[mrsorcerer:20119] ဘဝလှိုင်း

ဘဝလှိုင်း

ငါ
ဘဝဆိုတဲ့ ဇာတ်ခုံကြီးပေါ်မှာ
သား သမီးဆိုတဲ့ နေရာနဲ့
အဖေ နဲ့ အမေ ရဲ့ အချစ်ဇာတ်လမ်းမှာ
ဇာတ်ပို့ လုပ်ခဲ့ရပါတယ်။

ငါ
အချိန်တွေကြာ
လူရွယ် ဘဝရောက်လာတော့
ကိုယ်တိုင် မင်းသားလုပ်
အချစ်ဇာတ်ထုတ်အသစ်အတွက်
ကြင်ဖက်လဲ ရွေးခဲ့တယ်။

ငါ
နောင်အချိန်ကြာလာရင်
နောက်ပိုင်းဇာတ်ထုတ်ကြီးကဖို့
ဖိုးဖိုး  ဖွားဖွားဆိုတဲ့ အခန်းက
အသုံးတော် ခံရဦးမှာပဲ။

အဲ--
မိုးရွာ လို့ မီးပျက်
ကံကြမ္မာဆိုတဲ့ဇာတ်ဆရာက
ပွဲမဖျက်သမျှပေါ့လေ။

*************



       ရွှင်လန်းချမ်းမြေ့ကြပါစေ.
       ကိုစိုးနိုင်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ