တစ်နေ့သောအခါကပေါ့၊
လမ်းဘက်ဆီက ခပ်နွမ်းနွမ်း ကြေးစည်သံကို ကြားလိုက်လို့ လှမ်းပြီးကြည့်လိုက်မိတယ်။ ကြေးစည်သံချင်းတူပေမယ့် တီးတဲ့အခြေအနေမတူလို့လား နှလုံးသွင်းမတူလို့လား မပြောတတ်။ အခုကြေးစည်သံက နွမ်းလျနေတာတော့ သေချာပါတယ်။ ဘုရားဝတ်တက်ပြီးချိန်မှာ တီးတဲ့ ကြေးစည်အသံကျတော့ လန်းလိုက်တာ။
ကြေးစည်သံနဲ့အတူနောက ပါလာတာက လူတွေထမ်းလာတာကို သက်သက်သာသာ လျောင်းလိုက်လာတဲ့ အသက်ဇီဝိန်မဲ့ လူသားတစ်ဦး။ သူ့နောက်မှာလိုက်လာတဲ့ လူအုပ်ကြီး။
အဲဒီလူအုပ်ကြီးအထဲ အော်ငိုသူတွေကလည်းမနည်း။ တစ်ချို့ကျတော့လည်း သွားကလေးတဖြဲဖြဲနဲ့ပေါ့လေ။ ငိုနေသူတွေရဲ့ အသံက ရင်ဝကို လာမှန်လို့ ကရုဏာဖြစ်မိပါရဲ့။
အဲ..သွားဖြဲဖြဲသွားနေသူတွေကိုတော့ မိမိရဲ့စိတ်က လျစ်လျူရှုထားဟန်တူရဲ့..သူတို့အတွက်နဲ့ ဘာမှမထူးခြားလာ။ စာရှုသူတွေတော့ ဘယ်လိုမြင်သလဲမသိ။
ကရုဏာပိုနေလို့လား သံဝေဂအားနည်းလို့လားမပြောတတ်တော့ မရဏဿတိပွားဖို့တောင် ခွင့်မရလိုက်ပါဘူး။
ဘုရားကတော့ ဟောထားပါရဲ့.. သေခြင်းတရားကို ပွားများကြ၊ သေခြင်းတရားဆင်ခြင်စဉ်းစား ပွားမများထားသူဟာ လက်မှာတုတ်မရှိတဲ့သူ မြွေဆိုးကိုတွေ့သလို တုန်လှုပ်ခြောက်ခြားပြီး အော်ဟစ်မြည်တမ်း ပင်ပင်ပန်းပန်းနဲ့သေရတတ်တယ်။
သေခြင်းတရားကို ဆင်ခြင်စဉ်းစားပွားများထားသူများကတော့ လက်ထဲမှာတုတ်ရှိသူဟာ မြွေဆိုးကို တုတ်နဲ့ယူပြီး အဝေးမှာ စွန့်ပစ်လိုက်သလို သေဘေးနဲ့ကြုံတဲ့အခါ မကြောက်မရွံ့ မထိတ်မလန့် စိတ်ဓာတ်ကြံ့ခိုင် ရဲရဲရင့်ရင့် ရင်ဆိုင်ပြီး ဘ၀ကူနိုင်တယ်..တဲ့။
ဒါကြောင့် သေခြင်းတရားကို ဒီလိုပွားများထားကြပါလို့ ဟောတော်မူပါတယ်။
အသက်မမြဲ၊ သေခြင်းမြဲ၊ ငါလဲဧကန် သေရမည်။
ငါ့အသက်မှာ၊ သေခြင်းသာ၊ မှန်စွာနောက်ဆုံးရှိချေသည်။
ဇီဝိန်မကင်း၊ သက်ရှည်ခြင်း၊ သေတွင်း၌သာ ဆုံးလိမ့်မည်။
မိုးကုတ်ဆရာတော်ဘုရားကြီးကတော့… ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။ အသေမဦးခင် ဉာဏ်ဦးအောင်ကြိုးစာရမည်။….တဲ့
ဆရာတော်ဘုရားရဲ့ မရဏဿတိက လန့်စရာကောင်းလိုက်တာ။ လန့်စရာသာကောင်းတာပါ တစ်ချို့ကျတော့ အဲဒါကို သီချင်းများထင်သေသလား မသိ။ တကျော်ကျော်ဆိုရင်း ပျော်နေကြသူတွေ ကိုယ်အပါအ၀င် တစ်ပုံကြီး….။
တကယ်တော့ သေခြင်းတရားပွားတယ်ဆိုတာ သေမင်းနဲ့ရင်းနှီးအောင် မိဆွေဖွဲ့တာလို့ပဲပြောချင်ပါတယ်။ အဟဲ သေမင်းနဲ့ ရင်းနှီးလေလေ သေမင်းနောက် လိုက်ရဲလေလေပေါ့။ လောကမှာ ကိုယ်နဲ့ရင်းနှီးသူနောက်ကို အချိန်မရွေးလိုက်ရဲသလိုပေါ့ဗျာ..။ စိတ်ထဲမှာ သေမင်းနဲ့ အမြဲတွေ့နေတော့ အပြင်မှာ တကယ်တွေ့ရလည်း မတုန်လှုပ်တော့ဘူး။ မစိုးရိမ်တော့ဘူး။ သေရမှာ မကြောက်တော့ဘူး။ စိတ်ထဲကနေ ခဏခဏ ကြိုတင်သေထားပြီးပြီကိုး။
ခုတော့ ကိုယ်အပါအ၀င်ပါ။ အသက်ကလေးမေးတာတောင် မကြိုက်ချင်။ သေတဲ့အကြောင်းပြောရင် နားခါးကြသေး၊ တစ်ချို့ဆို မင်္ဂလာမရှိတဲ့ စကားလာပြောတယ်ဆိုပြီး သေတဲ့အကြောင်းပြောသူကို မကျေနပ်။ တစ်ချို့လူတွေဆို အသုဘ ကိုယ့်အိပ်ရှေ့ဖြတ်သွားရင်တောင် အိမ်တံခါးတွေ လိုက်ပိတ်သတဲ့။ သေမင်း သူအိမ်ကို ၀င်နေခဲမှာ စိုးရိမ်တဲ့သဘော။ ဘာပဲပြောပြော သေမင်းကို ကြောက်သူဖြစ်စေ၊ မကြောက်သူဖြစ်နောက်ဆုံးတော့ မင်းရော ငါရော သူရော ကောက်ကောက်ပါအောင် လိုက်ရမှာပါပဲလေ….။
Views: 24
ဘလော့အမျိုးအစား(ဆောင်းပါး)
--မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ