ဒီမိုဝေယံ |
- မြန်မာ့သယံဇာတ ကျိန်ဇာ...
- ဆရာတော် အရှင်ဝီရသူမှ ဦးဆောင်ပြီး အကျဉ်းထောင်အတွင်း လွတ်မြောက်ရန် ကျန်ရှိနေသူတို့အား လွတ်မြောက်စေရန် ဆုတောင်းပွဲကျင်းပ (သတင်း၊ ဓာတ်ပုံ၊ ရုပ်သံ)
- ဟင်္သာတမြို့မှာ မကြာမှီဖွင့်လှစ်မယ့် Maxဦးဇော်ဇော်ပိုင် ဧရာဝတီဘဏ်ခွဲအကြောင်း (တိုင်ကြားစာ)
- နိုင်ငံတော်သမ္မတကြီးသိစေရန်.. ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ မတရားလုပ်ရပ်အားတင်ပြခြင်း..
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးစည်းရုံးရေး ခရီးစဉ်(သတင်း၊ ဓာတ်ပုံ)
- အမေစုနဲ့ အဖွဲ့ချုပ်ကို ချီတက်ထောက်ခံ ကြတဲ့ လှည်းကူးမြို့ နယ်မှ မိခင်နှင့် ကလေးများ ...
Posted: 22 Mar 2012 01:44 PM PDT ပြင်ဦးလွင် ခရိုင်မှ ပိုက်လိုင်း ဆက်သွယ်မှု မြင်ကွင်း.. ဤသို့ လယ်ယာမြေ စိုက်ခင်းများကို ဖြတ်သန်းကာ ပြင်ဦးလွင်မှ ဒေသခံ ပြည်သူများ၏ ယာမြေများ ပျက်ဆီးခဲ့ရသည်.. ရေနံ၊ ဂတ်စ် သယံဇာတတွေ ထွက်ရှိပေမယ့် အကျိုးခံစားခွင့် မရှိပဲ မြန်မာပြည်ရဲ့ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်နေရပြီး ချဉ်သီးပင်အောက် ချဉ်သီးပျောက်နေရတဲ့ ကျောက်ဖြူ မဒေးကျွန်း တရုတ်စီမံကိန်းများ အတွင်းမှ ဒေသခံ ရခိုင်ပြည်သူတွေရဲ့ဘဝ... ဓာတ်ပုံများ (ဒီမိုဝေယံနှင့် ဝိုင်းတော်သားများ) |
Posted: 22 Mar 2012 12:23 PM PDT ၂၂.၃.၂၀၂၂.နေ့ နေလည်(၁)နာရီက ဆရာတော် အရှင်ဝီရသူ ဦးဆောင်ပြီး နှင့် သံဃာတော်များ၊ အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ ပြည်သူများမှ အကျဉ်းထောင်အတွင်း လွတ်မြောက်ရန် ကျန်ရှိနေသူတို့အား လွတ်မြောက်စေရန် ဆုတောင်းပွဲ ကျင်းပ ပြုလုပ်ကြောင်း သိရှိရပါသည်..။ (သတင်း၊ ဓာတ်ပုံ၊ ရုပ်သံ) (ဝိုင်ဝိုင်ကေ) ဆရာတော် အရှင်ဝီရသူ ဦးဆောင်တဲ့ အကျဉ်းထောင်အတွင်း လွတ်မြောက်ရန် ကျန်ရှိနေသူတို့အား လွတ်မြောက်စေရန် ဆုတောင်းပွဲ ကျင်းပ။ (သတင်း၊ ဓာတ်ပုံ၊ ရုပ်သံ) (ဝိုင်ဝိုင်ကေ) 22.3.12 နေ့၊ နေ့လည် ၁း၁၅ နာရီတွင် မန္တလေး မဟာမြတ်မုနိဘုရား အတွင်း တောင်ဘက်ခြမ်းတွင် ဆရာတော် အရှင်ဝီရသူ ဦးဆောင်သော သံဃာတော်များ၊ အကျဉ်းကျဆဲသူတို့၏ မိသားစုများနှင့် ဗကသများအဖွဲ့ချုပ်မှ...ကျောင်းသားများက အကျဉ်းထောင်အတွင်း လွတ်မြောက်ရန် ကျန်ရှိနေသူတို့အား လွတ်မြောက်စေရန် ဆုတောင်းပွဲကို ကျင်းပခဲ့ပါသည်။ ဆုတောင်းပွဲ အပြီးတွင် မဟာမုနိ ကိုယ်တော်မြတ်ကြီးအားလက်ယာရစ် ပတ်၍ အရှေ့မုဒ်လမ်းမှ တဆင့် ဘုရားကြီးလိပ်ကန် သို့ သွားရောက်လျက် ငှက်များလွတ်ပေးခဲ့သည်။ ထိုအချိန်တွင် ကျန်ရစ်သူ အကျဉ်းသားစာရင်းများ၊ ကျန်ရစ်သူတို့ ပုံများ၊ ဆန္ဒများရေးသားထားသော စာများ စသည့် ဗီနိုင်းများ အသီးသီးကိုင်ဆောင်ထားကြသည်။ ထို့နောက် သိလိုသည်များကို ဆရာတော်က ဖြေကြားပြီးနောက် ၂း၃၅ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ သတင်းနှင့် ဓါတ်ပုံ- ကိုဝိုင်ဝိုင်ကေ ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်) 22.3.12 ရဟန်းတပါး၏ နိုင်/ကျဉ်းလွတ်မြောက်ရေး ဆုတောင်းပွဲ အခြေအနေ။ 22.3.2012-ရက်နေ့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ရှေ့တော်မှောက်တွင် ကျင်းပမည့် ၀တ်ပြု ဆုတောင်းပွဲနှင့် ပတ်သက်၍ 21.3.2012-ရက်နေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ်သံဃနာယကအဖွဲ့မှ ညွှန်ကြားလာပါသည်။ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီး (သို့)သာသနာရေးဌာနပြည်ထောင်စုဝန်ကြီးထံ တင်ပြပြီးမှ ပြုလုပ်ရန်နှင့် မဟာမြတ်မုနိဘုရားကြီး သြဝါဒါစရိယဆရာတော်ကြီးများ၏ ခွင့်ပြုချက်ရပြီးမှ ပြုလုပ်ရန် စာဖြင့်ညွှန်ကြားခြင်းဖြစ်ပါသည်။ ညွှန်ကြားစာ ရသည်နှင့် တစ်ပြိုင်နက် ဘုရားကြီးသြဝါဒါစရိယ ဆရာတော်ကြီးများထံ ခွင့်တောင်းဖို့သွားရာ ဘုရားကြီးတိုက် လယ်ပေါ်ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကာရုညက"လုပ်လို့လည်းမတိုက်တွန်းဘူး မလုပ်နဲ့လို့လည်း မတားမြစ် ဘူး"ဟု မိန့်တော်မူပါသည်။ မြတောင်ကျောင်းတိုက် ရွှေဝါဝင်းဆရာတော်ကြီး ဘုဒ္ဒန္တသာသနာဘိဝံသက "ဆန္ဒမစောဖို့နှင့် အချိန်သင့်က ခွင့်ပြုမည်" ဖြစ်ကြောင်း မိန့်တော်မူပါသည်။ ဘုရားကြီးသြဝါဒါစရိယ အများစုမှာ သက်တော်ရှည်ဆရာတော်ကြီးများ ဖြစ်သည့်အားလျှော်စွာ ကျန်းမာရေးမကောင်း ကြတော့ပါ။ အိပ်ရာထက်မှာ ပက်လက်လဲ နေတော်မူရှာသော ဆရာတော်ကြီး များကိုလည်း တွေ့မြင်ခဲ့ရပါသည်။ သို့ဖြစ်၍ ဆရာတော်ကြီးများအား ဒုက္ခပေးသလို ဖြစ်နေမည် စိုးသောကြောင့် "ကိုယ့်ဒုက္ခကိုယ်ခံမည်" ဆရာတော်ကြီးများ စိတ်အနှောက်ရှက်အဖြစ်မခံနိုင်ဟု နှစ်လုံးသွင်းကာ ဝတ်ပြုဆုတောင်းပွဲကို မပျက်မကွက် ဆက်လက် ကျင်းပတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီးနှင့် သာသနာရေးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြဖို့ဆိုလျှင် ဘုရားကြီးသြဝါဒါစရိယ ဆရာတော်ကြီးများ၏ ခွင့်ပြုချက်ရမှသာ တင်ပြသင့် သည် ဖြစ်သောကြောင့်၊ ထိုသို့ လျှောက်ထားတင် ပြခြင်း ကိစ္စလည်း မဖြစ်နိုင်တော့ပါ။ 22.3.2012-ရက်နေ့ မနက်(7:00)ခန့်တွင် တိုင်းဒေသကြီး သာသနာရေးမှူးကိုယ်တိုင် ရောက်ရှိလာပါသည်။ စာနှစ်စောင်ပါလာပါသည်။ တစ်စောင်မှာ- တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူး ဦးအုန်းလွင်မှ- အရှင်ဝီရသူ ထံ ပြန်ကြားစာဖြစ်၍၊ ကျန်တစ်စောင်မှာ ၎င်းဦးအုန်းလွင်က- တိုင်းဒေသကြီး သာသနာရေးမှူး ထံ ပေးပို့သောစာဖြစ်ပါသည်။ နှစ်စောင်စလုံးမှာ- ဝတ်ပြုဆုတောင်းပွဲ ခွင့်မပြုရေးကိစ္စပင် ဖြစ်ပါသည်။ ဝတ်ပြုဆုတောင်းပွဲ ဆက်လက်ကျင်းပပါမည်။ ရွှေညဝါဆရာတော်လို အရေးယူခံရမည်မှာ သေချာပါသည်။ ဒီမိုကရေစီအရေး သက်သက်ဆိုလျှင် ယခုလို အတိုက်အခံလုပ်မည် မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် လို ဘောင်အတွင်းမှသာ ဆောင်ရွက်မည်ဖြစ်ပါသည်။ ယခုမှာမူ အကျဉ်းသားအရေးဖြစ်သောကြောင့်လည်းကောင်း၊ အကျဉ်းသားလွတ်မြောက်ရေးကို အင်တိုက် အားတိုက်ဆောင်ရွက်သူ နည်းပါးလှသောကြောင့်လည်းကောင်း၊ လက်ကျန်ယုံကြည်ချက်အကျဉ်းသားတို့၏ အနာဂတ်မရေမရာ ဖြစ်နေသောကြောင့်လည်းကောင်း၊ ကန့်ကွက်မှုများကြားမှ အတိုက်အခံ လုပ်၍ဆောင် ရွက်ရခြင်းဖြစ်ပါသည်။ မြို့နယ်သံဃနာယက၊ တိုင်းသံဃနာယကတို့က တားမြစ်ပိတ်ပင်ခြင်းမဟုတ်ပါ။ တိုင်းဒေသကြီး အစိုးရက သာ တားမြစ်ပိတ်ပင်ခြင်းဖြစ်ပါသည်။ ဘုရားသားတော်များ၊ ဘုရားသာဝကများ လွတ်မြောက်ရေးအတွက် ဘုရားရှေ့မှာ ဝတ်ပြုဆုတောင်းသောကြောင့် တစ်စုံတစ်ရာ အရေးယူမည်ဆိုလျှင် ကျေကျေနပ်နပ်ကြီး ခံယူမည်သာဖြစ်ပါသည်။ သံဃာတော်များအနေဖြင့် ဘုရားသားတော်များပီပီ ဘုရားလမ်းစဉ်ဖြစ်သည့် အကြမ်းမဖက်မူ၍ ငြိမ်းချမ်း သည့် နည်းလမ်းများဖြင့် သံဃာ့အခွင့်အရေးကို အရ ယူစေလိုပါသည်။ ယုံကြည်ချက်အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစဉ်တစ်စိုက် ကြိုးစားဆောင်ရွက်နေသူ ဝီရသူ(မစိုးရိမ်) ဓမ္မသဟာယကျောင်း၊မစိုးရိမ်တိုက်သစ် မဟာအောင်မြေမြို့နယ် မန္တလေးတိုင်းဒေသကြီး။ 22.3.2012 သတင်း၊ ဓာတ်ပုံ၊ ရုပ်သံများအား ဖော်ပြခွင့်ပြုသည့် ကိုဝိုင်ဝိုင်ကေအား ကျေးဇူးတင်ပါသည်..။ |
ဟင်္သာတမြို့မှာ မကြာမှီဖွင့်လှစ်မယ့် Maxဦးဇော်ဇော်ပိုင် ဧရာဝတီဘဏ်ခွဲအကြောင်း (တိုင်ကြားစာ) Posted: 22 Mar 2012 12:18 PM PDT ဧရာဝတီတိုင်း ဟင်္သာတမြို့ မန်းဘခိုင်လမ်းမှာ 26.3.2012 တနင်္လာနေ့မှာဖွင့်မယ့် Maxဦးဇော်ဇော်ပိုင် ဧရာဝတီဘဏ်ခွဲ ဖွင့်လှစ်မှာဖြစ်တဲ့ အတွက် ၀မ်းသာလှပါတယ်။ ကိုယ်မြို့မှာဘဏ်အသစ် တိုးလာပြီဖြစ်သေကြောင့် ဝမ်းသာမိတာပါ။ ဒါပေမယ့်ဗျာ ငါပိုင်တယ် ငါလုပ်ချင်ရာ လုပ်မယ်ဆိုပြီး ဆောက်လုပ်ရေး ဝန်ထမ်းတွေက ခြံစည်းရိုးကို ပိုင်နက်အပြင် မသိမသာထုတ် ဂဟေဆော် သံတခါးကြီးတွေ တပ်ကြပါတယ် ခင်ဗျာ။ ပြီးတော့ ထရပ်စဖေါ်မာ တပ်ဖို့  ဆိုပြီး တိုင်ကြီးတစ်တိုင်ကိုလည်း ပလက်ဖေါင်းမှာ မြုပ်ပြီး တပ်ထားပါတယ်။ အဲဒီပလက်ဖေါင်းက ဖေါက်ဖို့မဆိုထားနဲ့ ဆိုင်ကယ်အတင်အချ ဂုံးလေးလုပ်ဖို့တောင် စည်ပင်အခွန်ဌာနက ဒေါ်တင်မြ၀င်းကို သွားပြီးမရမက ပြောရပါတယ်။ ကြော်ငြာဆိုင်းဘုတ်တွေ စိုက်ရင်တောင်မှ ဒေါ်တင်မြ၀င်းကို အခွန်ဆောင် ပိုက်ဆံအပြင် အခြားခေတ်ပေါ် under table ပေါ့ဗျာ။ အခုကတော့ ဖုန်းတိုင်တွေစိုက် လျှပ်စစ်တိုင်တွေ စိုက်ပြီးတော့ ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ ပလက်ဖောင်းပေါ်မှာ ဓါတ်တိုင်သုံးတိုင် စိုက်ခွင့်ပေးတာ။ ဒါကျွန်တော်တို့ မြို့ရဲ့ စည်ပင်သာယာ ဗိုလ်ကြီးခင်မောင်မြင့်ရဲ့ ပထမဆုံးခွင့်ပြုချက်ပါ။ ပလက်ဖောင်းကို မသိမသာခိုးယူပြီး ခြံစည်းရိုး ခတ်ထားတာကိုလည်း သိသိကြီးနဲ့ ဘာမှမပြောပါ။ ပလက်ဖေါင်းပေါ်မှာလဲ စတီးတိုင်(၂)ချောင်းကို ပလပ်နဲ့ ဆွဲထားပြီး ကျောင်းသား၊ ကျောင်းသူ သက်ကြီးရွယ်အိုများ မိုးတွင်းအခါ လမ်းသွားလို့ မရအောင် ဖြစ်နေပါပြီ။ မြောင်းများမှာလည်း ဘဏ်ရှေ့မှစပြီး သဲတွေ ရွှံ့တွေနဲ့ ပိတ်ဆို့နေပြီး ရေစီးရေလာ မကောင်းပါ။ ပြီးညစ်ပါတ်နေတာကို မြို့တမြို့လုံးမှာတော့ လူတစ်ရပ်လောက် မြောင်းတွေဖေါ်ပြီး ဥယျာဉ်မြောက် ရပ်ကွက်ကျတော့ သဲတွေပို့နေတာ ဘယ်လောက်တိုင်တိုင် ဘာမှလာမကြည့်ပါဘူး။ သူတို့ ၀န်ထမ်းတောင် ကြောက်နေရရင် သာမန်ပြည်သူ တစ်ယောက် အနေနဲ့ ဘယ်လိုများ လုပ်ရမှာလဲ။ စိန်ထွန်းဆိုင်ရှေ့ မှာလည်း တိုင်(၃)တိုင် ကျွန်တော်တို့မြို့ မှာက အိမ်ကို သံရိုက်ပြီး ပြင်တာတောင် စည်ပင်ကို အကြောင်းကြားရတယ်။ အခုဟာက ဘဏ်ပိုင်နက် မဟုတ်ဘဲ ပလက်ဖေါင်း အထိတောင် တိုင်ကြီးထုတ်ပြီး စတီးတိုင်ကြီး စိုက်ထားတာကို စည်ပင်ဝန်ထမ်းတွေ MAXဦးဇော်ဇော်မို့လို့ မပြောရဲတာကို ဟင်္သာတမြို့ခံများအနေနဲ့ အံ့သြလို့မဆုံးပါဘူး။ ဒီလမ်းဟာ ပလက်ဖောင်းတွေတောင် အဖြူနဲ့ အနီဘဲ သုတ်တာ ဘဏ်ဖွင့်ရင် ဘာအရောင် ပြောင်းဦးမလဲနဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ဟင်္သာတယာဉ်ထိန်းတွေ ဘယ်လိုဖြေရှင်းပေးမှာလဲ ဆိုတာကို စောင့်ကြည့်ရှု ရမှာဖြစ်ကြောင်း ရေးသား၊ တင်ပြလိုက်ရပါတယ်..။ |
နိုင်ငံတော်သမ္မတကြီးသိစေရန်.. ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ မတရားလုပ်ရပ်အားတင်ပြခြင်း.. Posted: 22 Mar 2012 11:34 AM PDT နိုင်ငံတော်သမ္မတကြီးသိစေရန်.. ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ မတရားလုပ်ရပ်အားတင်ပြခြင်း။ လက်ရှိကရင်ပြည်နယ်ဝန်းကြီးချုပ်သည် မြ၀တီမြို့မှ စီးပွါးရေးသမားများနှင့်ပူပေါင်းပြီး လူထုကိုအနိုင်ကျင့်နေ သည်မှာ အများကသိပါသည်။ မြ၀တီမြို့လူထုများအားလုံးက စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေကြပါသည်။ သူတပါးပိုင်ဆိုင်မှု မြေသိမ်း၊ ခြံသိမ်း ယခုဆိုရင်လည်း ပြည်သူလူထု၏ ဆန္ဒကိုမျှမယူဘဲ စစ်တပ်၏အာဏာ ရှင်စနစ်မျိုးနှင့် ထိုင်းနိုင်ငံမှ ၀ယ်ယူသုံးစွဲနေသောလျှပ်စစ်မီးကို ဒေါ်သင်းသင်းမြတ်အား လက်သိပ်ထိုးပြီး ငွေကျပ်သိန်း(၁၀၀၀) ဖြင့် ၂ ဦးသားတွေ့ပြီး ၄င်းလျှပ်စ်မီးကို အပြီးအပိုင်လုပ်ပိုင်ခွင့် ချပေးလိုက်ပါသည်။ ဖေါ်ပြပါ မြ၀တီမြို့လျှပ်စစ်မီး ကိစ္စအား နိုင်ငံတော်သမ္မတကြီးမှ ပြည်သူတို့၏ သဘောထားများရယူ၍ ပြန်လည် ဆောင်ရွက်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။ |
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးစည်းရုံးရေး ခရီးစဉ်(သတင်း၊ ဓာတ်ပုံ) Posted: 22 Mar 2012 10:45 AM PDT အတော်ထူးတဲ့ အမေစုရဲ့ ကော့မှူးမဲဆန္ဒနယ်မှာ မဲပေးရမယ့် ရွာတွေပျောက်၊ ကလေးတွေ လူကြီးဖြစ်၊ သေသူတွေ မဲစာရင်းထဲပါ၊ မဲပေးရမယ့်သူက မဲစာရင်းထဲမပါ၊ ဘယ်ကမှန်းမသိတဲ့ မိုးကျရွှေကိုယ်တွေက ရွာသားတွေ အစရှိတဲ့ လက်တလော ပြောင်းလဲမှုတွေ ဖြစ်နေတဲ့ ကော့မှူးမြို့နယ်မှာ မပြောင်းလဲတာကတော့ လူကိုယ်တိုင် လာရောက်ကြတဲ့ များပြားလှတဲ့ အမေစုနဲ့ လူထုပရိသတ်တွေပါပဲ..။ (ဓာတ်ပုံ AP,Reuters) |
အမေစုနဲ့ အဖွဲ့ချုပ်ကို ချီတက်ထောက်ခံ ကြတဲ့ လှည်းကူးမြို့ နယ်မှ မိခင်နှင့် ကလေးများ ... Posted: 22 Mar 2012 07:46 AM PDT ယနေ့(၂၂.၃.၁၂)နေ့လည်က လှည်းကူးမြို့နယ်မှ အမေ့စုကို ချစ်မြတ်နိုးသော မိခင်တချို့ ဦးဆောင်၍ ၄င်းတို့ သားသမီးများနှင့်အတူ လှည်းကူးမြိုနယ်အတွင်း တစ်နာရီခန့် စံနစ်တကျ ချီတက်လမ်းလျှောက်ပွဲ တစ်ခုကို စည်းကမ်း ရှိစွာ ကျင်းပပြီး အမေစုကိုထောက်ခံကြောင်း ပြသခဲ့ကြသည်ဟု သတင်းရရှိပါသည်။ သတင်း၊ ဓာတ်ပုံအတွက် ကိုငယ်အား ကျေးဇူးတင်ပါသည်..။ |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |