(၁) ပုဂ္ဂိုလ်ရေးအရည်အချင်းရှိခြင်း
(၂) ခွန်အားကြီးမားခြင်း
(၃) ရုပ်ရည်ချောမောခြင်း
(၄) သွက်လက်ဖျတ်လတ်ခြင်း
(၅) ဥာဏ်ပညာကြီးမားခြင်း
(၆) ကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်း
(၇) ပရိယာယ်ကြွယ်ဝခြင်း
(၈) တရားမျှတခြင်း
(၉) စိတ်ဓာတ်ကြံ့ခိုင်ခြင်း
(၁၀) တည်ကြည်ဖြောင့်မတ်ခြင်း
(၁၁) အရွယ်ရောက်ခြင်း
(၁၂) ဥစ္စာဓနကြွယ်ဝခြင်း
(၁၃) မျိုးရိုးမြင့်မြတ်ခြင်း ဆိုတာတွေပဲ။
အဲဒီအချက်တွေနဲ့ သုံးသပ်ကြည့်မယ်ဆိုရင်
(၁) ပုဂ္ဂိုလ်ရေးအရည်အချင်းရှိခြင်း ဆိုတဲ့အချက် (၁၀၀%) ထောက်ခံတယ်ဗျာ။ ဘာလို့လဲဆိုတော့ အရည်အချင်းတွေ၊ လုပ်ဆောင်ချက်တွေကပြောစရာကို မလိုဘူးထင်တယ်။ ငြိမ်းချမ်းရေးနိုဘယ်(လ)ဆိုနဲ့ ဟားဗတ်တက္ကသိုလ်ဆင်း ဆိုတာနဲ့တင်လုံလောက်ပြီ။
(၂) ခွန်အားကြီးမားခြင်း ကတော့ ဒီနေရာ ဗလတောင့်တာနဲ့တိုင်းတာမဟုတ်ဘူးဗျ။ နောက်မှာ စစ်မှန်တဲ့ ထောက်ခံသူတွေရှိတယ်ဆိုတာ သက်သေပြနေတယ်။ (၁၀၀%) ထောက်ခံတယ်ဗျာ။
(၃) ရုပ်ရည်ချောမောခြင်း ဒါကျတော့ တိုင်းပြည်ခေါင်းဆောင်တွေက ဒါနဲ့မဆိုင်ဘူးထင်တယ်။ မဆိုင်တော့ ဒါနည်းနည်းပယ်တယ်။ (%) နည်းနည်းပါချင်သပဆိုလည်း ပါချင်သူတွေအတွက်ပါပေါ့ဗျာ။
(၄) သွက်လက်ဖျတ်လတ်ခြင်း အင်းဒီအချက်ကတော့ လူငယ်တွေအတွက်တော့ တက်တက်ကြွကြွလျင်လျင်မြန်မြန်လုပ်ဆောင်တာကို ပြောတာဖြစ်မယ်။ အမေစု အတွက်ကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို လျင်မြန်စွာ ဆုံးဖြတ်ချက်ချနိုင်တာတွေက ပိုအဓိကကျမယ်။ ဒါတော့ ကျွန်တော်မခန့်မှန်းတတ်ဘူး။ ကိုယ်တိုင်ကိုယ်ကျ ဘေးနားမှာလိုက်ပြီးနားမထောင်ဘူး၊ မကြုံဖူးလို့ဘဲ။ သိတဲ့လူများရှိရင်ပြောပေးကြပါဦး။
(၅) ဥာဏ်ပညာကြီးမားခြင်း ပညာရှိလည်းဖြစ်တယ်၊ ကျိုးကြောင်းဆီလျော်စွာ ချင့်ချိန်တတ်တဲ့သူဖြစ်တာကြောင့် (၁၀၀%)ဗျာ။
(၆) ကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်း ဒါကတော့ အများပြည်သူသိတဲ့အတိုင်း အမည်းစက်လုံးဝမရှိတဲ့အတွက် (မှဲ့ပဲရှိတာ စတာဗျ) (၁၀၀%)ဗျာ။
(၇) ပရိယာယ်ကြွယ်ဝခြင်း အသေးစိတ်မသိနိုင်တဲ့အတွက် နည်းနည်းချန်ထားဦးမယ်။ သိတဲ့လူရှိရင်တွက်ပေးဦးဗျာ။
(၈) တရားမျှတခြင်း တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းကို တောင်းဆိုသူဖြစ်တာကြောင့် (၁၀၀%)။ ဟုတ်ပါတယ်နော်။
(၉) စိတ်ဓာတ်ကြံ့ခိုင်ခြင်း အားလုံးသိတဲ့အတိုင်းဗျာ မိန်းမသားဖြစ်ပြီး ဒီလောက် အကျယ်ချုပ်ချခံထားရပြီး စိတ်ဓာတ်ကိုတောင့်ထား၊ ထိန်းထားနိုင်တာ ဗိုလ်ချုပ်စိတ်ဓာတ်ပဲဗျ။ (၁၀၀%) ဗျာ။
(၁၀) တည်ကြည်ဖြောင့်မတ်ခြင်း နည်းနည်းချွင်းချက်ဗျာ။ ကိုယ်ကျင့်သိက္ခာနဲ့နည်းနည်းဆက်စပ်သလားလို့။ ဒါတော့မပြောတော့ဘူး။
(၁၁) အရွယ်ရောက်ခြင်း သူတစ်ပါးကို လွှမ်းမိုးတယ်ဆိုတဲ့အထဲမှာ ဒါကတော့ ဒီမိုကရေစီနိုင်ငံမှာ ဒီအချက်က အချက်တစ်ချက်အနေနဲ့ပါဝင်တယ်။ (ကင်ချုံအွန်က ဒါနဲ့မဆိုင်ဘူး၊ လာမယ်) အသက်အရွယ်ပိုင်းအရလေးစားရတယ်ဆိုတော့ (၁၀၀%)ဗျာ။
(၁၂) ဥစ္စာဓနကြွယ်ဝခြင်း မပြောတတ်ဘူး။ လောလောဆယ်လေးစားတာဒါတွေမပါဘူး။ ဥစ္စာဓနဆိုရင် ဦးတေဇပါရောယောင်ပါလာမှာစိုးလို့။ မပြောတော့ဘူးဗျာ။ (ဦးတေဇကို စော်ကားခြင်းမဟုတ်ပါ။ ဥပမာပေးရုံသက်သက်ဖြစ်သည်။)
(၁၃) မျိုးရိုးမြင့်မြတ်ခြင်း ဟိုးအရင် ရှင်ဘုရင်ခေတ်တွေတုန်းကတော့ ဒါက အဓိကအချက်ပေါ့ဗျာ (ခု မြောက်ကိုရီးယားခေါင်းဆောင်လိုပေါ့ဗျာ)။ အခုဒီမိုကရေစီက ဒါနဲ့လုံးဝမဆိုင်၊ မဆိုင်ပါ။ ပါချင်သပဆိုလည်း အများပြည်သူများ၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဗျာ။ (ဦးအောင်ဆန်းဦးကို မပြောဘူးနော်) (၁၀၀%) ဗျာ။ ထောက်ခံတယ်။
ဒီလောက်ဆို မိတ်ဆွေတို့ ဘယ်အတန်းစားထဲမှာ ဘယ်အချက်နဲ့ ထောက်ခံတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိမှာပါ။ တစ်ချို့လည်းမပြောတတ်တာပါ။ ချစ်လို့ကို ချစ်တာ ဟုတ်တယ်မှတ်လား။
ကိုမာဃပြောသလို အကယ်၍ မရှိခဲ့တော့လျှင် အဲဒီအတွေးမျိုးကို စဉ်းစားဘူးပါသလား။ ရှေ့ဆက်ဘယ်ပုံဘယ်လို ရှေ့ဆက်မလဲ သိချင်တယ်။ အယူဝါဒတွေနည်းနည်း ကွဲကုန်ဦးမယ်ထင်တယ်။ အရိပ်ကြီးမကျန်ခဲ့တော့လျှင် အရိပ်ကျန်ခဲ့အောင်။ ဖယောင်းတိုင် မီးစာကုန်သွားရင် မီးစာ မပျက်အောင် ဘယ်သူလုပ်မလဲ။ အခုကတည်းက ရှေ့ထွက်စေချင်တယ်။ ကိုမင်းကိုနိုင်လား..နောက်ဘယ်သူလဲ။ ဘာလုပ်ပေးမှာလဲ။ နိုင်ငံရေးလုပ်တာနဲ့။ တိုင်းပြည်ကောင်းအောင် Manage လုပ်နိုင်တာ မတူနိုင်ဘူးထင်တယ်။ ကျွန်တော်နောက်ထပ်လိုချင်တာ နိုင်ငံရေးလုပ်သူ မဟုတ်ဘူး။ နိုင်ငံကို ချစ်မြတ်နိုးသူ၊ တိုင်းပြည်ကို အကောင်းဆုံး Manage လုပ်ပေးသူကိုသာ အလိုရှိတယ်။ နိုင်ငံရေးလမ်းစဉ်ပြောင်းလဲအောင်လုပ်ခဲ့တဲ့ နိုင်ငံရေးသမားတွေကို လေးစားပါတယ်။ သမိုင်း Hero တွေ အဖြစ်နဲ့ပဲရှိစေချင်တယ်။ တိုင်းပြည်ကို ဘေးကပဲပံ့ပိုးစေချင်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်သုံးရပ်စလုံးက အရိပ်သစ် အခု ကတည်းရှေ့ထွက်ခဲ့ပါလို့ တောင်းဆိုလိုက်ပါတယ်။ ထွက်လာတဲ့သူက နည်းနည်းလေရှည်လိုက်ဦးမယ်။
လူသားတွေမှာ သေဆုံးခြင်း အတန်းအစားရှိတယ်။ ဘယ်အတန်းအစားထဲက လူထွက်လာစေချင်သလဲဆိုတော့
(1) Personal Lost (သေဆုံးသွားရင်တောင် ပတ်ဝန်းကျင်အတွက် အသုံးမကျ၊ဘယ်သူအတွက်မှာ အသုံးမ၀င်တဲ့ ဆန်ကုန်မြေလေးသမားတွေပေါ့)
(2) Family Lost (မိသားစု အတွက်တော့ လိုအပ်ပေမဲ့ ပတ်ဝန်းကျင်အတွက် ကြီးကြီးမားမား အကျိုးမရှိတဲ့ သူတွေ)
(3) Communication Lost (ပတ်ဝန်းကျင်ရော မိသားစုမှာကော ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ထဲမှာ ဆန့်ဝင်တဲ့ သူတွေ)
(4) National Lost (နိုင်ငံနဲ့ သက်ဆိုင်သွားပြီ။ ဗိုလ်ချုပ်အောင်ဆန်းတို့လို့ ဖခင်ကြီးတွေပေါ့ဗျာ၊ Universal ထဲတော့ နည်းနည်းထည့်လို့ရတယ်)
(5) Universal Lost (ဒါကအရမ်းကြီးကျယ်မြင့်မြတ်သွားပြီ မြတ်စွာဘုရား၊ ယေရှုသခင်၊....အိုင်းစတိုင်းစသည်ပေါ့ဗျာ၊ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော် Universal နဲ့ သတ်မှတ်ထားတယ်)
အခု လိုချင်တဲ့ မျိုးဆက်သစ် တိုင်းပြည်အုပ်ချုပ်မယ့်သူက National Lost အတန်းအစားဖြစ်ရမယ်။ ပြီးတော့ Universal ထဲကို နည်းနည်းတိုးဝင်ချင်နေတဲ့သူပေါ့ဗျာ။ ဒါပေမဲ့ တစ်ယောက်မှ မမြင်သေးသလိုဘဲ။။။။ ရင်လေးတယ်..........မမြင်ရတာကို စဥ်းစားလေ ခေါင်းရှုပ်လေဆိုတာ တကယ်ပဲဗျာ။။ နိဂုံးချုပ်လိုက်ပါတယ်ဗျာ။ ရေးရတာညောင်းလို့။
ရေးသားသူ --- Mr. Jugger
13/03/2012 - 11:35 PM


UCS Mandalay Visit this group
★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚
*Mr.Jugger*
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ