[aurorageneration] ကမ္ဘာဦးကျမ်းဟာ လူသားအမြင်နဲ့ ရေးတာလား၊ ဘုရားအမြင်နဲ့ ရေးတာလား။

ကမ္ဘာဦးကျမ်းဟာ လူသားအမြင်နဲ့ ရေးတာလား၊ ဘုရားအမြင်နဲ့ ရေးတာလား။


Watchtower ခရစ်ယာန်တွေကတော့ ဆိုတယ်။ ဘိုင်ဘယ်ထဲက ကမ္ဘာဦးကျမ်းဟာ ကမ္ဘာပေါ်က လူသားတစ်ယောက်ရဲ့ အမြင်မျိုးနဲ့ ရေးထားတာပါတဲ့(သိပ္ပံက ရှာတွေ့ထားတာတွေက တကယ်မှန်တယ်။ ဒါပေမယ့် ဘိုင်ဘယ်ကဟာတွေ မမှားဘူး။ (ဆိုပါစို့၊ ဘိုင်ဘယ်မှာ ကမ္ဘာကြီးက ပြားနေပါတယ် ဆိုရင်တောင် လူသားတစ်ယောက်ရဲ့ အမြင်သက်သက်မို့လို့ မှားတယ်လို့ ပြောလို့မရ။ ဘုရားအမြင်နဲ့ ရေးတာမဟုတ်လို့ ပြောလိမ့်မယ်)

 

 

ဒါဆို ခြောက်ရက်နဲ့ ဖန်ဆင်းတယ်ဆိုတာကရော လူသားအမြင်နဲ့ရေးတာလား။ လူရဲ့ အမြင်မှာ ခြောက်ရက်ဟာ ခြောက်ရက်ပေါ့။ အင်း စကြ၀ဠာကြီးကရော၊ ကမ္ဘာကျောက်တွေကရော၊ လ ကြီးရော ကမ္ဘာဟာ အနည်းဆုံး နှစ်သန်း ၄၅၀၀၊ စကြ၀ဠာဟာ နှစ်သန်း ၁၃၅၀၀ ရှိကြောင်း ကောင်းကောင်းကြီး ထောက်ပြနေတယ်။ ဘိုင်ဘယ်ဟာ လူအမြင်နဲ့ ရေးတာလဲ မဖြစ်နိုင်ပါ။

 

ဒါဆိုရင် ဘုရားအမြင်နဲ့ ရေးတာလား။ ဘုရားအမြင်နဲ့ ရေးတယ်ဆိုရင် ခြောက်ရက်ဆိုတာ နှစ်သန်း ၁၃၅၀၀ ဒါမှ မဟုတ် ၄၅၀၀ပေါ့ (ပြောင်းသွားရင်လည်း သူတို့ နှိပ်ကွပ်ခဲ့တဲ့ သိပ္ပံက ပြောတဲ့ ဂဏန်းအသစ်တစ်ခုခု ထည့်ကွာ) ခုနက statement က မှားသွားပြီ။ ဟွန်း ခုနကပြောတော့ ဘိုင်ဘယ်က လူသားအမြင်နဲ့ ရေးတာဆို။ ခုဖြစ်ရပြန်ပြီ တကယ်တည်း :D

 

လူသားအမြင်နဲ့ ရေးတာ မဟုတ် ဘုရားအမြင်နဲ့ ရေးတာလည်း မှားဆိုရင်တော့ ဘုရားရှိမှ၊ ဘာသာရှိမှ နေတတ်တဲ့ ဘာသာရေး အယူသည်းများအတွက် နေစရာ တဲအိုတစ်လုံး ကျနော်ချပေးခဲ့ပါမယ်။

 

"ကမ္ဘာဦးကျမ်းဟာ တစ်ခုတစ်မျိုး ဘုရားအမြင်တစ်ပိုင်း၊ လူအမြင်တစ်ပိုင်းရေးတာပါ။"လိုရာစွဲ ကောက်ချက်ချနည်း ကျနော်မျိုးပေးသနားတော်မူထားလို့ ဘာသာစွဲတွေ အဆင်ပြေရင် like ပေးသွားနိုင်ပါတယ်။ :)

by Kyaw Zwar Lynn

---
--
ပတ္တနာ ဂါထာ
စိရံ တိဌတု။ အသဒ္ဓမ္မော ၀ိနဿတု။
သဒ္ဓမ္မဂရုနော နိစ္စ၊ ဟောန္တုသဗ္ဗေပိ ပါဏိနော။
လွမ်းနေသူ®



--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။