ဒီမိုဝေယံ

ဒီမိုဝေယံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်းဆန်းစုကြည်ရဲ့ ယနေ့လားရှိုး ပါတီစည်းရုံးရေး ခရီးစဉ်မြင်ကွင်းများ..

Posted: 17 Mar 2012 07:08 AM PDT



ဓာတ်ပုံ AP,Getty Images

၈ရက် ၁၂လ ၂၀၁၀ခုနှစ်က တပ်မတော်၏ အမိန့်အောက်တွင် ပြာပုံဖြစ်ခဲ့သည့် ဆုံပွိုင့် စားသောက်ဆိုင်၏ သတင်းဓါတ်ပုံ..

Posted: 16 Mar 2012 11:23 AM PDT

၂၈ရက် ၁၂လ ၂၀၁၀ခုနှစ်က မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာအုပ်စု ကျောက်ပန်းတောင်း  မိတ္ထီလာ လမ်းမပေါ်ရှိ ဆုံပှိုင့်စားသောက်ဆိုင်အား အာဏာပိုင်များ၏ အမိန့်ဖြင့် ဘူဒိုဇာဖြင့် ထိုးပြီး မီးရှို့ဖျက်ဆီးသွားမှုအား (၉၆၇)GE တပ်မှူးအား ဆိုင်ပိုင်ရှင် မောင်မင်းသူမှ ဓာတ်ပုံများနှင့် တကွ အသနားခံ တင်ပြလျှောက်ထားသည့်စာအား နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက် သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီမှ (၁၅.၃.၂၀၁၂)နေ့စွဲဖြင့် ထုတ်ပြန်တဲ့စာ ဖြစ်ပါတယ်..။
မှတ်ချက်။ ။နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်မှ အဖွဲ့ဝင်များနှင့် ပြည်သူလူထုကြီးထံမှ ပေးပို့လာသော သတင်းများအား တစ်ဆင့်ပြန်လည် ဖြန့်ဝေလိုက်ပါသည်။
နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ
(၁၅.၃.၂၀၁၂)

အကြောက်တရားများ ဖယ်ရှားကြ...

Posted: 16 Mar 2012 09:01 AM PDT

အကြောက်တရားများ ဖယ်ရှားကြ

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အများပြည်သူ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ မရွေးတို့၏ နာရေးကိစ္စ၊ ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စ၊ သဘာဝဘေးဒဏ် ကိစ္စရပ်များအား (အခမဲ့) ပံ့ပိုးကူညီခဲ့ရာ ၂၀၀၈ ခုနှစ်တွင် အသင်းမှတ်ပုံတင် သက်တမ်းကုန်ဆုံးခဲ့ပြီ ဖြစ်သည်။

၂၀၀၈ ခုနှစ်မှစ၍ အသင်း မှတ်ပုံတင်အသစ် ပြန်လည် လျှောက်ထားခဲ့သော်လည်း မှတ်ပုံတင် အသစ်ကို ပြည်ထဲရေးဋ္ဌာနမှ ပြန်လည် ချမှတ်ပေးခြင်း မပြုခဲ့ပေ။ သို့သော် ကျွန်တော်တို့အနေဖြင့် လူသားချင်း စာနာစိတ်ဖြင့်၎င်း ကူညီဖေးမမှုများကို စဉ်ဆက်မပြတ် လုပ်ကိုင်ပေးဆပ်ခဲ့ရာတွင် သဘာဝဘေးဒဏ် ကယ်ဆယ်ရေးများ သွားရောက်ကူညီရာတွင် သက်ဆိုင်ရာမြို့နယ်၊ တိုင်းအစိုးရဋ္ဌာနများမှ တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကာ လုပ်ငန်းဆောင်တာများအား ကြံ့ကြာမှုများ၊ ပိတ်ပင်မှုများ၊ ဟန်တားမှု များတွေ့ကြုံခဲ့ရသည်။ သို့သော် ကျွန်တော်တို့အနေဖြင့် နိုင်ငံရေး ပါတီ ထောင်ထားသော အဖွဲ့အစည်းမဟုတ်ခြင်း၊ နိုင်ငံတော်အား ဖျက်လိုဖျက်ဆီး ပြုလုပ်သူများ မဟုတ်ခြင်း၊ နိုင်ငံတော်အစိုးရအား တဖက် တလမ်းမှ ပံ့ပိုးကူညီနေသူများဖြစ်ခြင်း၊ လူသားချင်း စာနာထောက်ထားသော စိတ်ဓါတ်ဖြင့် မြတ်စွာဘုရား၏ ဗြဟ္မစိုရ်တရားအားလက်ကိုင်ပြု၍ သီလလုံစွာ ပေးဆပ်နေသော လူမှုရေးသမားများ ဖြစ်သည်နှင့်အညီ ရဲရဲဝံ့ဝံ့စွန့်လွှတ် စွန့်စားမှုများစွာဖြင့် ပြည်သူလူထုအပေါ် ပေးဆပ်ခဲ့ကြသည်။
သို့ရာတွင် ကျွန်တော်တို့၏ မှတ်ပုံတင် မကျသေးသော၊ တရားမဝင်သေးသော နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လာရောက်၍ အသင်းဝင်လိုသော လူမှုရေးသမား လူငယ်/ရွယ်အချို့သည် မိဘအုပ်ထိန်းသူတို့၏ စိုးရိမ်ကြောင့်ကျမှုဖြင့် ထဲထဲဝင်ဝင် အသင်းသားအဖြစ် ဝင်ရောက် လုပ်အားပေးခြင်းတို့ကို မပြုလုပ်နိုင်ခြင်း။

နာရေးကူညီမှုအသင်း မိမိတတ်စွမ်းသော ပညာရပ်တို့ဖြင့် ကုသိုလ်ယူ လုပ်အားပေးချင်သော ဆရာ/မများ၊ ကျန်းမာရေးအတွက် ဇီဝိတဒါန ကုသိုလ်ဖြစ် လာရောက်၍ ဆေးဝါးကုသ ပေးလိုသော ဆရာဝန်ကြီးများ တို့သည်လည်း တရာဝင်းမှတ်ပုံတင် မကျသေးသည့်အတွက် မိမိတို့၏ လုပ်ငန်းအရပ်ရပ်တို့အား ထိခိုက်မည်ကိုစိုးရိမ်နေခြင်း၊ တရားဝင် မှတ်ပုံတင်မကျသေးသော နာရေးကူညီမှုအသင်း (ရန်ကုန်)အား ပြည်တွင်း/ပမှ ကုသိုလ်ရှင် စေတနာရှင်များ၏ အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ကိုယ်တိုင်လာရောက် လှူဒါန်းလိုသော်လည်း အကြောက်တရားဖြင့် ယှဉ်တွဲကာလူကြုံဖြင့် လက်ဆင့် ကမ်း လှူဒါန်းနေခြင်းတို့ကို များစွာကျွန်တော်တို့ ကြုံတွေ့ခဲ့ရသည်။

ယခု ၁၂.၃.၂၀၁၂ ရက်နေ့တွင် အစိုးရရုံးစိုက်ရာနေပြည်တော်ရှိ ပြည်ထဲရေးရုံးချုပ်မှ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လုပ်ကိုင်ခွင့် မှတ်ပုံတင်အား ပြန်လည် ချမှတ်ပေးလိုက်ပြီ ဖြစ်သည်။ သက်တမ်းအားဖြင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ပြည်သူလူထုတို့အား ပေးဆပ်မှုများ ပြုလုပ်နိုင် တော့မည်ဖြစ်သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လုပ်အားပေးလိုသော လူမှုရေး မျိုးဆက်သစ်များ လာရောက် ကုသိုလ်ဖြစ် ပညာသင်ကြားလိုသောဆရာ/မများ၊ ဆေးဝါးကုသ ပေးလိုကြသော ဆရာဝန်များနှင့် လာရောက် လှူဒါန်းလိုသော အလှူရှင်များ အားလုံးတို့သည် အကြောက်တရားအား ပြတ်ပြတ်သားသား ဖယ်ရှားကာ ကုသိုလ်ရေး ကိစ္စရပ်များအား ရဲရဲဝင့်ဝင့် လုပ်ကိုင်နိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

မနက်ဖြန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် လာရှိုးမြို့မှ ပြင်ဆင်ထားမှုများ..

Posted: 16 Mar 2012 07:49 AM PDT

မနက်ဖြန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် လာရှိုးမြို့မှ ကြိုတင်ပြင်ဆင်ထားတဲ့ မြင်ကွင်း ဓာတ်ပုံတွေပါ..။
ဓာတ်ပုံ MM Cyber Media