[mrsorcerer:21480] Re: ဘုရင်တောင်းတလိုတဲ့ ဖားတွေ

အုပ်ချုပ်သူမရှိခြင်းထက် တရားမျှတသော အုပ်ချုပ်သူရှိခြင်းက
ပိုမိုကောင်းမွန်ပါသည်။
အရာရာတိုင်းတွင် ခေါင်းဆောင်ကောင်းရှိခြင်းက မရှိခြင်းထက် သာလွန်ပါသည်။
သို့သော်လည်း မမေမွန်ကျော် ပြောသကဲ့သို့
အုပ်ချုပ်သူဆိုးမျိုးဆိုလျှင်တော့ မရှိခြင်းကပိုကောင်းပါသည်။
ဒါပေမဲ့ ဥပမာအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ တွင် သီပေါမင်းကဲ့သို့
ဘုရင်ဆိုးရှိခြင်းသည် အုပ်ချုပ်သူရှိပဲ အင်္ဂလိပ်လက်အောက်သို့
ကျရောက်သည်ထက်စာရင်တော့ ကျွန်တော်တို့နေရသည်မှာ လွတ်လပ်ပါသေးသည်။
ကိုယ့်နိုင်ငံကို ကိုယ့်လူမျိုးအုပ်ချုပ်နေသည်ဆိုသည့် အသိဖြင့် အရာရာတွင်
ရဲရဲဝင့်ဝင့်ရှိနိုင်သေးသည်။
သီပေါမင်းပါတော်မှုပြီးနောက် မြန်မာနိုင်ငံသည် အုပ်ချုပ်သူ (သို့)
ခေါင်းဆောင်မရှိသဖြင့် အင်္ဂလိပ်လက်အောက်တွင် နှစ်ပေါင်းတစ်ရာခန့်
နေခဲ့ရပါသည်။
ဗိုလ်ချုပ်အောင်ဆန်းပေါ်လာပြီးနောက်မှ မြန်မာနိုင်ငံသည်
ခေါင်းဆောင်ကောင်းရကာ ပဲ့မရှိသည့် လှေကဲ့သို့ ဗရမ်းဗတာသွားနေရာမှ
လွတ်လပ်ရေးဟူသော လမ်းကြောင်းသို့
ဦးတည်လာနိုင်သည့် ဖြစ်ရပ်မျိုးဖြင့် ခေါင်းဆောင်ရှိသင့်သည်ကိုလည်း
သတိထားဆင်ခြင်သင့်ပါသည်။
ထို့ကြောင့် အုပ်ချုပ်သူဆိုးထက် ခေါင်းဆောင်ကောင်းရအောင်သာ
ကြိုးစားသင့်သည်ဟု ထင်မြင်မိပါသည်။

လေးစားစွာဖြင့်
ရဲထွန်းနိုင်


On Mar 18, 11:52 am, MayMonkyaw 27 <mmonkya...@gmail.com> wrote:
>  *ဘုရင်တောင်းတလိုတဲ့ ဖားတွေ*
>
> <https://btunnel.com/index.php/1010110A/0c2eea2ef3e88d644f38c5aaca81a5...>
>
> ဖားတွေအဖိုက ရွံ့အိုင်မှာ နေရာတာ အဆင်ပြေနေတာမို့ ပျော်စရာကောင်းလှသတဲ့. . . .
> ရေထဲ တခုန်ခုန် နေတဲ့အခါ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမရှိဘူး ၊ ဘယ်သူကမှလည်း
> သူတို့ကို မနှောင့်ယှက်ကြဘူးပေါ့. .
>
> ဒါပေမယ့် ဖားအချို့က ဒီလိုနေရတာ ဟန်မကျသေးဘူးလို့ တွေးလာသတဲ့. . . သူတို့မှာ
> ဘုရင်ဆိုတာ ရှိသင့်တယ် .
>
> ဒါနဲ့ သူတို့ဟာ ဂျူးနတ်ကြီးဆီ စေလွှတ်ပြီး သူတို့ လိုလားမှုကို ပေးဖို့
> အသနားခံကြသတဲ့. . .
>
> "တန်ဖိုးထက်မြတ်တဲ့ ဂျူးနတ်ကြီးရယ်၊ ကျွန်တော်တို့ဆီ ဘုရင်တစ်ပါး
> စေလွှတ်လိုက်ပါ၊ ဒါမှ ကျွန်တော်တို့ကို ဥပဒေနဲ့ အညီ အုပ်ချုပ်မှုရှိလိမ့်မယ်. .
> ."
>
> အုံအမ် အုံအမ်နဲ့  ဖားတွေ တောင်းဆိုသံကို ကြားသိတော့ ဂျူးနတ်ဟာ ရယ်မောပြီး
> ရေအိုင်ထဲ သစ်တုံးကြီးတစ်ခုကို ချပေးလိုက်ပါရော. . . သစ်တုံးကြီးဟာ ဗြန်းကနဲ
> ရွံ့ထဲကျခဲ့တာပေါ့. ..
>
> ဖားတွေရဲ့ အလယ်မှာ သစ်တုံးကြီးကျလာတဲ့အခါ သူတို့ ကမ္ဘာပျက်သလိုပဲ
> ကြောက်လန့်သွားသတဲ့. . . သူတို့အားလုံး ကုန်းပေါ်တက်ပြေးခဲ့ပြီး
> ကြောက်မက်ဖွယ်ရာ ဘီလူးကြီးကို စောင့်ကြည့်နေတာပေါ. . .
>
> မကြာမီ သစ်တုံးကြီးတုပ်တုပ်မျှ မလှုပ်ဘဲ ရှိနေမှန်းသိတော့ သူတို့အထဲက
> အရဲရင့်ဆုံးတစ်ကောင် နှစ်ကောင်က သစ်တုံးကြီးအနီး စွန့်စွန့်စားစား
> လာကြည့်သတဲ့. . . အရဲစွန့်ပြီး ကိုင်ကြည့်စမ်းကြည့်တာပေါ့လေ. . . သစ်တုံးကြီးက
> မလှုပ်မယှက်ပါဘဲ. . .
>
> ဒါနဲ့ သတ္တိအရှိဆုံး သူရဲကောင်း ဖားတစ်ကောင်ဟာ သစ်တုံးကြီးပေါ်တက်လိုက်ပြီး
> တက်ချီဆင်းချီ ကနေသတဲ့. . . ဒီလိုနဲ့ ဖားတွေ အားလုံးဟာ သူ့လို ကခုန်ကြလေရော. .
>
> အတော်ကြာကြာအထိ သူတို့နဲ့ အတူရှိတဲ့ သစ်တုံးကြီးကို ဂရုမှုစရာမလိုဘဲ
> နေ့စဉ်လုပ်မြဲ ကိုင်မြဲအတိုင်း နေကြာတာပေါ့. . . . ဒီလိုနေရတာလည်း
> သိပ်မဟန်သေးဘူးတဲ့ကွယ်. . .
>
> တစ်ခါ ဂျူးနတ်ကြီးဆီ စေလွှတ်ပြီးတောင်းပန်သတဲ့. . . . . .
>
> "တကယ့်ဘုရင်ကို ကျွန်တော်တို့ အလိုရှိတယ်. . . ဒါမှ ကျွန်တော်တို့ကို
> အုပ်ချုပ်လို့ရမှာပေါ့"
>
> ဒီတစ်ခါတော့ ဂျူးနတ်ကြီး စိတ်ဆိုးသွားသတဲ့ကွယ်. . . ဒါကြောင့် ငှက်ကြားကြီး
> တစ်ကောင်ကို သူတို့ဆီ စေလွှတ်လိုက်လို့ မကြာမီ ငှက်ကြီးက သူတို့အားလုံးကို
> စားသောက်ပစ်လိုက်သတဲ့. . . ဖားတွေအဖို့ အချိန်လွန်မှ နောင်တတရား ရသွားတာပဲလေ.
> . .
>
> *မတရားသော အုပ်စိုးမှုထက်
> အုပ်ချုပ်မှု မရှိခြင်းက ပိုကောင်းသည်.*
>
> Posted By : May 16
>
> မေမွန်ကျော်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ