ဒေါ်စု စစ်ကိုင်း ခရီးစဉ် ပရိတ်သက်များမယ်ထင်ပြီး ကွင်းအကျယ်ကြီးလုပ်ထားပေမယ့် ထင်သလောက်မဟုတ်
ဆိုလို့ ပါ နွား တွေ အဲ့ မှာ သေချာ စာတတ်ရင် ဖတ်ကြည့်
စာ မမတ်ရင် ပုံကြည့်
အမေစု စစ်ကိုင်း ခရီးစဉ်
Sunday, March 4, 2012
| ပြည်သူလူထုသိန်းနှင့်ချီကြိုဆိုတဲ့ အမေစု ဇေယျာရွှေမြေစစ်ကိုင်းခရီးစဉ် (ရုပ်/သံ) Posted: 04 Mar 2012 04:14 AM PST
ပြည်သူလူထုသိန်းနှင့်ချီကြိုဆိုတဲ့ ဇေယျာရွှေမြေစစ်ကိုင်းခရီးစဉ် (ရုပ်/သံ) ပြည်သူတဦး ပေးပို့ ထားတာပါ။ အကအခုန်တွေနှင့် ပြည်သူတွေ အူလှိုက်အသဲလှိုက်ကြိုဆိုကြပုံကို ကြည့်ရှုခံစားနိုင်ပါတယ်။ သိန်းနှင့်ချီတဲ့လူအုပ်ကြားထဲမှာ စစ်ကိုင်းမြို့ က စုန်းပြူးတွေလည်းပါတဲ့အကြောင်း စစ်ကိုင်းက ပြည်သူတဦးက အခုလို သတင်းဆက်လက်ပေးပို့ ထားပါတယ်။ 4/3/2012 နေ့တွင်စစ်ကိုင်းမြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဟောပြောမည့် အစီအစဉ်အတွက်ပြင်ဆင်နေသော အဖွဲ့များနှင့် လာရောက်သည့်သူများအား စ-အ-ဖ ထောက်လှမ်းရေးအတွက် စစ်ကိုင်းမြို့ လေးကျွန်းမြေရပ်ရှိ စိုးကြည်ဝင်း ဗွီဒီယိုမှ မြင့်ကျော် ဆိုသူက တာဝန်ယူ ရိုက်ကူးပေးနေကြောင်းသိရပါသည်။ ၄င်းသည် တချိန်တခါကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်သူများကို ထောက်လှမ်းရေး သတင်းအတွက် ခိုးယူရိုက်ကူးရင်း ချောင်းဦးမြို့ တွင်ပြသနာ တက်ဖူးသူတဦးဖြစ်ကြောင်း သိရပါသည်၊ Myanmar News Now | ||||||||||
| ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမိန့် ခွန်း (ရုပ်/သံ) Posted: 04 Mar 2012 03:56 AM PST | ||||||||||
| ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမိန့် ခွန်း ကောက်နှုတ်ချက် Posted: 04 Mar 2012 02:33 AM PST လူထုအား ကျန်းမာရေး မကောင်းသည့်ကြားကပြောကြားနေသည်။ အန်တီကတော့အဲဒီမိန့်ခွန်းမှာထည့်ပြောသွားပါတယ်။ပြည်သူက ထားတဲ့ မေတ္တာကြောင့်သူနေလို့ကောင်းသွားပြီတဲ့။ သတင်း-ဓါတ်ပုံ D-Wave
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၅ ရက် (မနက်ဖြန်) တွင် နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကြောင်း၊ လမ်းခရီးတွင် နွားထိုးကြီး၊ မိထ္ထီလာစသည့်မြို့ကြီးများတွင် မိန့်ခွန်းများ ပြောကြားမည် ဖြစ်ရာ နေပြည်တော်သို့ ထိုနေ့ ညနေ ၄ နာရီတွင်ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း နေပြည်တော် ပုဗသီရိမြို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်က ပြောကြားခဲ့သည်။ | ||||||||||
| Posted: 04 Mar 2012 02:15 AM PST
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌကြီးရဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရပါမယ်ဆိုတဲ့ စကားကို သံသယဖြစ်စရာလေးတွေတော့ စတင်တွေ့ရှိနေရပါပြီဗျာ။ | ||||||||||
| ဒေါ်အောင်ဆန်းစုကြည် မန္တလေးရောက်ရှိစဉ် အင်တာနက်လိုင်းများ ခတ္တပြတ်တောက် Posted: 04 Mar 2012 02:06 AM PST
7Day News Journal | ||||||||||
| ဈေးချိုသူဈေးချိုသားတွေလည်း အမေစု ကို သိန်းနှင့်ချီကြိုဆို (ဓါတ်ပုံ) Posted: 04 Mar 2012 01:45 AM PST
| ||||||||||
| အမေစု စစ်ကိုင်းခရီးစဉ် ပြည်သူတွေ သိန်းနှင့်ချီကြိုဆို (ဓါတ်ပုံ) Posted: 04 Mar 2012 12:05 AM PST
ဒါတ်ပုံ Eleven နှင့် 7Day | ||||||||||
| ဈေးချို မှာ အမေစု ကို စောင့်မျှော်နေသူများ (ဓါတ်ပုံ) Posted: 03 Mar 2012 11:49 PM PST မန္တလေး ဈေးချိုမှာ ဒေါ်အောင်ဆန်းစုကြည် အလာကို စောင့်မျှော်နေကြများ။ ဓါတ်ပုံ - Swar Lay | ||||||||||
| ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းခရီးစဉ် (ဓါတ်ပုံ) Posted: 03 Mar 2012 11:44 PM PST
| ||||||||||
| အမရပူရရှိ မဟာဂန္ဓာရုံကျောင်းတိုက်သို့ အသွား လူထုအား နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ) Posted: 04 Mar 2012 12:11 AM PST
| ||||||||||
| ဒေါ်အောင်ဆန်းစုကြည် မန္တလေးမှ စစ်ကိုင်းသို့ မထွက်ခွါခင် (ရုပ်/သံ) Posted: 03 Mar 2012 11:05 PM PST မတ်၊၄၊၂၀၁၂ (YPI) (နေ့လည် ၁း ၁၅ ) ။ ။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကိုင်းမြို့မှ မန္တလေးမြို့သို့ပြန်လည်ရောက်ရှိလာပြီး မန္တလေးမြို့ဈေးချိုတော်အနီး နာရီးစင်အနီးသို့ရောက်ရှိနေကာ သံဃာများအပါအ၀င် လူထုပရိတ်သတ်က ကြိုဆိုလျက်ရှိသည်။ 04.03.2012 - Daw Aung San Suu Kyi before leaving Mandalay in the morning ယနေ့ နံနက် ဒေါ်အောင်ဆန်းစုကြည် မန္တလေးမှ စစ်ကိုင်းသို့ မထွက်ခွါခင် (ရုပ်/သံ) ဒီဗွီဘီမှရိုက်ကူးတင်ဆက်ထားတာပါ။ | ||||||||||
| အောင်ပင်လယ်မှာ အောင်မြေနင်းခဲ့တဲ့ အမေစု (ဓါတ်ပုံ) Posted: 03 Mar 2012 10:26 PM PST စစ်ကိုင်းတံတားအနီးက သဲသောင်ပြင်မှာ ဒေါ်အောင်ဆန်းစုကြည်က လူထုဟောပြောပွဲပြုလုပ်ခဲ့ပြီး နေ့လည် ၁၁ နာရီခွဲလောက်မှာ ဟောပြောပွဲပြီးဆုံးသွားပါတယ်။ ညနေ ၄ နာရီမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးမြို့က မဟာမြတ်မုနီဘုရာကြီးကို ဖူးမြော်မယ်လို့ Weekly Express Times သတင်းထောက်က သတင်းပေးပို့ထားပါတယ်။ "ကျမ အခုကတည်းက ပြောထားပါမယ်။ ဒီမိုကရေစီဆိုတာ ရဖို့လည်း မလွယ်ဘူး၊ ရပြီးတဲ့အခါ တည်တံ့ခိုင်မြဲအောင် လုပ်ဖို့လည်း မလွယ်ဘူး၊ အင်မတန်မှ အလုပ်ကို များများလုပ်ပြီးတော့ ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။" ဒေါ်အောင်ဆန်းစုကြည် အောင်ပင်လယ် မိန့် ခွန်းကောက်နှုတ်ချက် ဓါတ်ပုံ(News and Information Department of NLD) | ||||||||||
| အမေစု စစ်ကိုင်းခရီးစဉ်ကြိုဆိုသူများလွန်သဖြင့် လမ်းပိတ်ဆို့ မှုဖြစ်နေ Posted: 03 Mar 2012 09:17 PM PST
မတ်၊၄၊၂၀၁၂(YPI)။ ၁၀:၄၀ ။ ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတံတား(ရတနာပုံ) သို့ ရောက်ရှိနေပြီး တံတားတလျှောက်ကြိုဆိုသူများပြားသဖြင့် လမ်းပိတ်လျှက်ရှိကြောင်း မန္တလေးသို့ ရောက်ရှိနေသော YPI သတင်းထောက်က ပေးပို့သည်။မတ်၊၄၊ ၂၀၁၂(YPI)။ ။ ဒေါ်အောင်ဆန်းစုကြည်သည် မဟာဂန္ဓာရုံကျောင်းတိုက် မှ စစ်ကိုင်းမြို့သို့ ထွက်ခွာလျှက်ရှိပြီး ယခု တံတားဖြူရေထိမ်းတံခါးသို့ ရောက်ရှိနေပြီဖြစ်သည်။ | ||||||||||
| ဆတ်သွား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ Posted: 03 Mar 2012 08:47 PM PST မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ခွဲ ဆတ်သွား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခမ်းဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို မတ်လ(၂)ရက်နေ့ နံနက်(၁၁)နာရီတွင် ဆတ်သွား(၂)ရပ်ကွက် အဖွဲ့ချုပ် ဥက္ကဌဒေါက်တာဝင်းမြင့်ထွန်း၏ နေအိမ်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တောင်တွင်းကြီးမြို့၊အမှတ်(၄)မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးအောင် ကြည်ညွန့်နှင့်အဖွဲ့သည် မတ်လ(၂)ရက်နေ့တွင် ဆတ်သွားသို့ ရောက်ရှိလာပါသည်။ ဆတ်သွားအ၀င်တွင် ကြိုဆိုသူများက ရာနှင့်ချီပြီး လမ်းတစ်လျှောက် အိုးစည်၊ဒိုးပတ်များ၊ မြန်မာ့ ရိုးရာအကများဖြင့် ၀မ်းပမ်းတသာကြိုဆိုကြသည်။ အသံချဲ့စက်များဖြင့်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ။ ဦးအောင်ကြည်ညွန့် ကျမ်းမာပါစေ။တိုင်းပြည်အကျိုးဆထက်တစ်ပိုး သယ်ပိုးနိုင်ပါစေဟု အော်ဟစ်ကာ လမ်းဘေးမှ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။ ထို့နောက် အဖွဲ့ချုပ်ရုံးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်ညွန့် ၊ ဒေါက်တာဝင်းမြင့်ထွန်း တို့မှ ဟောပြောခဲ့ကြသည်။ ယင်းဖွင့်ပွဲသို့ တောင်တွင်းကြီး၊ဆတ်သွားအုပ်စု၊ ပရပ်ကြယ်အုပ်စု၊ ကုက္ကိုလ်ကုန်းအုပ်စုများမှ ပါတီဝင် အဟောင်းအသစ်များ ၊ ကျေးရွာပြည်သူလူထုများ တိုင်းရင်းသားလူများများ စုစုပေါင်းအင်အား (၁၀၀၀)တစ်ထောင်ကျော်ကျော် တက်ရောက်ခဲ့ပီး အခမ်းအနားကို အောင် မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ Myanmar News Now | ||||||||||
| ဆိုင်ကယ်အစီးပေါင်း သောင်းကျော် ၀န်းရံ လို်က်ပါအားပေးခဲ့တဲ့ အမေစု မန်းခရီးစဉ် (ရုပ်/သံ) Posted: 03 Mar 2012 08:06 PM PST စည်းရုံးရေးဆင်းခဲ့သမျှနယ်တွေထဲမှာ လူအများဆုံး… ၃ ကီလိုမီတာ ခရီးစဉ်မှာ ဆိုင်ကယ်အစီးပေါင်း သောင်းကျော် ၀န်းရံ လို်က်ပါအားပေးခဲ့တဲ့ မန်းလေး စည်းရုံးရေးခရီးစဉ် …စင်မြင့်ထက်မှာ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည် အတူတက်ရောက်ဟောပြောခဲ့တဲ့ ထူးခြားတဲ့ပွဲ… .လာရောက်နားထောင်ခဲ့တဲ့ အထဲက အီတလီနိုင်ငံသူတဦးကတော့ We come here because of this very famous lady all over the world, and I love her." လို့ပြောဆိုသွားပါတယ်။ (ရို်က်တာသတင်း) | ||||||||||
| လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်း ဇေယျာကမ်းခြေ ခရီးစတင် Posted: 03 Mar 2012 07:36 PM PST
မန္တလေးမြို့သို့ ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းက ရွှေကျင်သာသနာပိုင် မစိုးရိမ်တိုက် ဝါဆိုကျောင်း ဆရာတော်ကို သွားရောက်ဖူးမြော်ခဲ့ပြီး ယခုအခါ မဟာဂန္ဓာရုံကျောင်းသို့ သွားရောက်နေကြောင်း၊ ထို့နောက် စစ်ကိုင်းခရီးစဉ်ကို စတင်မည် ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။မတ်၊၄၊၂၀၁၂ (နံနက် ၈း ၃၀ ) ။ ။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်တွင် မန္တလေးမြို့၊ တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်သို့သွားရောက်လျက်ရှိပြီး ထိုကျောင်းရှိဆရာတော်ကြီးများကို ဖူးမြော်ပြီးပါက စစ်ကိုင်းမြို့သို့ဆက်လက်ထွက်ခွာမည်ဖြစ်သည်။မတ်၊၄၊၂၀၁၂ (ypi) မန္တလေးမြို့တွင် စည်းရုံးရေးဆင်းရန်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်တွင် တည်းခိုရာဟိုတယ်မှ ထွက်ခွာလာပြီး မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက်သို့ရောက်ရှိကာ တရားနာလျက်ရှိပြီး ထိုကျောင်းတိုက်မှ မကြာမီပြန်လည်ထွက်ခွာတော့မည်ဖြစ်သည်။ | ||||||||||
| ဒေါ်စု ညစာစားပွဲ နှင့် ယနေ့ နံနက် စစ်ကိုင်း ခရီးစဉ်ပြင်ဆင်နေပုံ (ဓါတ်ပုံ) Posted: 03 Mar 2012 05:49 PM PST
| ||||||||||
| ပြည်သူတွေအအေးမိမှာဆိုလို့ ခဏပဲပြောသွားတဲ့ အမေစု အောင်ပင်လယ် မိန့် ခွန်း-၂ (ရုပ်/သံ) Posted: 03 Mar 2012 02:02 PM PST ဒီဗွီဘီမှတင်ဆက်ထားတာပါ။ |
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ




























