စစ် က လူသားရဲ့ IDEAL ပဲ။ ကာလ ဒေသတစ်ခုရဲ့ ဘောင်ထဲမှာ သူ့ ပယောဂနဲ့ သူပေါ်ပေါက်ခဲ့ တယ့် ဘာသာတရား တစ်ခု ဟာ ကာလ ဒေသ အားလုံးက လူသားတွေ အားလုံးအတွက် ဖြစ်ရမယ် လို့ ဘာသာမစွဲသူ က မြင်ပါတယ်။
ဘာသာစွဲ ဟာ သမိုင်းမှာ လူ့ အသိဥာဏ် တိုးတက်ပွင့်လင်းမှု ကို တားဆီးပိတ်ပင်ခဲ့ တာလဲ ဒါကြောင့် ပါပဲ။ ဘာသာစွဲမရှိသူ တွေ ဟာ လွတ်လပ်စွာ စဉ်းစားဆင်ခြင်ဝေဖန်တွေးခေါ်ချင်သူတွေ သာဖြစ်တယ်။ လူ့ အသိဥာဏ် တိုးတက်ပွင့်လင်းမှု ကို ရှေးရှုလိုသူတွေ ဖြစ်တယ်။ လူ့ ဦးနှောက်နဲ့ နှလုံးသား ကို ဘာနဲ့ မှ ချုပ်နှောင်မထားလိုသူတွေ ဖြစ်တယ်။
ဘာသာမဲ့ ပေမယ့် ဥာဏ်ပညာ နဲ့ မေတ္တာတရား မမဲ့ ပါ။ ဘာသာစွဲမရှိသူ တွေ ဟာ လူ့ ဂုဏ်သိက္ခာ နဲ့ လူ့ လွတ်လပ်ခြင်းသဘောတွေ ကို တန်ဖိုးထား သူ တွေသာဖြစ်တယ်။
အစဉ်အလာ ဘာသာရေး အဆောက်အအုံတွေကို လူ့ အတိတိသမိုင်းရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ အဖြစ် တန်ဖိုးထားပေမယ့် လူ လူချင်း စောင့် စည်းအပ်တဲ့ ကျင့် ၀တ်တွေထက် ပိုပြီး တန်းဖိုးရှိတယ် လို့ တော့ မရှုမြင်ပါ။ လက်တွေ့ အသုံးဝင်မှု အကျိုးရှိမှု နဲ့ အလျှော် ဖြစ်တယ့် လူ့ အသိဥာဏ် အကန့် အသတ်ရဲ့ ဘောင်ထဲမှာပဲ ရှိတဲ့ အယူအဆတွေ အမှန်တရားတွေကို လက်ခံကျင့် သုံးနေသူတွေ သာဖြစ်ပါတယ်။
credit AKM
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။