ဒီမိုဝေယံ |
- စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် မဲဆန္ဒနယ်၌ ကြံ့ဖွံလွှတ်တော်အမတ်မှ အဖွဲ့ချုပ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ဒေါက်တာမြင့်နိုင်အား ခြိမ်းခြောက် ပြောဆို စည်းရုံး..
- ပန်းကလေးတွေကြား တီးတိုးစကား (ကဗျာရှင် နေစကြာနိုင်)
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ၂၄၊ ၂၅ရက်မြိတ်ခရီးစဉ် ရှပ်ပြေးယာဉ်များ ငှားရမ်းခြင်းမပြုရန် အာဏာပိုင်များမှ ပိတ်ပင်...
- ထမီဝတ်ဖို့ လိုသေးလား မအောင်သိန်းလင်း...
| Posted: 20 Mar 2012 11:23 PM PDT အမှတ်(၃)မဲဆန္ဒနယ်မှ ၀င်ရောက်မည့် အမျိုးသားလွတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင် အား တန့်ဆည်မြို့နယ် ချောင်းဆုံကျေးရွာမှ ပန်းကုံးများဖြင့် ၀မ်သာအားရကြီုဆို..။ (တန့်ဆည် NLD) တန့်ဆည်မြို့ ပေကုန်းကျေးရွာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး (ဓာတ်ပုံ တန့်ဆည်NLD) စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်နယ်ဘက်တွင် ပြည်ခိုင်ဖြိုး လက်ရှိလွှတ်တော် အမတ်ဦးတင်မြမှ ရိုင်းပြစွာ ခြိမ်းခြောက်ပြောဆို စည်းရုံးခဲ့ပြီး အန်အယ်လ်ဒီပါတီမှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သော ဒေါက်တာမြင့်နိုင်အား နာမည်တပ်၍ ဆဲဆိုရှုတ်ချခဲ့ကြောင်း၊ တန့်ဆည်မြို့မိမြို့ဖ အဖွဲ့ဝင်များ အားလည်း ဆူပူကြိမ်းမောင်းခဲ့ကြောင်း ဒေသခံပြည်သူများထံမှ တဆင့် ကြားသိရသည်။ တန့်ဆည်နယ်ဘက်တွင် ပြည်ခိုင်ဖြိုးပါတီမှ သတ္တုဝန်ကြီးဋ္ဌာနမှ ဗိုလ်မှူးဟောင်း(ငြိမ်း) ဦးတင်မောင်ဝင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းကိုယ်တိုင်မှ အန်အယ်လ်ဒီပါတီမှ ဒေါက်တာမြင့်နိုင်ပင် ရွေးကောက်ပွဲ၌ အနိုင်ရဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုခဲ့သည်ဟုလည်း နီးစပ်သူများထံမှ တဆင့်ကြားသိရသည်။ (Rell Rint Aung Sann)သတင်း |
| ပန်းကလေးတွေကြား တီးတိုးစကား (ကဗျာရှင် နေစကြာနိုင်) Posted: 20 Mar 2012 11:00 PM PDT ပန်းကလေးတွေကြား တီးတိုးစကား လေညှင်းကလေးက သူ့ကိုယ်လုံးထဲအားအင်ထည့်လို့ ခပ်ဖြည်းဖြည်းလေးပခုံးချင်းတိုက်ကာ ချော့မြှူကျီစယ် ပန်းမြိုင်ရိပ်လယ်။ ပွင့်ဖက်ကလေးတွေက နှုတ်ခမ်းလေးဆူခြေပြင်းဆောင့်လို့ မခို့တရို့လေးလရိပ်အေးမှာ ဘယ်ညာယိမ်းနွဲ့ တသွဲ့သွဲ့ လှဟန်သွေးလို့က နေတယ်။ အဆင်းမတူသလိုအရောင်ကွဲတော့ စိတ်ကြည်စိမ့်အေးအာရုံနွေးအောင် လှပြီးရင်းကိုလှနေတယ်။ ရနံ့မတူသလိုအသွင်ကွဲတော့ ထုံသင်းပျံ့ပြေးရင်ထဲဆွေးအောင် မွှေးပြီးရင်းကိုမွှေးနေတယ်။ အဆင်းမတူအသွင်ကွဲ ရနံ့မတူဝတ်မှုံကွဲ အလှချင်းမတူရောင်စုံကွဲ သဘာဝအလွဲမို့ လှနေတယ်။ အကြိုက်ချင်းမတူလို့ ဂုဏ်ပြိုင်မလွဲနဲ့ အတွေးချင်းမတူလို့ အထင်မလွဲနဲ့ အမြင်ချင်းမတူလို့ ရန်မမူနဲ့ ပန်းပွင့်ချင်းမို့ ညီစေကွယ်။ နေစကြာနိုင် ၂၇.၂.၁၂။ မနက်။ ၇နာရီ ၃၆မိနစ်။ |
| Posted: 20 Mar 2012 08:40 AM PDT အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ၂၄၊ ၂၅ရက်မြိတ်ခရီးစဉ် ရှပ်ပြေးယာဉ်များ ငှားရမ်းခြင်းမပြုရန် အာဏာပိုင်များ ပိတ်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ၂၄၊ ၂၅ရက်မြိတ်ခရီးစဉ်မှာ ရှပ်ပြေးယာဉ်များအား ငှားရမ်းခြင်း မပြုရန် အာဏာပိုင်းများမှ ဖိအားပေး ပိတ်ပင်ထားကြောင်း အဖွဲ့ချုပ် ရွေးကောက်ပွဲ မာန်နေဂျာဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်ခရိုင် ရွေးကောက်ပွဲ ခရီးစဉ်အတွင်း မြိတ်ကျွန်းစု ကျေးရွာများအား သွားရောက်မှာ ဖြစ်ပြီး အဆိုပါရွာများမှာလည်း ဟောပြောပွဲများ ပြုလုပ်ရန်စီစဉ်ထားကြောင်းသိရသည်...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရှပ်ပြေးယာဉ်ငှားရမ်းသုံးစွဲလျှင် အခမဲ့ သုံးစွဲခွင့်ပေးမည့် ရှပ်ပြေးယာဉ်ပိုင်ရှင်များ ရှိကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ဆက်လက် ပြောဆိုသွားပြီးငှားရမ်းခွင့်ရရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုသွားပါတယ်..။ ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်ရန် နီးကပ်လာသည်နှင့် အမျှ အောက်ခြေ အာဏာပိုင်များမှ မသိသာတမျိုး သိသိသာသာတဖုံ အဖွဲ့ချုပ်၏ စည်းရုံးရေး ခရီးစဉ်များအား ပိတ်ပင်တားဆီးလျှက် ရှိပြီး မဲစာရင်းမှားယွင်းမှုများ၊ အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်များအား ချောင်းမြောင်း ပစ်ခတ်မှုများ..၊ အဖွဲ့ချုပ်ပါတီ ဆိုင်းဘုတ်များအား ဖျက်ဆီးမှုများ ဖြစ်ပေါ်လျှက်ရှိပါတယ်..။ မဲစာရင်းမှားယွင်းမှုများအား တိုင်ကြားရာမှာ တချို့သော မြို့နယ်များ၌ ပြန်လည် ပြင်ဆင်ပေးမှုများ ပြုလုပ်ပေးသော်လည်း အချို့သောမြို့နယ်များမှာ အချိန်ကြာရှည်အောင် တမင်လုပ်ကိုင်မှုများ ရှိနေကြောင်း သိရှိရသည်။ သတင်း၊...၊ ဒီမိုဝေယံ ဓာတ်ပုံ... အဖွဲ့ချုပ်မှ ရှပ်ပြေးယာဉ် ငှားရမ်းခွင့်အား ပိတ်ပင်ထားပေမယ့် ကျောက်ဖြူ ရေနက်စီမံကိန်းမှာ တရုတ်ကုမ္ပဏီများ ငှားရမ်းအသုံးပြုနေသည့် မလိခရှပ်ပြေးယာဉ်အား တွေ့ရစဉ်။ |
| ထမီဝတ်ဖို့ လိုသေးလား မအောင်သိန်းလင်း... Posted: 19 Mar 2012 11:22 PM PDT ပြောင်းဖူးပြုတ် ရောင်းနေပုံ.. ထမီဝတ်ဖို့ လိုသေးလား မအောင်သိန်းလင်း (ဓာတ်ပုံ Phyo Wai Win Facebook) Phyo Wai Win Facebook ကြံ့ဖွတ်ပါတီက ဦးအောင်သိန်းလင်း မဲဆွယ် စည်းရုံးနေတာတဲ့..။ အနောက်က ပြောင်းဖူးမှာ မဆိုတာ ပါလိုက်သေး မပြောင်းဖူးပေါ့..။ ဒီလောက်ပဲ အတွေးအခေါ် ရှိလေသလား။ ... ဒါကတော့ သူတို့အမြင်လေ.. ။ ကျွန်တော်ကတော့ ဒီလို မမြင်ပါ ရှုထောင့် အမျိုးမျိုးရှိတယ် ဆိုတော့.. ဒီမိုဝေယံ အမြင်ကတော့ အနောက်က ပြောင်ဖူးမှာ မ ဆိုတော့ ယောင်္ကျားမဟုတ်တဲ့ မအောင်သိန်းလင်းလို့ အဓိပ္ပါယ် ဖွင့်ဆိုမိတယ်..။ ယခုတလော ကြံ့ဖွတ်ပါတီက လာမယ့် ရွေးကောက်ပွဲမှာ ယောင်္ကျားပီပီ အမှန်တရားနဲ့ အရှုံးကို ရင်မဆိုင်ရဲတော့ မိန်းမဆန်ဆန် လုပ်နေတာ လူတိုင်းအသိပါ။ ဒါကြောင့် အနောက်က ပြောင်းဖူး ကိုင်ထားတဲ့ သူရဲ့ဆိုလိုရင်းက ဒီလူယောင်္ကျားမဟုတ် မိန်းမလို့ပဲ အဓိပ္ပါယ် ဖွင့်ဆိုမိတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်တက်ရောက်မှုရှိတယ် ဆိုတော့ ထမိန်ဝတ်ဖို့ လိုသေးလား မအောင်သိန်းလင်းလို့ပဲ ဆိုပါရစေ.. ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ရက်နေ့ နေ့လည် ၃နာရီ၃၀ မိနစ်တွင် မြို့တော်ဝန် ဦးအောင်သိန်းလင်းမှ နိုင်ငံတော်အလံသစ်အား စင်ကြယ်ဖိနပ်စီး၍ အချိန်ကိုက် ယတြာအလံတင်ခဲ့သည့် အခန်းအနားအား ပြန်လည် မြင်ယောင်မိရင်း Phyo Wai Win Facebookရေးသားထားတဲ့ ယတြာပြောင်းဖူး ဓာတ်ပုံအား တွေ့ရှိရာမှ ရေးသားမိခြင်းဖြစ်ကြောင် ရိုးသားစွာ အသိပေးအပ်ပါသည်..။ (ဆိုင်ရှေ့မှာ ချိတ်ဆွဲထားတဲ့ ပြောင်းဖူးအား ဓာတ်ပုံဆရာမှ မိမိရရ မှတ်တမ်းတင်ထားတာလို့ ဆိုလာပါတယ်..) ဆရာနေရဲနီရဲ့ ဒီဓာတ်ပုံနဲ့ လိုက်ဖက်တဲ့ ထမိန်ဝတ်ဖို့ လိုသေးလား ကဗျာ ပြန်ဖတ်ချင်ရင် ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည် ဆိုတဲ့.. ၂၀၀၈ခုနှစ်က မြို့တော်ဝန် ရုံးခန်းမှဓာတ်ပုံတပုံ |
| You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |





