[mrsorcerer:20592] အလှူ

အလှူ

"အမေပေးတဲ့ လယ်တစ်ကွက် ထွန်လို့ယက်လို့ ကောင်းပါ့ကွာ" တဲ့
မွေ့ယာထက်က အဝတ်ဗလာနဲ့ ငနဲက
အဆီပြန်နေတဲ့ မျက်နှာမှအားမနာ
ပါးစပ်အရသာခံတတ်သေးတယ်။

"ညီမလေးလိုလည်းချစ်ပါတယ်၊ ချစ်သူလိုလည်းချစ်ပါတယ်"
အကိုအရွယ် တစ်ယောက်ကလည်း အဝတ်အစားဝတ်ရင်း
သူ့ရီးစားမှ အားမနာ သံယောဇဉ် အရော် ဇယားခင်းချင်သေးတယ်။။

"အကိုကြီးလို့ ခေါ်ကွာ"
အဖေအရွယ် အန်လကယ်ကြီးက အဖေမရှိတဲ့ ကျွန်မကို
သူ့အရွယ်ကြီးမှ အားမနာ သူငယ်ပြန်ပြနေသေးတယ်။

"ရှုပ်ရှုပ် ယှက်ယှက်နဲ့ ဇယား မရှုပ်နဲ့နော်"
ဒါက ကျွန်မတို့ရဲ့ ကျွေးမေမေ မာမီကြီးရဲ့
တခါခါ ကျွန်မတို့လို ဇယားဆိုသူတွေကို မှာတဲ့စကား။

"ဪသူကလဲ ရေမီးအစုံပါဆို "
ရေမလာ၊ မီးမရှိတဲ့ အရပ်မှာကြီးတဲ့
ကျွန်မပါးစပ်က တခါခါ ထွက်တတ်တဲ့ စကား။

"အကျော်ဇယားတော့ မခင်းနဲ့
အပျော်သမားတော့ ပျင်းသေးတယ်
ဒီမှာက အရော်အစားတော့ ပြင်းတယ်"
ဒါမျိုးတွေပြောရတာ ကြာတော့ ကျွန်မပျင်းလာတယ်။

နေရာရာ မှာအေးဆေးသွားပျော်ရအောင်လေ"
ဒီလို စကားတွေမှာ အရည်မပျော်တတ်ပေမဲ့
ဝမ်းရေးလှမယ်ဆို ကျွန်မလည်း … အပျော်ပေါ့။

"ငါတို့လောက မှာအချစ်မရှိဘူး"တဲ့
လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းအချို့ရဲ့ အသံပါ၊

ကျွန်မကတော့ မိသားစုကို ဘဝနဲ့ ရင်းပြီးချစ်ခဲ့သူပါ။
တခါတခါ အထင်သေးတဲ့ မျက်လုံးတွေကို ပြောပြခဲ့ချင်ရဲ့
ကျွန်မလည်း မွေးအမေရဲ့ ကျေးဇူးကို
ဒီနည်းနဲ့ ဘယ်ဆပ်ခဲ့ချင်မှာလဲလို့ ….. ။

မရှိလို့ မလှူ၊ မလှူလို့မရှိ ဆိုလို့
ကျွန်မလေ တစ်ဘဝလုံးပါ လှူခဲ့ပါတယ်…… ။

မောင်ရင်ငဇေ

HIVMyanmar.org  မှ အထက်ပါကဲသို့ အလှူပေးသူများအတွက် သတိပေးမေတ္တာရပ်ခံချက်…(ရိုင်းသွားရင် ဂရုက ညီမတော်အမတော် များကို တောင်းပန်ပါတယ် http://www.hivmyanmar.org/ ဒီလင့်ခ်လေးကပါ ပညာပေးလင်ခ့်လေးပါ လေ့လာသင့်တယ်လို့ထင်လို့ပါ။)

လင်းဇော်ထက်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ