မင်္ဂလာပါ။ ကျွန်တော် ဒီအကြောင်းကို မပြောခင်မှာ တခြားသူတွေ ဒီအကြောင်းကို ပြောနေကြတာကို ခဏခဏ မြင်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ တနေ့က ဝက်ဘ်ဆိုဒ်တစ်ခုကနေ ကိုဇေယာသော့်ပုံတွေ ကူးနေတုန်းက အောက်က Related Post မှာ ဦးမင်းကိုနိုင်သတင်းကို တွေ့လိုက်ရမှ သတိထားမိတာပါ။ တကယ်ပဲ မီဒီယာများ သတိမထားမိသည်လား သိရက်သားနဲ့ ဘာကိုရည်ရွယ်ပြီး သုံးနှုန်းနေသည်လဲ ကျွန်တော်မသိပါ။ ကျွန်တော်တို့ မြန်မာပြည်သာ မက ကမ္ဘာမှာပါ လူတစ်ဦးကို လေးစားသမှုနဲ့ ရှေ့တွင် ကိုယ်စားပြု စကားလုံးတွေ ထည့်ခေါ်လေ့ရှိကြပါတယ်။ Mr နှင့် Mrs လိုစကာလုံးဟာ ထိုသူကို လေးစားသမှုနဲ့ ထည့်ခေါ်လေ့ရှိပြီး တစ်ယောက်နဲ့ တစ်ယောက် သုံးနှုန်းလျှင်လည်း ကိုယ့်ထက် အသက်ကြီးသူ ဝါရင့်နဲ့ ဆက်ဆံတဲ့အခါမှာ Sir ဟုသုံးနှုန်းလေ့ရှိပြီး အကယ်၍ အမျိုးသမီးဖြစ်နေပါက Madam ဟု သုံးနှုန်းလေ့ရှိပါတယ်။ ကျွန်တောတို့ မြန်မာလူမျိုးတွေက ပိုပြီးယဉ်ကျေးတာနဲ့ အမျှ အသက်အရွယ်အလိုက် အသုံးအနှုန်းတွေ သီးခြားဆီခွဲထားပါတယ်။ ကလေးအရွယ်တစ်ယောက်သို့မဟုတ် ၁၀ကျော်သက်တစ်ယောက်ကိုဆိုရင် ယောက်ျားလေးကို "မောင်" မိန်းကလေးဆို "မ" ဟုသုံးနှုန်းလေ့ရှိပြီး လူငယ်တစ်ယောက် နှစ်ဆယ်ဝန်းကျင်မှ သုံးဆယ်ကျော်လောက်အထိကို ယောက်ျားလေးဆို "ကို" မိန်းကလေးဆိုရင်တော့ "မ" ဟု ဆက်လက်အသုံးပြုကြသည်။ ထိုမှ ၄၀ကျော် ၅၀ကျော် စသည်ဖြင့်အရွယ်တွေကို "ဦး" "ဒေါ်" ဟုလည်း သုံးနှုန်းကြပါသည်။ သို့သော် ခင်မင်ရင်းနှီးသော လူကြီးအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ဆိုရင်တော့လည်း "ကို" ကိုသာ ဆက်လက်ခေါ်ဝေါ်သုံးစွဲကြသလို လူငယ်သော်လည်း အသက်အရွယ်အရ "ကို မ" ခေါ်သင့်သော်လည်း အလုပ်အကိုင် ရာထူး စသည်ဖြင့် ကြီးမြင့်သူကိုမူ လေးစားသမှုဖြင့် "ဦး ဒေါ် ခေါ်ဆိုကြသည်။ သို့ရာတွင် မီဒီယာများ အနေဖြင့်မူ ကိုယ့်ထက် အသက်ငယ်သည် ကြီးသည် ဟူ၍ ပြော၍ မရ မိမိဖော်ပြလိုသူ၏ အသက်သည် စာဖတ်သူတို့အတွက် သင့်တော်သော အသုံးအနှုန်းသာ သုံးသင့်သည်။ ဥပမာ စာရေးဆရာတစ်ယောက်၏ အသက်သည် ၆၀လောက် ဖြစ်နေပြီး ထိုသူရေးသော အကြောင်းအရာတွင် ပါဝင်သော လူအများလေးစားရသည့် ပုဂ္ဂိုလ်တစ်ဦးသည် အသက်အားဖြင့် သူ့ထက်ငယ်နေသော ၄၀ကျော် အရွယ်ဖြစ်နေပြီဆိုပါစို့ မိမိခံစားချက်ဖြင့် "ဦး ဒေါ်" မတပ်ပဲခေါ်ခြင်း မပြုသင့်သလို "ကို မ" အသုံးပြုခြင်းမျိုးလဲ မလုပ်သင့်။ အဘယ်ကြောင့်ဆိုသော် စာဖတ်သူများသည် အရွယ်မျိုးစုံရှိနေသလို ထိုပုဂ္ဂိုလ်ကို မလေးမစား ပြုလုပ်မိသလိုမျိုး ဖြစ်သည်။ နောက်တစ်ခုက ထိုစာရေးဆရာ အနေဖြင့် ထိုပုဂ္ဂိုလ်ကို မလေးမစားရာ ရောက်သွားတတ်သည်။ ယခု ဝက်ဘ်ဆိုဒ်များ ဘလော့များနဲ့ ဂျာနယ်များ စသည်ဖြင့် မီဒီယာတော်တော်များများသည် အသက် ၄၉ကျော် ဦးမင်းကိုနိုင်ကို ဦးမတပ်ပဲ မင်းကိုနိုင်ဟု ခေါ်ဆိုခြင်း ကိုမင်းကိုနိုင်ဟု ခေါ်ဆိုခြင်းများကို တွေနေရသည်။ အထူးသဖြင့် ပြည်ပမီဒီယာများသည် ထိုအသုံးအနှုန်းကို နှစ်ပေါင်းများစွာ သုံးနှုန်းခဲ့သည်။ ထိုသည်မှာ အဘယ်ကြောင့်နည်း သတိမပြုမိတာလား သို့မဟုတ် ဦးမင်းကိုနိုင်ကိုပဲ မလေးစားတာလား စဉ်းစားစရာဖြစ်သည်။ သိကြတဲ့အတိုင်း အသက် ၅၀ကျော် ငါးမင်းဆွေကို အများအားဖြင့် ငါးမင်းဆွေ(ဝါ) ဖားမင်းဆွေ ဖြင့်သာ သုံးနှုန်းခေါ်ဝေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထို ငါးမင်းဆွေ(ဝါ) ဖားမင်းဆွေကို မလေးစား၍ ဖြစ်သည်။ သို့ဆိုလျှင် ဦးမင်းကိုနိုင်ကိုရော မီဒီယာသမားများက မလေးစားကြဘူးလား ဒါမှမဟုတ် အသက်ကြီးလာတာကိုများ ဖုံးကွယ်ချင်တာလား မသိ။ ဦးမင်းကိုနိုင်သည် လက်ရှိအချိန်တွင် ဝါရင့်နိုင်ငံရေးသမားဖြစ်သည် ကျောင်းသားလဲ မဟုတ်တော့ အကယ်၍ ကလေးယူမယ်ဆိုလျင် ထိုကလေးသည်ပင် တက္ကသိုလ်ကျောင်းသားခေါင်းဆောင် ပြန်ဖြစ်နေလောက်သည့် အရွယ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ ထို အသက်အရွယ်ကြီးရင့်မှုကို ဖျောက်ဖျက်စေချင်၍များ ထိုကဲ့သို့ မလေးမစား မင်းကိုနိုင်ဟု ခေါ်ဝေါ်နေခြင်းများလား။ သို့မဟုတ် တကယ်ပဲ ဦးမင်းကိုနိုင်ကို မီဒီယာများက မလေးစားကြဘူးလား။ အခြားစဉ်းစားစရာတစ်ခုမှာ ၂၄နီးပါးကြာမြင့်ခဲ့ပြီဖြစ်သည့် အတိတ်တွင်ပဲ မီဒီယာများ ဆက်လက်နေထိုင်နေကြခြင်းပေလော။ ဥပမာတစ်ခုပေးချင်ပါသည် သမ္မတကြီးဦးသိန်းစိန်ကို သမ္မတသိန်းစိန်ဟု ခေါ်ကြည့်လိုက်ပါ ရေးကြည့်လိုက်ပါ စာဖတ်သူတစ်ယောက်အနေနဲ့ မည်သို့ခံစားရမည်နည်း။ အနည်းငယ်မျှ ထောက်နေသည်ကိုတွေ့ရပေလိမ့်မည်။ထိုသို့ဆိုလျှင် ဝါရင်နိုင်ငံရေးသမားကြီးတစ်ယောက်ကို ဦးတပ်မခေါ်ခြင်းမှာ မလေးစားရာရောက်ကြောင်း သိပေလိမ်မည်။ တစ်ဖက်တွင်လည်း အသက် ၃၀ကျော်ရုံမျှသာ ရှိသော ကိုဇေယာသော်ကို "ဦးဇေယျာသော်" ဟုတလေးတစား မီဒီယာများက သုံးနှုန်းခြင်းတွေ့ရသည်။ သို့ဆိုလျှင် ဦးမင်းကိုနိုင်ထက် ကိုဇေယျာသော်ကို မီဒီယာများက ပို၍ လေးစားဖို့ ကောင်းသည်ဟု မှတ်ယူထား၍ အသုံးပြုခြင်းပေလော။ နိုင်ငံရေးသမားခြင်း အတူတူ အဘယ်ကြောင့် ထိုသို့ကွာနေရခြင်းလဲမသိ။ ထိုသူနှစ်ယောက်၏ နိုင်ငံရေးသမားဘဝ ဖြတ်သန်းမှုကို ကြည့်လျှင် ကိုဇေယျာသော်မှာ ဦးမင်းကိုနိုင်ထက် အဖက်ဖက်တွင် အားနည်းနေမည်ကို တွေ့ရပေလိမ့်မည်။ ၈၈နှစ်ကတည်းက နိုင်ငံရေးစလုပ်နေခဲ့သော ဦးမင်းကိုနိုင်ကို ၂၀၀၈ခုနှစ်ရွှေဝါရောင်တော်လှန်ရေးတွင်မှ စ၍သိသိသာသာနိုင်ငံရေး စလုပ်ခဲ့သော ကိုဇေယျာသော် ယှဉ်နိုင်မည်မဟုတ်သလို အဖက်ဖက်ကလဲ အားနည်းနေပေလိမ့်မည်။ ပြည်သူလူထု၏ လေးစားမှုကို ရယူခြင်းကြောင့်ဟု ဆိုလျှင်လည်း ဦးမင်းကိုနိုင်နဲ့ ကိုဇေယျာသော် မည်သူက ပို၍လေးစားမှုခံရသည်ကို မီဒီယာသမားများ မသိ၍လော။ သာမာန်နိုင်ငံရေး မတောက်တခေါက်သိသူတောင် သိသည်ကို ဝါရင့်မီဒီယာများ မသိခြင်းမှာ အံ့သြဖို့တော်တော်လေး ကောင်းသည်။ ထိုသို့မဟုတ် ကိုဇေယျာသော်က လွှတ်တော်ကိုယ်စားလှယ်လောင်းဟုရော ဆိုဦးမည်လား။ ကိုဇေယျာသော်ထက် အနည်းငယ်မျှသာ ငယ်သော အနုပညာရှင် တစ်ယောက်လည်းဖြစ်သော အခြား လွှတ်တော်ကိုယ်စားလှယ်လောင်း ရသ(ဝါ) ရဲမင်းသိန်း ကိုမူ ဦးရသ(ဝါ)ဦးရဲမင်းသိန်းဟု မခေါ်သနည်း။ ကြံ့ခိုင်ရေးမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သော ကိုဖြိုးကိုကိုတင့်ဆန်းသည်လည်း အသက်၃၀ကျော်မျှသာ ရှိသေးသည်။ ထိုပုဂ္ဂိုလ်ကိုလည်း ဦးတပ်ခေါ်ကြသည် အဘယ်ကြောင့် ရသကိုမှ ဦးရသဟု မခေါ်ရသည်း လူအများကြိုက်ကြသော NLD ကဲ့သို့ ပါတီမှ မဟုတ်ပါ၍လား သို့မဟုတ် ကိုဖြိုးကိုကိုတင့်ဆန်းကဲ့သို့ ကုမ္ပဏီများ ဘောလုံးအသင်းများ မပိုင်၍လား။ လွှတ်တော်ကိုယ်စားလှယ်လောင်းခြင်းအတူတူ ဘာကိုခွဲခြားပြီး ဆက်ဆံသနည်း။ မီဒီယာဆိုသည်မှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းကင်းဖြင့် အမှန်ကို ပြည်သူလူကိုကို ချပြရခြင်းဖြစ်ပေသည်။ ထိုသို့ဆိုလျှင် လက်ရှိမီဒီယာ အများစုမှာ ပုဂ္ဂိုလ်စွဲ မကင်းဘူးဟု ဆိုလျှင် မှားမည်မဟုတ်။ ထိုပုဂ္ဂိုလ်နှစ်ဦး၏ သတင်းကို တစ်ခုခြင်းဖတ်ရလျှင် မသိသာသော်လည်း တချို့သော ဂျာနယ်များ ဝက်ဘ်ဆိုဒ်များ၌ ရှေ့ဆင့် နောက်ဆင့် မြင်ရတဲ့အခါတွင် တော်တော်ကြီးကို သိသိသာသာ ဖြစ်နေပြီး စိတ်မသက်မသာ ဖြစ်မိသည်။ အမြင်မတော် ဆင်တော်နှင့် ခလောက်ဟု ခေါ်ရမလို ဖြစ်နေသည်။ လက်ရှိပြည်တွင်းနိုင်ငံရေးမှာ ပို၍ပွင့်လင်းလာပြီး ပို၍မြင်သာမှုလည်း ရှိလာသည့် အချိန်အခါတွင် မီဒီယာများ အနေဖြင့် ယခုထက် ပို၍ ပို၍ ပုဂ္ဂိုလ်စွဲကင်းသင့်သည်။ ပို၍ ဘက်မလိုက်ပဲ ဖော်ပြသင့်သည်ဟုသာ ကျွန်တော်မြင်ပါသည်။ ဤဆောင်းပါးငယ်သည် ကျွန်တော်၏ စိတ်ထဲတွင်ရှိသော ခံစားမှုနှင့် ကျွန်တော်၏ စိတ်ထဲတွင်ရှိသော အမြင်တစ်ခု မျှသာဖြစ်ပြီး မည်သူ့ကိုမျှ တိုက်ခိုက်ခြင်းမဟုတ်ရပါကြောင်း အလေးအနက်ကြိုပြောလိုက်ရပါသည်။
--
Your lovingly Fri
Ya Wai (Paing Soe Thu)
http://yawaitun.blogspot.com/
https://twitter.com/#!/mcyawai
http://www.facebook.com/ya.wai1
http://www.facebook.com/pages/The-People-who-Like-Our-President
အင်ဂျင်နီယာ တစ်ယောက် ဘဝထက် နိုင်ငံဝန်ထမ်း တစ်ယောက် ဘဝကို ပိုလိုလားပါသည်။ နိုင်ငံ တစ်ယောက် ဘဝထက် ကဗျာစပ်ပြီးနေရတဲ့ ဘ၀ကို ပိုလိုလားပါသည်။ သို့သော် အင်ဂျင်ယာတစ်ယောက် အနေဖြင့် လက်ရှိဘ၀ကို ဖြတ်သန်းနေပါသည်။
--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos