သင့်ကလေးကို ပညာယောင်ဆောင်ထားတဲ့ သညာတွေ များများသင်ပေးပါ ။ ဒါမှ
ဒိဌိများများကပ်မှာပါ ။ အထူးသဖြင့် ဆင်ခြင်တွေးခေါ်နည်း၊ ယုတ္တိဗေဒ နဲ့
သိပ္ပံ စတာတွေကို စူးစမ်းဆင်ခြင်မှု မရှိဘဲ ..အတုံးလိုက်အတစ်လိုက်
မှတ်သားခိုင်းပြီး လောကကြိးမှာ ငါမှငါဆိုတာမျိုး ရိုက်သွင်းပေးလိုက်ပါ ။
ကိုယ့်ကိုကိုယ်တောင်မပိုင်တဲ့လောကကြိးမှာ သင့်ကလေးအနေနဲ့ တစ်လောကလုံးကို
ပိုင်နေသယောင် မစားရ၀ခမန်း သွေးနထင်ရောက်နေပါစေ ။
လောကကြိးမှာ အပြစ်ဆိုတာမရှိဘူး ။ ပျော်စရာဖြစ်တယ် ။ ပျော်သလိုသာနေ
လို့သင်ပေးပါ ။ ပျော်မယ်သာဆို ခွေးလို နေနေ ၊ ၀က်လိုနေနေ ၊ အိပ် စား ကာမ
နဲ့သာ ပျော်မွေ့ နေတာကမှ လူလည်ကြိးအနေနဲ့ ဘ၀ ကိုဖြတ်သန်းနေတာဖြစ်ကြောင်း
အယုံသွင်းပါ ။
မိမိမှ ဦးချရမဲ့သူဆိုတာမရှိ ၊ လောက မှာ မိမိသာ စူပါမန်း ဆိုတဲ့
အပေါက်မျိုး ချိုးတတ်အောင် သင်ပါ ။
ဒီလို အလကားနေ ဘ၀င်မြင့်နေမှ မိမိလက်လှမ်း မမှီတာ .. မမြင်ဖူး တာ
မှန်သမျှ လောကမှာ မရှိဘူးရယ်လို့ ကိုယ့်ကိုကိုယ်
မေးခွန်းထုတ်တတ်ပေလိမ့်မည် ။ ယုံကြည်ရာ အတွက်ပေးဆပ်စရာမလို ၊ အားလုံးသော
တရားတွေကသာ မိမိကိုပေးဆပ်ရမယ်ဆိုတဲ့ .. အတ္တကိုတည်ဆောက်ပါစေ ။
ရှေး က လူ့ သမိုင်း လူ့ သင်ခန်းစာများကိုတော့ မလေ့လာပါစေနဲ့ ။
ဒါတွေဟာ ကြေးညိုခေတ်က ပုံပြင်တွေ သတ်သတ်ဖြစ်ကြောင်း လှည့်ဖျားပြောဆိုပါ
။ ဘာကိုပဲ တွေးတွေး မိမိအတ္တ နဲ့ပဲ ချိန်ကိုက်တွေးတောပါစေ။
ဒီအတိုင်းလေးသာ လုပ်ပေးလိုက်ပါ။ သင့်ကလေးဟာ သင်လိုချင်တဲ့ ဘာသာမဲ့ (
ဖရီးသင်ကာ ) တစ်ဦးဖြစ်ကို ဖြစ်လာရပါမယ်လို့ အာမခံပါတယ်။
အခုတောင် သင့်တို့ လူ့အဖွဲ့အစည်းထဲမှာ ဘာသာမဲ့တွေ များလာနေပြီမဟုတ်လား။
ဘာသာရှိမိဘ ကလေးတွေလည်း ဘာသာတွေ ကို မေးခွန်း
ထုတ်လာပြီမဟုတ်လား။ဒီလုပ်ငန်းစဉ်ကို ဦးနှောက်ဆေးခြင်းလို့ ခေါ်ပြီး
တင်ပြထားတဲ့ လုပ်ငန်းစဉ်တွေထဲမှာ အထိရောက်ဆုံး နည်းလမ်း ဖြစ်တာကို
တွေ့ရှိရပါတယ်။
ပုံ
ဖရီးသင်ကာ ဘလော့ဂါပေါင် ။
--
( အွန်လိုင်း ကျူကျူု မမများအတွက် ကဗျာလက်ဆောင် )
မမြင်ဖူးခင်က မေ့မှာဖြင့်ရူးပြီမောင် ..ဗွေသဉ်မှာ ရွှေ ရင်ထိတ်
..တိတ်တိတ်လေး ပျော်ရအောင် ..။ ( ကြည်အေး )
--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။